အခန်း (၉၆၈)
Vol. 65 Ch. 968
မွေးရာပါအရှင်သခင်အရိုး။
ကျီးကန်းနက်ကလန်မှ ပုယာအား မြေရိုင်းဒေသ၏ နံပါတ်တစ် ပါရမီရှင်အဖြစ်သိကြသည်ဖြစ်၏။ ၎င်းက ရှားပါးသော မွေးရာပါ အရှင်သခင်အရိုးဖြင့် မွေးဖွားလာခဲ့သည်ဟု ပြောကြသည်။
အရှင်သခင်အရိုးဆိုသည်မှာ ရှေးခေတ်အချိန်ကာက မြေရိုင်းဒေသကြီးအား အုပ်စိုးခဲ့သော အရှင်သခင်အာဏာရှင်အုပ်စိုးသူတစ်ဦး၏ အမည်နာမကိုပြောဆိုခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် အရိုးများက အံ့ဖွယ်ထူးခြားပြီး သူ၏ တိုက်ခိုက်မှုများက နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းသည်ဟု ပြောကြသည်။
ပုယာသည်လည်း ထိုအရှင်သခင် တစ်ချိန်ကပိုင်ဆိုင်ခဲ့သော ကာယခန္ဓာကိုယ်၏ တူညီသော အရိုးတို့ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ် ..မင်းငါနဲ့တိုက်ခိုက်ရဲလား”
ခန္ဓာကိုယ်အား တစ်ဟုန်ထိုး ပြန်လည်ကုသနေသော ရှစ်ဖုန့်မှာ ရုတ်တရက် အေးစက်သေ အော်သံတစ်ခုကိုကြားလိုက်ရသည်။ သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော အားကောင်းသည့်အော်ရာတစ်ခုကို အာရုံခံမိပြီး အားကောင်းသော တိုက်ခိုက်လိုစိတ် တစ်ခုလည်း သူ့ထံသို့ပြန့်နှံ့လာနေသည်။
“တောင်ပေါ်နတ်ဆရာမျိုးနွယ်စု .. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်တဲ့လား”
ရှစ်ဖုန့်က ဤနမည်များကို ရေရွတ်လိုက်သော်လည်း လာနေသည့်သူက သူ့ထံသို့လာနေခြင်းဖြစ်သည်ကား သေချာသည်ဖြစ်၏။
“မင်းတိုက်ချင်တယ်ဆို ဒီသခင်လေးကတိုက်တာပေါ့ ..ဘာလို့မတိုက်ခိုက်ရဲရမှာလဲ”
ရှစ်ဖုန့်က ဝင့်ကြွားစွာပြန်ဖြေလိုက်သည်။ ဤအချိန်တွင် သူ၏ဒဏ်ရာများအား အပြီးတိုင်ကုသပြီးဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ဝန်းကျင်တွင် အနက်ရောင်မိုးကြိုးတို့၏ လှုပ်ရှားမှုတစ်စွန်းတစ်စကရှိနေဆဲဖြစ်သည်။
သူ့ခန္ဓာကိုယ်၏ တိုးပွားလာသောအရာတစ်ခုကဲ့သို့ အနက်ရောင်လျှပ်စီးတို့အား ထိန်းချုပ်နိုင်ကြောင်း ရှစ်ဖုန့်ခံစားရ၏။ယင်းမှာ အနက်ရောင်လျှပ်စီးတို့က သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုနှယ်ဖြစ်လာခြင်းဖြစ်သည်။
အတွေးတစ်ချက်ဖြင့် အနက်ရောင်လျှပ်စီးတို့အား သူ၏အသွေးအသားတို့အတွင်း ဝင်ရောက်စေကာ သူခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်သန်းစေလိုက်သည်။ ရှစ်ဖုန့်က သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင်ဝတ်ရုံကို ထုတ်ယူလိုက်ပြီး ၎င်း၏ အဝတ်မဲ့ကိုယ်ပေါ်လွှမ်းခြုံလိုက်သည်။
“တိုက်”
ဤအချိန်တွင် ရှစ်ဖုန့်၏ ပုံရိပ်က ရုတ်ခြည်း ဖျက်ခနဲပျောက်ကွယ်သွားသည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဝင်ရောက်ပြီး နောက် ရှစ်ဖုန့်၏ အမြန်နှုန်းက နေရာကူးပြောင်းလိုက်သကဲ့သို့ လွန်စွာမြန်ဆန်သည်ဖြစ်သည်။
“ဝုန်း”
ကောင်းကင်ထဲတွင် ပေါက်ကွဲသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။ အားကောင်းသော အော်ရာအားဖျက်ခနဲထုတ်လွှတ်သည့် ပုံရိပ်နှစ်ခုက တစ်ယောက်နှင့်တစ်ယောက် စတင်ပြင်းထန်စွာ ထိပ်တိုက်တွေ့ပြီး ပြင်းထန်သော ပေါက်ကွဲသံလှိုင်းတစ်ခုအား ထုတ်လွှတ်စေ၏။
သို့သော် ထို့နောက်ချက်ချင်း တစ်ဖက်လူ၏လက်သီးချက်ကြောင့် ပုံရိပ်တစ်ခု နောက်သို့လွင့်ထွက်သွားသည်ကို လူအုပ်ကြီးမြင်တွေ့လိုက်ရသည်။
“ဘာလဲဟ.....သူတကယ်ကြီး တစ်ချက်တည်းနဲ့ နောက်ကိုလွင့်ထွက်သွားတာလား... တစ်ချက်ကိုတောင် တောင့်မခံနိုင်လောက်အောင် အရမ်းအားနည်းတာလား”
“ဒါက ဒဏ္ဍာရီလာ မသေမျိုး နတ်ဆိုးခန္ဓာကိုယ်မဟုတ်ဘူးလား..ဘယ်လိုဖြစ် ပြီး အရမ်းအသုံးမဝင်ရတာလဲ.. ဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က ပြန်လည်ကုသနိုင်စွမ်းတဲ့ထူးခြားမှုတစ်ခုပဲရှိတာ လား”
“မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က အရမ်းအားနည်းနေတာလား.. ဒါမှမဟုတ်.. မွေးရာပါ အရှင်သခင်အရိုးကပဲ အရမ်းသန်မာလွန်းနေတာလား...ပုယာက မြေရိုင်းဒေသရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ခေါ်ဖို့ ထိုက်တန်တာပဲ. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နဲ့ပက်သက်ကြီး ဘာမှစိုးရိမ်နေစရာမလိုဘူး”
လူအုပ်ကြီးထံမှ အံ့အားသင့်စွာဖြင့် ရေရွတ်သံလှိုင်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
သို့သော် သဲလွန်စများအား ဖြတ်မြင်နိုင်သောလူအချို့လည်းရှိနေပြီး တီးတိုးရေရွတ်လိုက်သည်။
“မွေးရာပါ အရှင်သခင်အရိုးလား.. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်လား”
ထို့နောက်ခေါင်းကိုခါယမ်းလိုက်၏။
မျိုးနွယ်စုကြီးတစ်ခု၏ အကြီးအကဲဖြစ်သူ အကြီးအကဲကျိမှာ ယင်းအားဖြတ်မြင်နိုသော လူများထဲမှတစ်ဦးဖြစ်သည်။
တိုက်ပွဲအတွင်းတွင် ပုယာက သူ၏လက်သီးချက်ကြောင့်လွင့်ထွက်သွားသော ပုံရိပ်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။
“ဒါကဘာအဓိပ္ပါယ်လဲ. မင်းကငါပုယာနဲ့တိုက်ခိုက်ချိန်မှာ ခွန်အားအပြည့်ထုတ်မသုံးဖို့တွေးနေတာလား. မင်းကသေချင်နေတာပဲ”
တစ်ဟုန်ထိုး လွင့်ထွက်နေသောပုံရိပ် က ရုတ်ခြည်းရပ်တန့်သွားသည်။ခေါင်းကိုငုံ့၍ လက်သီးအားကြည့်လိုက်၏။ အစောပိုင်းကသူအသုံးပြုခဲ့သောစွမ်းအားကိုခံစားရင်း ရယ်မောကာပြောလိုက်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်..အနက် ရောင်မိုးကြိုးလျှပ်စီးတွေရဲ့နှစ်ခြင်းကိုခံရပြီးတဲ့ နောက် ဒီတစ်ကြိမ်ဒီသခင်လေး တော်တော်လေးအကျိုးအမြတ်စုဆောင်းနိုင်ခဲ့ပုံပဲ”
အစောပိုင်းကရှစ်ဖုန့်မှာ သူ၏ နတ်ဘုရားတစ်ပိုင်းစွမ်းအားကို အသုံးမပြုခဲ့ပေ။ သူကပုယာ၏လက်သီးချက်အား ရင်ဆိုင်ရန် ကာယခန္ဓာကိုယ်စွမ်းအားကိုသာအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပုယာ၏လက်သီးချက်ကြောင့်နောက်သို့လွင့်ထွက်သွားသော်လည်း ကာယခန္ဓာကိုယ်၏ စွမ်းအားကိုခံစားရင်း ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
အနက်ရောင်မိုးကြိုးလျှပ်စီးတို့ပစ်ခတ်ခံရပြီးနောက် သူ၏ခန္ဓာကိုယ်၌ မသေမျိုးသွေးစက်နှစ်စက်ရှိလာရုံသာမက သူ၏ကာယ ခန္ဓာကိုယ်ကလည်း ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိလာသည်။
ရှစ်ဖုန့် ၏ လက်ရှိ နတ်ဘုရားတစ်ပိုင်းနယ်ပယ်အပေါ် နားလည်သဘောပေါက်မှုအရ သူ၏ကာယခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိရန် အချိန်တစ်ခုသာလိုအပ်သည်ဖြစ်သည်။
“မင်းကသေချင်နေမှတော့ ငါ့ကိုအပြစ်လာမတင်နဲ့”
ခွန်အားပြည့်ထုတ်မသုံးဘဲ သူ့အားရင်ဆိုင်ရင်း ရယ်မောနေသည့်ရှစ်ဖုန့်အားကြည့်၍ ပုယာ၏မျက်နှာထက်ရှိ ဒေါသတရားတို့က ပို၍ပို၍ ကြီးမားလာသည်။ ရှေးခေတ်အချိန်ကာလက ဖြစ်တည်လာပုံရသည့် ထည်ဝါသည့် အော်ရာတစ်ခုက သူ့ထံသို့ ရုတ်ခြည်းကူးလူးလာသည်ကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။
ပုယာ၏ပုံရိပ်က ရုတ်ခြည်း ရှစ်ဖုန့်ရှေ့သို့ ဖျက်ခနဲရောက်ရှိသွားသည်။ သူ၏ရှေ့၌ ရှေးခေတ်အချိန်ကာလက လာပုံရသော လွန်စွာကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့်ပုံရိပ်တစ်ခုအားရှစ်ဖုန့် ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။
တောင်ငယ်လေးတစ်လုံးကဲ့သို့ ဧရာမလက်သီးတစ်လုံးက သူ့ထံသို့ ပြင်းထန်စွာပေါက်ကွဲဦးတည်လာသည်။
ရှစ်ဖုန့်မြင်တွေ့ရသောဧရာမလက်သီးကြီးမှာ ရှေးဟောင်းဘီလူးကြီးတစ်ကောင်ပိုင်ဆိုင်ထား သည့်အော်ရာကို ထုတ်လွတ်နေသော ပုယာ၏ စွမ်းအားကြီးတိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ် သည်။
“ပုယာရဲ့တိုက်ခိုက်ရေးနည်းစနစ်ပဲ. .....ရှေးခေတ်အချိန်ကာလဆီကျရောက်သွားသလို မျိုး ငါခံစားရတယ်... ရှေးခေတ်ဘီလူးကြီးတစ်ကောင်က ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကြီးလက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်သလိုပဲ..ဒီလိုစွမ်းအားကြီးအော်ရာ နဲ့ဒီလိုစွမ်းအားကြီးတိုက်ချက် ..ပုယာရဲ့ တိုက်ခိုက်ရေးနည်းစနစ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက် နေလောက်ပြီ”
ပုယာ၏တိုက်ခိုက်မှုအား မြင်တွေ့လိုက်ရသောအခါတွင် အကွာအဝေးတစ်ခုအတွင်းမှ ကျင့်ကြံသူတစ်ဦးကအံ့အား သင့်စွာပြောလိုက်သည်။
“ပုယာက ကျီးကန်းနက်ကလန်ရဲ့ အမွေဆက်ခံသူ သခင်လေးပဲ.. ကျီးကန်းနက်ကလန်ရဲ့ နောက်ခံနဲ့ ပုယာက နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကိုကျင့်ကြံတာက အံ့အားသင့်စရာတစ်ခုမဟုတ်ဘူး.”
တစ်စုံတစ်ယောက်က ချက်ကျလက်ကျ ပြောလိုက်သည်။
“နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်နဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်ဆိုတာက ငါတို့တွေအတွက် လက်လှမ်းမမှီပေမဲ့ ပုယာအတွက်တော့မဟုတ်ဘူး”
“ဟင်းလင်းပြင်ဓား”
ပုယာလက်သီးချက်၏ အော်ရာအား အာရုံခံမိသောအခါတွင် ရှစ်ဖုန့်ကလာနေသော လက်သီးချက်ထံသို့ အေးစက်စွာကြည့်လိုက်သည်။ သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ဖွဲ့စည်းလုက်ပြီး အေးစက်စွာအော်ပြောလိုက်၏။
ရုတ်ခြည်းရှစ်ဖုန့်၏ရှေ့ ဟင်းလင်းပြင်ထဲတွင် မမြင်နိုင်ဘဲစွမ်းအားကြီးမားသော ဓားတစ်လက်ပေါ်လာပြီး ပုယာ၏ လက်သီးချက်အား တားဆီးလိုက်သည်။
ယခင်က မွန်းစတားနတ်ဘုရားသင်္ချိုင်း နယ်မြေ အပြင်ဘက်တွင် ပုယာက စွမ်းအားကြီးလက်သီးချက်ကို ထုတ်ဖော်ခဲ့ပြီး ရှစ်ဖုန့်ကလည်း ဟင်းလင်းပြင်ဓားကိုအသုံးပြုကာ ၎င်းအား တားဆီးခဲ့သော်လည်း အဆုံးသတ်၌ ပုယာလက်သီးချက်၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်ဖြစ်သည်။
ယခုရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ အောင်မြင်စွာဝင်ရောက်နိုင်သောအခါတွင် ဟင်းလင်းပြင်ဓား၏ စွမ်းအားက ယခင်ကနှင့်နှိုင်းယှဉ်၍ မရတော့ပေ။
“ဝုန်း”
ဗလာနတ္ထိဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံတစ်ခု ရုတ်ခြည်းဖြစ်ပေါ်လာသည်။ ပုယာ၏ စွမ်းအားကြီး လက်သီးချက်က မမြင်နိုင်သောဓားကိုပြင်းထန်စွာထိမှန်သွားပြီး ဖြစ်သည်။
ပုယာမှာ မြေရိုင်းဒေသကြီး၏ နံပါတ်တစ် ပါရမီရှင်အဖြစ် ခေါ်ဆိုဖို့ထိုက်တန်သည်ဖြစ်သည်။ သူ၏လက်ရှိစွမ်းအားဖြင့်ဖွဲ့စည်းခဲ့သော ဟင်းလင်းပြင်ဓားက ပုယာ၏လက်သီးချက်ကြောင့်ထပ်မံ ဖျက်ဆီးခံလိုက်သည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
သို့သော် ပုယာ၌လည်း ကောင်းမွန်သည့်အချိန်ရှိပုံမရပေ။ သူ၏လက်သီးချက်ဖြင့် ဟင်းလင်းပြင်ဓားအား ဖျက်ဆီးလိုက်ချိန်တွင် မမြင်နိုင်သောဓား၏ စွမ်းအားကြောင့် သူသည်လည်းနောက်သို့လွင့်သွားရသည်။
ပုယာကနောက်သို့လွင့်ထွက်သွားချိန်တွင် ရှစ်ဖုန့်ကတော့ မထိမခိုက် ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။
ရှစ်ဖုန့်ကတစ်ဟုန်ထိုးနောက်ပြန်လွင့်သွားသော ပုယာအား အေးစက်စွာကြည့်လိုက်ပြီး သူ၏ညာလက်ဖြင့်၎င်းအား ထိုးညွှန်လိုက်သည်။ ထို့နောက်ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်၏။
“ဟင်းလင်းပြင်ဓား”
မကြာခင် ပုယာ၏အထက်ကောင်းကင်ထဲ၌ ဧရာမတောင်တစ်လုံးကဲ့သို့ မမြင်နိုင်သော ဧရာမဓားကြီးတစ်လက်ပေါ်လာသည်။ ထို့နောက်၎င်းက ပုယာထံသို့ခုတ်ပိုင်းကျဆင်းလာ၏။
စွမ်းအားကြီးမားသောသတ်ဖြတ်ခြင်းတို့ပြည့်နှက် နေသည့်အော်ရာတစ်ခုနှင့်ဓားက ကောင်းကင်နှင့်မြေကြီးထဲမှ ကျဆင်းလာသည်။
ဆက်ရန်............
ဘာသာပြန်သူ-ARISE