← Chapters

ကမ္ဘာ့အဆင့်တစ် နေရာရောက်ပြီ

Vol. 39 Ch. 490

ကမ္ဘာ့အဆင့်တစ် နေရာရောက်ပြီ

Vol. 39 Ch. 490

ဗောဒ့်လုပ်ငန်းစုကြီး ဒေဝါလီခံလိုက်ရသည့် သတင် းသည် ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေး လောကတ စ်ခုလုံးအား ငလျင်လှုပ်သွားသကဲ့သို့ ပြင်းထန်သော လှိုင်းဂယက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ရေကြောင်းလုပ်ငန်းနယ်ပယ်မှ လူများစွာမှာလည်း ဤမျှ အင်အားတောင့်တင်းလှသော လုပ်ငန်းစုကြီး က ယခုကဲ့သို့ ရုတ်ချည်းပြိုလဲသွားရခြင်းအပေါ် အံ့ ဩတုန်လှုပ်၍ မဆုံးဖြစ်နေကြရ၏။

​ဤအခြေအနေအား အမြန်ဆုံးနှင့် အထိရောက်ဆုံး တုံ့ပြန်လိုက်သူမှာယူနီဗာဆဲလ်လုပ်ငန်းစုပင် ဖြစ်သ ည်။

သူတို့သည် ဗောဒ့်လုပ်ငန်းစု၏ လုပ်ငန်းများအား လျင်လျင်မြန်မြန် လုယူလိုက်ရုံသာမကဘဲ ငွေသား များစွာအား ဝှေ့ယမ်းကာ ဗောဒ့်အပိုင် သင်္ဘောအ ဟောင်းများကို အပြတ်အသတ် ဝယ်ယူခဲ့ကြသည်။ ကုန်တင်သင်္ဘောကြီးများ၊ရေနံတင်သင်္ဘောများနှင့် အခြားသင်္ဘောများသာမ သင်္ဘောအခြေအနေကော င်းမွန်သရွေ့ တစ်စင်းပြီးတစ်စင်း ယူနီဗာဆဲလ်က သိမ်းကျုံးဝယ်ယူလိုက်ကြသည်။

........ ​

​ကျယ်ပြန့်သော ပင်လယ်ရေပြင်အထက်မှာတော့...

​စည်ပေါင်းသန်းနှင့်ချီရေနံစိမ်းများ တင်ဆောင်ထား ၍ တန်ချိန်တစ်သိန်းရှိသော ရေနံ တင်သင်္ဘောကြီး တစ်စင်းသည် M နိုင်ငံသို့ ဦးတည်ကာ ခုတ်မောင်း နေ၏။သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာမူ မနေ့က အထိ ဗောဒ်လုပ်ငန်းစု ပိုင်ဆိုင်ခဲ့သော သင်္ဘောသည် ယနေ့တွင် ယူနီဗာဆဲလ် အပိုင် ဖြစ်သွားပြီဟူသော သတင်းကြောင့် တအံ့တဩ ဆွေးနွေးနေကြသည်။

​"ဘုရားရေ ဗောဒ့်လို အဖွဲ့အစည်းကြီး ဒေဝါလီခံသွာ းရတာ တကယ်ကို မယုံနိုင်စရာပဲဗျာ.."

​"အခုတော့ ဒီသင်္ဘောက ယူနီဗာဆဲလ်အပိုင် ဖြစ်သွာ းပြီ.. ငါတို့တွေရော ဘယ်လိုဆက်ဖြစ်မှာလဲ.. ငါတို့ သင်္ဘောသားပဲ ဆက်လုပ်ရမလား..ဒါမှမဟုတ် တခြ ား အသက်မွေးဝမ်းကြောင်းပဲ ပြောင်းလဲရတော့ မ လား.."

​"ငါတို့သင်္ဘော ဆိပ်ကမ်းကပ်တာနဲ့ ယူနီဗာဆဲလ်က လူတွေ လက်လွှဲယူကြမှာ..ငါတို့ကိုတော့ ဒီသင်္ဘော ပေါ်မှာပဲ ဆက်ပြီး အလုပ်ခန့်ထားစေချင်တယ်ဗျာ .. ယူနီဗာဆဲလ်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲ.."

​သင်္ဘောသားတိုင်းမှာ မိမိတို့၏ အနာဂတ်အတွက် စိုးရိမ်နေကြသော်လည်း အားလုံးက ယူနီဗာဆဲလ် ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်အမှုထမ်းခွင့်ရရန်သာ မျှော်လင့်နေကြသည်။ထိုသင်္ဘောသားများတင်မကဘဲ ဗောဒ့်လုပ်ငန်းစုတွင် ရှိသော သင်္ဘောပေါင်းရာ နှင့်ချီ ရှိသည့် အနက် အစီး ၇၀ မှ ၈၀ ခန့်အား ယူနီဗ ာဆဲလ်မှ ဝယ်ယူခဲ့ပြီး ဖြစ်သည်။

​ယခုအခါမှာတော့ ယူနီဗာဆဲလ်၏ စုစုပေါင်း ကုန်တ င်နိုင်မှုတန်ချိန်သည် ၃၇ သန်းကျော်အထိ ရှိလာပြီး မူလ ဗောဒ့်လုပ်ငန်းစုအား ကျော်ဖြတ်ကာ ကမ္ဘာ့နံ ပါတ် (၁) နေရာကို အပိုင်စီးလိုက်ပေသည်။

ပင်လယ်ပြင်ရှိ သင်္ဘောကြီးများသည် တစ်ညတည်း နှင့် ပိုင်ရှင်ပြောင်းသွားခဲ့သလို ဆိပ်ကမ်းရှိ သင်္ဘော များမှာလည်း သင်္ဘောကျင်းများသို့ ဝင်ရောက်ကာ ဗောဒ့်လုပ်ငန်းစု တံဆိပ်များကို ဖျက်ပြီး ယူနီဗာဆဲ လ်၏ တောက်ပသော တံဆိပ်သစ်များအား ဆေးမှု တ်၍ ပြင်ဆင်နေကြ၏။

​M နိုင်ငံမှာရှိသော သင်္ဘောကျင်းများသာမက ရန် ကောင်း၊ချီဒုန်သင်္ဘောကျင်းတွင်လည်း ဆေးမှုတ် သံများ ပြင်ဆင်သံများဖြင့် ဆူညံနေပေသည်။

"ဟူး ယူနီဗာဆဲလ်ကတော့ အံ့ဩစရာပဲဗျာ..အခုဆို ကမ္ဘာ့အကြီးဆုံး ရေကြောင်းလုပ်ငန်းစု ဖြစ်သွားပြီ”

"ဗောဒ့်ရဲ့ သင်္ဘော ၈၀ နီးပါးကို တစ်ခါတည်း ဝယ် လိုက်တာဆိုတော့ ဒါက သိမ်းပိုက်လိုက်တာနဲ့ အတူ တူပဲပေါ့..ငါတို့လည်း ယူနီဗာဆဲလ်အတွက် ဂုဏ်ယူ တယ်ဗျာ"

လူများစွာက ဤကဲ့သို့ အားကျမဆုံး ဖြစ်နေကြသ ည်။

......

​ရက်ပိုင်းအတွင်းမှာပင် အခြေအနေများက လုံးဝ ပြောင်းလဲသွား၏။

Mနိုင်ငံမှာရှိသော ယူနီဗာဆဲလ်ဌာနခွဲ၏ ပို့ဆောင်ရေ း ပမာဏသည် တန်ချိန် ၁၀ သန်းကျော် ရုတ်တ ရက် တိုးလာပေသည်။ဌာနခွဲတစ်ခုမျှသာ ဖြစ်သော် လည်း ကမ္ဘာကျော် ရေကြောင်းပို့ဆောင်ရေး အဖွဲ့အ ချို့အား ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

​

ချင်ကျိုးအတွက်မူ ဤအရာအားလုံးမှာ အိပ်မက် တစ်ခုသဖွယ် ဖြစ်နေသည်။

ရက်ပိုင်းအတွင်း သင်္ဘောကြီး ဒါဇင်နှင့်ချီကို စိတ် ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရခဲ့သည်မှာ သူ့အတွက် တော့ မယုံနိုင်စရာပင်။

သူသည် ဗောဒ့်လုပ်ငန်းစုမှာရှိသော မည်သည့်သ င်္ဘောက ပိုကောင်းသည်၊မည်မျှတန်ဖိုးရှိသည်ကို အ တိအကျသိသူဖြစ်ရာ ဌာနချုပ်မှစေလွှတ်သော လူ များနှင့်အတူ သင်္ဘောကြီးပေါင်းများစွာအား တစ်ခါ တည်း ဝယ်ယူခဲ့ခြင်းဖြစ်၏။

အနာဂတ်တွင် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည် ဟု သူ ဘယ်တုန်းကမှ မတွေးဝံ့ခဲ့ပေ။

ရက်ပိုင်းအတွင်း တန်ချိန် ၁၀ သန်းကျော်ရှိသော သ င်္ဘော ၈၀ ခန့်အား အရောင်းအဝယ် အပြီးသတ်နိုင်ခဲ့ သည်မှာ ကြောက်စရာကောင်းလောက်အောင် မြန် ဆန်လှသည်။ရေကြောင်းပို့ဆောင်ရေး လောကတစ် ခုလုံးမှာလည်း ယူနီဗာဆဲလ်၏ ရဲရင့်ပြတ်သားသော လုပ်ဆောင်ချက်များကြောင့် ထိတ်လန့် တုန်လှုပ်နေ ကြရ၏။

​"ဒုဥက္ကဋ္ဌရှီ... ငါတို့တွေ အကြီးအကျယ် ထိုးစစ်ဆင် နိုင်ပြီဗျ.." ချင်ကျိုးက စိတ်အားထက်သန်စွာ ပြော လိုက်သည်။

​ရှီဝိန်ယောင်ကလည်း ခေါင်းညိတ်ပြကာ ထောက် ခံပြောလိုက်၏။

"ဟုတ်တယ်ဥက္ကဋ္ဌ..ကျွန်တော်တို့ ဌာနခွဲလေးက တန် ချိန် ၁၀ သန်းကျော်အထိ ကြီးထွားလာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူးဗျာ.."

​"ဗောဒ့်လုပ်ငန်းစုက ပြိုလဲသွားပြီဆိုတော့ သူတို့ဆီ က လုပ်ငန်းတွေကို ငါတို့တွေ အကုန်လုယူရမယ်. . Uly လုပ်ငန်းစုနဲ့ တွေ့ဖို့ မင်းစီစဥ်ပေး..ငါ.. သူတို့နဲ့ ပူးပေါင်းချင်တယ်"

​ရှီဝိန်ယောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ချိန်းဆိုစရာတောင် မလိုပါဘူး..ဥက္ကဋ္ဌ. .သူတို့ဘက် ကပဲ အရင်ဆက်သွယ်လာတာပါ..ဒုဥက္ကဋ္ဌ ကိုယ်တိုင် ကျွန်တော်တို့ဆီကို လာရောက်ဆွေးနွေးပါလိမ့်မယ် ခဗျ.."

ချင်ကျိုးက ဝမ်းသာအားရ မေးလိုက်၏။

​"အိုး... သူတို့ဘာသာ လာရှာတာလား.."

ရှီဝိန်ယောင်က အစီရင်ခံလိုက်သည်။

​"ဟုတ်ကဲ့... Ulyတင်မကပါဘူး..ဗောဒ့်နဲ့ ပူးပေါင်းနေ ကျ ကုမ္ပဏီကြီးတွေ အကုန်လုံး ကျွန်တော်တို့ဆီကို တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်နေကြပါပြီ ခဗျ"

ချင်ကျိုးက အားရပါးရ အော်ဟစ်လိုက်၏။

​"ဝိုး... အရမ်းကောင်းတာပဲ..ဗောဒ့်လုပ်ငန်းစုက လုပ် ငန်းတွေ အကုန်လုံး ငါတို့အပိုင် ဖြစ်လာတော့မှာပေါ့ ”

"ဟုတ်ပါတယ်..ဥက္ကဌ"

.........

​နယူးယောက်မြို့ရှိ သီးသန့်အိမ်ကြီးတစ်လုံးထဲတွ င်မူ…

​နစ်တန်သည် နှစ်ပေါင်းများစွာ ဝေးကွာခဲ့သော အရ က်အား အလွန်အကျွံ သောက်နေမိသည်။ဗောဒ့်လုပ် ငန်းစု ဒေဝါလီခံလိုက်ရခြင်းသည် သူ၏ ဘဝနှင့် အ သက်မွေးဝမ်းကြောင်းတစ်ခုလုံးအား ပြိုလဲသွားခြင် းပင်။

သူ၏ ပိုင်ဆိုင်မှုအားလုံးကို ဈေးပေါပေါဖြင့် ရောင်း ချ၍ သင်္ဘောနစ်မြုပ်မှုမှ ဆုံးရှုံးမှုများစွာအတွက် လျော်ကြေးပေးလိုက်ရ၏။​မိမိ၏ ပိုင်ဆိုင်မှုများစွာ အား ဈေးနှိမ်၍ ရောင်းချလိုက်ရခြင်းအပေါ် သူသ ည် အမြဲတမ်း စိတ်ထိခိုက်ကာ အကူအညီမဲ့နေခဲ့ရ သည်။

အထူးသဖြင့် ယူနီဗာဆဲလ်က သူ၏ သင်္ဘော ၇၀ ကျော်အား ရက်ပိုင်းအတွင်း သိမ်းကျုံးဝယ်ယူသွား သည်ကို မြင်ရသောအခါ သူ၏ ရင်ထဲတွင် မတရား မှုများ ခံစားရကာ မီးလောင်နေသကဲ့သို့ ဖြစ်နေ၏။

​သူ့အမြင်တွင်မူ ဤယူနီဗာဆဲလ်လုပ်ငန်းစုသည် မီး လောင်ရာလေပင့်၍ အခွင့်အရေးယူနေခြင်းပင် ဖြစ် သည်။

ဤသည်မှာ နီစတန်အား အကြီးအကျယ် ဒေါသထွ က်စေကာ လျူယောင်ကိုမူ သူ သေလောက်အောင် မုန်းတီးသွားပေသည်။သူတို့၏သင်္ဘောများ ဆက် တိုက်နစ်မြုပ်ခြရင်းမှာ လျူယောင်နှင့် ပတ်သက်နေ မည်ဟု သံသယရှိနေသော်လည်း သူထံ၌ ဘာသက် သေမရှိပေ။

အရက်မူးနေရာမှ နိုးလာသောအခါ သူ၏ ဒေါသနှင့် အငြိုးအတေးများမှာ ပို၍ပင် ပြင်းထန်လာသည်။န စ်စတန်က ခါးခါးသီးသီး ရေရွတ်လိုက်၏။

​"လျူယောင်.xx.. မင်း.. ငါ့ကိုအဆမတန် ပြန်ပေး ဆပ်စေရမယ်.."

​သူသည် ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ လျူ ယောင်အား မည်သို့ ဒုက္ခပေးရမည်ဆိုတာကို အချိန် အတော်ကြာ စဉ်းစားနေမိသည်။

မိနစ် ၃၀ ခန့်အကြာ၌ သူသည် ဆိုဖာပေါ်မှ ထရပ်လို က်၏။

မှန်ထဲတွင် ဖရိုဖရဲ ဖြစ်နေသော မိမိကိုယ်ကိုယ် ပြန် ကြည့်ပြီးနောက် နစ်စတန်သည် သန့်ရှင်းသပ်ရပ်စွာ ပြန်လည်ပြင်ဆင်လိုက်သည်။​တစ်ခဏအတွင်းမှာပင် သူသည် ဝတ်စုံအသစ်၊ လည်စည်းအသစ်နှင့် အ တူ မာန်အပြည့်ရှိသော လူကုံထံတစ်ဦးအသွင်ပြော င်းလဲသွားပေသည်။

မိမိကိုယ်ကိုယ် သေချာအောင် စစ်ဆေးပြီးနောက် သူသည် ကားထဲသို့ဝင်ကာ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရန် ထွက်လာခဲ့၏။

ထိုလူ၏ အကူအညီဖြင့် လျူယောင်ကို ကိုင်တွယ်ရ န် သို့မဟုတ် ယူနီဗာဆဲ၏ဌာနခွဲအား ထိုးနှက်တိုက် ခိုက်ရန်အတွက် မြေခွေးတစ်ကောင်ကဲ့သို့ နစ်စတန် ကြံစည်နေပေသည်။

All Chapters