အခန်း (၉၆၅)
Vol. 65 Ch. 965
မွန်းစတားနတ်ဘုရား သင်္ချိုင်းရှိရာ ထံသို့မြင့်မားသော အရှိန်ဖြင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်အော်ရာသုံးခု ချဉ်းကပ်လာနေသည်ကို ဝတ်ရုံနက်အာရုံခံမိလိုက်သည်။ ထို့နောက် မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေအတွင်း ဒါဇင်နှင့်ချီသော နောက်ထပ်အော်ရာများ ပေါ်လာနေသည်ကို အာရုံခံမိလိုက်၏။
၎င်းတို့က နတ်ဘုရားတစ်ပိုင်းနယ်ပယ်အော်ရာများ ၊ ဧကရာဇ်နယ်ပယ်များနှင့် မဟာသူတော်စင်နယ်ပယ်များ ပင်ပါရှိသေးသည်ဖြစ်သည်။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေက လျှို့ဝှက်ချက်တစ်ခု ထပ်ပြီး မဟုတ်တော့တဲ့ပုံပဲ.. လူတွေအများကြီးကလာပြီး နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအတွက်ဦး တည်လာနေကြတယ်”
ဝတ်ရုံနက်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်ကျင်းဖူထံတိတ်တဆိတ် သတင်းစကားပါးလိုက်၏။
“မွန်းစတားနတ်ဘုရား သင်္ချိုင်းကို မြေရိုင်းဒေသကြီးထဲက မျိုးနွယ်စုအသီးသီးက ရှာတွေ့သွားပုံပဲ.. အခုလူဆယ်ဦးကျော်က ဝင်လာပြီးတော့ဒီကိုဦးတည်လာနေကြတယ်....ငါတို့ဒီနေရာကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားသင့်တယ်.. မဟုတ်ရင် ငါတို့တွေဒီကနေ အလိုရှိသလို ထွက်သွားနိုင်မှာမဟုတ်ဘူး”
ကျင်းဖူမှာ ဝတ်ရုံနက်၏ စကားအားကြားလိုက်ရသောအခါတွင် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့ထံသို့ ခေါင်းလှည့်မကြည့်ခင်အရင်ဆုံး ဝတ်ရုံနက်ကိုကြည့်လိုက်သည်။ မူလက ကျင်းဖူအနေဖြင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့မှေးမှိန်ပျောက်ကွယ်ပြီး ထွက်မသွားခင် ၎င်းအတွင်းမှ ထိုသူတောင်းစား ပြာအဖြစ်ဘဝပြောင်းသွားသည်ကို သေချာစေချင်ခဲ့သည်။
အကယ်၍ ထိုသူတောင်းစားက တကယ်အကြမ်းခံပြီး နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအတွင်းမသေဆုံးခဲ့လျှင် သူကနောက်ထပ်တိုက်ခိုက်မှုဖြင့်အဆုံးသတ်နိုင်
မည်ဖြစ်၏။
သို့သော်ယခုအခါတွင် ဝတ်ရုံနက်က ဒါဇင်နှင့်ချီသောလူများ မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်ဟု ပြောခဲ့၏။၎င်းတို့က ကျင်းဖူ၏ အစစ်အမှန်သရုပ်မှန်ကို မသိကြသော်လည်း တန်ဟုနှင့်လဲ့ဟောင်တို့က အခြားမျိုးနွယ်များအားကျင်းဖူက မြေရိုင်းဒေသကြီးသို့ စိမ့်ဝင်ရန် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လွှတ်ထားသောသူလျှိုဖြစ်သည်ဟု ပြောမည်မှာသေချာသည်ဖြစ်သည်။
အားလုံးထက် သူတို့က ကျင်းဖူနှင့်အတူ နမည်ဆိုးဖြင့်ကျော်ကြားသော ဝတ်ရုံနက်တမာန်တော်ကိုပါ တွေ့ခဲ့ကြသည်ဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် မြေရိုင်းဒေသအတွင်းမှ မည်သူကမှ ကျင်းဖူ၏ အတိတ်အား မသိကြပေ။
တန်ဟုနှင့်လဲ့ဟောင်တို့မှာ တန်ကလန်နှင့် လဲ့ကလန်တို့အားအသီးသီးကိုယ်စားပြုသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့၏စကားများက ကျင်းဖူထက်များစွာပို၍ ယုံကြည်ရသည်ဖြစ်သည်။
ကျင်းဖူမှာနတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအတွင်းမှ ထိုသူတောင်းစားသေမသေကို အတည်မပြုရသေးဘဲ မထွက်သွားချင်ပေ။ သို့သော် သူတို့ဤနေရာ၌ကြာကြာထပ်နေလျှင် အခြားသောမျိုးနွယ်စုများမှ ကျွမ်းကျင်သူများ ရောက်ရှိလာသောအခါ၌ ထွက်ခွာနိုင်လိမ့်မည်မဟုတ်ဟု ဝတ်ရုံနက်ကပြောခဲ့သည်ဖြစ်သည်။
ထိုထက်ပိုသည်ကား နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး၌ အားကောင်းသောအဖျက်စွမ်းအားတစ်ခုရှိနေဆဲ
ဖြစ်သည်။ ၎င်းကတော်တော်ကြသည့်တိုင် ပျောက်ကွယ်အုံးမည်မဟုတ်ပေ။
“သွားစို့”
အဆုံးသတ်တွင် ကျင်းဖူ ကရွေးချယ်မှုပြုလုပ်လိုက်ပြီး လက်သင့်မခံနိုင်စွာဖြင့် ဝတ်ရုံနက်ကိုပြောလိုက်သည်။ ထို့နောက်သူ၏ ညာလက်ကိုလှုပ်ရှားလိုက်ပြီး မိုင်တစ်ထောင်နတ်ဘုရားမှန်ဖြင့်သူ့ကိုယ်သူ ထိုးညွှန်လိုက်သည်။
ထို့နောက်ချက်ချင်း မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတစ်ခုလင်းလက်လာကာ အစိမ်းရောင်အလင်းတန်းတစ်ခုက ကျင်းဖူ၏ကိုယ်ပေါ်သို့ကျဆင်းသွားသည်။
ထို့နောက်ချက်ချင်းကျင်းဖူ၏ ပုံရိပ်က အားလုံး၏မြင်ကွင်းမှပျောက်ကွယ်သွားပြီး ဤကမ္ဘာမှ ထွက်ခွာသွားသည်။
မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုအသုံးပြုခြင်း ကြောင့် သူထွက်ပြေးသောအမြန်နှုန်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ ရွေ့လျားမှု နည်းစနစ်ထက် ပိုမိုမြန်ဆန်သည်ဖြစ်သည်။
မိုင်တစ်ထောင်နတ်ဘုရားမှန်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်တစ်ခုဖြစ်၏။
ကျင်းဖူထွက်ခွာသွားပြီးနောက် ဝတ်ရုံနက်၏ပုံရိပ်ကလည်း မည်သူမှသတိထားမိခြင်းမရှိဘဲ ဟင်းလင်းပြင်အတွင်း အနက်ရောင်မြူခိုးကဲ့သို့ တိတ်တဆိတ်ပျောက်ကွယ်သွားသည်။
“ဒါက လဲ့ကလန်က လဲ့ဟောင်နဲ့ တုန်ကလန်က တုန်ဟုတို့မလား ..ပြီးတော့ကျီးကန်းနက်ကလန်က ပုယာလား.. ဒီနေရာမှာဘာတွေဖြစ်နေတာလဲ”
ဤအချိန်တွင်တုန်ဟုနှင့်ပုယာတို့ရှိရာနေရာ၌ပုံရိပ်သုံးခုပေါ်လာသည်။ ၎င်းတို့ထဲမှတစ်ဦးက တုန်ဟု ၊ပုယာနှင့်လဲ့ဟောင်တို့ကို မြင်တွေ့ပြီး မေးလိုက်သည်။
ကျီးကန်းနက်ကလန်မှ ပုယာက အသံကြားပြီးနောက်လှည့်ကြည့်လိုက်သည်။ ပုံရိပ်သုံးခုအားသူမြင်တွေ့လိုက်ရ၏။
ထို့နောက်ပုယာက ၎င်းတို့ကိုလျစ်လျူရှုလိုက်ပြီး ခေါင်းကိုပြန်လှည့်ကာ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့ထံသို့ကြည့်လိုက်သည်။
“ဖီးနစ်မျိုးနွယ်စုက ဟွမ်ရှီ”
“လီမျိုးနွယ်စုက ယင်ကျန်း”
“လပြည့်မျိုးနွယ်စုက ယွဲ့ချန်”
ပုံရိပ်သုံးခု အားမြင်တွေ့လိုက်ရသောအခါတွင် လျှပ်စီးများဖုံးလွှမ်းနေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လဲ့ဟောင်က ၎င်းတို့၏နမည်များကိုခေါ်လိုက်သည်။
၎င်းတို့၏လဲ့ကလန်က ၎င်းကလန်သုံးခုနှင့်ကောင်းမွန်သောဆက်ဆံရေး တစ်ခုရှိသည်ဟု ပြော၍ရနိုင်သည်ဖြစ်သည်။ လဲ့ဟောင်က ပါးစပ်ကိုဖွင့်ဟ၍ ၎င်းတို့အား ပြောလိုက်၏။
“အစက ကျုပ်တို့ခြောက်ယောက်ရှိတာ.. ကျုပ်တို့ကအဲ့ညတုန်းက ယန်မျိုးနွယ်စုကို ခိုးဝင်ခဲ့တဲ့ တောင်ပေါ်နတ်ဆရာ မျိုးနွယ်စုက လူငယ်နောက်ကိုလိုက်ဖမ်းနေတာ..ဒါပေမဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ ကျင်းဖူရဲ့ သစ္စာဖောက်မှုကို ကျုပ်တို့ခံခဲ့ရတယ်.. သူကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဝတ်ရုံနက်တမာန်တော်နဲ့ ပူးပေါင်းပြီး နတ်ဆိုးရိုင်းတောင်တန်းထဲကရှေးဟောင်း အစီအရင်ထဲ ရောက်အောင် ကျုပ်တို့ကိုလှည့်စားခဲ့တယ်..အဆုံးသတ်မှာ တုန်ဟုနဲ့ကျုပ်ပဲ ရှင်ခဲ့တာ”
“ကျုပ်တို့ကံကောင်းပြီး အစီအရင်ကိုချိုးဖျက်နိုင်ခဲ့ပေမဲ့ ဝဲတစ်ခုပေါ်လာပြီးတော့ ဒီကိုစုပ်ယူခံခဲ့ရတယ်”
“နတ်ဆိုးရိုင်းတောင်တန်းထဲကဝဲလား...ဒီတော့ငါတို့ကိုစုပ်ယူခဲ့တဲ့ဝဲက ရှေးဟောင်းအစီအရင်ကို မင်းတို့ချိုးဖျက်ပြီး တော့ဖြစ်လာတာပေါ့”
လဲ့ဟောင်၏ စကားများအားကြားပြီးနောက် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် ဟွမ်ရှီက အံ့အားသင့်စွာပြောလိုက်သည်။
သူအံ့အားသင့်စွာပြောရခြင်းမှာ နတ်ဆိုးရိုင်းတောင်တန်းအတွင်း၌ ရှေးဟောင်းအစီအရင်တစ်ခုရှိခဲ့သောကြောင့်ဖြစ်သည်။ထိုသို့သာဆိုလျှင် ထိုနေရာက ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုဖြစ်လောက်၏။
ထို့နောက် လီမျိုးနွယ်စု ခေါင်းဆောင် ယင်ကျန်းကလည်း ပြောလိုက်သည်။
“ကျင်းဖူရဲ့နမည်ကိုကျူပ်ကြားဖူတယ်.. လွန်ခဲ့တဲ့အချိန်အချို့က နတ်ဘုရားတစ်ပိုင်းပစ္စည်းတစ်ခုဖြစ်တဲ့မိုင်တစ် ထောင် နတ်ဘုရားမှန်ကိုသူရခဲ့တယ်တဲ့ .....ဒီသတင်းက ကျုပ်တို့ မြေရိုင်းဒေသတစ်ခုလုံးကိုပြန့်နှံ့ခဲ့တယ်. သူကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူလျှိုဖြစ်နေလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားခဲ့ဘူး”
“အမှန်ပဲ.ဒါကတော်တော်ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်ပဲ.. မျိုးနွယ်စုခေါင်းဆောင်သုံးယောက် ဒီနေရာကနေထွက်သွားရင် သူနဲ့ပက်ပင်းတိုးတာနဲ့သတ်ပစ်ဖို့ အခြားမျိုးနွယ်စုတွေကို သတင်းပေးရမယ်. ဒါမှမြေရိုင်းဒေသထဲက မျိုးနွယ်စုအသီးသီးရဲ့လူတွေကို ထိခိုက်အောင် သူလှည့်စားတဲ့ရန်ကနေ တားဆီးနိုင်မှာ”
ကျင်းဖူအကြောင်းပြောသောအခါတွင် တုန်မျိုးနွယ်စုမှ တုန်ဟုကလည်း ဒေါသတကြီးပြောလိုက်သည်။ သူ့အားသတ်လုနီးပါးဖြစ်ခဲ့သည့်ထိုသူတောင်းစား အားအရေခွံစုတ်ပြီးသွေးကိုသောက်ပစ်ချင်သည်ဖြစ်သည်။
“ဒါဆို အနက်ရောင်မိုးကြိုးနဲ့အတူကဘာလဲ..”
ဤအချိန်တွင် ယခုအချိန်ထိတိုင် စကားပြောခြင်းမရှိခဲ့သောလပြည့်မျိုးနွယ်စုမှ ယွဲ့ချန်က အကွာအဝေးတစ်ခုအတွင်းရှိ ပြင်းထန်စွမ်းအားကြီးမားပြီးအဖျက်စွမ်းအားတို့ပါဝင်သောအနက်ရောင်မိုးကြိုးတို့ကိုထိုးညွှန်ပြီး လဲ့ဟောင်နှင့်တုန်ဟုအား မေးလိုက်သည်။
ယွဲ့ချန်ကမေးသောအခါတွင် ဟွမ်ရှီနှင့် ယင်ကျန်းတို့ကလည်း လွန်စွာသိချင်သောအမူအယာများပြသလာသည်။
ပြင်ပကမ္ဘာမှ အနက်ရောင်ဝဲကြီးပေါ်လာပြီး အနက်ရောင်မိုးကြိုးများ သက်ဆင်းလာသည်ကို သူတို့မြင်တွေ့ခဲ့ရသည်ဖြစ်သည်။ အနက်ရောင်ဝဲနှင့် အနက်ရောင်မိုးကြိုးတို့၏ ဆွဲဆောင်မှုကိုခံရပြီး သူတို့အနေဖြင့်နတ်ဆိုးရိုင်းတောင်တန်းအတွင်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော်နတ်ဆိုးရိုင်းတောင်တန်းအတွင်းသို့ အပြင်းနှင်လာပြီး အနက်ရောင်ဝဲနှင့်အနက်ရောင်မိုးကြိုးတို့နောက်လိုက်လာရင်း ရုတ်ခြည်းဆန်းကြယ်သောဝဲတစ်ခုနှင့်ပက်ပင်း တိုးကာ ဤဆန်းကြယ်သောကမ္ဘာအတွင်း စုပ်ယူခံရလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ပေ။
သူတို့ရောက်ရှိလာမှသာ အနက်ရောင်ဝဲနှင့်အနက်ရောင်မိုးကြိုးတို့အား ဤနေရာမှထုတ်လွှတ်ခြင်းဖြစ်သည်ဟု ရှာတွေ့ရခြင်းဖြစ်သည်။
လဲ့ဟောင်မှာယွဲ့ချန်၏စကားတို့အားကြားသောအခါတွင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးထံသို့ နောက်တစ်ကြိမ်ကြည့်လိုက်ပြီး မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဒါကအဲ့ညက ယန်မျိုးနွယ်စုကိုဝင်ရောက်ခဲ့တဲ့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူလျှိုလူငယ်ကြောင့်ဖြစ်လာတာ”
“အနက်ရောင်မိုးကြိုးကတောင်ပေါ်နတ်ဆရာ မျိုးနွယ်စုက လူငယ်ကြောင့်ဖြစ်တာ”
ဟွမ်ရှီ၊ယင်ကျန်းနှင့်ယွဲ့ချန်တို့မှာ လဲ့ဟောင်၏စကားအားကြားလိုက်ရသောအခါတွင် အံ့အားသင့်စွာပြိုင်တူပြောလိုက်ကြသည်။
ထို့နောက်သူတို့သုံးယောက်၏မျက်နှာထက်၌ လွန်စွာ တုန်လှုပ်မှုများဖြင့်ပြည့်နှက်လာသည်။
ဆန်းကြယ်သောကမ္ဘာအတွင်းသူတို့ဝင်ရောက် လာသောအခါတွင် အနက်ရောင်မိုးကြိုးတို့က ရှေးခေတ်အပျက်အစီးနယ်မြေ၌ကျန်ရစ်ခဲ့သည့် ဆန်းကြယ်သောစွမ်းအားအချို့ကြောင့်ဖြစ်ခြင်းဟု သူတို့ထင်ခဲ့သည်။ရှေးဟောင်းအပျက်အစီးနယ် မြေလမ်းကြောင်းပွင့်သွားသောကြောင့် ပြင်ပကမ္ဘာ၌အနက်ရောင်ဝဲနှင့် အနက်ရောင်မိုးကြိုးတို့ပေါ်လာခြင်းဖြစ်သည်ဟု ထင်ခဲ့ကြ၏။
သို့သော် တစ်စုံတစ်ယောက်ကြောင့် ဖြစ်ခြင်းဟုတော့သူတို့လုံးဝမထင်ထားခဲ့ပေ။ ဤအနက်ရောင်မိုးကြိုးတို့ကတစ်စုံတစ်ယောက် ကြောင့် ဖြစ်လာခြင်းဖြစ်သည်။
ဧရာမအနက်ရောင်ဝဲနှင့်လွန်စွာကြီးမားသော အနက်ရောင်မိုးကြိုး ယင်းမှာ ရှေးခေတ်အချိန်ကာလအတွင်း ဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးနတ်ဘုရားအဆင့်ချိုးဖျက်ချိန်၌ ကောင်းကင်ဘုံမှ ဖျက်ဆီးရန်သက်ဆင်းလာသော နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးဖြစ်သည်မှာသိသာသည်ဖြစ်သည်။
ယနေ့တွင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအား တစ်စုံတစ်ယောက်က အသက်ဝင်လာစေပြီး ယင်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူဖြစ်နေလိမ့်မည်ဟု သူတို့လုံး စိတ်ကူးထားခဲ့ခြင်းမရှိပေ။
ဆက်ရန်....
ဘာသာပြန်သူ-ARISE