ခံစားချက်အသင်္ချေဒေသ
Vol. 40 Ch. 559
ဂူအပြင်ဘက်တွင် ရှိနေသော တောက်ရဲ့သည် ကိုယ့်ကိုယ်ကို ဖုံးကွယ်ရန် နည်းစနစ်တစ်ခုကိုသုံးကာ ကျောက်တုံးကြီး တစ်ခုနောက်၌ ရှိနေသည်။
သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည့် အတွေးများအားလုံးကို စွန့်လွှတ်လိုက်သည်မှာ အတော်ပင်ကြာခဲ့လေပြီ။ ဤနေရာတွင် ဆက်ရှိနေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ညစန္ဒာအကြီးအကဲအတွက် အန်လင်းအား စောင့်ကြည့်လေ့လာရန် ဖြစ်သည်။
ယနေ့ခေတ်တွင် သူ့လိုလူမျိုး မရှိတော့ဟု တောက်ရဲ့ ခံစားရသည်။ လူတိုင်းသည် အနာဂတ် ကောင်းကျိုးအတွက် ထိုမျှစွန့်စားရန် သတ္တိရှိကြမည် မဟုတ်ပေ။ လက်ရှိအချိန်တွင် သူစောင့်ကြည့်နေရသောသူသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော အနက်ရောင်နဂါးကြီးကိုပင် အရှိန်အဝါ သက်သက်ဖြင့် ကြောက်ရွံ့စေခဲ့သည့် နဂါးမျိုးနွယ်စု၏ သြဇာအာဏာ ကြီးမားသူ သခင်ကြီး အန်လင်းဖြစ်သောကြောင့် နယ်နယ်ရရ မဟုတ်ပါချေ။
ထိုကဲ့သို့ မကောင်းဆိုးဝါးမျိုးအား စောင့်ကြည့်နေရန်အတွက် သူမတူသော သတ္တိစွမ်းရည်ကို လိုအပ်သည်။ ထိုက်ချူကုန်းမြေသို့ ပြန်ရောက်သွားသည်နှင့် သူ၏အနစ်နာခံ ပေးဆပ်မှုများအတွက် တောင်ပံနက် ဧကရာဇ်ထံမှ ဆုလာဘ်တောင်းခံရမည်ဟု တွေးထားလိုက်သည်။ သူ၏ကိုယ်ကျိုးမဖက်သော လုပ်ရပ်အတွက် ညစန္ဒာအကြီးအကဲ၏ သဘောကျနှစ်ခြိုက်မှုကို ရရှိမည်ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။
ငါကအရမ်းတော်တာပဲ....ဟီးဟီး.....
တောက်ရဲ့ ကိုယ့်အတွေးနှင့်ကိုယ် ကြိတ်ရယ်နေစဉ်မှာပင် အဖြူရောင်ဂူထဲမှ လူအချို့ ထွက်လာကြသည်။
ဟမ်....သူတို့ထွက်လာကြပြီပဲ.....အန်လင်းကြည့်ရတာ စိတ်ဓာတ်ကျနေသလိုပဲ....အခက်အခဲတွေ ကြုံလာရလို့များလား.....
ဟိုကောင်လေးချောချောလေးက ရှောင်ဇယ်ရဲ့ လူသားအသွင်ပဲ.....နေပါဦး....ဒင်းကြတော့ ဘာလို့မှိုရသလို ပြုံးပျော်နေတာတုန်း.....ပြီးတော့ အန်လင်းရဲ့ အင်္ကျီလက်စ တဆွဲဆွဲနဲ့ ဘာတွေဖြစ်နေတာလဲ....သူတို့ဘယ်တုန်းက အဲ့လောက်ထိ ရင်းနှီးသွားရတာလဲ....
"ကျွန်တော်တို့ ဘယ်သွားကြမလဲဆရာ။"
ရှောင်ဇယ်သည် အပြစ်ကင်းစင်သော ကလေးငယ်လေးအလား ဖြူဖြူစင်စင် အမူအရာဖြင့် ပါးစပ်နားရွက်ချိတ်မတတ် ရယ်မောနေသည်။
အန်လင်းမှာ ထိုပုံစံကြောင့် ရှုံ့မဲ့သွားရသည်။
ဒီမကောင်းဆိုးဝါးက ငါ့အသက် ဆယ်ပြန်စာလောက် အသက်ရှင်လာတာကို ယီးမို့လို့ နို့နံ့မစင်သေးတဲ့ ကလေးလို လုပ်နေတာလား.....
"ငါတို့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ထပ်ရှာရဦးမယ်။ ငါက ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေတာလေ။ အဲ့ဒါကြောင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အများကြီး လိုနေတယ်။"
အန်လင်း စကားဆိုလိုက်သည်။
ရှောင်ဇယ် နားမလည်နိုင်စွာဖြင့် တောက်ပလွန်းသော မျက်ဝန်းအစုံအား ကလေးငယ်သဖွယ် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြန်သည်။
"ဆရာ....ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ဆယ့်သုံးခုက မလောက်သေးဘူးလား။"
"ဟဲဟဲ....မလောက်သေးဘူး။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာ လိုတာလေ။ အခုထိ နှစ်ဆယ့်ခုနစ်ခု လိုနေသေးတယ်။"
အန်လင်း ရယ်ကာမောကာ ပြောလိုက်သည်။
"အဲ့ဒါဆို ဆရာ့ဆီမှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ခုနစ်ဆယ့်သုံးခု ရှိနေပြီပေါ့။ ဝိုး....ဆရာကတော့ ဆရာပါပဲ။"
ရှောင်ဇယ်မှာ အမှန်တကယ် အံ့အားသင့်သွားသောကြောင့် ရိုးရိုးသားသား ချီးကျူးလိုက်သည်။
ဤကုန်းမြေတွင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ မည်မျှရှားပါးသည်ကို သူကောင်းစွာသိသည်။ အန်လင်းသည် ရက်နှစ်ဆယ်မျှသော အချိန်အတွင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုငါးဆယ်ကျော် စုဆောင်းနိုင်ခဲ့သည်မှာ မယုံကြည်နိုင်စရာပင်။
"သခင်လေး အန်လင်းရဲ့ ရတနာတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်မရဲ့တာဝန် ပြီးမြောက်သွားပြီမို့လို့ သွားခွင့်ပြုပါဦး။"
မိယ အန်လင်းအား အရိုအသေ ပေးလိုက်သည်။
ထိုစကားအား ကြားလိုက်ရချိန်မှသာ အန်လင်းမှာ မိယအား သတိရတော့သည်။ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ထုတ်ဖော်ပြောကြားခြင်း မပြုရန် ကျိန်ဆိုခိုင်းပြီးသည့်နောက် သူမအား လွှတ်ပေးလိုက်သည်။
ထို့နောက် ၎င်းတို့သည်လည်း အနည်းငယ် ဆွေးနွေးပြီးနောက်တွင် မြောက်ဘက်သို့သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
အန်လင်းတို့အဖွဲ့ ပျောက်ကွယ်သွားပြီးမှ တောက်ရဲ့သည်လည်း ပုန်းကွယ်ရာမှထွက်ကာ မြေပြင်ပေါ် ပုံလျက်သား လဲကျသွားတော့သည်။
"ဟူး.....တော်တော်ကို အခြေအနေ ပြင်းထန်ခဲ့တာပဲ။"
တောက်ရဲ့ ကြောက်ရွံ့စွာ သက်ပြင်းချလိုက်မိသည်။
"ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ နဂါးကြီးကိုတောင် တပည့်အဆင့်ပဲ ထားတယ်ပေါ့လေ။ အန်လင်း.....မင်းကတကယ် မကောင်းဆိုးဝါးပဲ။"
..............
အရောင်အသွေး စုံလင်လှသော ကုန်းမြေပေါ်တွင် ပုံမှန်မဟုတ်သော သတ္တဝါများ ရှိနေပြီး နားဝင်ပီယံရှိသော တေးသံသာမှာလည်း ကောင်းကင်နှင့်မြေပြင်တခွင် လွင့်ပျံလို့နေသည်။ ဤနေရာတွင် ရှိနေသော ချီစွမ်းအင်မှာလည်း ပြင်ပကမ္ဘာထက် ဆယ်ဆကျော်မျှ သိပ်သည်းပေသည်။ တစ်နည်းဆိုသော် အင်အားကြီးမားသော ဂိုဏ်းတစ်ခု၏ ကျင့်ကြံရေးနယ်မြေ ဖြစ်လာရန်ပင် သင့်တော်လှသည်။
ထို့အပြင် မျက်စိပဒါသ ရှိလွန်းသော ထိုကုန်းမြေသည် ကီလိုမီတာ ငါးထောင်ကျော် ကျယ်ဝန်းသည်။
ပေထောင်ကျော်မျှရှိသော ခရမ်းရောင် စပါးအုံးကြီးသည် လိုဏ်ဂူအလား ကျယ်လောင်လှသော ပါးစပ်ကြီးအားဟကာ ပုံရိပ်တစ်ခုထံ ဦးတည်ရွှေ့လျားသွားသည်။
ဝှစ်....
အပြာရောင် ဓားအလင်းတန်းနှင့်အတူ တစ်ကီလိုမီတာ ဝန်းကျင်ရှိ အရာများအားလုံး အေးခဲသွားသည်။
စပါးအုံးကြီးသည် ခုန်အုပ်လျက်သာ အနေအထားနှင့်ပင် အေးခဲတောင့်တင်းသွားပြီး ခန္ဓာကိုယ်မှာ ထက်ဝက်ပိုင်းဖြတ်ခံလိုက်ရသည်။ ထို့နောက် ကြီးမားလှသော ရေခဲရုပ်ထု နှစ်ခုသဖွယ် မြေပြင်ပေါ် ဝုန်းခနဲ ပြုတ်ကျလာသည်။
ရွှေရောင်ဝတ်စုံကို ဆင်မြန်းထားကာ အရပ်ရှည်ရှည်နှင့် ပိန်သွယ်လှပသော မိန်းမငယ်လေးသည် အေးစက်ခက်ထန်သော အမူအရာဖြင့် အဖြူရောင်ဓားရှည်အား သိမ်းဆည်းလိုက်ပြီးနောက် ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား ကြည့်ရှုလိုက်သည်။
"နန်းဆောင်သခင်မ ရန်ဟွား....အဲ့မှာ ကျွန်မတို့အတွက်တောင် အသက်အန္တရာယ် ရှိနိုင်တယ်။ နယ်မြေအူတိုင်က အဲ့မှာရှိတယ်ဆိုတာ သေချာလို့လား။"
နှင်းပျိုမဒီသည် လက်ထဲတွင် ရှိနေသော ရေခဲရုပ်သေးအား ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ငါ့ရဲ့ရေခဲရုပ်သေးက အရမ်းကို စိတ်လှုပ်ရှားနေတယ်ဆိုတာ ခံစားလို့ရတယ်။ အဲ့မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ဟာတော့ ရှိမှာအသေအချာပဲ။"
"ငါတို့ဆက်သွားသင့်လား ရို့ကူ....ငါကတော့ ကမ္ဘာ့မိစ္ဆာကုန်းမြေကို ဆက်သွားတာက အကောင်းဆုံးလို့ ခံစားနေရတယ်။"
စုကျင်းရှန်း စကားဆိုလိုက်သည်။
သန့်ရှင်းသော ရေခဲကုန်းမြေမှ အရေးပါသူသုံးဦး စုစည်းမိကြပြီ ဖြစ်ပါသော်လည်း ၎င်းတို့ထံတွင် အချိန်သိပ်မကျန်တော့ပေ။ နယ်မြေအူတိုင် ရှာဖွေရန်အတွက် ကျန်ရှိသော အချိန်မှာ ဆယ်ရက်ပင် မရှိတော့။
ဟင်းလင်းပြင်သို့အပြန် အဆင့်၏ ခေါင်းဆောင်ဖြစ်သော ရို့ကူမှာ အနည်းငယ် တွေဝေစွာ ပြောလိုက်သည်။
"နင်တို့က နယ်မြေအူတိုင်ကို စုပ်ယူထားတဲ့ နတ်သူငယ်မလေးအကြောင်း ပြောနေတာပဲ။ နောက်တစ်ခါ သူမနဲ့တွေ့ရင် ဖမ်းထားပြီး နယ်မြေအူတိုင်အစား သုံးလို့ရမလား မသိဘူးနော်။"
"အဲ့အဖွဲ့က အရမ်းအင်အားကောင်းတယ်။ သူတို့ဆီကနေ အဲ့နတ်သူငယ်မလေးကို ခိုးလို့ရမယ် မထင်ဘူး။ ငါတို့မျှော်လင့်ချက်တွေကို ဒီကုန်းမြေပေါ် စုပုံထားဖို့ပဲ ရှိတော့တယ်။"
ရန်ဟွား စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
သူမအနေဖြင့် အန်လင်းအား ရန်မစလိုပေ။
စုကျင်းရှန်းသည်လည်း ရန်ဟွားနှင့် အမြင်တူပေသည်။
"ဟီးဟီး....တခါတလေကြရင် အင်အားက အရာရာ မဟုတ်ပါဘူး။"
ရို့ကူမှာ ၎င်းတို့၏ အကြံပေးမှုအား အလေးမထားပဲ သူမ၏ အစီအစဉ်ကိုသာ တေးထားလိုက်သည်။
သူမတို့သုံးဦးသည် ရှေ့သို့ခရီးဆက်ကာ လမ်းတလျှောက်တွင်လည်း ကြောက်မက်ဖွယ် ကောင်းလှသော သန္ဓေပြောင်းသားရဲများကို ရင်ဆိုင်ခဲ့ကြရသည်။
လူသားအသွင်ရှိသည့် ခေါင်းလေးလုံး နွားကြီးအား သတ်ပစ်ပြီးသည့်နောက် ၎င်းတို့သည် မျက်စိတဆုံး ကျယ်ဝန်းသော နယ်နိမိတ်စည်းသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် နေရာနှစ်ခုအား ပိုင်းခြားထားသော အနက်ရောင် စည်းမျဉ်းကြီးကို တွေ့မြင်နိုင်ပေသည်။
"အသင့်ဖြစ်ကြပြီလား။ ဒီစည်းကို ကျော်သွားတာနဲ့ နောက်ပြန်ဆုတ်လို့ မရတော့ဘူးနော်။"
ရို့ကူ လေးနက်စွာ မေးလိုက်သည်။
အခြားနှင်းပျိုမဒီ နှစ်ဦးမှာ ဆုံးဖြတ်ချက် ပြတ်သားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထိုနေရာသို့ ဝင်ရောက်သွားသည်နှင့် ကောင်းကင်နှင့်မြေပြင်၏ လောကနိယာမများအရ နောက်ပြန်လှည့်နိုင်မည် မဟုတ်သလို လေဟာပြင် လှည့်ဖြားခြင်းကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် နောင်တမဲ့ကုန်းမြေ၏ အစွန်းတစ်ဖက်တွင်ရှိသော နယ်နိမိတ်စည်းမှသာ ပြန်လည်ထွက်ခွာနိုင်လိမ့်မည်။ တစ်နည်းဆိုသော် နောင်တမဲ့ကုန်းမြေ တစ်ခုလုံးအား မဖြစ်မနေ ဖြတ်သန်းသွားရန် လိုအပ်သည်။
နောင်တမဲ့ကုန်းမြေ၏ အလယ်ဗဟိုတွင် အလွန်အန္တရာယ်များသော နေရာတစ်ခု ရှိသည်။
သက်ရှိသတ္တဝါများ အားလုံးတွင်ရှိသော စိတ်ခံစားချက် တစ်စုံတစ်ခုသည် ထိုနေရာသို့ ရောက်သည်နှင့် အလွန်အမင်း မြင့်တက်လာမည်ဖြစ်ပြီး နောင်တမဲ့ကုန်းမြေ၏ အလွန်သို့ မရောက်မချင်း ထိုသို့သာ ဆက်လက်ရှိနေပေလိမ့်မည်။
ထိုနေရာအား ခံစားချက်အသင်္ချေဒေသဟု ခေါ်ဆိုကြသည်။
ခံစားချက်များ မြင့်တက်လာသောနေရာ.....
အချို့သော ခံစားချက်များသည် ၎င်းတို့၏ လုပ်ရပ်များနှင့် တိုက်ပွဲစိတ်ဆန္ဒများကို ကြီးကြီးမားမား လွှမ်းမိုးနိုင်သောကြောင့် နှင်းပျိုမဒီသုံးဦးမှာ စိတ်လှုပ်ရှားနေကြသည်။
ရို့ကူ၊ စုကျင်းရှန်းနှင့် ရန်ဟွားတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် နယ်နိမိတ်စည်းအား အတူတကွ ဖြတ်ကျော်လိုက်ကြသည်။
ချက်ချင်းဆိုသလို တည်တည်ငြိမ်ငြိမ် ရှိနေတတ်သော ရို့ကူသည် ငိုကြွေးကာ မြေပြင်ပေါ် လဲကျသွားသည်။
စုကျင်းရှန်းသည်လည်း ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်ပွင့်များအားကြည့်ကာ မည်သည်ကိုမှန်းမသိ တွေးတောနေတော့သည်။
ရန်ဟွား၏ အမူအရာမှာ ပို၍ပင် ပြင်းထန်သေးသည်။ သူမသည် မြေပြင်ပေါ်တွင် လဲကျငိုကြွေးနေသော ရို့ကူအား ခင်မို့မို့အေးအလား ခုန်အုပ်ကာ ပါးပိတ်ချလိုက်သည်။
"ဖြောင်း....."
"ကောင်မ....ငါ့ဖင်ကြီးကို ငိုပါလား။"
ရို့ကူ: "......"