အခန်း (၉၇၄)
Vol. 65 Ch. 974
“အဲ့တော့ဘာဖြစ်လဲ”
သူဖျောင်းဖျပြီးသည့်တိုင် ရှစ်ဖုန့်က ကျီးကန်းနက်ကလန်အား ဂရုမစိုက်ပုံရသည်ကို တွေ့ရသောအခါတွင် ဝတ်ရုံနက်မှာ ဘာမှထပ်မပြောတော့ပေ။
သူပြောဖို့လိုအပ်သည်အား ပြောပြီးပြီဖြစ်သည်။
ရှစ်ဖုန့်၏မျက်နှာထက်၌ ဂရုမထားသောအမူအယာရှိနေဆဲဖြစ်ပြီး သူ့ရှေ့ရှိ နတ်ဘုရားမြေခေါင်းလောင်းကို စိုက်ကြည့်နေသည်။ နတ်ဘုရားမြေခေါင်းလောင်းထံမှ ပုယာ၏အသံအားကြားနေရသည့်တိုင် လုံးဝဂရုထားခြင်းမရှိပေ။
ဤအချိန်တွင်ရှစ်ဖုန့်၏ညာလက်က ဓားလက်ချောင်းတစ်ခု အသွင်ဖြစ်သွားပြီး သူ့ရှေ့ရှိ နတ်ဘုရားမြေခေါင်းလောင်းထံ ထိုးညွှန်လိုက်သည်။
“ဒေါင်”
သူ၏လက်ချောင်းဖြင့် နောက်ထက်ခေါင်းလောင်းမြည်သံတစ်ခုကို ဖန်တီးလိုက်သည်။ ကံကောင်းစွာဖြင့် ဤအခန်းအတွင်း၌ အသံလုံအတားအဆီးအား သူတပ်ဆင်ထားပြီးဖြစ်၏။ ထိုသို့မဟုတ်ပါက နတ်ဘုရားမြေခေါင်းလောင်း၏ ပြင်းထန်သော ခေါင်းလောင်းမြည်သံကြောင့် ထက်ရှသော ဝိညာဉ်စွမ်းအားရှိသည့် ကျွမ်းကျင်သူများအနေဖြင့် မလွှဲမရှောင်သာ ထိုအသံအားကြားရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းအားထိုးညွှန်လိုက်ချိန်တွင် ရှစ်ဖုန့်ကပုယာအား သေသည်အထိ တုန်ခါအောင်လုပ်တော့မည်ကို ဝတ်ရုံနက်သိသည်ဖြစ်သည်။
“အား…………………”
ဤအချိန်တွင်ဝတ်ရုံနက်က ရှစ်ဖုန့်အားပြောလိုက်သည်။
“ပုယာက အရှင်သခင်အရိုးနဲ့မွေးဖွားလာတာ.မင်းသူ့ကိုသတ်ချင်မှတော့ သူ့ရဲ့အရိုးကို သန့်စင်လိုက်ပေါ့… မင်းခန္ဓာကိုယ်ပိုအားကောင်းလာဖို့ ရိုးတွင်းချဉ်ဆီကို သန့်စင်ပြီး မင်းရဲ့ကိုယ်ပိုင်အရိုးတွေထဲ ပေါင်းစပ်လိုက်”
“အိုး..မွေးရာပါအရှင်သခင်အရိုးတဲ့လား”
ရှစ်ဖုန့်မှာ အရှင်သခင်အရိုးအား ပုယာကြိမ်ဖန်များစွာပြောဖူးသည်ကို ကြားဖူးသည်ဖြစ်သည်။ ကျီးကန်းနက်ကလန်ထက်၎င်းအနေဖြင့် အရှင်သခင်အရိုးအပေါ်တွင် ဝင့်ကြွားဂုဏ်ယူမှုရှိပုံရ၏။
အရှင်သခင်အရိုးအား အရည်ဖြစ်စေပြီး သူ၏ကိုယ်ပိုင်အရိုးထဲသို့စုပ်ယူနိုင်သည်ဖြစ်၏။၎င်း၏အကြမ်းခံမှုက မြင့်မားသောကြောင့် သူ၏ကာယခန္ဓာကိုယ်အား အားကောင်းလာစေနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
ယခုသူ၏ငရဲဘုံကိုးခု ခန္ဓာက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့နှင့် သန့်စင်ခံရပြီးနောက် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ အရှင်သခင် အရိုး၏ ရိုးတွင်းချဉ်ဆီကိုသာ စုပ်ယူလိုက်လျှင် သူ၏ကာယခန္ဓာကိုယ်က နောက်ထပ်အဆင့်တစ်ခုသို့ တိုးသွားနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏ညာဘက်ဓားလက်ချောင်း၌ သွေးနီရောင်မီးတောက်စတစ်ခု ထွန်းလင်းလာသည်။ ထို့နောက် နတ်ဘုရားမြေခေါင်းလောင်းထံသို့ ထိုးညွှန်လိုက်သည်။
“ဒေါင်”
နတ်ဘုရားမြေခေါင်းလောင်းကထပ်မံမြည်လာပြီး နတ်ဘုရားမြေခေါင်းလောင်းတစ်ခုလုံးအား ရှစ်ဖုန့်၏ ညာလက်ပေါ်မှ မီးတောက်တို့ဖြင့် လောင်ကျွမ်းထွန်းညှိစေလိုက်ပုံရသည်။ ရုတ်ခြည်းသွေးနီရောင်မီးတောက်တစ်ခု လောင်ကျွမ်းလာမှုနှင့်အတူ ပြင်းထန်ပြီး လွန်စွာအေးစက်သော အော်ရာတစ်ခုလည်းထုတ်လွှတ်လာသည်။
“အား…………………”
နတ်ဘုရားမြေခေါင်းလောင်းပေါ်၌ လောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်တို့အားကြည့်ရင်း ဝတ်ရုံနက်က အံ့အားသင့်စွာပြောလိုက်သည်။
“ဒီလို အံ့ဖွယ်ကောင်းတဲ့မီးတောက်တစ်ခုက ဒီကမ္ဘာပေါ်မှာ တကယ်ကြီးရှိနေတာပဲ.. သူ့မီးတောက်တစ်ခုတည်းရဲ့စွမ်းအားကိုပဲ အခြေခံရရင် အဲ့တာက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်နေပြီမလား..အဲ့တာထက်ပိုတာက အဲ့အထဲမှာ ငါအသက်အော်ရာကို အာရုံခံမိနေတယ်”
ဝတ်ရုံနက်၏ စကားမှတစ်ဆင့်ရှစ်ဖုန့်ကတွေးလိုက်သည်။
“သက်ရှိပုံစံနဲ့ ဘယ်ကောင်းကင်မီးတောက်ကမှ အရိုင်းကုန်းမြေကြီးမှာ ပေါ်မလာဖူးဘူးလား”
သို့သော် ဝတ်ရုံနက်၏ အာရံခံနိုင်စွမ်းက လွန်စွာထက်ရှသည်ဖြစ်၏။ ကောင်းကင်မီးတောက်အတွင်းမှ အသက်စွမ်းအားကိုပင်သူကအာရုံခံမိသည်ဖြစ် သည်။
သို့သော် ဤအသက်က မကြာခင် ရှင်းထုတ်ခံရတော့မည်ဖြစ်သည်။ရှစ်ဖုန့်၏ ဝိညာဉ်သိစိတ်က သူ၏ကိုယ်အတွင်းဝင်ရောက်သွားပြီးဖြစ်သည်။
“မင်း..မင်းငါ့ကိုဘာလုပ်မလို့လဲ”
ရှစ်ဖုန့်၏ဒန်တန်နှင့်ပေါင်းစပ်ထားသော ကောင်းကင်မီးတောက်မှာ ရှစ်ဖုန့်၏ဝိညာဉ်သိစိတ်ဝင်ရောက်လာမှုကိုအာရုံခံမိပုံရပြီး စိုးထိတ်သောအသံဖြင့်ပြောလိုက်သည်။
စကားပြောနေရင်း ဒန်တန်နှင့်ပေါင်းစည်းထားသော လက်သီးဆုပ်အရွယ်သွေးနီရောင်မီးတောက်မှာ အနည်းငယ်တုန်ယင်လာသည်။
နှစ်နှစ်တာအတူတကွဖြတ်သန်းပြီးနောက် ကောင်းကင်မီးတောက်အနေဖြင့် ဤလူ၏စရိုက်သဘောသဘာဝလက္ခဏာကိုနား လည်နေပြီဖြစ်သည်။ ကောင်းကင်မီးတောက်မှာ ကြောက်လန့်နေပြီဖြစ်၏။ ရှစ်ဖုန့်အား သစ္စာဖောက်ပြီးနောက် ဖြစ်လာမည့် အကျိုးဆက်ကို သူသိပြီးဖြစ်သည်။
“ဟမ့်.ခင်ဗျားဘယ်လိုထင်လဲ”
ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့၍ ခွန်းတုံ့ပြန်လိုက်သည်။
“ငါမှားတာငါသိပါတယ်..ဒီတစ်ကြိမ်မင်းငါ့ကိုခွင့်လွှတ်ပေးရင်..ငါမင်းကိုအနာဂတ်မှာ သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုပါတယ်..ငါမင်းကိုသစ္စာမဖောက်ရဲတော့ပါဘူး..ငါမင်းကိုထပ်ပြီး သစ္စာဖောက်ခဲ့ရင် ထာဝရပျက်စီးပြီး ပြာအဖြစ်ပြောင်းလဲသွားပါစေ”
ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား လေးနက်စွာအဓိဋ္ဌာန်၍ပြောလိုက်သည်။
“ခင်ဗျားက ဒီသခင်လေးကို အခုသစ္စာရှိချင်နေတာလား…. အရမ်းနောက်ကျသွားပြီ”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
“ကောင်းကင်ဘုံနတ်ဆိုးအပြစ်ပေးရေခဲအကျဉ်း ထောင်ကနေလွတ်လာတော့ ဒီသခင်လေးရဲ့ခန္ဓာကိုယ်ကို အပိုင်စီးခိုးချင်တယ်.ဒါပေမဲ့ဒီသခင်လေးက ခင်ဗျားရဲ့ ဝိညာဉ်အသိစိတ်ကိုမဖျက်ဆီးပဲနဲ့ နှစ်နှစ်ကျော်တောင် အသက်ရှင်ခွင့်ပေးခဲ့တယ်”
“ခင်ဗျားက အခြားတစ်ဖက်မှာ ကျေးဇူးတောင်မတင်ဘဲ ဒီသခင်လေးအန္တရာယ်ကျရောက်နေချိန်မှာ ဒီသခင်လေးကိုသစ္စာဖောက်ဖို့ ကြိုးစားပြီး သတ်လုနီးပါးဖြစ်ခဲ့တယ်..ခင်ဗျားဒီသခင်လေးနဲ့နေလာတာကြာပြီ….ဒီသခင်လေးရဲ့အသက်ကို လိုချင်ရင်ဘာဖြစ်မယ်ဆိုတာ ခင်ဗျားသိပါတယ်”
“မင်း”
ရှစ်ဖုန့်၏ပြတ်သားသော စကားလုံးများအားကြားသောအခါတွင် ကောင်းကင်မီးတောက်က ကြုံးဝါးရက်ခက်ခဲသောလေသံမျိုးဖြင့်ပြောလိုက် သည်။
“ငါက သွေးပန်းခက်မျိုးနွယ်စုရဲ့ အထွတ်အမြတ်ကောင်းကင်သူတော်စင်မီးတောက်က ..မင်းကငါ့ကိုမင်ရဲ့ဒန်တန်ဖြစ်လာစေချင်ခဲ့တာ..ဒန်တန်တစ်ခုအဖြစ်ကွ..မင်းရဲ့ထိန်းချုပ်မှုအောက်မှာ နေပြီးငါ့ကိုသနားညှာတာပေးတာပေါ့လေ..မင်းလိုလူစားမျိုးက ဘယ်အချိန်သေမယ်ဆိုတာသိရတာမဟုတ်ဘူး.. မင်းနောက်ကိုဆက်လိုက်ရင် မကြာခင် ဒါမှမဟုတ်နောက်ပိုင်း ငါပါခံစားရမှာ..မင်းသေတာနဲ့ငါလည်းသေမှာကွ”
ကောင်းကင်မီးတောက်က သူ၏အတွေးများအား အရှိအတိုင်းဖော်ပြသည့်လေသံဖြင့်အော်ဟစ်ပြောဆိုလိုက်သည်။
“သေခြင်းနဲ့ရှင်ခြင်းကြားထဲမှာ စွန့်စားသွားလာရှာဖွေမှပဲ မြန်မြန်ကြီးထွားလာနိုင်မှာ”
“လွန်ခဲ့တဲ့နှစ်နှစ်ကျော်မှာ ဒီသခင်လေး တိုးတက်လာမှုကို ခင်ဗျားမျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာပဲ..ဒီသခင် လေးကစွမ်းအားကြီးရုံတင်မကဘူး..ခင်ဗျားရဲ့အဲ့အချိန်တုံးကထက်လည်း ပိုစွမ်းအားကြီးလာတယ်..သွေးပန်းခက်မျိုးနွယ်ဥကနေထွက်လာတဲ့ အဲ့သူတောင်းစားကိုတောင် ထျန်းဟန်တိုက်ကြီးကိုပြန်ရောက်တာနဲ့ ဒီသခင်လေးအလွယ်လေးသတ်ပစ်နိုင်တယ်”
ရှစ်ဖုန့်ပြောလိုက်သည်။
ရှစ်ဖုန့်၏စကားတို့အား ကောင်းကင်မီးတောက်က ပြန်တုံ့ပြန်ခြင်းမပြုပေ။ အချိန်ခဏအထိ ဆိတ်ဆိတ်နေနေ၏။
ထို့နောက်ရှစ်ဖုန့်ကသူ၏ ဝိညာဉ်စွမ်းအားဖြင့်ဆက်သွယ်ပြီးပြောလိုက်သည်။
သူကဖြည်းညှင်းစွာပြောလိုက်၏။
“ခင်ဗျားဒီသခင်လေးကိုသစ္စာဖောက်ချိန်မှာ ဒီသခင်လေးက ခင်ဗျားရဲ့ဝိညာဉ်အသိကို ရှင်းပစ်ပြီး ခင်ဗျားကို ပြာအဖြစ်ပြောင်းမလို့ပဲ…..ဒါပေမဲ့ ခုဏကခင်ဗျားစကားတွေကိုကြားပြီးတဲ့နောက် .. ခင်ဗျားကိုအရင်ဆုံးအသက်ရှင်လျက်ထားဖို့ ဒီသခင်လေးဆုံးဖြတ်လိုက်ပြီ…ဒီသခင်လေးအသတ်ခံရမလား ပိုပြိးသန်မာသည်ထက်သန်မာလာမလားဆိုတာ ကြည့်ကြသေးတာပေါ့”
“မင်း..မင်းငါ့ကိုမသတ်ဘူးလား”
တစ်ချိန်လုံးတိတ်ဆိတ်နေသော ကောင်းကင်မီးတောက်မှာ ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် မေးလိုက်သည်။သူ၏အသံ၌ ပျော်ရွှင်စိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နှက်နေ၏။
ရှစ်ဖုန့်နှင့်အချိန်များစွာအတူကုန်ဆုံးခဲ့ပြီးနောက် ၎င်းမသတ်ဘူးဆိုလျှင် သူအသတ်ခံရမှာမဟုတ်သည်ကို ကောင်းစွာသိသည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏ အေးစက်သောအသံက ထပ်မံထွက်ပေါ်လာသည်။
“ဒါကခင်ဗျားအတွက်နောက်ဆုံးအကြိမ်ပဲ..ထပ်ပြီးသစ္စာဖောက်ရဲရင် ဒီသခင်လေး မလွှတ်ပေးဘူး..အခုကစပြီး သွေးပန်းခက်မျိုးနွယ်ရဲ့ သူတော်စင်မီးတောက်လို့လာမပြောနဲ့တော့… ခင်ဗျားကသွေးပန်းခက်မျိုးနွယ်နဲ့ထပ်ပြီးမသက် ဆိုင် တော့ဘူး..သွေးပန်းခက်မျိုးနွယ်ကို သတိရနေရင် ဒီသခင်လေးကို ခင်ဗျားသစ္စာဖောက်တာပဲ”
“အခုကစပြီး ခင်ဗျားနမည်က ကွေ့ရှန့်ပဲ.ထပ်ပြီးသူတော်စင်မီးတောက်မဟုတ် တော့ဘူး”
“ကောင်းတယ်..ကောင်းတယ်..ကွေ့ရှန့်..အခုက စပြီး ငါ့ကိုကွေ့ရှန့်လို့ပဲခေါ်မယ်”
ကောင်းကင်သူတော်စင်မီးတောက်က ရှစ်ဖုန့်က အလျှင်အမြန်ပြန်ဖြေ၏။
ကောင်းကင်မီးတောက်မှာ ၎င်း၏စရိုက်လက္ခဏာကိုသိသည်ဖြစ်သည်။ ဤအချိန်တွင် ဤမွန်းစတားအားသူတကယ်ကြောက်လန့်သည်ဖြစ်၏။ သူ၏အသက်မှာသီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဘယ်လိုလုပ်မနာခံပဲနေမည်နည်း။သူ၏ဂုဏ်သိက္ခာအားမည်ကဲသို့ဂရုစိုက်နိုင်မည်နည်း။
ထို့နောက်ရှစ်ဖုန့်ကပြောသည်။
“အခုကစပြီး ဒီသခင်လေးမေးတာကိုဖြေရမယ်..မဟုတ်ရင် ခင်ဗျားတည်ရှိနေစရာမလိုတော့ဘူး”
ယင်းက ကောင်းကင်သူတော်စင်မီးတောက်၏ ဝိညာဉ်အသိအား ချန်ထားရသည့်အဓိကအကြောင်းအရင်းဖြစ်သည်။
ရှေးခေတ်အချိန်ကထျန်းဟန်တိုက်ကြီးအကြောင်း မဖြေရှင်းရသေးသည့်ဆန်းကြယ်မှုများစွာ ရှိသည်ဖြစ်သည်။ယနေ့ခေတ်ကမ္ဘာတွင် ဤဆန်းကြယ်မှုများအား ရှေးခေတ်အချိန်ကာလ ကတည်းကတည်ရှိခဲ့သော ကောင်းကင်သူတော်စင်မီးတောက်ထက်မည်သူမှပိုမသိနိုင်ပေ။
ထိုထက်ပိုသည်ကား ရှစ်ဖုန့်မှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဤကောင်က သူ၏ထိန်းချုပ်မှုအောက်၌လုံးဝရှိသည်ဖြစ်၏။၎င်းအနေဖြင့်သူ့အားသစ္စာဖောက်ချင်လျှင်တောင် လုပ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
“အခုကစပြီး.ငါ..မဟုတ်ဘူး.ငါဆိုလိုချင်တာက.. မင်းဘာမေးမေး သံသယဖြစ်စရာမရှိငါဖြေပါ့မယ်”
ကောင်းကင်မီးတောက်ကအလျှင်အမြန်ပြန် ဖြေလိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE