အခန်း (၉၆၇)
Vol. 65 Ch. 967
“အနက်ရောင်မိုးကြိုးကပ်ဘေး. ကျိုးပျက်စမ်း”
ကောင်းကင်နှင့်မြေပြင်အတွင်း သားရဲရိုင်းတစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။ ကြမ်းကြုတ်သောသားရဲရိုင်းတစ်ကောင်ကဲ့သို့ လွန်စွာစွမ်းအားကြီးမားသောအော်ရာတစ်ခုက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင် မိုးကြိုးတို့ထံမှ မြင့်တက်ထွက်ပေါ်လာ၏။
ထို့နောက် လူသားများနှင့် နတ်ဆိုးသားရဲများ၏ ထိတ်လန့်တုန်လှုပ်သောအကြည့်အောက်တွင် ဖျက်ဆီးခြင်းဓာတ်တို့ပါဝင်သော အနက်ရောင်မိုးကြိုးတို့က ရုတ်ခြည်း မှေးမှိန်လာသည်။ ကောင်းကင်ထဲရှိ အနက်ရောင်ဝဲကြီးပင် မမြင်နိုင်သောစွမ်းအားတစ်ခု၏ထိမှန်ခြင်းကိုခံရပုံရပြီး ကျိုးပျက်သွားသည်။
“ဒါ…ဒါက”
“သူက..လူသားရော ဟုတ်သေးရဲ့လား”
ဤအချိန်တွင် အံ့အားသင့်သံများထွက်ပေါ်လာသည်ကို ကြားရသည်။ လွန်စွာကြီးမားသောအနက်ရောင် မိုးကြိုးတိုင်တန်းတို့အလယ်တွင် သွေးများတစ်စက်စက်ကျဆင်းနေပြီး ဆိုးရွားစွာစုတ်ပျက်သက်နေကာ ယခင်အတိုင်းမှတ်မိရန်ပင်ခဲယဉ်းလှသော ခန္ဓာကိုယ်တစ်ခုရှိနေသည်။ ဤသည်ကား နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့မှ မိုးကြိုးလျှပ်စီးတို့၏ထိမှန်ခြင်းကို ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။
“ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ် ကျိုးယိုထာဝရတည်ရှိခြင်း..”
ဤအချိန်တွင် ဆိုးရွားစွာစုတ်ပျက်သတ်နေသော ခန္ဓာကိုယ်ထံမှ ကြုံးဝါးသံတစ်ခုထွက်ပေါ်လာပြီး ၎င်း၏ဆိုးရွားစွာ စုတ်ပျက်သတ်နေသော လက်တို့ဖြင့် ထူးဆန်းပြီးဆန်းကြယ်သော ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။
မကြာခင် ထိုခန္ဓာကိုယ်ထံမှ လွန်စာသိပ်သည်းများပြားသော အသက်ဓာတ်အော်ရာများကို လူသားများရော နတ်ဆိုးသားရဲများပါ အာရုံခံမိလိုက်ကြသည်။
အားလုံး၏အကြည့်အောက်တွင် ပျက်စီးနေသောခန္ဓာကိုယ်မှ အရေပြား၊အရွတ်များ၊အသားများနှင့်အရိုးများ၊ဆံပင်တို့က လူ့မျက်လုံးဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် တစ်ဟုန်ထိုး ပြန်လည်ဖြစ်ပေါ်လာနေသည်ကို တွေ့လိုက်ကြရသည်။
“ဖျက်ဆီးမရတဲ့နတ်ဆိုးခန္ဓာကိုယ်…ဒီလိုမျိုးအားကောင်းတဲ့ ပြန်လည်ကုသနိုင်စွမ်း.ဒါကရှေးခေတ်အချိန်ကာလက နတ်ဆိုးနတ်ဘုရားရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပဲဖြစ်ရမယ်”
အရှိန်အဟုန်ဖြင့်ပြန်လည်ကုသနေသော ခန္ဓာကိုယ်နှင့် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့ကို မြင်တွေ့ရသောအခါတွင် အချို့လူများက ယင်းမှာ မသေမျိုးနတ်ဆိုးနတ်ဆိုးနတ်ဘုရား၏ မသေမျိုးခန္ဓာကိုယ်ဟု တွေးထင်လိုက်ကြသည်။
ရှေးခေတ်အချိန်ကာလက မသေမျိုးနတ်ဆိုးနတ်ဘုရားအား မသေမျိုးနတ်ဆိုးနတ်ဘုရားအဖြစ်သိကြခြင်းမှာ ၎င်း၌စွမ်းအားကြီး မသေမျိုးခန္ဓာကိုယ်တစ်ခုရှိပြီး အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
ထိုခေတ်က သူ့အား မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ဟုခေါ်ဆိုကြသည်ဖြစ်သည်။
ဤအချိန်တွင် ပျက်စီးနေသော ရှစ်ဖုန့်၏ခန္ဓာကိုယ်က မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကုသကောင်းမွန်လာနေသည်။
ရှစ်ဖုန့်၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာခြင်း မှာ ရှစ်ဖုန့်ကငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်ကို ထပ်မံအသုံးပြုခဲ့ရုံသာမက အသက်ဓာတ်ကိုကိုယ်စားပြုသည့်ရှေးဟောင်းစာလုံးအားတိတ်တဆိတ်အသက် သွင်းခဲ့ခြင်းဖြစ်သည်။
ထိုထက်ပိုသည်ကား သူ၏ခန္ဓာကိုယ်အား အနက်ရောင်မိုးကြိုးတို့ပစ်ခတ် ဖျက်ဆီးခြင်းခံရပြီးနောက် ခန္ဓာကိုယ်အတွင်း၌ မသေမျိုးသွေးစက်နှစ်စက်ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့ခဲ့ရသည်။
ဤမသေမျိုးသွေးစက်နှစ်စက်အားထပ်ပေါင်းလိုက်လျှင် သူ၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာသော အမြန်နှုန်းက ယခင်ကထက်ပို၍ မြန်ဆန်လာသည်ဖြစ်သည်။သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်တို့ကလည်း ပို၍သိပ်သည်းလာ၏။
“မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ကအသက်ဝင်လာပြီ..အားလုံးသူ့ကိုမြန်မြန်ဖျက်ဆီးကြ.. သူကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူတစ်ယောက်ပဲ”
ဤအချိန်တွင် သားရဲအရေပြားဝတ်စုံကိုဝတ်ဆင်ထားသည့် တုတ်ခိုင်သန်မာသည့်လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်သည်။
ဤအော်သံက ဧရိယာတစ်ခွင်ရိုက်ခတ်ဖြတ်သန်းသွားသည်။
ထိုအော်သံကအစပြုသည်ဟုထင်ရ၏။
“သတ်”
ထို့နောက်ချက်ချင်း “သတ်” ဟုအော်သံများထွက်ပေါ်လာသည်။မူလကတည်းက သတ်ဖြတ်ချင်စိတ်တို့ပြည့်နှက်နေသော မျိုးနွယ်စုအသီးသီးမှကျွမ်းကျင်သူများနှင့် စစ်သည်များက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်ထံသို့ ဖျက်ခနဲဦးတည်ခြင်း သို့မဟုတ် လေကိုထိုးခွင်း၍သွားခြင်းတို့ကိုပြုလိုက်ကြသည်။
ရှစ်ဖုန့်၏ ပျက်စီးနေသော ခန္ဓာကိုယ်က တစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာနေသည်။ သူ၏ငယ်ရွယ်ချောမောသော မျက်နှာကိုလည်းပြန်လည်ရရှိလာ၏။ အရေးပြားအသစ်က ချောမွေ့ပြီး ယခင်ကထက်ပိုနူးညံ့ကာ ကျောက်စိမ်းကဲ့သို့ပင်ဖြစ်သည်။
သူ့ရှေ့ရှိ ကြမ်းကြမ်းတန်းတန်းနှင့် သတ်ဖြတ်ချင်နေကြသောပုံရိပ်များကိုကြည့်၍ ရှစ်ဖုန့်က ကြောက်လန့်မှုကိုမပြသည့်အပြင် ကျယ်လောင်စွာပင်ရယ်မောလိုက်သည်။
“မိုးကြိုးကပ်ဘေးလေးတစ်ခုဖြတ်ကျော်တာက လူတွေအများကြီးကိုဆွဲဆောင်စေလိမ့်မယ်လို့ ဒီသခင်လေး မထင်ထားမိဘူး..ပြီးတော့မင်းတို့အားလုံးက ဒီသခင်လေးကိုသတ်ဖို့လာပုံရတယ်”
“ဒါကမိုးကြိုးကပ်ဘေးလေး တစ်ခုသက်သက်ဟာကို”
ရှစ်ဖုန့်အနေဖြင့် သူ၏မိုးကြိုးကပ်ဘေးက ကောင်းကင်ဘုံအားအရမ်း ဆန့်ကျင်နေသောကြောင့်ဖြစ်သည်ကို မသိချေ။
မြေရိုင်းဒေသကြီးအတွင်းတွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့တက်လှမ်းပြီးနောက် မိုးကြိုးကပ်ဘေးတစ်ခုအားဖြတ်ကျော်သည့်သူက သူတစ်ယောက်တည်းဟုပြော၍ရနိုင်သည်ဖြစ်သည်။
မိုးကြိုးကပ်ဘေးမှာ ကောင်းကင်ဘုံကိုဆန့်ကျင်သည့်ပါရမီကြောင့် ကောင်းကင်ဘုံသည်း မခံပဲဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ့အားဖျက်ဆီးပစ်ရန် မိုးကြိုးကပ်ဘေးကျဆင်းလာခြင်းဖြစ်၏။
မိုးကြိုးကပ်ဘေးအားဆွဲဆောင်နိုင်သူအားလုံးက လူများကြားထဲမှ နဂါးများနှင့်ဖီးနစ်များဖြစ်သည်။၎င်းတို့က ပြိုင်ဘက်ကင်းမွန်းစတားများနှင့် အရှင်သခင်များဖြစ်ကြသည်။
“မင်းတို့အားလုံးနောက်ဆုတ်စမ်း”
ဤအချိန်တွင် လွန်စွာ အထက်စီးဆန်ပြီးအေးစက်သည့် အော်သံတစ်ခုထွက်ပေါ်လာသည်။ယင်းမှာ မည်သူမှငြင်းဆန်ခွင့်မပြုသကဲ့သို့ဖြစ်သည်။
အကွာအဝေးတစ်ခုအတွင်း များစွာ သော ပုံရိပ်များ၏ရှေ့တွင် အနက်ရောင်ငှက်မွှေးဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သန်မာသော ပုံရိပ်တစ်ခုက ဖျက်ခနဲပေါ်လာသည်။
ထို့နောက်ချက်ချင်း မမြင်နိုင်ဘဲ စွမ်းအားကြီးမားသော စွမ်းအားတစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာပြီးနောက်ရှိလူအုပ်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
အထက်စီးဆန်သောစကားများအားကြားရပြီး ငယ်ရွယ်စွမ်းအားကြီးမားသောပုံရိပ်ကိုတွေ့ရကာ ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသည့်မမြင်နိုင်ဘဲ စွမ်းအားကြီးမားသော စွမ်းအားအား ခံစားလိုက်ရချိန်တွင် ပုံရိပ်များအားလုံးက ရပ်တန့်သွားကြသည်။
လေထဲ၌တစ်ဟုန်ထိုး ကူးပြောင်းနေသည့် များစွာသောပုံရိပ်များမှာလည်းရုတ်ခြည်းတုန့်ခနဲတန့်သွားကြ၏။ မူလက ရှေ့သို့ တစ်ဟုန်ထိုးဦးတည်နေသော ပုံရိပ်ဒါဇင်ကျော်မှာလည်း လူငယ်နောက် သိပ်မဝေးသောနေရာ ၌ ပေါ်လာသည်။
၎င်းတို့က လူငယ်၏နောက်ကျောဘက်တွင် ရပ်လိုက်ကြသည်။
ဤလူကအရမ်းကိုစွမ်းအားကြီးမားပြီး လူတိုင်းကိုတုန်လှုပ်စေသောကြောင့်သာမဟုတ်ခဲ့လျှင် ဤနေရာ၌လူသုံးရာရှိသည်ဖြစ်ရာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင် သူတစ်ယောက်အား ဘာပြဿနာမှမရှိဘဲ သတ်ပစ်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်ဖြစ်သည်။
သူတို့ရပ်လိုက်သည့်အကြောင်းပြချက် ၎င်းအား သိသောကြောင့်ဖြစ်သည်။ ထိုလူက ကျီးကန်းနက်ကလန်၏သခင်လေးဖြစ်သူ ပုယာဖြစ်လေသည်။
“ကျီးကန်းနက်ကလန်က ပုယာ.. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူတောင်းစားကို ငါတို့သတ်မှာကိုဘာလို့တားတာလဲ”
ပုယာနှင့်သိပ်မဝေးသောနေရာမှာ ဆံပင်ဖြူနှင့်အကြီးအကဲတစ်ဦးကမေးလိုက်သည်။
ဤလူ၏ခွန်အားကလည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သည်။ သူ့အားမြေရိုင်းဒေသကြီးအတွင်းမှ မျိုးနွယ်စုကြီးတစ်ခု၏အကြီးအကဲအဖြစ်သုံးသပ်၍ရနိုင်သည်ဖြစ်သည်။၎င်းမျိုးနွယ်စုက ကျီးကန်းနက်ကလန်လောက်အင်အားမကြီးသော်လည်း ၎င်း၏အခြေခံအုပ်မြစ်က အရမ်းနက်ရှိုင်းသည်ဖြစ်၏။
ပုယာ၏မျက်လုံးတို့က ရှေ့သို့အေးစက်စွာ ကျရောက်နေဆဲဖြစ်သည်။သူ့နောက်ရှိလူများအား လှည့်၍ပင်မကြည့်ခဲ့ပေ။သူကအေးစက်စွာပြောလိုက်သည်။
“ဒီလူက ကျုပ်ပုယာ သတ်ချင်နေတဲ့သူပဲ.. သူ့ကိုကျုပ်ကိုယ်တိုင် သတ်မယ်လို့ပြောထားပြီးသား ကျုပ်နဲ့သူ့ကြားထဲက တိုက်ပွဲမဆုံးခင် မင်းတို့ဘယ်သူမှ သူ့ကိုထိလို့မရဘူး.. မဟုတ်ရင် မင်းတို့တွေ ကျီးကန်းနက်ကလန်ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်”
ပုယာကနောက်တစ်ကြိမ် ကျီးကန်းနက်ကလန်အား ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောဆိုသည်။
ကျီးကန်းနက်ကလန်အကြောင်းပြောချိန်တွင် နောက်မှလူများကတိတ်နေကြ၏။
သို့သော် မျိုးနွယ်စုကြီးမှ အကြီးအကဲဖြစ်သူကတော့ ကျီးကန်းနက်ကလန်အား ကြောက်လန့်ခြင်းမရှိပေ။သူကပုယာအား မေးခွန်းထုတ်သောလေသံဖြင့်မေးလိုက်သည်။
“သူကအရမ်းပါရမီရှိတယ်”
“ဒီကလေးရဲ့ပါရမီက အကန့်သတ်မဲ့ပဲ..အကယ်၍သူသာဒီနေ့မသေခဲ့ရင် အနာဂတ်မှာ သေချာပေါက် မြေရိုင်းဒေသကြီးအတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာမှာ …ငါမင်းကိုမေးပါရစေ ပုယာ….သူသာဒီနေ့မင်းရဲ့တားဆီး ကနေထွက်ပြေးလွတ်မြောက်သွားခဲ့ရင် အဲ့အတွက်ဘယ်သူကတာဝန်ခံမှာလဲ”
သူ၏စကားအဆုံးတွင် အကြီးအကဲ၏လေသံက ပို၍ ပို၍တိကျသေချာလာသည်။
“ကျုပ်.ပုယာ ..တာဝန်ခံမယ်…”
ပုယာကပြန်ဖြေလိုက်သည်။ ထို့နောက် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်၏။
“ဟမ့်.ပါရမီလား..ငါ ပုယာက သူ့ရဲ့ခေါင်းကိုယူမှာ”
ပုယာကနောက်ဆုံးအေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ကိုယ်ကဖျက်ခနဲလျှင်မြန်စွာရှေ့သို့ ဦးတည်သွားသည်။
ဤအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ နောက်ထပ်အေးစက်သောအော်ပြောသံတစ်ခု ရိုက်ခတ်ထွက်ပေါ်လာသည်။
“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နဲ့ကောင် မင်း ငါပုယာနဲ့တိုက်ခိုက်ရဲလား”
“အကြီးအကဲ ကျိ..ကျုပ်တို့ဘာလုပ်သင့်လဲ”
ပုယဖျက်ခနဲပျောက်ကွယ်သွားသောအခါတွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။
၎င်းမှာမျိုးနွယ်စုကြီး၏ အကြီးအကဲကျိဖြစ်သည်။
“ကျီးကန်းနက်ကလန်က ပုယာ”
အကြီးအကဲကျိက သူ့ဘေးမှလူမေးသည်ကို အာရုံစိုက်ခြင်းမရှိပေ။ ထိုအစား ပုယာ၏နမည်နှင့် မျိုးနွယ်စုကို တီးတိုးရရွတ်လိုက်သည်။
ထို့နောက် အကြီးအကဲကျိက သူ့ကိုယ်သူပြောသကဲ့သို့ ပြောလိုက်သည်။
“ဒီမြေရိုင်းဒေသကြီးရဲ့နံပါတ်တစ် ပါရမီရှင်လို့သိကြပြီး ကောလဟာလတွေအရ သူက သဘာဝမွေးရာပါ အရှင်သခင်အရိုးကို ပိုင်ဆိုင်ထားတယ်တဲ့”
ဆက်ရန်…………
ဘာသာပြန်သူ-ARISE