အခန်း (၉၆၂)
Vol. 65 Ch. 962
မကြာခင် နတ်ဆိုးရိုင်းတောင်တန်းအတွင်းမှ ကြီးမားသော အခြေအနေက မြေရိုင်းဒေသအတွင်းရှိ မျိုးနွယ်စုအားလုံးထံသို့သတင်းလေညှင်းဆောင်သကဲ့သို့ ရောက်ရှိသွား၏။ မျိုးနွယ်စုအားလုံးမှ များစွာသော ကျွမ်းကျင်သူများနှင့် စစ်သည်တော်များက နတ်ဆိုးရိုင်းတောင်တန်းထံသို့ အပြင်းချီတက်ဦးတည်လာကြသည်။
အချို့လူများဆိုလျှင် ယင်းမှာ နတ်ဆိုးရိုင်းတောင်တန်းအတွင်း ပြိုင်ဘက်ကင်း ရတနာ တစ်ပါး မွေးဖွားလာခြင်းဖြစ်သည်ဟု ပြောကြသည်။
နတ်ဆိုးရိုင်းတောင်တန်း၌ ဆနးကြယ်မှုတို့နှင့်ပြည့်နှက်နေသည်ဟု ခန့်မှန်းကြသော လူများလည်းရှိသည်။ တောင်တန်းအတွင်းမှ နတ်ဆိုးသားရဲတစ်ကောင်က ရှေးခေတ်အချိန်ကာလမှ ရှေးဟောင်းအစီအရင်တစ်ခုအား မတော်တဆ ထိတွေ့မိခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။စွမ်းအားကြီး ရှေးဟောင်းအစီအရင်ကိုအသက်သွင်းမိပြီး ဧရာမဝဲကြီးကပေါ်လာ၏။ ကမ္ဘာကြီးအားဖျက်ဆီးပစ်မည့် အနက်ရောင်မိုးကြိုးလျှပ်စီးတို့ သက်ဆင်းလာခြင်းမျိုးဖြစ်လောက်သည်။
အချို့လူများဆိုလျှင် နတ်ဆိုးရိုင်းတောင်တန်းအတွင်း ပြိုင်ဘက်ကင်းနတ်ဆိုးသားရဲတစ်ကောင် ပေါ်လာခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ ပြိုင်ဘက်ကင်းနတ်ဆိုးသားရဲတစ်ကောင် ဆင့်ကဲတိုးတက်လာခြင်းကြောင့် ကောင်းကင်နှင့် မြေကြီး၏ မူမမှန်မှုများဖြစ်လာရသည်ဟုဆိုသည်။
ရှေးဟောင်းဒဏ္ဍာရီများအရ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးဖြင့် မသေမျိုးနတ်ဆိုးနတ်ဘုရားအားပစ်ချခြင်းခံခဲ့ရ သည်ဟုဆိုသည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြေရိုင်းဒေသကြီးအတွင်း ကောလဟာလများက ပြန့်နှံ့လျက်ရှိသည်။ဘာဖြစ်နေသည်ဆိုသည်အား ရှာဖွေရန်အတွက် များစွာသောလူများက နတ်ဆိုးရိုင်းတောင်တန်းသို့ တစ်ဟုန်ထိုးဦးတည်နေကြသည်။
အချို့ကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူများ၊အချို့က မျိုးနွယ်စုခေါင်းဆောင်များ၊အချို့က မြေရိုင်းဒေသကြီး၏ ပါရမီရှင်များဖြစ်ကြသည်။ အချို့ကမသန်မာသော်လည်း ၎င်းတို့၌ ကျွမ်းကျင်သူတစ်ဦး၏နှလုံးသားရှိပြီး ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန်လို့ငှာ ကြီးမားသောအခွင့်အလမ်းကိုရှာဖွေလိုကြသည်ဖြစ်သည်။
နတ်ဆိုးရိုင်းတောင်တန်းက ပို၍အသက်ဝင်လာသည်။ကောင်းကင်နှင့်မြေကြီး၏ မူမမှန်မှုက လူသားကျွမ်းကျင်သူများကိုပါ ဆွဲဆောင်သည်မဟုတ်ဘဲ နတ်ဆိုးသားရဲများကိုပါဆွဲဆောင်သည်ဖြစ်၏။
မွန်းစတားနတ်ဘုရား၏သင်္ချိုင်းနယ်မြေအတွင်း တွင် ကောင်းကင်ထဲ၌ ဧရာမဝဲကြီးကဖြည်းညှင်းစွာလည်ပတ်နေဆဲဖြစ် သည်။ဝဲကြီးထံမှကျင်းဆင်းလာသော အနက်ရောင်မိုးကြိုးတန်းကြီးများကလည်း ကောင်းကင်အားထောက်ထားသည့် ဧရာမအနက်ရောင်တိုင်လုံးကြီးများနှယ်ဖြစ်သည်။၎င်းတို့ကဖွဲ့စည်းပြီးနောက် ပျောက်ကွယ်မသွားဘဲ ထိုအစား ဘက်ပေါင်းစုံသို့ ကြီးထွားပျံ့နှံ့သွားသည်။
အချိန်များကုန်ဆုံးလာသော်လည်း နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့မှာ မှေးမှိန်ပျောက်ကွယ်ပြီးအားနည်း လာခြင်းမျိုးမရှိသေးပေ။ထိုအစား ပို၍ပင် ပြင်းထန်ပြီး ဖျက်ဆီးလိုစိတ်များလာသည်။ယင်းကလူတို့၏ နှလုံးသားကိုတုန်ယင်စေပြီး မည်သူမျှ အနားသို့ကပ်ရဲခြင်းမရှိစေပေ။
“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး စွမ်းအားကြောင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကကောင်လေးတော့ ပြာကျတော့မှာပဲ”
“သူ့ရဲ့ပါရမီက ကောင်းကင်ဘုံကိုတောင်ဆန့်ကျင်ပြီး နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို သူ့ကိုပစ်ခတ်လာအောင် ဆွဲဆောင်နိုင်ပေမဲ့ သူကဘယ်လိုလုပ်ပြီး ခုခံနိုင်မှာတဲ့လဲ..ဟမ့် ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ ပါရမီရှင်တစ်ဦးတဲ့.. ဒီလိုပါရမီရှင်တစ်ယောက် ကျဆုံးတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်ကြည့်အုံးမယ်”
မိုးကြိုးလျှပ်စီးအားကျင့်ကြံသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကိုကြည့်၍ ကြမ်းတမ်းစွာပြောဆိုလိုက်သည်။ကောင်းကင်ဘုံ အားဆန့်ကျင်သည့်ပါရမီရှင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့အ တွင်း သေဆုံးမည်ကို စောင့်စားမျှော်လင့်၍ ကျိန်ဆဲနေ၏။
လူသားသဘာဝဆိုသည်မှာ ဤသို့ပင်ဖြစ်သည်။သူတို့ထက်ပိုသန်မာပြီး သာလွန်သောလူများအား ဆိုးရွားသောအခြေအနေနှင့်အဆုံးသတ်ရန်ကို သူတို့အမြဲမျှော်လင့်ကြသည်ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင် သူတစ်ဦးဖြစ်သည်နှင့်အညီ သူ့အား ဤကျယ်ပြောလှသော မြေရိုင်းဒေသအတွင်း စွမ်းအားကြီး ကျွမ်းကျင်သူတစ်ဦးအဖြစ်သုံးသပ်၍ ရနိုင်၏။ သူကလေးစားခံပုံရိပ်တစ်ခုဖြစ်ခဲ့ပြီး များစွာသောလူများ၏ ပါရမီရှင်တစ်ဦးအဖြစ် ခေါ်ခြင်းကိုခံခဲ့ရသည်ဖြစ်သည်။
စိတ်ထားသေးသိမ်သည့်ပါရမီရှင်တစ်ဦးဖြစ်သည့်အလျှောက် သူ့ထပ်ပါရမီများစွာပိုရှိသော ကောင်းကင်ဘုံကိုဆန့်ကျင်သည့် ပါရမီရှင်တစ်ဦးမွေးဖွားလာခြင်းကို သူမမြင်တွေ့လိုပေ။
“ဟမ့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစ နစ်နဲ့ မြေကလန်ရဲ့အဖိုးတန်ရတနာ နတ်ဘုရားမြေခေါင်းလောင်းတို့ သူသေရင်အတူပါသွားမှာကတော့ နှမြောစရာပဲ”
မည်သည့်အချိန်၌ နတ်ဆိုးသုတ်သင်ခြင်းအနက် ရောင်မိုးကြိုးအတွင်းမှ ကောင်းကင်ဘုံကို ဆန့်ကျင်သည့်ပါရမီရှင် သေမည်ရှင်မည်ကို မသိနိုင်ပေ။ ဤလူလုံးဝသေမည်ကားတော့သေချာသည်ဖြစ်သည်။
ဤအချိန်တွင် ရှေးဟောင်းမှန်တစ်လက်ကို ကိုင်ဆောင်ထားသောလူတစ်ယောက်က အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲ၌ပေါ်လာသည်။ ၎င်းကမိုင်တစ်ထောင်နတ်ဘုရားမှန်အား ပိုင်ဆိုင်ထားသည့် ကျင်းဖူဖြစ်သည်။ ကျင်းဖူရောက်လာပြီးမကြာခင် ခရမ်းရောင်လျှပ်စီးတို့ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုကိုသူမြင်တွေ့လိုက်ရသည်။
ဖျက်ခနဲကျင်းဖူက မိုးကြိုးလျှပ်စီးစွမ်းအင်ကျင့်ကြံသူ နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူထံသို့ ဦးတည်လိုက်သည်။
“ကျင်းဖူ သူတောင်းစား”
ဤအချိန်တွင် လျှပ်စီးများဖုံးလွှမ်းနေသော လူက တစ်ဟုန်ထိုးသူ့ထံသို့ချဉ်းကပ်လာနေသော ကျင်းဖူကို လျှင်မြန်စွာတွေ့သွားသည်။လျှပ်စီးတို့ဖုံးလွှမ်းနေ သော သူ၏မျက်နှာထက်၌ ရက်စက်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။
နတ်ဆိုးရိုင်းတောင်တန်းအတွင်းမှ အန္တရာယ်များလှသော ထိုနေရာသို့ သူတို့ခြောက်ဦးအား ဤသူတောင်းစားက လှည့်ဖြား ခေါ်လာခဲ့ခြင်းဖြစ်သည်။သူတို့ခြောက်ဦးတွင် လေးဦးက ရှေးဟောင်းအစီအရင်ကြောင့် သုတ်သင်ခံခဲ့ရပြီးဖြစ်သည်။မြူမှုန်တစ်စပင် ကျန်နေခဲ့ခြင်းမရှိပေ။သူပင်လျှင် ၎င်းတို့နောက်သို့ လိုက်ရလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။
ယခုဤသူတောင်းစားမြင်ရသောအခါ၌ သူ၏နှလုံးသားထဲမှအမုန်းတရားကိုထုတ်ဖော်ရန်အတွက် ၎င်းအား ရှစ်ပိုင်းလောက်ပိုင်းပစ်ချင်သည်မှလွဲ၍ အခြားရှိမနေပေ။
ထို့နောက်ချက်ချင်း ထိုလူ၏ကိုယ်မှ ယခင်ကထက်ပို၍ ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများထုတ်လွှတ်လာသည်။သူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ကျင်းဖူထံသို့ဦးတည်လိုက်သည်။
“ဟမ့်”
ကျင်းဖူ၏ပုံရိပ်က ရုတ်တရက်ရပ်တန့်သွားပြီး သူ့ထံသို့ သတ်ဖြတ်လိုစိတ်၊တိုက်ခိုက်လိုစိတ်များဖြင့်ချဉ်း ကပ်လာသော ထိုလူအား တွေ့လိုက်ရသည့်အခါတွင် အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်ကျင်းဖူ၏ညာလက်က လှုပ်ရှားသွားသည်။မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတစ်ခုလင်းလက်လာပြီး ချဉ်းကပ်လာသော လျှပ်စီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်လူထံသို့ ဦးတည်သွားသည်။
“ဟမ့်..ဒီကောင်ကအရမ်းရူးမိုက်တာပဲ. ငါ့မိုင်တစ်ထောင်နတ်ဘုရားမှန်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနေတာတောင် ငါ့ဆီကို ကမူးရှူးတိုးဝင်လာရဲသေးတယ်.. သူကဒုက္ခကိုတောင့်တနေတာပဲ”
“ဒေါသမာန်ဟုန်မိုးကြိုးဓား”
ဤအချိန်တွင် လျှပ်စီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူက ကြုံးဝါးလိုက်သည်။သူ၏ရှေ့တွင်ခရမ်းရောင် လျှပ်စီးတို့ဖြင့်ဖွဲ့စည်းထားသော ဧရာမဓားကြီးတစ်လက်ပေါ်လာသည်။လျှပ်စီး၏ ပြင်းထန်သောအဖျက်စွမ်းအားတို့ကိုသယ်ဆောင်ရင်း ကျင်းဖူထံသို့ ကြမ်းတမ်းစွာခုတ်ပိုင်းလိုက်သည်။
ဤစွမ်းအားကိုအသုံးပြုကာ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုချိုးဖျက်ပြီး ကျင်းဖူအား သူသတ်ပစ်ချင်သည်။
သို့သော်သူ့အကြံမည်မျှကောင်းပါစေ လက်တွေ့အရှိတရားကရက်စက်သည်ဖြစ်သည်။ ဒေါသမာန်ဟုန်မိုးကြိုးဓားကိုရင်ဆိုင်ရင် ကျင်းဖူ၏အထင်သေးသုံးအပြုံးနှင့် အထင်သေးမှုတို့ပြည့်နှက်နေသော မျက်နှာကပို၍ပီပြင်လာသည်။
မကြာခင် မိုင်တစ်ထောင်နတ်ဘုရားမှန်၏အစိမ်းရောင် အလင်းအောက်၌ ပြင်းထန်သောအဖျက်စွမ်းအားတို့ကိုသယ်ဆောင်လာသည့် ဒေါသမာန်ဟုန် မိုးကြိုးဓားမှာ ရုတ်ခြည်း ပြိုကွဲသွားသည်။ ၎င်းက ဖားလောင်းကဲ့သို့ ခရမ်းရောင်လျှပ်စီးကြောင်းလေး များအဖြစ်ပြောင်းလဲသွားပြီး ဘက်ပေါင်းစုံသို့ စီးမျောသွားသည်။ ၎င်း၏စွမ်းအားအားလုံးကို ဆုံးရှုံးသွားရခြင်းဖြစ်သည်။
“ဟားဟားဟား”
ဤအချိန်တွင် ကျင်းဖူက မောက်မာစွာပြောလိုက်သည်။
“မင်းက ငါကျင်းဖူနဲ့တိုက်ချင်တာလား..ငါ့လက်ထဲ၌ မိုင်တစ်ထောင်နတ်ဘုရားမှန်ကို မင်းအရင်တောင်းဆိုသင့်တယ်”
“မင်းညီမကြီးကိုပဲတောင်းဆို”
ဤအခိုက်အတန့်တွင် ကျင်းဖူ၏ နောက်မှ ခက်ထန်သော ကြုံးဝါးသံတစ်ခုထွက်ပေါ်လာသည်။ စွမ်းအားကြီးအော်ရာနှင့် တုတ်ခိုင်သော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့်ပုံရိပ်တစ်ခုက ကျင်းဖူ၏နောက်မှပေါ်လာပြီး နောက်ကျောဘက်သို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ရုတ်တရက်ပေါ်လာသောလူက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခြောက်ဦးထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သည့်နောက်ထပ် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးဖြစ်သည်။
လျှပ်စီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်လူကဲ့သို့ပင် သဏ္ဍာန်မဲ့ဓား၏တိုက်ခိုက်ခံရမှုကြောင့် သူသည်လည်း နောက်ပြန်လွင့်သွားခြင်းဖြစ်သည်။ထို့နောက် တောင်ပေါ်နတ်ဆရာမျိုးနွယ်စု မှလူထံသို့ ကောင်းကင်ထဲမှကျဆင်းလာသည့် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကိုမြင်တွေ့လိုက်ရသည်။ သူကအဆက်မပြတ် ဆုတ်ခွာပြီး နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးနှင့် သေချာသောအကွာအဝေးတစ်ခုကိုထိန်းထား၏။အချိန်ကျလာလျှင် စီးနင်းတိုက်ခိုက်ရန်အတွက်အခွင့်အရေးတစ်ခုကို စောင့်နေခြင်းဖြစ်သည်။
သို့သော်ထိုသူတောင်းစားကျင်းဖူက နတ်ဆိုးသုတ်သင်အနက်ရောင်မိုးကြိုးဝန်းကျင်၌ရှိ ပြီး တစ်ဟုန်ထိုးပေါ်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ နောက်ပိုင်းတွင်ဤဖြစ်ရပ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုသူတောင်းစား၏ကိုယ်အားထိုးဖောက်သွားစေရန်ကြမ်းကြုတ်စွာဖြင့်ကျင်းဖူထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ယင်းမှသာသူ၏နှလုံးသားထဲမှ အမုန်းတရားကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။
“အား..မကောင်းတော့ဘူး..ချီးပဲ”
ကျင်းဖူက အလန့်တကြားအော်ဟစ်လိုက်သည်။အစောပိုင်းက သူ့အနေဖြင့် စိတ်ကြီးဝင်နေပြီး သူ၏နောက်ကျောဘက်ကို အာရုံစိုက်ခဲ့ခြင်းမရှိပေ။ယခုသူ၏ ပြိုင်ဘက်က ရုတ်ခြည်း ချဉ်းကပ်လာပြီး သူအကာအကွယ်လွတ်ကင်းနေချိန်တွင် စက်ဆုပ်ဖို့ကောင်းသော ချောင်းတိုက်ခိုက်မှုတစ်ခုကိုပြု လုပ်ခဲ့သည်ဖြစ်သည်။
ထို့နောက်မကြာခင် ကျင်းဖူ၏လက်ထဲမှ မိုင်တစ်ထောင်နတ်ဘုရားမှန်က လျှင်မြန်စွာလှုပ်ရှားသွားပြီးသူ၏ကိုယ်ပေါ်၌လင်းလက်လာသည်။သူ၏ကိုယ်က အစိမ်းရောင်အလင်းတို့ နှစ်ခံလိုက်ရသကဲ့သို့ဖြစ်သည်။
“ဘန်း”
ကျင်းဖူ၏ကိုယ်မှ ပြင်းထန်သည့်အသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းက ကျင်းဖူ၏ကိုယ်အားကာကွယ် ပေးထားသော်လည်း မျက်နှာထက်၌နာကျင်သော အမူအယာကရှိနေဆဲဖြစ်သည်။ ပြင်းထန်ပြီးစွမ်းအားကြီးမား သောလက်သီးချက်ကြောင့် သူလွင့်ထွက်သွားရသည်။
ထိုးနှက်ခံလိုက်ရသော ကျင်းဖူအနေဖြင့် အခြေအနေကောင်းပုံမရပေ။
“လုပ်တာကောင်းတယ်”
ကျင်းဖူတစ်ယောက်လွင့်ထွက်လာပြီးသူ့ထံသို့ဦးတည်လာသည်အားမြင်တွေ့လိုက်ရသည့်အခါတွင် လျှပ်စီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်လူက လျှင်မြန်စွာ အေးစက်စွာရယ်မောလိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
သူ၏ညာလက်သီးကိုဆုပ်လိုက်ပြီး သူ၏ဝန်းကျင်မှ တဖျစ်ဖျစ်မြည်နေသောလျှပ်စီးကြောင်းတို့က ၎င်းအပေါ်တွင်ဖုံးလွှမ်းသွားသည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE