အခန်း (၉၆၄)
Vol. 65 Ch. 964
“သူဖြစ်နိုင်မလား. ကောင်းတယ်..အရမ်းကောင်းတယ်..နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး ရပ်သွားတဲ့အချိန်ကြရင် အဲ့တာက ငါသူ့ကိုသတ်မဲ့အချိန်ကျတာပဲ”
အစောပိုင်းက ကျင်းဖူနှင့် ဝတ်ရုံနက်တို့၏ အထက်ကောင်းကင်ထဲတွင် လူငယ်ပုံရိပ်တစ်ခုပေါ်လာသည်။ ၎င်းက ခြေဗလာနှင့်အနက်ရောင်ငှက်မွှေး ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ၎င်းက ကျီးကန်းနက်မျိုးနွယ်စု၏ ပါရမီရှင်ဖြစ်သူ ပုယာပင်ဖြစ်သည်။
“ပုယာ”
ကျင်းဖူက ပုယာအား အေးစက်စွာစိုက်ကြည့်လိုက်သည်။
မွန်းစတားနတ်ဘုရားသင်္ချိုင်းသို့ ဝင်ရောက်ခဲ့သည့် လူအားလုံးရောက်ရှိပြီဖြစ်သည်ဟု ပုယာ၏ အသွင်အပြင်မှ ဆိုလိုနေသည်။ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးက ထိုလူအား ပစ်ခတ်ဖို့အခွင့်အရေးပိုမိုများပြားလာပြီဖြစ်သည်။
ကျင်းဖူမှာ ပို၍ စိတ်ပျက်ပြီးစိတ်တိုလာသည်။
ထို့နောက် သူ့ကိုယ်သူပြောလိုက်သည်။
“ဒါကသူမဟုတ်ဘူး.. ဘယ်လိုလုပ်သူကထိုက်တန်မှာလဲ.. အဲ့တာက နတ်ဆိုးသားရဲကြီးတစ်ကောင်ကောင်ပဲဖြစ်မှာ”
ဝင်ပေါက်၌သေဆုံးသွားသည့် ပုရွက်ဆိတ်နက်ကြီးအပြင် အခြားသားရဲကိုးကောင်ရှိသေးသည်ဖြစ်သည်။
နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး ပစ်ခတ်ခြင်းခံနေရသည့်သူက ထိုလူဖြစ်သည်ဟု သူမယုံကြည်ချင်ပေ။
“ပုယာ”
ဤအချိန်တွင် တုန်ဟုနှင့် လျှပ်စီးမိုးကြိုးအားကျင့်ကြံသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူတို့က ကောင်းကင်ထဲ၌ပေါ်လာသည့် ပုယာကိုမြင်တွေ့လိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များကဖျက်ခနဲ ၎င်းထံသို့ ချက်ချင်းဦးတည်လိုက်သည်။
ပုယာမှာကျီးကန်းနက်မျိုးနွယ်စု၏ သခင်လေးတစ်ဦးဖြစ်သည်။ကျီးကန်းနက်ကလန်က ယခင်က သူတို့နှင့် အပြန်အလှန်ဆက်သွယ်မှုရှိခဲ့ကြသည်ဖြစ်၏။ သူတို့အနေဖြင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုအား ဆန့်ကျင်တိုက်ခိုက်ရန်ပင် အတူတူတိုက်ခိုက်ခဲ့ကြသည်ဖြစ်သည်။
ဝတ်ရုံနက်မှာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စု၏ ကျော်ကြားသည့် ဝတ်ရုံနက်တမာန်တော်ဖြစ်သည်။
လွန်ခဲ့သောနှစ်အချို့က ကျင်းဖူတစ်ယောက် မြေရိုင်းဒေသအတွင်း ရုတ်တရက်ပေါ်လာခဲ့သည်။ သူဘယ်ကလာသည်ဆိုသည်ကို မည်သူမှမသိကြချေ။
သူကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ဝတ်ရုံနက်နှင့် ပူးပေါင်းထားပုံရ၏။
သို့သော် ပုယာမှာ သူ့ထံသို့ဦးတည်လာနေသော ပုံရိပ်နှစ်ခုအား အာရုံခံမိပြီးဖြစ်သည်။ သူကခေါင်းငုံ့ပြီး အေးစက်စွာအော်ပြောလိုက်၏။
“မင်းတို့အမှိုက်နှစ်ကောင်ငါ့နားကိုလာခွင့်မရှိဘူး.. ငါ့နားကနေထွက်သွားစမ်း”
ပုယာအော်လိုက်ပြီးနောက် ပုံရိပ်နှစ်ခုက သူနှင့်မဝေးသောနေရာတွင်ပေါ်လာသည်။ ၎င်းတို့က တုန်ဟုနှင့်လျှပ်စီးနတ်ဘုရား တစ်ပိုင်းနယ်ပယ်တို့ဖြစ်ကြသည်။
ဤအချိန်တွင် သူတို့၏မျက်နှာများက ရေခဲတမျှအေးစက်နေသည်။ ပုယာ၏ စကားများက သူတို့အား ကြီးစွာအရှက်ခွဲခြင်းပင်ဖြစ်သည်။ ကျင်းဖူနှင့် ဝတ်ရုံနက်တို့ကသာ သူတို့အား စိုက်ကြည့်နေသောကြောင့်မဟုတ်ခဲ့လျှင် သူတို့အနေဖြင့် ပူးပေါင်းပြီး ပုယာကို တိုက်ခိုက်ပြီးဖြစ်လောက်သည်။
“ကောင်းတယ် ပုယာ.ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူနှစ်ယောက်တိုက်ခိုက်တာခံရမှ ငါတို့ကိုလာပြီးကူညီပေးဖို့ အသနားမခံနဲ့...”
လျှပ်စီးများ ဝန်းရံနေသောနတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျင့်ကြံသူက ပုယာအားအေးစက်စွာပြောလိုက်သည်။
“ကျီးကန်းနက်ကလန်ရဲ့ ပါရမီရှင် ပုယာ..ငါဒါကိုမှတ်ထားမယ်”
အခြားတစ်ဖက်တွင် တုန်ဟုကလည်း အေးစက်စွာပြောလိုက်သည်။
ပုယာက၎င်းတို့နှစ်ဦးအား လုံးဝလျစ်လျူရှုထား၏။မျက်နှာထက်ရှိ အထင်သေးအသောအကြည့်ဖြင့် ပို၍ပို၍စွမ်းအားကြီးမားလာပုံရသော နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့ထံသို့ တစ်ချက်ကြည့်လိုက်သည်။
ပြင်းထန်သော နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့က အထဲမှလူအား သတ်မပြီးခင်အထိ ရပ်တန့်မည့်ပုံမပေါ်ပေ။
နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအတွင်းရှိ သွေးလွှမ်းနေသောပုံရိပ်၏ ပါးစပ်မှ အော်သံများထွက်ပေါ်လာ၏။
“အား.အား..အား..အား.အား”
ထို့နောက်အော်သံက ရပ်တန့်သွားပြီး ရူးသွပ်စွာရယ်မောသည့် အသံက ပေါက်ကွဲထွက်ပေါ်လာသည်။
“ဟားဟားဟားဟား..ကောင်းတယ်.. အရမ်းကောင်းတယ်...ဒီစွမ်းအားကြီး အနက်ရောင်လျှပ်စီးတွေရဲ့ နှစ်ခြင်းအောက်မှာ ဒီသခင်လေးရဲ့ ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်က ပိုပြီးသန်မာလာတယ်”
ဤအချိန်တွင် ရှစ်ဖုန့်မှာ ဖျက်ဆီခြင်းအနက်ရောင်မိုးကြိုးတို့အားဆန့်ကျင် ပြီး သူ့ကိုယ်သူကာကွယ်ရန်အတွက် သူ၏စွမ်းအားအကုန်လုံးအား ကာယခန္ဓာကိုယ်အတွင်းမှ ဖော်ထုတ်ပြီးဖြစ်သည်။
သို့သော်ရှစ်ဖုန့်၏ကိုယ်က ဖျက်ဆီးခံရပြီး အပိုင်းပိုင်းဆုတ်ဖြဲခံနေရဆဲဖြစ်သည်။ ခုခံတွန်းလှန်ရန်အတွက် သူ၏စွမ်းအားအကုန်လုံးအားဖော်ထုတ်ထားခြင်းအပြင် သူ၏ဖျက်ဆီးခံရသောခန္ဓာကိုယ်အား ပြန်လည်ကုသရန် ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်ကိုလည်း အသက်သွင်းထားသည်ဖြစ်သည်။
ရှစ်ဖုန့်၌ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်ရှိနေခြင်း၊သူကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်လာပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားတို့က သူ၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားခြင်း၊သူ၏ခန္ဓာကိုယ်အတွင်း၌ တောက်ပနီရဲသည့် မသေမျိုးသွေးစက်ရှိနေခြင်း၊အသက်ဓာတ်ကို ကိုယ်စားပြုသည့် ရှေးဟောင်းရုန်းစာလုံးတို့အား ဖော်ထုတ်ထားခြင်းတို့ကြောင့်သာ မဟုတ်ခဲ့လျှင် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်အား ဖျက်ဆီးပြီးဖြစ်လောက်သည်။
တောက်ပနီရဲသော မသေမျိုးသွေးစက်မှာ မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရွှမ်းယွမ်ချန်ယွင်အား ရွှမ်းယွမ်မြို့အတွင်း၌ ရှစ်ဖုန့်သတ်ပစ်ခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။
ဤမသေမျိုးသွေးစက်နှင့်အတူ ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာ၊အသက်ဓာတ်ကိုယ်စားပြု ရှေးဟောင်းစာလုံးနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားတို့ကြောင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး၏ လုံးဝဖျက်ဆီးခြင်းမှ ရှစ်ဖုန့် ရှင်သန်နိုင်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် ရှစ်ဖုန့်၏မျက်နှာက မမှတ်မိနိုင်လောက်အောင်ပျက်စီးနေပြီး သူ၏တစ်ကိုယ်လုံးက သွေးများ အသားများဖြင့်ဖုံးလွှမ်းနေသည်။သွေးနှင့်အသား စများအလယ်တွင်အရိုးများကိုပင် ရှင်းရှင်းလင်းလင်းမြင်ရနိုင်ပြီး နာကျင်မှုအပြည့်ဖြင့် ကြုံးဝါး၍ ကျယ်လောင်စွာရယ်မောနေ၏။
နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး၏ပြင်ပတွင် များစွာသောနတ်ဆိုးသားရဲများသည်လည်း နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကြောင့်ဆွဲဆောင်ခံခဲ့ရသည် ဖြစ်သည်။ ၎င်းတို့က လူသားစွမ်းအားရှင်များနှင့်အကွာအဝေးတစ်ခု ထိန်းထား၏။
၎င်းတို့၏ အာရုံစူးစိုက်မှုအများဆုံးက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးပေါ်၌ ရှိနေဆဲဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ပေးထားပုံရသည့် ဧရာမအနက်ရောင်မိုးကြိုးလျှပ်စီးတန်းကြီးကိုကြည့်၍ ဤနတ်ဆိုးသားရဲများ၏ မျက်နှာများထက်၌ တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေသည်။
နတ်ဆိုးသားရဲကိုးကောင်လုံးရောက်ရှိလာပြီဖြစ်သည်။ ဤအချိန်တွင် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအတွင်းမှလူက ထိုလူဖြစ်သည်ဟု မယုံကြည်ချင်သည့် ကျင်းဖူပင် ယုံကြည်နေရပြီဖြစ်သည်။
ထို့နောက် ကျင်းဖူက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့ထံသို့ ရုပ်ဆိုးသောအမူအယာဖြင့်ထပ်မံကြည့်လိုက်ပြီး ကြမ်းကြုတ်စွာပြောလိုက်သည်။
“ဒီသူတောင်းစားက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကိုဆွဲဆောင်တော့ရောဘာ ဖြစ်သေးလဲ. ဒီအနက်ရောင်မိုးကြိုးကြောင့်ငါဆိုရင်တောင်ပြာ ဖြစ်သွားမှာ သူက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကိုဆွဲ ဆောင်ပြီး သူ့သေလမ်းသူရှာနေတာပဲ.. ပြီးတော့သူက အရမ်းအရမ်းကို စိတ်မချမ်းမြေ့စရာ အခြေအနေဖြစ်နေပြီ”
နောက်ဆုံးစကားအား ပြောချိန်တွင် ကျင်းဖူ၏မျက်နှာထက်၌ ခက်ထန်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။
ယခင်က ကျင်းဖူအနေဖြင့် ရှေးဟောင်းဒဏ္ဍာရီလာ မိုးကြိုးအားရှစ်ဖုန့်ကဆွဲဆောင်ခဲ့သည်ဟု မယုံကြည်ချင်ခဲ့ပေ။ ယခုနဖူးတွေ့ဒူးတွေ့ဖြစ်သောကြောင့် သူ့အနေဖြင့် ရွေးချယ်စရာမရှိဘဲလက်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသူတောင်းစားအနေဖြင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအောက်၌ ဝမ်းနည်းဖွယ်သေဆုံးလိမ့်မည်ဟု မြဲမြံစွာယုံကြည်ဆဲဖြစ်သည်။
ဤအချိန်တွင် ကျင်းဖူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ထဲမှ ပုယာကိုကြည့်လိုက်သည်။
“ပုယာ မင်းနဲ့ငါနဲ့က ဒီနတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးထဲက သူတောင်းစားနဲ့ အာဃာတတွေရှိပြီး ငါတို့အရင်တိုက်ခိုက်မှုကနေ သူကံကောင်းလို့လွတ်သွားခဲ့တယ်.. အကယ်၍သူ့ရဲ့နိမ့်ကျတဲ့အသက်က နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး အောက်ကနေ မသေပဲနဲ့ ခုခံနိုင်ခဲ့ရင် ငါတို့ပူးပေါင်းတိုက်ခိုက်ပြီး သတ်ပစ်မယ်ဆိုဘယ်လိုသဘောရလဲ”
ကျင်းဖူ၏ စကားအား ကြားရသောအခါတွင် ပုယာကခေါင်းငုံ၍ ကျင်းဖူအား အထင်သေးမှုအပြည့်ဖြင့် သရော်ကာပြောလိုက်သည်။
“မင်းကရွံဖို့ကောင်းတဲ့သူပဲ. အရင်တစ်ခေါက်က ငါကမျှမျှတတနဲ့ သူ့ကိုသတ်ချင်ပေမဲ့ မင်းကရွံဖို့ကောင်းတဲ့ ချောင်းတိုက်မှုကိုလုပ်ခဲ့တယ်”
“မင်းငါနဲ့ပူးပေါင်းချင်တယ်လို့လာမပြောစမ်းနဲ့ ..မဟုတ်ရင် မင်းကြောင့်ငါပါအရှက်ကွဲနေမယ်”
“မင်း”
ပုယာ၏ စကားတို့အားကြားရသောအခါတွင် ကျင်းဖူ၏မျက်နှာက ရုတ်ခြည်းမှုန်မှိုင်းသွားကာ “မင်း”ဟု အေးစက်စွာသာပြောလိုက်၏။
“ဟမ့်”
ကျင်းဖူက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။
“ဟမ့်..ရွံဖို့ကောင်းတဲ့ကောင်. မင်းနဲ့ပူးပေါင်းရမှာငါပုယာရှက်တယ်.. ငါပုယာက ကိုယ့်ရန်သူကို ကိုယ့်လက်နဲ့ကိုယ်တိုင်သတ်မှာ”
ထိုသို့ပြောပြီးနောက် ပုယာက ခေါင်းကိုမော့လိုက်ပြီး ရွံဖို့ကောင်းသောလူအား လျစ်လျူရှုလိုက်သည်။ သူကအကွာအဝေးတစ်ခုအတွင်းမှ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့ကိုကြည့်လိုက်၏။
ဤအချိန်တွင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့က အရင်လောင်မပြန့်ကားတော့သည်ကိုသူတို့တွေ့လိုက်ရသည်။ ထိုအစား ၎င်းကဖြည်းဖြည်းချင်းအားနည်းလာသည်။
“ဟမ်”
ဤအချိန်တွင် ဝတ်ရုံနက်ထံမှ တစ်စုံတစ်ခုအား သိလိုက်သည့် အသံမျိုးထွက်ပေါ်လာသည်။ သူတို့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်သုံးဦးအား ရုတ်ခြည်းအာရုံခံမိလိုက်သည်။
“တစ်စုံတစ်ယောက်ကလည်း မွန်းစတားနတ်ဘုရား သင်္ချိုင်းထဲကိုဝင်လာတာလား”
ဝတ်ရုံနက်က ရေရွတ်ပြောဆိုလိုက်သည်။
လောလောဆယ် မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေတွင်းမှ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးက ပြင်ပကမ္ဘာအားကြီးမားသော အခြေအနေတစ်ခုဖြစ်ပျက်စေသည်ကို သူသတိမမူမိခဲ့ပေ။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE