← Chapters

အခန်း (၉၆၆)

Vol. 65 Ch. 966

အခန်း (၉၆၆)

Vol. 65 Ch. 966

“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကို သက်ဆင်းစေတဲ့သူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူဆိုရင် ဒီလူကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး.. မဟုတ်ရင် ဒီလူဆက်ပြီး ကြီးပြင်းလာတာနဲ့ မြေရိုင်းဒေသတစ်ခုလုံး ဆိုးရွားတဲ့ ဖြစ်အပျက်တွေထဲကို သက်ဆင်းသွားရလိမ့်မယ်”

ဟွမ်ရှီ၊ယင်ကျန်းနှင့်ယွဲ့ချန်တို့မှာ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးသက်ဆင်းလာစေသူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်ဖြစ်ကြောင်းသိလိုက်ရသည့်အခါတွင် လပြည့်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူက ယွဲ့ချန်က ရုတ်ခြည်းသတ်ဖြတ်လိုစိတ်အား မျက်နှာထက်၌ ပြသလာပြီး ခိုင်မာပြတ်သားစွာပြောဆိုလိုက်သည်။

“တကယ်ပဲ သူ့ကိုအသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် ဟွမ်ရှီနှင့် လီမျိုးနွယ်စုခေါင်းဆောင် ယင်ကျန်းတို့ကလည်း သဘောတူညီစွာဖြင့်‌ ခေါင်းညိမ့်လိုက်ပြီးသူတို့၏မျက်နှာများထက်၌ သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်လာသည်။

တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သွေးဆာပြီး မကောင်းမှုအားလုံးအား ကျူးလွန်သည်ဖြစ်သည်။ ၎င်းတို့က အသိတရားကင်းမဲ့ပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက မြေရိုင်းဒေသကြီး၏ မျိုးနွယ်စုများနှင့် ရန်သူဖြစ်ခဲ့သည်ဖြစ်သည်။

မြေရိုင်းဒေသကြီး၏ မျိုးနွယ်စုအသီးသီးမှလူတိုင်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူများအား အရေခွံစုတ်လိုပြီး ၎င်းတို့၏အရိုးများကိုဆွဲထုတ်ကာ သွေးတို့ကိုသောက်လိုကြသည်ဖြစ်သည်။

သူတို့က ၎င်းတို့အား အတွင်းထဲမှတူးတူးခါးခါးနေအော်မုန်းတီးသည် ဖြစ်သည်။

“အကယ်၍သူမသေခဲ့ရင် ငါတို့အတူတူအစွမ်းကုန်လုပ်ဆောင်ပြီး သူ့ကို သတ်ပစ်ရမယ်”

ဤအချိန်တွင်လဲ့ဟောင်က ပါးစပ်ကိုဖွင့်ဟ၍ အကြံပြုလိုက်သည်။

“ဟုတ်တယ်..အမှန်ပဲ ..ဒီလူသေကိုသေရမယ်”

တန်ဟုကသဘောတူလိုက်သည်။

တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်အား သတ်ရန် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခြောက်ဦးက လျှင်မြန်စွာ မဟာမိတ်တစ်ခု ပြုလိုက်ကြသည်။

ဤအချိန်တွင် အေးစက်သောအသံတစ်ခုထွက်ပေါ်လာသည်။

“အကယ်၍ဒီလူမသေခဲ့ရင်တောင် သူကငါပုယာသတ်ချင်နေတဲ့သူဖြစ်တာကြောင့် မင်းတို့ အလျှင်စလိုလုပ်လို့မရဘူး”

အသံကအထက်စီးဆန်ပြီး အမိန့်ပေးသကဲ့သို့ မည်သူကိုမှ ငြင်းဆန်ခွင့်မပြုပေ။ဤအသံက ကျီးကန်းနက်ကလန်မှ ပါရမီရှင်ဖြစ်သူ ပုယာထံမှလာခြင်းဖြစ်သည်။

“ပုယာ..မင်း”

ပုယာ၏ အထက်စီးဆန်သောစကားအားကြားလိုက်ရသောအခါတွင် လဲ့ဟောင်နှင့်တန်ဟုတို့၏ အမူအယာကအေးစက်သွားပြီး ပုယာထံသို့ကြည့်လိုက်သည်။

ပုယာက သူတို့အားနှိမ့်ချကာ သူ့နားကပ်မလာရန်အမှိုက်များဟု ခေါ်ခဲ့သည်ဖြစ်သည်။ သူတို့အား အလကားဟုပြောပြီးယင်းကသူတို့ကိုမပျော်မရွှင် ဖြစ်စေသည်ဖြစ်၏။

“ဒီလူမသေရင် ဘယ်သူမှ သူ့ကိုထိလို့မရဘူး...သူ့စွမ်းအားပြန်ကောင်းအောင်လုပ်ပါစေ ..ငါပုယာသူနဲ့မျှမျှတတတိုက်ချင်တယ်”

“မင်းတို့သူ့ကိုထိချင်တယ်ဆိုရင် ငါပုယာမသေသေးသ၍ သူ့ကိုထိရဲတဲ့ဘယ်သူမဆို ကျီးကန်းနက်ကလန်ရဲ့ရန်သူဖြစ်လိမ့်မယ်”

ပုယာကအေးစက်စွာပြောလိုက်သည်။

ကျီးကန်းနက်ကလန်မှာ ရှေးခေတ်အချိန်ကာလကတည်းက ဆင်းသက်လာခဲ့သော ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်သည်။ မြေရိုင်းဒေသအတွင်းတွင် ၎င်းတို့ကတော်တော်လေးဩဇာရှိပြီး စွမ်းအားကြီးမားသည်ဖြစ်၏။၎င်းတို့၌နက်ရှိုင်း သောအခြေခံအုတ်မြစ်ရှိသည်ဖြစ်သည်။မျိးနွယ်စု များစွာက ကျီးကန်းနက်မျိုးနွယ်စုအားတော်တော်လေး စိုးရိမ်ကြသည်ဖြစ်၏။

ပုယာ၏အထက်စီးဆန်သောစကားလုံးတို့က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ငါးဦးအား တိတ်ကျသွားစေသည်။

မြေရိုင်းဒေသအတွင်းမည်သူကများ ကျီးကန်းနက်ကလန်နှင့်ရန်သူဖြစ်ချင်ပါမည်နည်း။

သို့သော် လဲ့ဟောင်၏မျက်နှာထက်၌ ရက်စက်သည့်အသွင်တစ်ခုလက်ခနဲဖြစ်သွားပြီး အခြားလေးယောက်အား တိတ်တဆိတ်အသံထုတ်လွှတ်လိုက်သည်။

“ဒီပုယာက အရမ်းခေါင်းမာတာကြောင့် ကျုပ်တို့အစီအစဉ်ကို ပျက်စီးစေပြီး မြေရိုင်းဒေသတစ်ခုလုံးကို ဒုက္ခချောက်နက်ထဲကျစေလိမ့်မယ်..ဘာလို့သူ့ကိုအရင်ဆုံးကျုပ်တို့အတူတူ နှိမ်နင်းပြီး နောက်မှ ကျုပ်တို့အစီအစဉ်ကိုလုပ်ရင်ရော ဘယ်လိုသဘောရလဲ”

“ကျုပ်သဘောတူတယ်”

လဲ့ဟောင်၏အသံကူးပြောင်းမှုအားကြားသောအခါ တန်ဟုကလည်း‌လျှင်မြန်စွာပြန်ဖြေလိုက်သည်။

“ဖီးနစ်ကလန်က ကျီးကန်းနက်ကလန်နဲ့ရန်သူမဖြစ်ချင်ဘူး”

ဤအချိန်တွင် ဖီးနစ်ကလန်ခေါင်းဆောင် ဟွမ်ရှီက ပြောလိုက်သည်။

“လီကလန်ကလည်း ကျီးကန်းနက်ကလန်နဲ့ ရန်သူမဖြစ်ချင်ဘူး”

ယင်ကျန်းကလည်း ဖြေလိုက်သည်။

“ငါ..ယွဲ့ချန်က မင်းတို့ဘာလုပ်နေတာလဲဆိုတာကိုမသိဘူး”

လပြည့်မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ကလည်း အသံပို့လွှတ်လိုက်သည်။

ယွဲ့ချန်က အတိအလင်းမပြောသော်လည်း သူ၏ဆိုလိုရင်းကသိသာသည်။သူတို့အနေဖြင့်ပုယာအား တိုက်ခိုက်ခြင်းသို့မဟုတ် သတ်ခြင်းကိုပြုလုပ်နိုင်သည်။ မည်သို့ပင်ဆိုစေကမူ သူကတော့သိလိမ့်မည်မဟုတ်ပေ။

အသံပို့လွှတ်မှုသုံးခုအားကြားလိုက်ရသောအခါတွင် လဲ့ဟောင်နှင့်တန်ဟုတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီး တိတ်တိတ်နေရန်ကိုသာရွေးချယ်လိုက်ကြသည်။

ဤအချိန်တွင်သူတို့ရှိရာနေရာအတွင်းသို့ နောက်ထပ်စွမ်းအားကြီးအော်ရာနှင့်ပုံရိပ်လေးခု ရောက်လာသည်။ နောက်ထပ်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လေးဦး ရောက်လာခြင်းဖြစ်သည်။

အဝေးရှိဟင်းလင်းပြင်၌ ပုံရိပ်ကိုးခုကလည်းချဉ်းကပ်လာနေသည်။

များစွာသောပုံရိပ်များပေါ်လာခြင်းကြောင့် ပုယာအားတိုက်ခိုက်မည့်အကြံကို လဲ့ဟောင်နှင့်တန်ဟုတို့ စွန့်လွှတ်လိုက်ကြသည်။

အကယ်၍သူတို့ကပုယာအားတိုက်ခိုက်ပြီး သူတို့၏ချောင်းတိုက်မှုကအောင်မြင်ကာ ပုယာအားသတ်နိုင်ခဲ့လျှင်တောင် သတင်းများက မြေရိုင်းဒေသကြီးအတွင်း သေချာပေါက်ပျံ့နှံ့သွားမည်ဖြစ်သည်။ ကျီးကန်းနက်ကလန်သို့ သတင်းရောက်သွားသည်နှင့် လဲ့ဟောင်နှင့် တန်ဟုတို့ တည်ရှိနေရန်ထပ်ပြီးမလိုအပ်တော့ပေ။

ပုယာနှင့်ပက်သက်ပြီး မပျော်ရွှင်သော်လည်း သူတို့၏ဒေါသအားမျိုသိပ်ထားရုံသာတက်နိုင်၏။

အကွာအဝေးတစ်ခုအတွင်းတွင် လူသားကျွမ်းကျင်သူများသာရောက်လာခြင်းမဟုတ်ဘဲ နတ်ဆိုးသားရဲများလည်းတစ်ကောင်ပြီးတစ်ကောင်ပေါ်လာသည်။၎င်းတို့ကြားထဲတွင်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားနှင့် စွမ်းအားကြီး အော်ရာကိုပိုင်ဆိုင်ထားသည့်သားရဲ ရှစ်ကောင်ပါရှိသည်။

လူသားများနှင့် နတ်ဆိုးသားရဲများက သဘောတူညီမှုပြုထားသကဲ့သို့ တစ်ဖက်နှင့်တစ်ဖက်ခွာ၍နေကြ၏။ အချိန်တစ်ခုကြာသည်အထိ သူတို့အနေဖြင့်တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ခြင်းမပြုပေ။ သူတို့၏အာရုံက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးထံသို့ သာ ကျရောက်နေသည်။

သေလုအောင်တိတ်ဆိတ်ပြီးအသက်မဲ့နေခဲ့သော မွန်းစတား နတ်ဘုရား သင်္ချိုင်းနယ်မြေက ရုတ်ခြည်း အသက်ဝင်လာသည်။

မွန်းစတားနတ်ဘုရားသင်္ချို်ငးနယ်မြေမှာ ရှေးခေတ်အချိန်ကာလက အစစ်အမှန်နတ်ဘုရားတစ်ပါးစွမ်းအားကိုပိုင်ဆိုင်ခဲ့သောမွန်းစတား နတ်ဘုရားကျဆုံးခဲ့သည်နေရာဖြစ်သည်။ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားသကဲ့သို့ ဧရာမအနက်ရောင်မိုးကြိုးများမှလွဲ၍ မည်သည့်အန္တရာယ်ကိုမှ သက်ရှိများအနေဖြင့်ပက်ပင်းကြုံတွေ့ရခြင်းမရှိ ပေ။

မူလကသေလုအောင်တိတ်ဆိတ်ညိမ်သက်ခြင်း မျိုးကြောင့်သာမဟုတ်ခဲ့လျှင် ယင်းကသာမန်ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် နောက်ထပ်ခြောက်နာရီကုန်ဆုံးသွားသည်။ ဤအချိန်တွင် လူသားကျင့်ကြံသူပေါင်းသုံးရာကျော်စုစည်းမိနေ ပြီဖြစ်သည်။

၎င်းတို့က မြေရို်ငးဒေသကြီးအတွင်းရှိ မျိုးနွယ်စုအသီးသီးမှ လူများဖြစ်ကြသည်။ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကယန်ကလန်သို့ ထိုညကဝင်ရောက်ခဲ့သည့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်ကြောင့်ဖြစ်ကြောင်း သိရသောအခါတွင် ၎င်းတို့အားလုံးက သတ်ပစ်ချင်ကြသည်ဖြစ်၏။

တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်က တကယ်ကြီးကောင်းကင်ဘုံကိုဆန့်ကျင်သည့်နတ်ဆိုးကဲ့သို့ ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကို သက်ဆင်းစေခဲ့သည်ဖြစ်၏။ ထိုလူအား အနာဂတ်၌ ထပ်ပြီးကြီးပြင်းလာခွင့်ပြုလိုက်လျှင် ယင်းက ကံဆိုးမိုးမှောင်ကျမှုကြီးအား လက်ယက်၍ ဖိတ်ခေါ်သကဲ့သို့ပင်ဖြစ်စေလိမ့်မည်ဖြစ်သည်။

လူအုပ်ကြားထဲ သတ်ဖြတ်လိုစိတ်များက ရုတ်ခြည်းပျံ့နှံ့လာသည်။

ဖြည်းဖြည်းချင်း ကောင်းကင်ထဲမှမျောလွင့်ရပ်တည်နေသည့် အနက်ရောင်ဝဲက စတင်ကျုံ့ဝင်လာသည်ကို လူအုပ်ကြီးတွေ့လိုက်ရသည်။အနက်ရောင်ဝဲထံမှ သက်ဆင်းလာသော နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကလည်း အားနည်းသည်ထက်အားနည်းလာပြီဖြစ်သည်။ယင်းမှာ ဝဲ၏လယ်ဗဟိုသို့ သိပ်သည်းစုစည်းသွားသကဲ့သို့ဖြစ်သည်။

“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကြောင့်တောင်ပေါ်နတ်ဆရာ မျိုးနွယ်စုက လူငယ် ပြာကျသွားဖို့မျှော်လင့်တယ်…အဲ့လိုမှမဟုတ်ရင် ငါတို့သူ့ကိုသတ်ပစ်ရမယ် အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”

တုတ်ခိုင်သန်မာသောလူ၏မျက်လုံးတို့က အနက်ရောင်မိုးကြိုးထံသို့ကျရောက်နေဆဲဖြစ်သည်။ရက်စက်သောအမူအယာတစ်ခုဖြစ်ပေါ်လာ သကဲ့သို့ သူကအော်ပြောလိုက်သည်။

တုတ်ခိုင်သန်မာသောလူစကားဆုံးပြီးပြီးချင်း လူများစွာ၏စကားလုံးများကလည်း ပဲ့တင်ထွက်ပေါ်လာသည်။

“ဟုတ်တယ်…တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဆိုတာ ငါတို့မြေရိုင်းဒေသအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုပဲ..ငါတို့အနေနဲ့ သူတို့ထဲကတစ်ယောက်တွေ့ရင် တစ်ယောက်ကို သတ်ပစ်သင့်တယ်..အဲ့တာထက်ပိုတာက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို သက်ဆင်းလာစေတာမို့ သေဖို့ထိုက်တန်တယ်”

“အား”

ဤအချိန်တွင် ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီးအော်ဟစ်သောအသံက အကွာအဝေးတစ်ခုအတွင်းမှ ထွက်ပေါ်လာပြီး ကုန်းမြေအားရိုက်ခတ်လာသည်။

ဤအော်သံက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးထံမှလာခြင်းဖြစ်ပုံရသည်။

ထို့နောက်ချက်ချင်း လူသားများရောနတ်ဆိုးသားရဲများပါ ရှေးဟောင်းသားရဲတစ်ကောင် ရုတ်ခြည်းနိုးထလာသကဲ့သို့ စွမ်းအားကြီးအော်ရာတစ်ခုက ကောင်းကင်ထဲသို့ ထိုးတက်လာသည်ကို ခံစားလိုက်ကြရသည်။

ခက်ထန်သောအော်သံကနောက်တစ်ကြိမ် ကုန်းမြေအားဖြတ်သန်းရိုက်ခတ်လာသည်။

“အနက်ရောင်မိုးကြိုးကပ်ဘေး.. ဒီသခင်လေးအတွက် ချိုးဖျက်လိုက်စမ်း”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters