အခန်း (၉၇၀)
Vol. 65 Ch. 970
သွေးနီရောင်မီးတောက်တို့ လောင်ကျွမ်းခံနေရသော်လည်း ပုယာက ကြမ်းကြုတ်ခက်ထန်စွာ ရုန်းကန်နေသည်ကိုတွေ့ရသည်။
“ဒေါင်”
ခေါင်းလောင်းမြည်သံက ကောင်းကင်နှင့်မြေကြီးကြားထဲ၌ ထွက်ပေါ်လာသည်။ နတ်ဘုရားမြေခေါင်းလောင်းက ပုယာ၏ အထက်၌ မျောလွင့်ရပ်တည်နေ၏။
နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအား ကြုံ တွေ့ရချိန်တွင် ရှစ်ဖုန့် က နတ်ဘုရားမြေခေါင်းလောင်းအား ဖယ်ထားခဲ့သည်။ ယခုပုယာက သူ၏သွေးနီရောင်မီးတောက်အား ကျီးကန်းနက်ဝတ်ရုံနှင့် ခုခံနေသည်ကိုတွေ့ရသောအခါတွင် နတ်ဘုရားမြေခေါင်းလောင်းကိုသူကထုတ်ယူ လိုက်သည်။
နတ်ဘုရားမြေခေါင်းလောင်းထွက်ပေါ်လာသည် နှင့် ခေါင်းလောင်းသံထွက်ပေါ်လာသည်။ နတ်ဘုရားမြေခေါင်းလောင်းအား မြင်တွေ့လိုက်ရချိန်တွင် များစွာသောလူတို့၏မျက်နှာထက်၌ လောဘတရားများဖြစ်ပေါ်လာ၏။
မြေကလန်၏နတ်ဘုရားမြေခေါင်းလောင်းမှာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်အား ရှာဖွေရန်သွားစဉ် အခိုးခံလိုက်ရသည်ဟု သူတို့ထဲကအများစုကြားခဲ့သည်ဖြစ်သည်။
“နတ်ဘုရားမြေခေါင်းလောင်း..ဒါကတကယ့်မြေကလန်ရဲ့ ရတနာဖြစ်တဲ့ နတ်ဘုရားမြေခေါင်းလောင်းပဲ”
“သတ်.. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ကို သတ်ပြီး နတ်ဘုရားမြေခေါင်းလောင်းကိုယူကြ.. နတ်ဘုရားမြေခေါင်းလောင်းကိုရတာနဲ့ငါက ကမ္ဘာတစ်ခုလုံးကို ရသလိုဖြစ်လိမ့်မယ်”
လူသားများမှာ နတ်ဘုရားမြေခေါင်းလောင်းအား မြင်တွေ့လိုက်ရသောအခါတွင် ဂနာမငြိမ်ဖြစ်လာကြသည်။
“ဒေါင်”
နတ်ဘုရားမြေခေါင်းလောင်းက ထပ်မံမြည်ကာ ပုယာ၏ကိုယ်အား ဖုံးအုပ်လိုက်သည်။ ပုယာ၏ခန္ဓာကိုယ်မှာ နတ်ဘုရားမြေခေါင်းလောင်း၏ ရုတ်ခြည်း ဖုံးလွှမ်းခြင်းကိုခံလိုက်ရ၏။
“ဒေါင်”
ခေါင်းလောင်းသံ၏အလယ်တွင် သားရဲတစ်ကောင်ကဲ့သို့ နာကျင်စွာဖြင့်အော်ဟစ်သောအသံထွက်ပေါ်လာသည်။ ၎င်းကပုယာ၏အသံဖြစ်သည်။
ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းအား စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ဒီသခင်လေး ကမင်းဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး.. မင်းကဒီသခင်လေးအသက်ကို လိုချင်မှတော့မင်းသေရမယ်”
ပြောနေရင်း ရှစ်ဖုန့်၏ဓားလက်ချောင်းက နတ်ဘုရားမြေခေါင်းလောင်းပေါ်သို့ ထပ်မံကျရောက်သွားသည်။
“ဒေါင်”
နတ်ဘုရားမြေခေါင်းလောင်းက နောက်တစ်ကြိမ် ပြင်းထန်စွာ မြည်လာသည်။
“အား”
ထို့နောက် ပုယာ၏ နာကျင်စွာဖြင့်အော်သံနောက်တွင် ထပ်မံအော်ပြောသံကလိုက်ပါလာသည်။
“မင်းငါ့ကို မသတ်နိုင်ဘူး. ငါပုယာက အရှင်သခင်အရိုးနဲ့မွေးဖွားလာတာ.. မကြာခင် ဒါမှမဟုတ်နောက်ပိုင်းကြ ငါကမြေရိုင်းဒေသကြီးရဲ့ အရှင်သခင်ဖြစ်လာမှာ ငါမသေနိုင်ဘူးကွ”
“ဟမ့်.ဟာသပဲ”
ပုယာ၏ စကားတို့အားကြားရသောအခါ ရှစ်ဖုန့်ကသရော်လိုက်သည်။ ယခုဤလူက သူ့လက်ထဲသို့ကျရောက်နေသောကြောင့် သေချာပေါက်သေလိမ့်မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ ပုယာအပေါ်အာရုံ စိုက်ခြင်းကိုရပ်တန့်လိုက်သည်။ ပုယာကနတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ မလွတ်မြောက်နိုင်ဘဲ မကြာခင် သို့မဟုတ်နောက်ပိုင်းကြရှစ်ဖုန့်အနေဖြင့် ၎င်းအားသတ်လိမ့်မည်ဖြစ်သည်။
နောက်ဆက်တွဲအနေဖြင့် ရှစ်ဖုန့်၏အကြည့်တို့က ပတ်ဝန်းကျင်ဟင်းလင်းပြင်အား စစ်ဆေးကြည့်ရှုလိုက်သည်။ ရှစ်ဖုန့်အနေဖြင့်သူ၏လက်ရှိအခြေ အနေကို သိပြီးဖြစ်၏။ သူကလူများစွာ၏ ဝန်းရံမှုကိုခံထားရပြီးဖြစ်သည်။ နေရာတိုင်းတွင် အခြေအနေအားကိုင်တွယ်ရန်အတွက် အနည်းဆုံး နတ်ဘုရားတစ်ပိုင်းနယ်ပယ်သုံးဦးရှိနေ၏။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူတို့၏ နောက်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်အောက် ကျင့်ကြံသူ တစ်အုပ်ရှိ၏။
သူအနက်ရောင်မိုးကြိုးကပ်ဘေးအောက်ကျ ရောက်ချိန်နှင့် ပြန်လည်ကုသချိန်တို့အပေါ်အခွင့်ကောင်းယူပြီး ၎င်းတို့အနေဖြင့် သူ့ဝန်းကျင်၌ ထွက်မပြေးနိုင်သော ပိုက်ကွန်တစ်ခုနှယ် ပြင်ဆင်ထားကြပြီးဖြစ်သည်။
“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ယုတ်မာတဲ့ကောင်. မင်းသေဖို့အချိန်ရောက်လာပြီ”
ရှစ်ဖုန့်အား အော်ပြောလိုက်သည့်သူမှာ တစ်ကိုယ်လုံး ခရမ်းရောင်လျှပ်စီးတို့ ဖုံးလွှမ်းနေသည့် လူဖြစ်သည်။ ၎င်းမှာ မိုးကြိုးကလန်၏ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လဲ့ဟောင်ဖြစ်သည်။
“လူဆယ့်ရှစ်ယောက်.နတ်ဘုရားတစ်ပိုင်းနယ် ပယ်ဆယ့်ရှစ်ဦး”
ရှစ်ဖုန့်က သူ၏ဝန်းကျင်အားဝေ့ဝိုက်ကြည့်နေမှုကိုရပ်တန့်လိုက်ပြီး သရော်ကာရှေ့သို့ကြည့်လိုက်သည်။
“မင်းတို့ကောင်တွေ တကယ်ကြီး ဒီသခင်လေးကို မြင့်မြင့်မားမားတွေးထားကြတာပဲ. ဒီသခင်လေးအသက်အတွက်နဲ့နတ်ဘုရားတစ် ပိုင်းနယ်ပယ် ဆယ့်ရှစ်ဦးတောင် ပူးပေါင်းလက်တွဲထားတယ်.. ကောင်းတယ်.အရမ်းကောင်းတယ်. ဒီသခင်လေးအသက်ကဒီမှာပဲ…….မင်းတို့မှာစွမ်း ဆောင်နိုင်စွမ်းရှိတယ်ဆိုရင်လာပြီးယူကြ”
ရှစ်ဖုန့်၏အသံကမကျယ်သော်လည်း ကောင်းကင်ထဲ၌ဖြတ်သန်းရိုက်ခတ်သွားပြီး ကောင်းကင်ထဲရှိ လူအားလုံး၏ နားထဲသို့ဝင်ရောက်သွားသည်။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော အားကောင်းသည့် သတ်ဖြတ်ခြင်းအော်ရာတစ်ခု ထပ်မံတိုးတက်လာပြီး ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
ရှစ်ဖုန့်၏အသံထွက်ပေါ်လာချိန်တွင် များစွာသောလူတို့က အခြားသူများ ၏ လှုပ်ရှားမှုကိုစတင်အာရုံစိုက်လာကြသည်။ ၎င်းတို့အနေဖြင့် အတူတိုက်ခိုက်ရန် ဆက်တိုက်အော်နေကြသော်လည်း မည်သူကမှ ပထမဆုံးမလှုပ်ရှားကြပေ။
ဤမကောင်းဆိုးဝါးကအဝိုင်းခံထားရပြီးသေချာ ပေါက်သေဆုံးမည်သာဖြစ်သည်။
သို့သော် ၎င်းအား စတင်တိုက်ခိုက်သည့်ကျွမ်းကျင်သူက ၎င်း၏ ပစ်မှတ်ဖြစ်သွားလိမ့်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ ဤလူယုတ်မာက တော့ရှင်သန်လိမ့်မည်မဟုတ်ပေ။ သို့သော် ၎င်းက ပထမဆုံးတိုက်ခိုက်လာသူအား တုန့်ဆိုင်းခြင်းမရှိ သတ်ပစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က မိုးကြိုးကပ်ဘေးအတွင်းမှ လျှောက်လှမ်းထွက်လာပြီး ပုယာအားအနိုင်ယူခဲ့ကာ ထို့အတွက်ကြောင့် ၎င်း၏ဂုဏ်သိက္ခာကရှိနေသေးသည်ဖြစ်သည်။
အကယ်၍ ၎င်းတို့အနေဖြင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်လူငယ်၏သတ် ခြင်းကိုမခံရတောင် ဒဏ်ရာရခဲ့လျှင်နတ်ဘုရားမြေခေါင်းလောင်းအား ရရှိနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယင်းက အခြားသူများအတွက် အကူအညီသာဖြစ်စေလိမ့်မည်ဖြစ်၏။
၎င်းတို့အနေဖြင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်အား သတ်ရန် အားလုံးကပြောနေကြသော်လည်း ကိုယ်စီကိုယ်စီ၌ ဖုံးကွယ်ထားသော စိတ်သဘောထားများရှိကြပြီး စိတ်ထဲ၌ အကြံအစည်များရှိကြသည်ဖြစ်သည်။
“ဒီမကောင်းဆိုးဝါးက ရက်စက်တယ်.. အတူတူတိုက်ခိုက်ပြီး သူ့ကိုသတ်ကြစို့”
မျိုးနွယ်စုကြီးတစ်ခု၏အကြီးအကဲဖြစ်သူ အကြီးအကဲကျိမှာ မည်သူကမှမလှုပ်ရှားသည်တွေ့ရပြီး ၎င်းတို့၏အတွေးများကို ဖြတ်မြင်ရပုံရ၏။
အကြီးအကဲကျိ က အေးစက်စွာအော်ပြောလိုက်ပြီး ဦးဆောင်ကာ ရှေ့သို့ ဖျက်ခနဲချီတက်လိုက်သည်။
အကြီးအကဲကျိ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီးနောက် နတ်ဘုရားတစ်ပိုင်းနယ်ပယ်များက ဦးဆောင်လှုပ်ရှားလိုက်သည်။ ပုံရိပ်ဆယ်ခုကျော်က ဖျက်ခနဲရှေ့သို့ဦးတည်သွားကြသည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ မရောက်ရှိသေးသည့် မြေရိုင်းဒေသကြီးမှ ကျင့်ကြံသူများကလည်း ၎င်းတို့၏စွမ်းအားအားလုံးကိုစတင်စုစည်းပြီး အလယ်ဗဟို၌ရှိနေသည့် စွမ်းအားကြီးပုံရိပ်အား အစွမ်းကုန်တိုက်ခိုက်ကြသည်။
“မင်းတို့က ကွက်တိရောက်လာတာပဲ. ဒီသခင်လေးက မင်းတို့အတူတူမလာမှာကို စိတ်ပူနေတာ”
သူ့ထံသို့ဖျက်ခနဲတစ်ဟုန်ထိုးချဉ်းကပ်လာနေ သည့် ထိုပုံရိပ်များအားမြင်ရသောအခါ ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က နောက်တစ်ကြိမ်တွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ထို့နောက်ရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်ပြောလိုက်၏။
“ဟင်းလင်းပြင်ဓား”
ထို့နောက်ရှစ်ဖုန့်က သူ၏ဓားလက်ချောင်းအား နတ်ဘုရားမြေခေါင်းလောင်းထံသို့ထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်က ဟင်းလင်းပြင်ဓားစွမ်းအားနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကောင်းကင်မီးတောက်တို့၏စွမ်းအားအားစုစည်း ပြီး နတ်ဘုရားမြေခေါင်းလောင်းအား အသံမြည်အောင်ပြုလုပ်လိုက်သည်။
“ဒေါင်”
နတ်ဘုရားမြေခေါင်းလောင်းက ထပ်မံမြည်လာပြီး လွန်စွာစွမ်းအားကြီးမားသောအသံလှိုင်းက ဘက်ပေါင်းစုံသို့ အုံကြွနေသော လှိုင်းလုံးများကဲ့သို့ ပြန့်နှံ့သွားစေသည်။
ယခုရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ဟင်းလင်းပြင်ဓားနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကောင်းကင်မီးတောက်တို့အား အသုံးပြုထားသောကြောင့် နတ်ဘုရားမြေခေါင်းလောင်း၏ စွမ်းအားက ယခင်ထက်များစွာ သာလွန်သည်ဖြစ်သည်။
ဤသည်ကား ရှစ်ဖုန့်ယခု အသုံးပြုနိုင်သည့် အားအကောင်းဆုံးစွမ်းအားဖြစ်သည်။
ယခင်က ပုယာအားနတ်ဘုရားမြေခေါင်းလောင်းကိုအသုံး ပြု၍ ယခုကဲ့သို့တိုက်ခိုက်ခဲ့လျှင် သူ့အနေဖြင့် ပုယာအားတစ်ချက်တည်းဖြင့် နှိမ်နင်းနိုင်လိမ့်မည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်ကထိုသို့မလုပ်ခဲ့ပေ။ များစွာသော ကျွမ်းကျင်သူများကသူ့အား မျက်စိကျနေသည်ကို ရှစ်ဖုန့်သတိပြုမိပြီးဖြစ်သည်။ ၎င်းတို့အားစပရိုက်တိုက်ရန်ရှစ်ဖုန့်အနေဖြင့် ဤအခိုက်အတန့်ကိုစောင့်နေခြင်းဖြစ်သည်။
စွမ်းအားကြီးအသံလှိုင်းတို့က ပြင်းထန်စွာပြန့်ကားထွက်သွားပြီး ပျောက်ကွယ်သွားသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတို့မှာ အသံလှိုင်း၏ထိမှ လှုတ်ခတ်ခြင်းကို ချက်ချင်းခံလိုက်ရသည်။ ဤအသံလှိုင်းကသာမန်နတ်ဘုရားတစ်ပိုင်းနယ် ပယ်ကျွမ်းကျင်သူ တစ်ဦး ချိုးဖျက်နိုင်သောအရာမဟုတ်ပေ။ ရှစ်ဖုန့်အား တိုက်ခိုက်ရန်လာသောနတ်ဘုရားတစ်ပိုင်းနယ် ပယ်ကျွမ်းကျင်သူများမှာ ၎င်းတို့၏စွမ်းအားများကိုအလျှင်အမြန်စုစည်းပြီး ခုခံလိုက်ကြသည်။
သို့သော် အသံလှိုင်းကြောင့် နောက်သို့ လွင့်ထွက်သွားသော ပုံရိပ်များလည်းရှိပြီးဖြစ်၏။
စွမ်းအားကြီးအသံလှိုင်းကြောင့် ရှစ်ဖုန့်ထံသို့ ထုတ်ဖော်လိုက်သော ၎င်းတို့၏ စွမ်းအားကြီး စွမ်းအင်များသည်လည်း ဖျက်ဆီးခံလိုက်ရသည်။
“အူး..အူး..အူး”
လူသားကျင့်ကြံသူများ၏ ပါးစပ်မှ အော်သံများဆက်တိုက်ထွက်ပေါ်လာသည်။ အသံလှိုင်းကလည်းဖြတ်သန်းသွားသကဲ့သို့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့မရောက်သေး သည့်ကျင့်ကြံသူများမှာ အလျှင်အမြန်ဆုတ်ခွာလိုက်ကြသည်။
သို့သော် မရှောင်တိမ်းနိုင်သောကျင့်ကြံသူအချို့မှာ ၎င်းတို့၏ ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာကွဲကြေကုန်သည်။ သေခြင်းစွမ်းအင်၊ဝိညာဉ်များနှင့် လက်ဆတ်သောသွေးတို့က ရှစ်ဖုန့်ထံသို့ ချက်ချင်းစီးမြောသွားသည်။
သေခြင်းစွမ်းအင်က သေခြင်းပညာရပ်များအားကျင့်ကြံသည့်ကျင့်ကြံသူတစ်ယောက်မဟုတ်လျှင်သို့မဟုတ်မပါရှိလျှင် မည်သူမှသတိမထားမိနိုင်ချေ။သို့သော ဝိညာဉ်များနှင့်သွေးတို့အား မကောင်းဆိုးဝါးရှစ်ဖုန့်ကဝါးမျိုသွားသည်ကို တော့ ၎င်းတို့အနေဖြင့်မျက်မြင် ကြုံတွေ့ရသည်ဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE