အခန်း (၉၇၅)
Vol. 65 Ch. 975
ရှစ်ဖုန့်ကသူ၏ ဝိညာဉ်အသိအား သူ၏ခန္ဓာကိုယ်ထံမှ ရုတ်သိမ်းလိုက်သည်။ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်းက အသံတိတ်လာပြီး အသက်လက္ခဏာမရှိတော့ပေ။
နတ်ဘုရားမြေခေါင်းလောင်း၏အသံလှိုင်းနှင့် သွေးနီရောင်မီးတောက်တို့ကြောင့် ပုယာတစ်ယောက် အသတ်ခံလိုက်ရပြီဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။
ငရဲဘုံကိုးခု ပညာရပ်အား အသက်သွင်းပြီး သေခြင်းစွမ်းအင်ကို လျှင်မြန်စွာဝါးမျိုလိုက်၏။ ထို့နောက် နတ်ဘုရားမြေခေါင်းလောင်းမှ ပုယာ၏ ဝိညာဉ်အမျှင်တန်းလေးထွက်လာပြီး ရှစ်ဖုန့်၏ဝါးမျိုမှုကို လျှင်မြန်စွာ ခံလိုက်ရသည်။
မွေးရာပါအရှင်သခင်အရိုးဖြင့် မွေးဖွားလာခဲ့သူ မြေရိုင်းဒေသကြီး၏ နံပါတစ်ပါရမီရှင်ဖြစ်သူ ကျီးကန်းနက်ကလန်၏သခင်လေး ပုယာတစ်ယောက် ကျဆုံးသွားပြီဖြစ်သည်။
ရှစ်ဖုန့်ကသူ၏ဘယ်လက်ကို ဆန့်ထုတ်ပြီး လက်ငါးချောင်းအား လက်သည်းအသွင်ဖွင့်လိုက်သည်။
သူ့ရှေ့ရှိနတ်ဘုရားမြေခေါင်းလောင်းအား ဆုပ်ကိုင်ပြီး အမြင့်သို့မြှောက်လိုက်၏။
မကြာခင် ခေါင်းလောင်းနှုတ်ခမ်းဝမှ လူသားသဏ္ဍန်သွေးနီရောင်မီးတောက်တစ်ခု ပြုတ်ကျလာသည်။ ရှစ်ဖုန့်၏အတွေးကလှုပ်ရှားသွားပြီး မြေပြင်ထက်သို့ပြုတ်ကျတော့မည့် လူသားပုံစံသွေးနီရောင်မီးတောက်မှာ ချက်ချင်းရပ်တန့်သွားသည်။၎င်းကရှစ်ဖုန့်၏ရှေ့၌လွင့်မျောနေပြီး ပြင်းထန်စွာဆက်လက်လောင်ကျွမ်းနေသည်။
နတ်ဘုရားမြေခေါင်းလောင်းက ရှစ်ဖုန့်၏ဘယ်လက်အတွင်း လျှင်မြန်စွာကျုံ့ဝင်သွားသည်။ လက်သီးဆုပ်အရွယ်အစားအထိကျုံ့ဝင်သွားချိန် တွင် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ဝတ်ရုံနက်ထံသို့ ပြန်လွှဲပေးကာပြောလိုက်သည်။
“ခင်ဗျားကိုဒါပြန်ပေးမယ်..ဒီသခင်လေးအသက်နှစ် ကြိမ်ကယ်တင်ခဲ့တဲ့ကြင်နာမှုကို ဒီသခင်လေးမှတ်ထားမယ်”
မျှော်လင့်မထားစွာဖြင့် ဝတ်ရုံနက်အားခေါင်းလောင်းကိုပြန်လွှဲပေးချိန်တွင် ဝတ်ရုံနက်က လှမ်းယူခြင်းမပြုပေ။ထိုအစား အက်ရှသော အသံတစ်ခုနှင့်ပြောလိုက်သည်။
“ဒီခေါင်းလောင်းကို မင်းသဘောကျတယ်ဆိုရင် ငါမင်းကိုပေးမယ်”
“ဒီသခင်လေးကိုပေးတာလား”
ဝတ်ရုံနက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ပျော်ရွှင်ခြင်းမပြပေ။ထိုအစားမျက်မှောင်ကြုတ်ပြီး ၎င်းအားဖြတ်မြင်ချင်သကဲ့သို့ ဝတ်ရုံနက်ကိုစိုက်ကြည့်လိုက်သည်။
ရှစ်ဖုန့်က ထပ်မံပြောလိုက်၏။
“ခင်ဗျားက ဒီသခင်လေးကို နှစ်ကြိမ်ကယ်တင့်ပြီး နတ်ဘုရားမြေခေါင်းလောင်းကိုလည်းပေးတယ်..ဒီသခင်လေးသိသလောက်ဆိုရင် ခင်ဗျားက သနားကြင်နာတတ်တဲ့သူမဟုတ်ဘူး..ခင်ဗျားဘာလိုချင်လဲ..ဒါမှမဟုတ် ခင်ဗျားအတွက်တစ်ခုခု လုပ်ပေးဖို့လိုအပ်တာလား”
“ဟားဟား...ပါးနပ်တဲ့လူတွေနဲ့ စကားပြောရတာလွယ်တယ်”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ဝတ်ရုံနက်က တသောသောရယ်မောလိုက်သည်။
ထို့နောက်သူကဆက်ပြော၏။
“ငါ့ဘက်ကနေရှန့်ဝူကို တိုက်ခိုက်ပေးမယ်လို့မင်းကတိပေးရင်..အဆင်ပြေတယ်”
“ရှန့်ဝူလား”
ရင်းနီးသည်ဟုခံစားရသောကြောင့်ရှစ်ဖုန့်ကနမည်ကို ထပ်ပြောလိုက်သည်။
ထို့နောက် နတ်ဆိုးရိုင်းတောင်တန်းအတွင်း ရှေးဟောင်းအစီအရင်နှင့်ရေကန်က တောင်ကြားချိုင့်ဝှမ်းအဖြစ်ပြောင်းချိန်တွင် ဝတ်ရုံနက်က သူ၏အသွင်အပြင်နှင့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးအသုံးပြုပြီး ပုယာအားသူ့ကိုယ်သူ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ရှန့်ဝူ၏ ခေါ်သည်ဟု ပြောခဲ့သည်ကို ရှစ်ဖုန့်အမှတ်ရလိုက်သည်။
သူနှင့်ပုယာ၏တိုက်ပွဲအတွင်း ပုယာကသူ့အား ရှန့်ဝူ၏ အကြိမ်အနည်းငယ်ခေါ်ခဲ့သည်ဖြစ်သည်။
“ရှန့်ဝူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကမလား.........ဘာလို့ ဒီသခင်လေးနဲ့တိုက်ခိုက်စေချင်တာလဲ”
“အခုကမင်းကိုပြောပြဖို့ အဆင်မပြေသေးဘူး..မွန်းစတားနတ်ဘုရား သင်္ချိုင်းထဲကနေထွက်တာနဲ့ငါမင်းကို ဖြည်းဖြည်းချင်းပြောပြမယ်..မင်းသာငါ့တောင်းဆိုချက်ကိုသဘောတူရင် နတ်ဘုရားမြေခေါင်းလောင်းကို ယူထားနိုင်တယ်..ဒါပေမဲ့ ငါမင်းကို အရင်ပြောထားပါရစေ..ရှန့်ဝူကအရန်းသန်မာတယ်..သူကတကယ့်ပါရမီရှင်တစ်ယောက်ပဲ..မြေရိုင်းဒေသရဲ့ နံပါတ်တစ်ပါရမီရှင်ဖြစ်တဲ့ ပုယာက သူနဲ့ယှဉ်လို့တောင်မရဘူး...”
ဝတ်ရုံနက်ကပြောလိုက်သည်။
ရှန့်ဝူအကြောင်းပြောသောအခါတွင် ဝတ်ရုံနက်၏အသံက လေးနက်လာသည်။
“ဒီလိုဆိုရင် ခင်ဗျားဒီသခင်လေးကိုကယ်တင်ခဲ့တာက ဒီသခင်လေးရဲ့ပါရမီကိုတွေ့ပြီး ခင်ဗျားအတွက်ရှန့်ဝူကို တိုက်ခိုက်ခိုင်းစေချင်လို့ပေါ့”
ဝတ်ရုံနက်၏ စကားတို့အားဆက်စပ်ပြီး ရှစ်ဖုန့်ကပြောလိုက်သည်။
“အမှန်ပဲ”
ဝတ်ရုံနက်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီလိုအချိန်တိုလေးအတွင်းမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုကို ကျွမ်းကျင်အောင် တစ်ယောက်ယောက်က လုပ်နိုင်တာကို ငါပထမဆုံး တွေ့ဖူးတာပဲ..ဒါကြောင့်ငါမင်းကိုပထမအကြိမ်ကကယ်ခဲ့တာ”
“ဒုတိယအကြိမ်ကတော့ ပြောနေစရာတောင်မလိုဘူး ..မင်းကတကယ်ကြီး ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို ဆွဲဆောင်စေခဲ့တယ်.. သုတ်သင်ခြင်းအနက်ရောင်မိုးကြိုး.. ရှေးခေတ်အချိန်ကာလက ဒဏ္ဍာရီထဲမှာ မသေမျိုးနတ်ဆိုးနတ်ဘုရားပဲ ဒါကိုဖြစ်စေခဲ့တာ”
“နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးလား..အနက်ရောင်မိုးကြိုးကပ်လေးကလေ..”
ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက်အစပိုင်း၌ ရှစ်ဖုန့်နားလည်ရခက်သွားသည်။ထို့နောက် သဘောပေါက်သွားပြီး ထပ်မံပြောလိုက်သည်။
“ဒီတော့ အနက်ရောင်မိုးကြိုးကိုခေါ်တာက နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးလို့ခေါ်တာပေါ့..နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဝင်ရောက်လို့ အနက်ရောင်မိုးကြိုးကို သက်ဆင်းစေတယ်လို့ ဒီသခင်လေးထင်ခဲ့တာ..ခင်ဗျားနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်တော့ ဘယ်လိုမိုးကြိုးကပ်ဘေးမျိုးဖြစ်ပေါ်စေခဲ့လဲ”
“နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်တဲ့အခါ ကောင်းကင်နဲ့မြေကြီးရဲ့မိုးကြိုး ကပ်ဘေးကို ဖြစ်ပေါ်လာစေတဲ့ ပါရမီရှင်အချို့ရှိတယ်..မင်းလိုမျိုးပါရမီရှိတဲ့သူမျိုးကိုတော့ ကောင်းကင်ဘုံက သည်းမခံဘဲ ဖျက်ဆီးဖို့အတွက် မိုးကြိုးကပ်ဘေးကို သက်ဆင်းစေတယ်”
ဝတ်ရုံနက်ကပြောလိုက်သည်။ ပြောနေရင်း သူ၏အသံ၌ စိတ်ရှုပ်ထွေးမှု သံသယဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ဒါကသိုင်းပညာရဲ့ အခြေခံအကျဆုံး ဗဟုသုတဖြစ်သင့်တာ..ဘာလို့မင်းကဒါနဲ့ပက်သက် ပြီးဘာမှမသိတဲ့ပုံပေါ်တာလဲ”
“ပြီးတော့လည်း ငါမင်းရဲ့သရုပ်မှန်ကိုသိချင်နေခဲ့တာကြာပြီ..မင်းရဲ့အဝတ်အစားတွေ..မင်းရဲစကားလုံးတွေ..မင်းရဲ့အ ပြုအမူတွေက ဒီနေရာနဲ့လုံးဝသက်ဆိုင်တယ်လို့ငါမခံစားရဘူး”
“အမှန်ပဲ”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီသခင်လေးကခင်ဗျားတို့ကမ္ဘာကမဟုတ်ဘူး..ဒီသခင်လေးကထျန်းဟန်တိုက်ကြီးလို့ခေါ်တဲ့တိုက် ကြီးကလာတာ”
ဤသည်ကားလျှို့ဝှက်ချက်တစ်ခုအဖြစ်ထားရ လောက်သည့်အရာမဟုတ်ပေ။
ထိုထက်ပိုသည်ကားဝတ်ရုံနက်မှာ ဗဟုသုတအလွန်ကြွယ်ဝသည်ဖြစ်သည်။ စပါးအုံးနဂါးမျိုးနွယ်စုမှ မိန်းကလေးက ထျန်းဟန်တိုက်ကြီးအကြောင်းကြားဖူးသည်ဆို လျှင် ဝတ်ရုံနက်လည်း ကြားဖူးလောက်သည်ဖြစ်သည်။
အရိုင်းတိုက်ကြီးနှင့်ထျန်းဟန်တိုက်ကြီးအားဆက်သွယ်ထားသောလမ်းကြောင်းကိုပင် သူသိနေနိုင်လောက်သည်။
စကားပြောနေရင်းရှစ်ဖုန့်က သူ၏ဘယ်လက်ထဲမှ နတ်ဘုရားမြေခေါင်းလောင်းကို အဝေးသို့ဖယ်ထုတ်လိုက်သည်။ ဝတ်ရုံနက်မှာ ရှစ်ဖုန့်၏အပြုအမူအားမြင်တွေ့လိုက်ရသောအခါတွင် ရှန့်ဝူနှင့်တိုက်ဖို့သဘောတူကြောင်းကိုသိလိုက် သည်။
ရှစ်ဖုန့်အတွက်စွမ်းအားကြီးပါရမီရှင်အချို့နှင့်တိုက်ခိုက်ဖို့လက်လျော့ရလောက်အောင်အကြောင်းပြချက်မရှိပေ။ထိုထက်ပိုသည်ကား ဝတ်ရုံနက်မှာသူ့အားနှစ်ကြိမ်ကယ်တင်ခဲ့သည်။ နတ်ဘုရားမြေခေါင်းလောင်းမပါဘဲနှင့်တောင် ဝတ်ရုံနက်က ရှန့်ဝူနှင့်တိုက်ဖို့တောင်းဆိုလျှင်သူသဘောတူလိမ့် မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်ကလှည့်လိုက်ပြီး လေထဲ၌တောက်လောင်နေဆဲဖြစ်သည့် လူသားမီးတောက်ထံသို့ မျက်နှာမူလိုက်သည်။ ညာလက်ကိုဆန့်ထုတ်ကာ မီးတောက်ထံသို့လှမ်းလိုက်၏။
ဝတ်ရုံနက်မှာထျန်းဟန်တိုက်ကြီး၏ ရှစ်ဖုန့်ပြောသည်အားကြားသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။
“ငါသိသားပဲ..အရိုင်းတိုက်ကြီးအပြင် အခြားသက်ရှိတွေအခြားတိုက်ကြီးတွေရှိနေတယ်ဆိုတာကို”
ဝတ်ရုံနက်၏ စကားများအားကြားသောအခါ ရှစ်ဖုန့်အနည်းငယ်စိတ်ပျက်သွားသည်။ယင်းက ထျန်းဟန်တိုက်ကြီးအကြောင်း ၎င်းမသိဟုဆိုလိုခြင်းဖြစ်၏။
ထို့နောက်ရှစ်ဖုန့်ကလူသားမီးတောက်ထံမှညာလက်ကိုရုတ်သိမ်းလိုက်သည်။သူ၏လက်ထဲ၌အနက် ရောင်ငှက်မွှေးဝတ်ရုံကိုကိုင်ထား၏။
အနက်ရောင်ငှက်မွှေးဝတ်ရုံ၌မှုန်ဝါးသော ရှေးဟောင်းရုန်းတို့စီးမျောနေသည်။၎င်းက ကျီးကန်းနက်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျီးကန်းနက်၏ ပင်မအမွှေးဖြင့်ပြုလုပ်ထားသောဝတ်ရုံဖြစ်သည်။
ဤခုခံရေးချပ်ဝတ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်နှင့်ညီမျှ၏။ ရှစ်ဖုန့်အနေဖြင့်ဤအခွင့်အရေးအား လက်လွှတ်ခံမည်မဟုတ်ပေ။အနက်ရောင်ငှက်မွှေးဝတ်ရုံကို လျှင်မြန်စွာသိမ်းလိုက်သည်။
လက်ရှိရှစ်ဖုန့်၏ ကာယခန္ဓာကိုယ်ခုခံအားဖြင့် သွေးနတ်ဆိုးချပ်ဝတ်အား ထပ်မံမလိုအပ်တော့ပေ။သို့သော် အနက်ရောင်ငှက်မွှေးဝတ်ရုံကတော့အလွန်အသုံး ဝင်သည်ဖြစ်သည်။၎င်းနှင့်ဆိုလျှင်သူ၏ ကာယခုခံနိုင်စွမ်းက လွန်စွာတိုးမြင့်သွားမည်ဖြစ်၏။
ခုခံနိုင်စွမ်းတိုးတက်လာလျှင် တိုက်ခိုက်နိုင်စွမ်းကလည်း အလိုအလျောက်တိုးတက်လာလိမ့်မည်ဖြစ်သည်။
အနက်ရောင်ငှက်မွှေးဝတ်ရုံကိုသိမ်းပြီးနောက် သူ၏ညာလက်အားဖျက်ခနဲလှုပ်လိုက်ပြီး သွေးနီရောင်အလင်းတစ်ခုထွက်ပေါ်လာသည်။ သွေးသောက်ဓားက သူ၏လက်အတွင်း၌ပေါ်လာ၏။
ဝတ်ရုံနက်မှာ ရှစ်ဖုန့်လက်အတွင်းမှ သွေးသောက်ဓားအားမြင်လိုက်ရသောအခါတွင် ဓား၏အဆင့်ကမမြင့်သော်လည်း အားကောင်းသောသတ်ဖြတ်လိုစိတ်နှင့် သွေးဆာသည့်အော်ရာကိုထုတ်လွှတ်နေသည်ကို အာရုံခံမိလိုက်သည်။
ဤအော်ရာနှစ်ခုမှာ မရေတွက်နိုင်သောသက်ရှိများအားသတ်ဖြတ်ထား ခြင်းမှ ဖန်တီးထားခြင်းဖြစ်သည်။
“ဒါက ဒီလိုမျိုးအဆင့်တစ်ခုအထိ သတ်ဖြတ်ခြင်းနဲ့သွေးဆာတဲ့အော်ရာကို ထုတ်လွှတ်ဖို့ သက်ရှိတွေဘယ်လောက်တောင်ကိုသတ်ခဲ့တာလဲ..ဒီလက်နက်ကို သေချာပေါက် ပြိုင်ဘက်ကင်းလက်နက်တစ်ခုအဖြစ်သုံးသပ်လို့ရတယ်”
သွေးသောက်ဓားအားမြင်တွေ့သောအခါတွင် ဝတ်ရုံနက်ပင် အံ့အားသင့်စွာပြောဆိုမိသည်။
ထို့နောက်ရှစ်ဖုန့်ကသွေးသောက်ဓားအား ဆွဲကိုင်ကာ လူသားမီးတောက်အတွင်းသို့ထိုးသွင်းလိုက်သည်ကို သူတွေ့လိုက်ရသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE