← Chapters

အခန်း (၉၇၂)

Vol. 65 Ch. 972

အခန်း (၉၇၂)

Vol. 65 Ch. 972

ရှစ်ဖုန့်၏ တစ်ကိုယ်လုံး သွေးနီရောင်မီးတောက်တို့တောက်လောင်နေ၏။

သွေးနီရောင်မီးတောက်တို့ တောက်လောင်နေသော သူ၏ ညာလက်က မိုးကြီုးကလန်၏ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လဲ့ဟောင်ကို ဆုပ်ကိုင်ထားသည်။

သို့သော် ရှစ်ဖုန့်၏ တစ်ကိုယ်လုံးကတော့ မမြင်နိုင်သောစွမ်းအားကြီးလက်သည်း တစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရပုံရသည်။ ထို့နောက် မမြင်နိုင်သော စွမ်းအားကြီးစွမ်းအားက သူ့အားချေမွပစ်ရန် စုစည်းလာ၏။

ရှစ်ဖုန့်မှာမူလက ဟင်းလင်းပြင်ဓားချက်ကို ထပ်မံ အသုံးပြုပြီး နတ်ဘုရားမြေခေါင်းလောင်းကို တုန်ခါစေကာ သူ့အပေါ်ဖိသိပ်လာသည့် စွမ်းအားကိုဖျက်ဆီးပစ်ချင်ခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရှစ်ဖုန့်ကိုလွှမ်းခြုံသွားသည်။ သူ့ခန္ဓာကိုယ်၏လှုပ်ရှားမှုတို့က ရုတ်ခြည်းလွန်စွာနှေးကွေးလာသည်ကို ရှစ်ဖုန့်ချက်ချင်းခံစားလိုက်ရသည်။

“ချီးပဲ သောက်အကြံသမားကောင်ကတော့”

ရှစ်ဖုန့်မှာ သူ့ပေါ်၌ လင်းလက်လာသည့်အစိမ်းရောင်အလင်းက ကျင်းဖူ၏ မိုင်တစ်ထောင်နတ်ဘုရားမှန်မှဖြစ်သည်ကို ချက်ချင်းမှတ်မိလိုက်သည်။

ယင်းမှာ ဤလူယုတ်မာအနေဖြင့် ရှစ်ဖုန့်အန္တရာယ်ကျသည့်အချိန်တွင် အခွင့်အရေးယူသည့် ဒုတိယမြောက်အကြိမ်ဖြစ်သည်။

ဤအချိန်တွင် သရော်သော မျက်နှာနှင့် မိုင်တစ်ထောင်နတ်ဘုရားမှန်ကို ကိုင်ထားကာ ရှစ်ဖုန့်၏အထက်၌ ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။

“သေလိုက်စမ်း..တိရစ္ဆာန်ကောင်”

ကျင်းဖူက ရှစ်ဖုန့်အားကြည့်၍ ခက်ထန်စွာရေရွတ်ပြောလိုက်သည်။

“ကောင်းတယ်..ငရဲကိုသွားစမ်း”

ရှစ်ဖုန့်၏လှုပ်ရှားမှုများက နှေးကွေးလေးလံလာသည်ကို ကျင်းဖူ သတိပြုမိသည်ဖြစ်သည်။

“ကောင်လေး..ဒါကမင်းငါ့ကိုဒုတိယအကြိမ် အသက်အကြွေးတင်တာပဲ”

ဤအချိန်တွင် အိုမင်းအရှက်သောအသံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရုတ်ခြည်း ထွက်ပေါ်လာသည်။

အသံကစိတ်လှည့်စားမှုဆန်ကာ မည်သည့်နေရာလာသည်ကို ဘယ်သူမှမပြောနိုင်ပေ။

ဤအသံအားကြားသောအခါတွင် ကျင်းဖူနှင့်အကြီးအကဲကျိတို့၏ အမူအယာများကပြောင်းလဲသွားသည်။

တစ်ချိန်တည်းတွင် မှုန်ဝါးသောအရိပ်တစ်ခုက အကြီးအကဲကျိ၏ဘေးတွင်ပေါ်လာက ပြင်းထန်ပြီးစွမ်အားကြီးမားသော ပေါက်ကွဲမှု တစ်ခုကိုဖန်တီးပြီး အကြီးအကဲကျိနှင့် ရှစ်ဖုန့်အား ဖိညှစ်လာသော မမြင်နိုင်သောစွမ်းအားတို့ထံသို့ တစ်ဟုန်ထိုးဦးတည်သွားစေသည်။

ဤအနက်ရောင်အရိပ်ပေါက်ကွဲမှုက ဝတ်ရုံနက်တမာန်တော်၏ အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ် နည်းစနစ်တစ်ခုဖြစ်သော ညသုတ်သင်ခြင်း အမှောင်အရိပ်ဖြစ်သည်။

ညသုတ်သင်ခြင်းအမှောင်အရိပ်စွမ်းအားအောက်တွင် ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးလာပြီး ချေမွပစ်ချင်နေသော စွမ်းအားတို့က ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။ အကြီးအကဲကျိ၏ခန္ဓာကိုယ်အား ထျန်းကန် ရှေးဟောင်းပန်းကန်လုံးက ကာကွယ်ပေးထားသော်လည်း သူ့အနေဖြင့် အငိုက်မိသွားသောကြောင့် နောက်သို့လွင့်ထွက်သွားရသည်ဖြစ်သည်။

“ထပ်ပြီးမင်းပဲ..မင်းသူ့ကိုထပ်ပြီးကယ်ပြန်ပြီ.. သူကဘာပဲဖြစ်ဖြစ်သေတော့မှာ မင်းငါ့အစီအစဉ်ကို ထပ်ပြီးဖျက်ဆီးပြန်ပီ”

ရှစ်ဖုန့်အကယ်တင်ခံလိုက်ရသည်ကိုတွေ့ရသောအခါတွင် ကောင်းကင်ထဲ၌ရှိနေသောကျင်းဖူမှာ ကြမ်းကြုတ်ခက်ထန်သောမျက်နှာနှင့်အော်ဟစ်လိုက်သည်။

ကျင်းဖူ၏အသံ၌ လက်သင့်မခံနိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဤအကြိမ်သူကရှစ်ဖုန့်အားသတ်ရန်ပြန်လှည့်လာ ခြင်းဖြစ်သည်။ယင်းက သူ၏အသက်ကို စွန့်စားခြင်းဟုပင် ပြော၍ရနိုင်၏။

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းတုန်ခါသွားပြီး သူ၏ကိုယ်ပေါ်၌ လင်းလက်နေသည့် အစိမ်းရောင်အလင်းကလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ရှစ်ဖုန့်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ်လွတ်လပ်သွား၏။

သို့သော် တစ်ချိန်တည်းတွင် သူ့ကြောင့် လွင့်ထွက်သွားခဲ့သော နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူများက သူ့ထံသို့တစ်ဟုန်ထိုး ချဉ်းကပ်လာနေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

ညသုတ်သင်ခြင်းအမှောင်အရိပ်ကြောင့်လွင့်ထွက်သွားသော အကြီးအကဲကျိနှင့် သူ၏လက်ထဲ၌ မံမီအဖြစ်ပြောင်းလဲသွားသည့် လဲ့ဟောင်တို့မှလွဲ၍ အခြားနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူများက ထပ်မံချီတက်လာပြန်သည်။စုစုပေါင်းဆယ့်ခြောက်ဦးဖြစ်သည်။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

“ဝုန်း”

ရှစ်ဖုန့်ကသူ၏လက်ချောင်းဖြင့် နတ်ဘုရားမြေခေါင်းလောင်းကို ထပ်မံတိုက်ခိုက်လိုက်ပြီး စွမ်းအားကြီးအသံလှိုင်းတစ်ခုအားဘက်ပေါင်းစုံသို့ ထုတ်လွှတ်စေလိုက်သည်။

“အား”

“အား”

“အား”

“အား”

ရုတ်ခြည်း အော်သံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်ကို ကြားရသည်။

ရှစ်ဖုန်ထံသို့ အပြင်းချီတက်လာနေသော ပုံရိပ်များမှာ ထပ်မံလွင့်ထွက်သွားကြသည်။

ဤအချိန်တွင် သူ့ထံသို့ဦးတည်လာနေသည့် ဆန်းကြယ်သောစွမ်းအားတစ်ခုကို ရှစ်ဖုန့် ရုတ်ခြည်း အာရုံခံမိလိုက်သည်။ ဤစွမ်းအားမှာ ဝတ်ရုံနက်တမာန်တော်၏ ဖုံးကွယ်ခြင်းပညာရပ်ပင်ဖြစ်သည်။

ယင်းမှာဝတ်ရုံနက်ကသူ့အား ကယ်တင်သည့် ဒုတိယမြောက်အကြိမ်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်း၏စွမ်းအားအား ခုခံခြင်းမရှိပေ။ မကြာခင် သူ၏ပုံရိပ်က ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားသည်။

ထို့နောက်ရှစ်ဖုန့်က သူ့ဘေးရှိ နတ်ဘုရားမြေခေါင်းလောင်းကို ဆုပ်ကိုင်ပြီး သူ၏ပုံရိပ်က ဖျက်ခနဲတစ်ဟုန်ထိုး အရှိန်တင်လိုက်၏။ ဤနေရာမှ တစ်ဟုန်ထိုး အရှိန်စတင်ပြီး သူ့အားဝန်းရံထားသည့် မျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူများထံမှ စတင်ထွက်ခွာလိုက်သည်။

ဝတ်ရုံနက်တမာန်တော်၏ ဖုံးကွယ်ခြင်းပညာရပ်နှင့်ပက်သက်ပြီး ရှစ်ဖုန့်အနေဖြင့် နားလည်မှုအချို့ရှိသည်ဖြစ်သည်။ အမှောင်ထဲ၌ဆိုလျှင် တစ်ဝက်လောက်အားထုတ်ရုံနှင့် အကျိုးရလဒ်နှစ်ဆလောက်ရသည်ဖြစ်သည်။

သို့သော်ယခုအခါတွင် ကမ္ဘာကြီးက တောက်ပလင်းထိန်နေ၏။ ဝတ်ရုံနက်က သူ့ကိုယ်သူကဖုံးကွယ်နိုင်သော်လည်း သူကတော့အကြာကြီးဖုံးကွယ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။မကြာခင်သူ့အားရှာတွေ့သွားလိမ့်မည်ဖြစ်သည်။

သူ့အနေဖြင့် ဤနေရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရလိမ့်မည်ဖြစ်၏။

လဲ့ဟောင်အားသတ်ပြီးသည့်နောက်တွင် ကျင်းဖူရောက်လာခဲ့သည်။ ယခုရှစ်ဖုန့်အားဝန်းရံထားသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆယ့်ရှစ်ယောက်ရှိသေးသည်ဖြစ်သည်။ ဤကျင်းဖူ၌ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိသည်ဖြစ်သည်။ ထိုအရာနှင့်အတူဆိုလျှင် ရှစ်ဖုန့်အနေဖြင့် လဲ့ဟောင်အား ကိုင်တွယ်ရသည်ထက် များစွာပို၍ခက်ခဲလိမ့်မည်ဖြစ်၏။

“ဘာဖြစ်သွားတာလဲ..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ကောင်ဘယ်ကိုရောက်သွားတာလဲ”

ရှစ်ဖုန့်၏ ရုတ်ခြည်းပျောက်ကွယ်သွားမှုက လူအုပ်ကြီးအား အံ့အားသင့်သွားစေ၏။ ကျွမ်းကျင်သူများက ပတ်ဝန်းကျင်အားစစ်ဆေးပြီး သူတို့၏စိတ်များကိုအသုံးပြုကာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်ကိုရှာဖွေ ကြသည်။

ခေါင်းထက်၌ထျန်းကန် ရှေးဟောင်းပန်းကန်လုံးရှိသည့် အကြီးအကဲကျိပင် သူ့အားစတင်ရှာဖွေနေ၏။

ကျွမ်းကျင်သူဆယ့်ရှစ်ယောက်ကြားထဲတွင် ကျင်းဖူကသာ သူ့လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကြည့်နေသည်။ ထို့နောက်သူက အော်ပြောလိုက်သည်။

“ဒီမှာ”

တစ်ချိန်တည်းတွင် ကျင်းဖူ၏လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်က အကွာအဝေးတစ်ခုရှိဟင်းလင်းပြင်ထဲသို့ အစိမ်းရောင်အလင်းတစ်ခုအားဒေါင်လိုက်အတိုင်းပစ်လွှတ်လိုက်သည်။

ရုတ်ခြည်းအစိမ်းရောင်အလင်း၏ ထွန်းလင်းမှုအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းအားကိုင်ထားသော အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာဝန်းရံထားသောကျွမ်းကျင်သူများထံမှထွက်ခွာရန် အခွင့်အရေးရယူပြီးဖြစ်သည်။

“ဟိုမှာဟေ့”

ရှစ်ဖုန့်၏အသွင်အပြင်အားတွေ့လိုက်ရသောအခါတွင် များစွာသောပုံရိပ်များမှာ ချက်ချင်းပဲ ၎င်းထံသို့ ဖျက်ခနဲဦးတည်ကူးလူးသွားကြသည်။

“ဒီသူတောင်းစားကတော့”

ရှစ်ဖုန့်မှာ ကောင်းကင်ထဲ၌မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထားသည့် ကျင်းဖူထံသို့လှည့်၍ စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ သူ၏ညာလက်အားစွမ်းအားကြီး စွမ်းအင်တစ်ခုအဖြစ် ဖွဲ့စည်းပြီး နတ်ဘုရားမြေခေါင်လောင်းထံသို့ ပစ်လွှတ်လိုက်သည်။

“ဒီသူတောင်းစား”

ရှစ်ဖုန့်အနေဖြင့်ဤသူတောင်းစားအားတကယ်ကြီး အသံလှိုင်းဖြင့် သတ်ပစ်ချင်နေသည်။

ကျင်းဖူမှာ ရှစ်ဖုန့်အနေဖြင့်ဤသို့သောအခြေအနေ၌ပင် သူ့အား တိုက်ခိုက်အုံးမည်ဟု မမျှော်လင့်ထားပေ။သူ၏အမူအယာကပြောင်းလဲသွားပြီး သူ့လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတန်းက ပျောက်ကွယ်သွားသည်။ ထို့နောက် နောက်ထပ်အစိမ်းရောင်အလင်းတစ်ခု သူ၏ကိုယ်ပေါ်၌လင်းလက်လာသည်။

ကျင်းဖူ၌မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိသော်လည်း စွမ်းအားကြီးအသံလှိုင်းတစ်ခုအားရင်ဆိုင်ရာတွင် သူ့အနေဖြင့် ပေါ့ပေါ့တန်တန်မနေရဲပေ။

မိုင်တစ်ထောင်နတ်ဘုရားမှန်မှာ ထျန်းကန် ရှေးဟောင်းပန်းကန်လုံးကဲ့သို့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပစ္စည်းတစ်ခုဖြစ်သော်လည်း ထျန်းကန်ရှေးဟောင်းပန်းကန်လုံးမှာ ခုခံရေးနတ်ဘုရားတစ်ပိုင်းနယ်ပယ်ပစ်စည်းဖြစ်သည်။

မိုင်တစ်ထောင်နတ်ဘုရားမှန်အား ခံစစ်ရောတိုက်စစ်ပါအသုံးပြုနိုင်သော်လည်း ခုခံမှုအရာတွင်တော့ ထျန်းကန်ရှေးဟောင်းပန်းကန်လုံးထက်နိမ့်ကျပြီး တိုက်ခိုက်မှုတွင်တော့ နတ်ဘုရားမြေခေါင်းလောင်းထက် နိမ့်ကျသည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ပြင်းထန်သောအသံလှိုင်းက ရောက်ရှိလာပြီး ကျင်းဖူမှာသက်ရောက်မှုကိုချက်ချင်းခံစားလိုက်ရသည်။

မကြာခင် သူ့ကိုယ်ပေါ်ရှိ အစိမ်းရောင်အလင်းက မှေးမှိန်သွားပြီး နောက် ပျောက်ကွယ်သွားသည်။

မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းမှ ဤကဲ့သို့ပျောက်ကွယ်သွားပြီး ကျင်းဖူမှာလည်းမျက်လုံးတို့ပြူးကျယ်ကာ တုန်လှုပ်နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

“အား.အား.အား.အား..အား”

ဤစွမ်းအားကြီးအသံလှိုင်း၏သက်ရောက်မှုအောက်တွင် ကျင်းဖူမှာ သမုဒ္ဒရာထမှအထီးကျန်လှေငယ်လေးတစ်စင်းနှယ် ဖြစ်နေသည်။ အသံလှိုင်းကြောင့် သူ၏ကိုယ်က အဆက်မပြတ်ထိခိုက်ခံနေရ၏။

ထို့နောက်ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။သူ့အနေဖြင့် အချိန်တိုလေးအတွင်း ပြင်းထန်သောထိခိုက်မှုကို ခံစားလိုက်ရသည့်ပုံပေါ်သည်။

“ကောင်လေး.မြန်မြန်ထွက်သွားကြစို့.......မင်းအခုထွက်မသွားရင် ..မင်းလုပ်နိုင်မှာမဟုတ်တော့ဘူး..”

ဤအချိန်တွင် ဝတ်ရုံနက်တမာန်တော်၏ အိုမင်းအက်ရှသောအသံက ရှစ်ဖုန့်၏နားအတွင်းထပ်မံဝင်ရောက်လာသည်။

ထို့နောက် နောက်ထပ်ဆန်းကြယ်သောစွမ်းအားတစ်ခု ရှစ်ဖုန့်အပေါ်သို့ကျရောက်လာပြီး သူ၏ပုံရိပ်မှာလည်း ထပ်မံဖုံးကွယ်ခံလိုက်ရသည်။

ဆက်ရန်.......

ဘာသာပြန်သူ-ARISE

All Chapters