အခန်း (၉၇၃)
Vol. 65 Ch. 973
ယနေ့ နတ်ဘုရားမြေခေါင်းလောင်း၏ ပြင်းထန်သော အသံလှိုင်း တို့အောက်တွင် ကျင်းဖူတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာ ရသွားသော်လည်း သေတော့မသေခဲ့ပေ။
ရှစ်ဖုန့်အနေဖြင့် ဤစက်ဆုပ်ဖို့ကောင်းသော လူအား နောက်ထပ်တစ်ချက်တိုက်ခိုက်ချင်သော်လည်း ဝတ်ရုံနက်ကသူ့အား သတိပေးခဲ့၏။
“မင်းအခုထွက်မသွားရင် သွားလို့ရတော့မှာမဟုတ်ဘူး”
ထို့နောက် ဝတ်ရုံနက်က ရှစ်ဖုန့်အား ထပ်မံပျောက်ကွယ်သွားအောင် လျှို့ဝှက်နည်းလမ်းကို ထပ်မံအသုံးပြုလိုက်သည်။
ရှစ်ဖုန့်အနေဖြင့်အစောပိုင်းက ပြန်ပေါ်လာခဲ့ပြီး ထျန်းကန် ရှေးဟောင်းပန်းကန်လုံးနှင့် ကိုယ်တွယ်ရ လွန်စွာခက်ခဲသည့် အကြီးအကဲ ကျိ အပါအဝင် များစွာသောပုံရိပ်များက သူ့ထံသို့ ချဉ်းကပ်လာသည်ဖြစ်သည်။
အကယ်၍သူသာကျင်းဖူအား သတ်ရန်အတွက် နောက်ထပ် တိုက်ခိုက်မှုကို ပြုလုပ်လျှင် သေချာပေါက် ၎င်း၏မှီလာခြင်းကိုခံရပြီး ထပ်မံ ပေါ်လာလိမ့်မည်ဖြစ်သည်။
သူ့အတွက် အန္တရာယ်တို့ဝန်းရံခြင်းက လွယ်ကူသောအရာမဟုတ်သော်လည်း စက်ဆုပ်ဖို့ကောင်းသည့် ကျင်းဖူအတွက်နှင့်ကား ယင်းမှာ ထိုက်တန်မှုမရှိချေ။
နောက်ဆက်တွဲအနေဖြင့် ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ၏ပုံရိပ်က ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးအတွင်းမှထွက်ခွာသွားကဲ့သို့ ဖျက်ခနဲ သဲလွန်စကျန်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်။
“နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်...ဟမ့်..ဒီသခင်လေးနောက်တစ် ခေါက် ပြန်ပေါ်လာမှာကို စောင့်နေကြစမ်း”
“သတ်..သူ့ကိုသတ်ကြ..ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ကိုသတ်ကြ”
ရှစ်ဖုန့်က ထပ်မံပျောက်ကွယ်သွားသည်။ အော်သံများက ဟင်းလင်းပြင်ထဲ၌ဆက်လက် ရိုက်ခတ်ထွက်ပေါ်လာသည်။ပုံရိပ်များက တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး ပြင်းထန်သောတိုက်ခိုက်မှုများအား ခွဲခြား၍ မနိုင်လောက်အောင် တရစပ်တိုက်ထုတ်ဖော် တိုက်ခိုက်လိုက်ကြသည်။
သူတို့အနေဖြင့် ဤမွန်းစတားဆန်သော တောင်ပေါ်နတ်ဆရာမျိုးနွယ်စု၏ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွား စေချင်သည်ဖြစ်သည်။
ဤအကြိမ်တွင် သူတို့အနေဖြင့် မသေမျိုးနတ်ဆိုးန္ဓာကိုယ်၏ စွမ်းအားကို မျက်မြင် ကြုံတွေ့ခဲ့ကြရသည်ဖြစ်သည်။
၎င်းကပုယာအားအနိုင်ယူခဲ့ရုံသာမက ၎င်း၏မိစ္ဆာပညာရပ်ဖြင့် သူတို့ဝန်းရံထားချိန်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်ရှစ်ယောက်ထဲမှ တစ်ဦး၏ သွေးကိုလည်း စုပ်ယူနိုင်ခဲ့သည်ဖြစ်၏။
ပြန်လည်ဆုတ်ခွာချိန်တွင် သူတို့၏ရန်သူအားသတ်ရန် ကောင်းကင်ထဲ၌ရုတ်တရက် ပေါ်လာကာကူညီသည့် ကျင်းဖူကိုပင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားစေသည်ဖြစ်၏။၊
ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ ပြင်းထန်သော တိုက်ခိုက်မှုများအား ထုတ်ဖော်ခဲ့သည့် ကျွမ်းကျင်သူများ ရောက်ရှိလာခဲ့သော်လည်း ထိုမကောင်းဆိုးဝါး၏ ပုံရိပ်ကိုတော့ မတွေ့ကြရပေ။ ပုံရိပ်ဖုံးကွယ်ခြင်းခံလိုက်ရသော ရှစ်ဖုန့်မှာ တကယ်ကြီးထွက်ခွာသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူတို့အထက်ကောင်းကင်ထဲတွင် စွမ်းအားကြီးအသံလှိုင်းကြောင့် ခွေးသေတစ်ကောင်ဖြစ်လုနီးပါးတုန်ခါနေသော ပုံရိပ်မှာ နောက်ဆုံးတွင် အသံလှိုင်းတို့ ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ တုန်ခါမှုမှာလည်း ရပ်တန့်သွားသည်။
မိုင်တစ်ထောင် နတ်ဘုရားမှန်ကို ကိုင်ရင်း ကျင်းဖူမှာ နောက်ဆုံး၌ ရှင်သန်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့အနေဖြင့် လွန်စွာ အခြေအနေမကောင်းပုံရ၏။ သူ၏ဆံပင်တို့ကရှုပ်ပွနေပြီး သူ၏ကိုယ်ပေါ်ရှိ သားရဲအရေးပြားဝတ်စုံမှာ အသံလှိုင်းစွမ်းအားကြောင့် မူလအရောင်တို့ကျွတ်ပြီး ခြောက်သွေ့သောသွေးများစွန်းထင်း ခံရသလိုဖြစ်နေသည်။
“ဝေါ့”
ထို့နောက်ကျင်းဖူ၏ ပါးစပ်မှ အော့အန်သံထွက်လာပြီး ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။
“ကျင်းဖူ”
ဤအချိန်တွင် လွန်စွာအေးစက်ပြီး သတ်ဖြတ်ချင်နေသော အသံတစ်ခုက ကျင်းဖူ၏ နောက်မှပေါ်လာသည်။
ကျင်းဖူကဖြည်းညှင်းစွာ လှည့်လိုက်သောအခါတွင် သူ့ကို အရိုးထဲကမုန်းတီးသော တုန်ကလန်မှ ကျွမ်းကျင်သူ တုန်ဟုကို တွေ့လိုက်ရသည်။
လဲ့ဟောင်မှ ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံရပြီး မြေပြင်ထက်၌ ခြောက်သွေ့သော အလောင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ ကျင်းဖူကြောင့် ရှေးဟောင်းအစီအရင်အတွင်း လှည့်စားခံခဲ့ရသော ကျွမ်းကျင်သူခြောက်ဦးတွင် တုန်ဟုတစ်ယောက်တည်းသာ ကျန်တော့သည်ဖြစ်သည်။
ထို့နောက် တုန်ဟုက ကျင်းဖူထံ ပြင်းထန်သော လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“မဟုတ်ဘူး..မဟုတ်ဘူး..ဒါကငါတို့ကြားက နားလည်မှုလွဲမှားတာပါ..ဒါကနားလည်မှုလွဲမှားတာတစ်ခုပဲ..ငါကဖြူစင်ကြင်နာတတ်ပြီး ကူညီရိုင်းပင်းတတ်တဲ့ကျင်းဖူပါ.. ငါ့အယောင်ဆောင်ထားတဲ့တစ်ယောက် ဆိုးဝါးတဲ့အရာတွေလုပ်တာကို မင်းတွေ့ခဲ့တာ ဖြစ်လောက်တယ်…စက်ဆုပ်ဖို့ကောင်းတဲ့ လူတစ်ယောက်က ငါ့အယောင်ဆောင်ထားတယ်လို့ တစ်ယောက်ယောက်ပြောတာကိုငါကြားခဲ့တယ်..အဲ့လူက ငါကျင်းဖူမဟုတ်ဘူး”
တုန်ဟုသူ့ထံသို့ပျံသန်းလာနေသည်အား တွေ့လိုက်ရသောအခါတွင် သူ၏လက်ရှိအခြေအနေဖြင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ လက်သီးချက်တစ်ခုအား ခံနိုင်မည်မဟုတ်ကြောင်းကို ကျင်းဖူသိသည်ဖြစ်သည်။ သူ၏ပါးစပ်ကိုဖွင့်ဟ၍ တုန်ဟုထံသို့ အသနားခံပြောလိုက်သည်။
ကျင်းဖူက ဉာဏ်ပြေးသည့်လူတစ်ယောက်ဟု ပြော၍ရ၏။ ဤကဲ့သို့အခြေအနေအောက်တွင် ဤစကားလုံးများကို ချက်ချင်းတွေးနိုင်သည်ဖြစ်၏။
သို့သော်တုန်ဟုအနေဖြင့် ဤကဲ့သို့အဓိပ္ပါယ်မရှိသည်များကို မည်ကဲ့သို့ယုံနိုင်ပါမည်နည်း။သူ၏ကြမ်းတမ်းသောလက်သီးချက်က ကျင်းဖူ၏ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။
“အား”
ပထမလှိုင်းတစ်ခု အား မဖိနိမ်နိုင်သေးခင် ကျင်းဖူ၏ပါးစပ်မှ နောက်ထပ်နာကျင်မှုအော်သံလှိုင်းတစ်ခုထွက်လာသည်။ ကံကောင်းစွာဖြင့် သေရေးရှင်ရေးအခိုက်အတန့်တွင် သူ့လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတစ်ခုလင်းလက်လာပြီး သူ၏ရင်ဘက်အားကာပေးလိုက်သည်။ သူထပ်မံဒဏ်ရာ ရသွားခဲ့သော်လည်း တုန်ဟု၏ ပြင်းထန်သော နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်သီးချက်စွမ်းအားက သူ၏ရင်ဘက်အား မဖောက်သွားခဲ့ပေ။
သို့သော် စွမ်းအားကြီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကြောင့်ကျင်းဖူ၏ ကိုယ်ကားလွင့်ထွက်သွားရဆဲဖြစ်သည်။
ကျင်းဖူက နာကျင်မှုကို တောင့်ခံလိုက်သည်။ လွင့်ထွက်နေရင်း သူ့လက်ထဲရှိမိုင်တစ်ထောင်နတ်ဘုရားမှန်အား လှန်လိုက်ပြီး သူ၏ကိုယ်ပေါ်၌ အစိမ်းရောင်အလင်းတစ်ခုလင်းလက်သွားစေသည်။
ထို့နောက်ချက်ချင်း ကျင်းဖူ၏ပုံရိပ်က အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ဟုန်ထိုး ထွက်ခွာသွားသည်။မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်အဆုံးသို့ရောက်ရှိသွားပြီး တုန်ဟု ၏ မြင်ကွင်းမှပျောက်ကွယ်သွား၏။
“ချီးပဲ..ချီးပဲ”
တုန်ဟု၏ မျက်လုံးတို့ပြူးကျယ်သွားသည်။ကျင်းဖူက ပြင်းထန်စွာထိခိုက်ထားလျှက်နှင့် သူ၏လက်အတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်သွားသည်ဖြစ်၏။ တုန်ဟု၏ ကိုယ်ကရုတ်ခြည်း ပျောက်ကွယ်သွားသည်။ တုန်ဟု၏နှလုံးသားထဲ၌ နောင်တတို့ဖြင့်ပြည့်နှက်နေ၏။
ကျင်းဖူအား သတ်ရန်အရမ်းနီးစပ်ခဲ့သည်ဖြစ်သည်။ သူ့အဖော်များအတွက်လက်စားချေရန်ကား သေးငယ်သောကိစ္စသာဖြစ်၏။ ကျင်းဖူအားသူသတ်နိုင်သည်နှင့်မိုင်တစ်ထောင် နတ်ဘုရားမှန်ကားသူနှင့်သက်ဆိုင်သော အရာသာဖြစ်လိမ့်မည်ဖြစ်သည်။
“မဟုတ်ဘူး.ငါသူ့ကိုသတ်ချင်တယ်.ငါသူ့ကိုသတ်ရမယ်”
တုန်ဟုက စိတ်ထဲမှ လက်သင့်မခံနိုင်စွာဖြင့်ကြုံးဝါးလိုက်သည်။ ထို့နောက်သူ၏ကိုယ်က ဖျက်ခနဲဖြစ်သွားပြီး ကျင်းဖူကိုလိုက်ဖမ်းလိုက်သည်။
ကျင်းဖူအား အပိုင်းပိုင်းချေမွပစ်ပြီး မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုယူရန် သူကျိန်ဆိုလိုက်၏။
ပြင်းထန်သော ဟင်းလင်းပြင်မှာ ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာသည်။အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက် မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နှင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်အား ကန်ပင်မထုတ်နိုင်ခဲ့ပေ။ ၎င်းလုံးဝ လွတ်မြောက်သွားပြီဖြစ်သည်ကို သူတို့သိကြသည်ဖြစ်သည်။
ယခုထိုသူလွတ်မြောက်သွားပြီဖြစ်သောကြောင့် အနာဂတ်တွင် မြေရိုင်းဒေသအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတော့မည်ဖြစ်သည်။သူတို့အနေဖြင့် ထိုအရာအား လက်သင့်မခံလိုသော်လည်း အရှိတရားကို လက်ခံရမည်သာဖြစ်သည်။
သို့သော် မျိုးနွယ်စုအသီးသီးမှလူတို့၏အာရုံက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်ပေါ်သို့ကျရောက်နေချိန်တွင် အကွာအဝေးတစ်ခုအတွင်း၌ရှိနေသည့် နတ်ဆိုးသားရဲ ရာကျော်ကတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်းတို့ ဘယ်ထွက်သွားသည်ကို မည်သူမှမသိသော်လည်း ထိုနေရာကတော့ ဗလာဖြစ်သွားပြီဖြစ်၏။ ၎င်းတို့ထဲမှ တစ်ကောင်ပင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။
မွန်းစတားနတ်ဘုရားသင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ရှစ်ဖုန့် က တီရှာ၏မြေစွမ်းအားကိုအသုံးပြုပြီး လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်ခဲ့သည်။ သူနှင့်ဝတ်ရုံနက်နှစ်ဦးလုံးက ဤမြေအောက်လျှို့ဝှက်အခန်းအတွင်း ပေါ်လာသည်။
ဝတ်ရုံနက်မှာ တီရှာ၏မြေစွမ်းအားအပေါ် နားလည်မှုအချို့ရှိသောကြောင့် အံ့အားသင့်ခြင်းမရှိချေ။ဤအချိန်တွင် သူကရှစ်ဖုန့်သူ့ရှေ့၌ထားထားသော နတ်ဘုရားမြေခေါင်းလောင်းကို မျက်နှာမူထားသည်။
အချိန်တစ်ခုထိတိုင် နတ်ဘုရားမြေခေါင်းလောင်းထံမှ ရူးသွပ်ပေါက်ကွဲစွာအော်ဟစ်နေသော အသံကို ကြားရသည်ဖြစ်သည်။
“ငါ့ကိုထုတ်ပေး.သူတောင်းစား..ငါ့ကိုထုတ်ပေးစမ်း…မင်းငါ့ကိုလွှတ်ပေးရန် ငါပုယာကငါ့စကားငါတည်တယ်..မင်းနဲ့ငါ့ကြားထဲက အမုန်းတရားကို သင်ပုန်းချေပေးမယ်…မင်းငါ့ကိုဆက်ပြီးရိုင်းစိုင်းနေရင် ကျီးကန်းနက်ကလန်ရဲ့ မင်းကိုသတ်ဖြတ်ဖို့အတွက် အမဲလိုက်တာကို မသေမချင်းခံရလိမ့်မယ်”
“မင်းပုယာနဲ့ပက်သက်ပြီး ဘာလုပ်ဖို့စီစဉ်ထားလဲ”
ဝတ်ရုံနက်ကလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
ပုယာအားသူဖမ်းခဲ့သည်ကို ယခုလူများစွာမြင်ခဲ့ပြီးဖြစ်သောကြောင့် သေချာပေါက်သတင်းများက ကျီးကန်းနက်ကလန်ထံသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ပုယာသာတစ်ခုခုဖြစ်သွားခဲ့လျှင် ကျီးကန်းနက်ကလန်က သူ့အားလွှတ်ပေးလိမ့်မည်မဟုတ်ပေ။
ကျီးကန်းနက်ကလန်၏နောက်ခံနှင့်ဆိုလျှင် ၎င်းတို့အားစော်ကားရန်က ပြဿနာကြီးတစ်ခုဖြစ်သည်။
သို့သော်ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကတုန့်ဆိုင်းခြင်းမရှိပြောလိုက်သည်။
“သူကဒီသခင်လေးကိုအရင်ကသတ်ချင်ခဲ့တယ်..အခုဒီသခင်လေးလက်ထဲသူရောက်နေပြီ..အဲ့တာကြောင့်သူ့ကိုဒီသခင်လေးသတ်မှာပဲ.”
စကားပြောနေရင်း ရှစ်ဖုန့်မှာ ဖြစ်ကိုဖြစ်ရမည့် ကိစ္စတစ်ခုကဲ့သို့ပြုမူလိုက်သည်။
“မင်းသေချာလေးတွေးသင့်တယ်..ကျီးကန်းနက်ကလန်ဆိုတာ ပမွှားလေးမဟုတ်ဘူး. ငါတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုတောင် သူတို့ကိုရှောင်တယ်.. သူတို့ရဲ့နောက်ခံက မင်းစိတ်ကူးတာထက်ကို ကျော်လွန်တယ်နော်”
ဝတ်ရုံနက်က ရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။သူ၏အသံ၌ ဖျောင်းဖျမှုတစ်စွန်းတစ်စပင်ပါဝင်နေ၏။
“အဲ့တော့ဘာဖြစ်လဲ”
ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏နှုတ်ခမ်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE