← Chapters

အခန်း (၉၇၇)

Vol. 66 Ch. 977

အခန်း (၉၇၇)

Vol. 66 Ch. 977

“ဟ”

ပုယာ၏အရှင်သခင်အရိုးအဆီအနှစ်အား စုပ်ယူပြီး‌နောက် ရှစ်ဖုန့်ကတစ်ချက်ကြုံးဝါးလိုက်သည်။ သူ၏ကာယခန္ဓကိုယ်ခွန်အားသီးသန့်ကိုသာအသုံး ပြုပြီး ပြင်းထန်သောလက်သီးချက်ကို ရှေ့သို့ထိုးနှက်လိုက်၏။

သူ၏လက်သီးချက်က အထွတ်အထိတ်ကြယ်ကိုးပွင့်ဧကရာဇ် နယ်ပယ်သို့ရောက်နှင့်နေပြီးဖြစ်သည်ကို ရှစ်ဖုန့်မြင်နိုင်၏။သူ၏ငရဲဘုံကိုးခု ခန္ဓာက ယခင်ဘဝကအထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်၏။

“မင်းရဲ့ကာယခန္ဓာကိုယ်က အရှင်သခင်အရိုးကို စုပ်ယူပြီးတဲ့ပုံပဲ..”

ဝတ်ရုံနက်က ရှစ်ဖုန့်၏လက်သီးချက်ကိုကြည့်၍ ပြောလိုက်၏။

သို့သော်ဝတ်ရုံနက်အနေဖြင့် ရှစ်ဖုန့်ကာယခန္ဓာကိုယ်၏ ထူးဆန်းမှုကို ရှာတွေ့ခြင်းမရှိပေ။အရိုင်းတိုက်ကြီးအတွင်း၌ ကာယခန္ဓာကိုယ်အားကျင့်ကြံသည့် ကျင့်ကြံသူများစွာရှိပြီး ကာယခန္ဓာကိုယ်ရော သိုင်းပညာလမ်းစဉ်ကိုပါကျင့်ကြံသူများကိုလည်း နေရာတိုင်းတွင် တွေ့နိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်ကြောင့်အသတ်ခံလိုက်ရသောပုယာမှာ ကာယခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေသော ပါရမီရှင်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

အရှင်သခင်အရိုးမှာ မွေးရာပါဖြစ်ပြီး အခြားသူများ၏အရိုးအတွင်းသို့ ခိုးယူ၍ရနိုင်သောအရာမဟုတ်ပေ။ရှစ်ဖုန့်အနေဖြင့် အရှင်သခင်အရိုး၏အဆီအနှစ်ကိုသာ သန့်စင်ပြီး သူ၏ကာယခန္ဓာကိုယ်သန်မာလာဖို့အတွက် အဟာရအနေဖြင့်အသုံးပြုခြင်းသာဖြစ်သည်။

ရှစ်ဖုန့်က သူ၏ညာလက်သီးအား ရုတ်သိမ်းလိုက်ပြီး ဝတ်ရုံနက်ဘက်သို့လှည့်ကြည့်ကာပြောလိုက်သည်။

“ဒါနဲ့ ဒီဟာအကြောင်းနဲ့ပက်သက်ပြီး ခင်ဗျားသိတာရှိလား”

ရှစ်ဖုန့်အသံထွက်လာသကဲ့သို့ ရုတ်ခြည်းအတွေးတစ်ချက်လှုပ်ရှားလိုက်သည်။သူ၏ကိုယ်က အနည်းငယ်တုန်ယင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်လျှပ်စီးမျှင်များဖျက်ခနဲပေါ်လာ၏။

“ဒါက…နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးပဲ”

ရှစ်ဖုန့်၏ကိုယ်ပေါ်၌ပေါ်လာသော အနက်ရောင်လျှပ်စီးတို့အား မြင်တွေ့လိုက်ရသောအခါတွင် ဝတ်ရုံနက်က အံ့အားသင့်စွာပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ..မိုးကြိုးကပ်ဘေးပြီးတာ တောင် ဘာလို့ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးတွေကျန်နေသေးတာလဲ..ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဒီအဘိုးကြီးအရင်ကဒါကိုလုံးဝမကြားဖူးဘူး”

ဤသည်ကားဝတ်ရုံနက်၏ဗဟုသုတထက် ကျော်လွန်နေသောအရာတစ်စုံတစ်ခုဖြစ်ပုံရသည်။

ရှစ်ဖုန့်မှာ ဘဝနှစ်ခုတွင်နေခဲ့ပြီး အံ့ဖွယ်ခန္ဓာကိုယ်ဖြစ်သော ငရဲဘုံကိုးခုခန္ဓာကိုယ်ကို ဆည်းပူးပုံဖော်ခဲ့သည်ဖြစ်၏။သူ့အနေဖြင့် မိုးကြိုးကပ်ဘေးနှစ်ကြိမ်အပြစ်ခံခဲ့ရဖူးသော်လည်း ဤလျှပ်စီးမိုးကြိုးများကဲ့သို့တော့ အပစ်မခံခဲ့ရဖူးပေ။ယခုမိုးကြိုးကပ်ဘေးပြီးသည့် နောက်တွင် သူ၏ကိုယ်ပေါ်၌ လျှပ်စီးများ ကျန်နေသေးသည်ဖြစ်၏။

သို့သော် ၎င်းကသူ့အားဖျက်ဆီးမည်မဟုတ်သောကြောင့်ရှစ်ဖုန့်အနေဖြင့် ခုခံခြင်းမပြုလုပ်ပေ။ထိုမျှမက ၎င်းကအရမ်းကိုနာခံမှုရှိပြီး သူ၏ထိန်းချုပ်မှုအောက်၌လုံးဝရှိသည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က သူ့ကိုယ်ပေါ်အနက်ရောင်လျှပ်စီးများအားလုံးအား သူ၏ညာလက်အတွင်းစုစည်းလိုက်သည်။ရှစ်ဖုန့်က သူ၏လက်သီးအား ရုတ်ခြည်းဆုပ်လိုက်ပြီး အနက်ရောင်လျှပ်စီးအက်ကွဲသံတို့ဖြစ်ပေါ်လာသည်။ထို့နောက် ရှစ်ဖုန့်ကဝတ်ရုံနက်ကိုပြောလိုက်သည်။

“ဒီအနက်ရောင်လျှပ်စီးကိုသုံးပြီး ခင်ဗျားကိုတိုက်ခိုက်မယ်..ဘယ်လောက် စွမ်းအားကြီးမလဲကြည့်ရအောင်”

စကားပြောနေရင်း အနက်ရောင်လျှပ်စီးအားကျွမ်းကျင်စွာကိုင်တွယ်လိုက်၏။ကောင်းကင်သူတော်စင်မီး‌တောက် ၏ စွမ်းအားအား ပုံမှန်အတိုင်းကျွမ်းကျင်စွာကိုင်တွယ်သကဲ့သို့ အနက်ရောင်လျှပ်စီးအတွင်းရှေးဟောင်းစာလုံးတစ်ခုအား တိတ်တဆိတ်ပေါင်းထည့်လိုက်သည်။ယင်းက မိုးကြိုးဥပဒေသကို ကိုယ်စားပြုသည့် ရှေးဟောင်းစာလုံးဖြစ်သည်။

ရုတ်ခြည်း အနက်ရောင်လျှပ်စီးထံမှ ပို၍ အားကောင်းပြီး ပို၍ အရိုင်းဆန်သော စွမ်းအားတစ်ခုထွက်ပေါ်လာသည်။

“အမ်”

ဝတ်ရုံနက်က ချက်ချင်းအံ့အားသင့်စွာပြောဆိုလိုက်သည်။ထို့နောက်သူကပြန်ဖြေ၏။

“ကောင်းပြီ.လုပ်လေ..ငါ့ကိုထိုးကြည့်”

ဝတ်ရုံနက်စကားဆုံးပြီးပြီးချင်းရှစ်ဖုန့်က နောက်တစ်ကြိမ်သူ၏ကာယခန္ဓာစွမ်းအားနှင့် လက်သီးပေါ်ရှိ အနက်ရောင်လျှပ်စီးစွမ်းအားတို့ကို အသုံးပြုပြီး ဝတ်ရုံနက်ထံပြင်းထန်သောလက်သီးချက်ကို ပစ်သွင်းလိုက်သည်။

“မင်းရဲ့ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကာယခန္ဓာ စွမ်းအားနဲ့ ဒီနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်လျှပ်စီးမိုးကြိုးနဲ့ဆိုရင် မင်းက သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက် ဟင်းလင်းပြင်ဓားကိုအသုံးပြုတဲ့အဆင့်ကိုရောက် နေပြီ.. ကောင်လေး…မင်းတကယ်ကံကောင်းတာပဲ”

ရှစ်ဖုန့်၏လက်သီးချက်အားတွေ့သောအခါတွင် ဝတ်ရုံနက်ကပြောလိုက်သည်။

သို့သော်ရှစ်ဖုန့်၏လက်သီးချက်က သူ့ထံသို့ရောက်လာသောအခါတွင် ဝတ်ရုံနက်မှာ ဤတိုက်ခိုက်မှုအပေါ် ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံတားဆီးခြင်းလုပ်ဖို့အတွက် ရည်ရွက်ချက်မရှိပေ။မကြာခင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးနှင့် ပေါင်းစပ်ထားသော လက်သီးချက်က ဝတ်ရုံနက်၏ကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။

သို့သော် လက်သီးချက်က ဝတ်ရုံနက်၏ကိုယ်ပေါ်သို့ တိုက်ရိုက်ဖြတ်ကျော်သွား၏။ဝတ်ရုံနက်မှာ တကယ်ကြီး ပုံရိပ်ယောင်ဖြစ်နေပုံရသည်။အစစ်မှန်ခန္ဓာကိုယ်ကိုက မည်သည့်နေရာတွင်မှရှာမတွေ့ပေ။

လက်သီးချက်က ထိမှန်တော့မည့်အချိန်တွင် ၎င်းကအတုအယောင်ဖြစ်သည်ကို ရှစ်ဖုန့်သိပြီးဖြစ်သည်။ဤလက်သီးချင်ဖြင့်ပုံရိပ် ယောင်ကို ရှစ်ဖုန့်ကချက်ချင်းခွဲဖြာထွက်သွားစေ၏။

လက်သီးချက်မှစွမ်းအားကိုအာရုံခံရင်း ရှစ်ဖုန့်မှာ အလွန်ကျေနပ်နေသည်။ဤအနက်ရောင်လျှပ်စီး အားအသုံးပြုချိန်တွင် ၎င်းက တကယ်ကြီး သာမန်နတ်ဘုရားတစ်ပိုင်းနယ်ယ်ကျွမ်းကျင်သူတစ်ဦး ထုတ်ဖော်သော တိုက်ခိုက်မှုအတွက် ပိုအားကောင်းသည်ဖြစ်၏။ယင်းကတကယ်ကြီး ကောင်းကင်သူတော်စင်မီးတောက်၏ စွမ်းအားကိုအသုံးပြုခြင်းနှင့် ညီမျှလုနီးပါးဖြစ်သည်ဖြစ်၏။

ဤအနက်ရောင်လျှပ်စီးနှင့်ဆိုလျှင် သူ့အတွက်တိုက်ခိုက်နိုင်စွမ်းတစ်ခုတိုးလာပြီဖြစ်သည်။

ထိုထက်ပိုသည်ကား ဟင်းလင်းပြင်ဓားအား အနာဂတ်၌အသုံးပြုချိန်၌ အကယ်၍သူသာ ကောင်းကင်သူတော်စင်မီးတောက်နှင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးတို့အား ပေါင်းစပ်နိုင်ခဲ့လျှင် ထိုသတ်ဖြတ်ခြင်းအကွက်၏ထုတ်လွှတ်သောစွမ်းအားက သေချာပေါက်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိလိမ့်မည်ဖြစ်သည်။

အကယ်၍ ၎င်းတို့အား နတ်ဘုရားမြေခေါင်းလောင်းနှင့် ပေါင်းစပ်လိုက်လျှင် အသံလှိုင်းစွမ်းအားကလည်း သူယခင်တုံးကအသုံးပြုသည်ထက် နှို်ငးယှဉ်၍မရအောင်သာလွန်လိမ့်မည်ဖြစ်သည်။

ဝတ်ရုံနက်ပြောသကဲ့သို့ ရှစ်ဖုန့်ဤတစ်ကြိမ်တကယ်ကံကောင်းသည်ဟု ပြောနိုင်သည်ဖြစ်၏။

သို့သော် ရှစ်ဖုန့်၏ကံတရားနှင့် ရုတ်ခြည်းတိုးလာသောခွန်အားတို့မှာ ကြောက်မက်ဖို့ကောင်းသော နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအောက်၌ သူရပ်တည်နိုင်ခဲ့သောကြောင့်ဖြစ်သည်။နတ်ဆိုး သုတ်သင်ခြင်း အနက်ရောင်မိုးကြိုးအောက်၌ ပြာပုံဘဝသို့ရောက်ဖို့များစွာနီးစပ်ခဲ့သည်ဖြစ်သည်။သူ့အနေဖြင့် သေခြင်းနှင့်ရှင်ခြင်းတို့ကြားဝဲပျံခဲ့ပြီးမှ ဤတိုက်ပွဲရလဒ်အား လဲလှယ်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ လက်သီးမှ အနက်ရောင်လျှပ်စီးတို့က အရေပြားနှင့်အသားတို့ထံသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

ဖြည်းဖြည်းချင်း မှုန်ဝါးသော ပုံရိပ်တစ်ခုက ရှစ်ဖုန့်ခန္ဓာကိုယ်၏ရှေ့တွင် တိတ်တဆိတ်ပေါ်လာသည်။ထို့နောက်၎င်းက ကျစ်လျစ်လာပြီးရှင်းလင်းလာ၏။ပျောက်ကွယ် သွားသော ဝတ်ရုံနက်မှာထပ်မံပေါ်လာပြီဖြစ်၏။

ထို့နောက်ဝတ်ရုံနက် ရှစ်ဖုန့်အား ထပ်မံမေးလိုက်သည်။

“ငါကမြေပေါ်ပြန်သွားပြီး မွန်းစတားနတ်ဘုရားသင်္ချိုင်းကို စူးစမ်းရှာဖွေမလို့ မင်းရောဘာလုပ်ဖို့စီစဉ်ထားလဲ..ငါနဲ့အတူတူစူးစမ်းရှာဖွေချင်လား ဒါမှမဟုတ် ဒီမှာပဲနေခဲ့ချင်လား”

ရှစ်ဖုန့်က ဝတ်ရုံနက်အား တိုက်ရိုက်မဖြေပေ။ ထိုအစား သူကမေးလိုက်သည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းထဲ ဝင်လာပြီးတဲ့နောက် ခင်ဗျားဘာရှာတွေ့ထားသေးလဲ”

ဝတ်ရုံနက်ကပြောသည်။

“ဒီကမ္ဘာက လုံးဝကို တိတ်ဆိတ်ပြီး ဘာသက်ရှိလက္ခဏာကိုမှ မတွေ့ရတာလွဲရင် ကွဲပြားတာဘာမှမရှိဘူး..ဘာအန္တရာယ် ဒါမှမဟုတ် ဘယ်လိုရှေးဟောင်းအဆင့်မြင့်အစီအရင်မျိုးကိုမှ ငါရှာမတွေ့ခဲ့ဘူး”

“ဒါပေမဲ့မင်း နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို ကြုံတွေ့ရပြီး အဲ့လူတွေဝိုင်းတာကို ခံရပြီးတဲ့နောက ထူးဆန်းတာတစ်ခုကို ငါရှာတွေ့ခဲ့တယ်”

“ဘာလဲ”

ရှစ်ဖုန့်ကသိချင်သော အမူအယာကိုပြသပြီး မေးလိုက်သည်။သူ့အား၎င်းတို့ဝိုင်းထားချိန်တွင် ဝတ်ရုံနက်အနေဖြင့် ထူးဆန်းသောတစ်စုံတစ်ခုအား ရှာတွေ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“အဲ့အချိန်တုံးက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတွေရပ်သွားတာကိုငါတွေ့တော့ မင်းကိုစစ်ဆေးဖို့ငါတိတ်တိတ်လေးပြန်လာခဲ့တယ်..အဲ့နောက်မှာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးရဲ့ဆွဲ ဆောင်မှုကြောင့် ရောက်လာခဲ့တဲ့ နတ်ဆိုးသားရဲတွေ ရုတ်ခြည်းပျောက်ကွယ်သွားတာကို ငါတွေ့ခဲ့ရတယ်”

“နတ်ဆိုးသားရဲ စုစုပေါင်းရာနဲ့ချီရှိပေမဲ့..အားလုံးက တစ်ချိန်တည်းပျောက်သွားကြတာ”

“နတ်ဆိုးသားရဲ ရာကျော်က တစ်ချိန်တည်းပျောက်သွားတာ ..”

ဝတ်ရုံနက်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်၏မျက်လုံးတို့ပြူးကျယ်သွားသည်။ ထို့နောက် တစ်ခုခုကိုတွေးမိပြီးပြောလိုက်၏။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းက ရှေးခေတ်အချိန်ကာလက နတ်ဘုရားနယ်ပယ်ကိုရောက်ရှိခဲ့တဲ့ မွန်းစတားနတ်ဘုရား ကျဆုံးခဲ့တဲ့နေရာလို့ခင်ဗျားပြောခဲ့တယ်မ……………..”

ရှစ်ဖုန့်စကားမဆုံးခင် ဝတ်ရုံနက်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တယ်”

“မင်းလိုပဲငါလည်းတွေးနေတာ..ငါတို့ကြိုးစားပမ်း စား ဝင်ရောက်ခဲ့တဲ့နေရာက အစစ်အမှန်မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေမဟုတ်လောက်ဘူး..အစစ်အမှန် မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေက ရှေးဟောင်းမွန်းစတားနတ်ဘုရားရဲ့ အော်ရာကိုပိုင်ဆိုင်တဲ့အဲ့နတ်ဆိုးသားရဲတွေကို ပဲဝင်ရောက်နိုင်တာဖြစ်မယ်”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters