အခန်း (၉၇၈)
Vol. 66 Ch. 978
အဆုံးသတ်တွင် ရှစ်ဖုန့်မှာဝတ်ရုံနက်နှင့် မျက်နှာပြင်ပေါ်သို့တက်ရန်ဆုံးဖြတ်လိုက်သည်။အတွေးတစ်ချက်ဖြင့် သူ၏ဘေး၌ သွေးနီရောင်အလင်းတစ်ခု လင်းလက်လာသည်။ရှစ်ဖုန့်ကတီရှာအား သွေးကျောက်ပြားအတွင်းမှထပ်မံဆင့်ခေါ်ထုတ်လိုက်သည်။
“မျက်နှာပြင်ပေါ်တက်ကြစို့”
ရှစ်ဖုန့်ကတီရှာအား အေးဆေးစွာပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်”
တီရှာကလေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ထို့နောက် ၎င်း၏မြေစွမ်းအားကို စတင်အသုံးပြုလိုက်၏။ရုတ်ခြည်း ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့၏ခြေဖဝါးအောက်၌ တိုင်လုံးနှစ်ခုထွက်ပေါ်လာသည်။တိုင်လုံးနှစ်ခုက ၎င်းတို့နှစ်ဦးအားအပေါ်သို့ သယ်ဆောင်သွား၏။
လျှို့ဝှက်အခန်း၏ထိပ်သို့ရောက်ကာနီးတွင် သူတို့ဦးခေါင်းထက်ရှိမြေသားတို့က စတင်လှုပ်ရှားလာသည်။မကြာခင် စက်ဝိုင်းပုံစံ ဝင်ပေါက်တစ်ခုပေါ်လာ၏။
ထို့နောက်နှစ်ယောက်သား တိုင်လုံးတို့နှင့်အတူလိုက်သွားပြီး အပေါ်သို့ဆက်လက်တက်သွားကြသည်။၎င်းတို့ကစက်ဝိုင်းပုံဝင်ပေါက်အတွင်းသို့ဝင်သွားကြ၏။ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မြေပြင်ကလှုပ်ရှားသွားပြီး ၎င်းတို့အတွက်လမ်းကြောင်းတစ်ခု အလိုအလျှောက် ဖန်တီးပေး၏။
အချိန်တိုတစ်ခုအတွင်း ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ မျက်နှာပြင်ထက်မျောလွင့်တက်လာသည်။
ဤအချိန်တွင်ညအချိန်သို့ရောက်နေပြီဖြစ်၏။
ဤကမ္ဘာ၏နေ့နှင့်ညက ပြင်ပကမ္ဘာကဲ့သို့ပင်ဖြစ်ပုံရသည်။
ယင်းကရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ အတိအကျလိုချင်နေသောအရာဖြစ်သည်။ညအချိန်ကျရောက်လာလျှင် ဝတ်ရုံနက်၏ လျှို့ဝှက်ပညာရပ်အား သူတို့အား ဖုံးကွယ်ပေးရန် ပို၍ ကူညီပေးနိုင်သည်ဖြစ်သည်။
လျှို့ဝှက်ပညာရပ်အောက်တွင် ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့၏ပုံရိပ်က လျှင်မြန်စွာပျောက်ကွယ်သွားသည်။
ဤအချိန်တွင်တီရှာ၏ ပုံရိပ်က လည်း မျက်နှာပြင်ထက်၌ မျောလွင့်ရပ်တည်နေဆဲဖြစ်သည်။ ရှစ်ဖုန့်က အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ချက်လင်းလက်စေလိုက်သည်။ ရှစ်ဖုန့်ကတီရှာအား သွေးကျောက်ပြားအတွင်းသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။
“သွားစို့”
ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ ထို့နောက်ဟင်းလင်းပြင်ထဲဖျက်ခနဲဦးတည်လိုက်၏။ဝတ်ရုံနက်နှင့်အတူတကွ ဤကမ္ဘာအား စတင်စူးစမ်းရှာဖွေလိုက်သည်။ ဤကမ္ဘာ၏လျှို့ဝှက်ချက်အား ရှာတွေ့ရန် သူတို့မျှော်လင့်မိသည်။
မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်းတွင် နေ့ဘက်ကဖြစ်ပေါ်ခဲ့သည့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးကြောင့် မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်းလူများပို၍ ပို၍ ဝင်ရောက်လာကြသည်။
ယခုအခါတွင်ဤနေရာသို့ဝင်ရောက်လာကြသောသူများမှာ အရေးကြီးသောပြဿနာတစ်ခုကို တွေ့ရှိလာရသည်။ ယင်းက ဤနေရာမှမည်ကဲ့သို့ထွက်သွားရမလဲဟူ၍ဖြစ်သည်။
၎င်းတို့ဤနေရာသို့ဝင်ရောက်လာချိန်တွင် ၎င်းတို့အနေဖြင့် နတ်ဆိုးရိုင်းတောင်တန်းအတွင်းမှဆန်းကြယ်သောဝဲ၏ စုပ်ယူခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။၎င်းတို့အနေဖြင့်ဤနေရာက ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုအဖြစ်တွေးထင်ပြီး ဤနေရာအား စတင်စူးစမ်းရှာဖွေခဲ့ကြသည်။
အဆုံးသတ်တွင် ဤနေရာ၌သူတို့ဘာကိုမှရှာမတွေ့ခဲ့ပေ။ ဤနေရာမှသူတို့ထွက်ခွာချင်လာသောအခါတွင်ဤနေရာ၌ ဘာမှရှိမနေရုံသာမက ထွက်ပေါက်လည်းရှိမနေသည်ကိုတွေ့လိုက်ရသည်။
သို့သော် ဤကမ္ဘာငယ်လေးအတွင်း ရဲရင့်သော တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်ပေါ်ထွက်လာမှုကြောင့် မျိုးနွယ်စုအသီးသီးမှလူများမှာ လူဖြန့်ပြီးမသွားရဲဘဲ အတူတကွသာလှုပ်ရှားကြသည်။
ထိုသို့နှင့်ဤကမ္ဘာသို့ ဝင်ရောက်လာကြသောလူများမှာ ယနေ့ဖြစ်ပျက်ခဲ့သမျှကိုကြားပြီးနောက် တစ်ယောက်တည်းသွားလာမလှုပ်ရှားရဲကြတော့
ပေ။
၎င်းကတစ်ယောက်တည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်ကိုးယောက်ကို တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်ကို သတ်ခဲ့ကာ စိတ်ချလက်ချမဆုတ်ခွာခင် တစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့သေးသည်ဖြစ်သည်။အကယ်၍ မည်သူမဆို တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ရက်စက်သောလူနှင့် တစ်ယောက်တည်း မမျှော်လင့်ဘဲပက်ပင်းတိုးခဲ့လျှင် သူတို့သေချာပေါက်သေဆုံးရလိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကား တောင်ပေါ်နတ်ဆရာမျိုးနွယ်မှ ရက်စက်သောလူငယ်မှာ ယုတ်မာအောက်တန်းကျသော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ကျင့်ကြံထားသည်ဖြစ်သည်။၎င်းက လူတစ်ယောက်၏သွေးအား သေသည်အထိ ခြောက်သွေ့အောင် စုပ်ယူသည်ဖြစ်ပြီး စုပ်ယူခံရသူအနေဖြင့် မံမီအလောင်းကောင်တစ်ခုကဲ့သို့ ပြောင်းလဲသွားလိမ့်မြည်ဖြစ်သည်။
သူတို့အနေဖြင့် သေရုံသာသေရမည်မဟုတ်ဘဲ ဆိုးဆိုးရွားရွားသေခြင်းတစ်ခုကို ခံစားရလိမ့်မည်ဖြစ်သည်။
အချိန်ခဏလေးအတွင်း မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်း၌ ကြမ်းကြုတ်ရက်စက်သောသားရဲတစ်ကောင်ပေါ်လာခဲ့သည့်နှယ်ပင်ဖြစ်သည်။
“ငါတို့တွေရှာတာတော်တော်ကြာနေပြီ…ထွက်ဖို့အတွက်လမ်းတစ်ခုကို အခုထိမတွေ့သေးဘူး..ဒီမှာတကယ်ပဲ ထွက်ဖို့လမ်းမရှိဘူးလား…ငါတို့ဘဝတစ်လျှောက်လုံးတကယ်ပဲ ဒီနေရာမှာပိတ်မိသွားတော့မှာလား”
လူအုပ်ထဲမှ တုတ်ခိုင်သန်မာသောလူတစ်ယောက် စိတ်မရှည်သောအပြုအမူလေသံမျိုးဖြင့်ပြောလိုက်သည်။
သို့သော် ဤနေရာတွင် သာမန်ပုံစံနှင့်တည်တည်ငြိမ်ငြိမ်ရှိပုံရသော လူငယ်တစ်ယောက်ကပြောလိုက်သည်။
“အားလုံးပဲ..စိတ်အရမ်းမလောကြနဲ့..ဒီကို ကျုပ်တို့နဲ့အတူဝင်လာတဲ့ နတ်ဆိုးသားရဲတွေအများကြီးရှိပေမဲ့….အခုတစ်
ကောင်တစ်လေရဲ့ အော်ရာကိုတောင် ကျုပ်တို့အာရုံခံလို့မရသေးဘူး…..အဲ့နတ်ဆိုးသားရဲတွေက ကျုပ်တို့ မသိခင် မှာထွက်ပေါ်တစ်ခုကိုရှာတွေ့သွားပြီး ဒီနေရာကထွက်သွားလောက်တာဖြစ်ဖို့များတယ်”
“ဟုတ်တယ် ..အမှန်ပဲ”
နောက်ထပ်လူတစ်ဦးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ငါလည်းအဲ့နတ်ဆိုးသားရဲတွေကို သတိပြုမိနေတာကြာပြီ…သူတို့တကယ်ပဲ လမ်းတစ်ခုတွေ့ပြီးထွက်သွားတာလား ဒါမှမဟုတ် ငါတို့မသိသေးတဲ့လျှို့ဝှက်နေရာတစ်ခုကို ဝင်သွားတားလားတစ်ခုခုတော့ဖြစ်ရမယ်..ဒီကမ္ဘာကအပေါ်ယံမြင်ရသလောက်ရိုးရှင်းတဲ့ပုံမပေါ်ဘူး”
ဤစကားအားပြောလိုက်သောသူကားအကြီးအကဲကျိပင်ဖြစ်သည်။
အကြီးအကဲကျိစကားဆုံးပြီးနောက် သာမန်ပုံစံနှင့်တည်တည်ငြိမ်ငြိမ်ရှိပုံရသော လူငယ်က ဆက်ပြောသည်။
“တကယ်တော့ ကျုပ်မှန်းတာသာမမှားရင် ဒီနေရာက ရှေးခေတ်အချိန်ကာက မွန်းစတားနတ်ဘုရားကျဆုံးသွားတဲ့ အပျက်အစီးနယ်မြေဖြစ်လောက်တယ်…ဒါကိုမွန်းစတားနတ်ဘုရားသင်္ချိုင်းလို့ခေါ်တယ်”
“ကျုပ်အိမ်မှာတုန်းက ရှေးဟောင်းစာအုပ်တစ်အုပ်ကိုတစ်ခါဖတ်ခဲ့ဘူးတယ်…အဲ့မှာပါတဲ့တည်နေရာက လည်းနတ်ဆိုးရိုင်းတောင်တန်းပဲ”
“အာ..မွန်းစတားနတ်ဘုရားသင်္ချိုင်း”
“ရှေးခေတ်အချိန်ကာလကတည်းက မွန်းစတားနတ်ဘုရားကျဆုံးသွားတဲ့နေရာလား”
လူငယ်စကားထပ်မံပြောချိန်တွင် လူအုပ်ထဲမှအံ့အားသင့်သံများရုတ်ခြည်းထွက်ပေါ်လာသည်။
ပင့်သက်ရှိုက်သံများပင်ထွက်ပေါ်လာသည်ဖြစ်၏။
“အိုး”
အကြီးအကဲမှာ လူငယ်၏စကားတို့အားကြားသောအခါတွင် အာမေဋိတ်သံခပ်ဖျော့ဖျော့ပြုလိုက်သည်။ထို့နောက်လူငယ်အား ဂရုတစိုက် အကဲခတ်လိုက်ပြီး ဤလူငယ်အား အရမ်းရင်းနီးမှုရှိသည်တွေ့လိုက်ရသည်။၎င်းကသာမန်ပုံစံသာရှိသော်လည်း ပုံမှန်မဟုတ်သောခံစားချက်တစ်ခုကို ပေးစွမ်းသည်ဖြစ်သည်။
ထို့နောက် အကြီးအကဲကျိက ယဉ်ကျေးသောလေသံဖြင့်မေးလိုက်သည်။
“ဒီကညီလေးကဘယ်သူလဲဆိုတာကို ကျုပ်မေးလို့ရမလား…..ညီလေးကဘယ်မျိုးနွယ်စုကလဲ”
“အိုး..ကျုပ်လား”
အကြီးအကဲကျိ၏စကားများအား ကြားပြီးနောက် လူငယ်က ခင်မင်ရင်းနှီးသောအပြုံးနှင့် ပြောလိုက်သည်။
“ကျုပ်က မြေရိုင်းမြို့တော်က လာတာပါ..ကျုပ်နမည်က ကုန်းစွန်းယွမ်လို့ခေါ်တယ်”
“မြေရိုင်းဒေသ..ကုန်းစွန်းယွမ်”
“ကွန်းစွန်းမိသားစုရဲ့ တတိယသခင်လေး….ကုန်းစွန်းယွမ်”
မျိုးနွယ်စုအသီးသီးမှလူများမှာ ကုန်းစွန်းယွမ်၏ မိတ်ဆက်မှုအားကြားသောအခါတွင် အံ့အားသင့်သောအသံလှိုင်းများ အစီအရီထွက်ပေါ်လာသည်။
မြေရိုင်းဒေသကြီးက အကန့်သတ်မဲ့ပြီးကျယ်ပြောလှသော်လည်း မြေရိုင်းမြို့တော်ဟုခေါ်သည့် ရှေးကျသည့်မြို့ကြီးတစ်ခုတည်းသာရှိသည်ဖြစ်သည်။
မျိုးနွယ်စုအသီးသီးမှလူများအနေဖြင့် မြို့တစ်ခုအား မည်ကဲ့သို့တည်ဆောက်ရမည်ဟု မသိခြင်း သို့မဟုတ် မြို့တစ်ခုကိုတည်ဆောက်ရန် အရည်အချင်းမပြည့်မှီခြင်း သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းမရှိခြင်းတို့ကြောင့် မြို့တစ်ခုကို မတည်ထောင်ကြခြင်းမဟုတ်ပေ။ ယင်းမှာ မြေရိုင်းမြို့တော်အား ခုခံတွန်းလှန်ပြီး မြေရိုင်းဒေသကြီးအတွင်း၌ မြို့တစ်ခု ထူထောင်ရဲသည့်မည်သူမဆို မြေရိုင်းမြို့တော်၏ ဖိနှိပ်မှုကို သေချာပေါက်ခံရမည်ဖြစ်သောကြောင့်သာဖြစ်
သည်။
မြေရိုင်းဒေသအတွင်းတွင် မြေရိုင်းမြို့တော်ဟုခေါ်သည့် မြို့တော်တစ်ခုတည်းသာရှိပြီး မြေရိုင်းမြို့တော်အရှင်သခင်၏ မျိုးရိုးနမည်အား ကုန်းစွန်းထိုင်းယင်ဟုခေါ်သည်ဖြစ်သည်။
သူကမြေရိုင်းဒေသအတွင်း အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နံပါတ်တစ်အရှင်သခင်ဖြစ်သည်။
ကုန်းစွန်းထိုင်းယင်သာ အမိန့်တစ်ခုပေးလိုက်သည်နှင့် မြေရိုင်းဒေသအတွင်းရှိ မည်သည့်မျိုးနွယ်စုကမှ မနာခံဘဲမနေရဲကြချေ။
ကောလဟာလများအရ ကုန်းစွန်းထိုက်ယင်၏ ခွန်အားမှာ ယခုအခါ၌ ခန့်မှန်း၍ မရနိုင်သောအဆင့်တစ်ခုသို့ရောက်ရှိနေပြီဟုဆို
သည်။
အကြီးအကဲကျိမှာ ကုန်းစွန်းယွမ်၏ သရုပ်မှန်အား ကြားလိုက်ရသောအခါတွင် အလျှင်အမြန်လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဒီတော့..ဒါကတတိယသခင်လေးဖြစ်နေတာကိုး..မလေးမစားလုပ်မိတဲ့အတွက်တောင်းပန်ပါတယ်”
“ဟေး.ဟေး.ဟေး..ဟေး..အဲ့လိုမလုပ်စမ်းပါနဲ့…
ကျုပ်ကိုပုံမှန်အတိုင်း သာမန်အတိုင်းဆက်ဆံပါ..သာမန်မျိုးနွယ်စုတစ်ခုက ကျင့်ကြံသူတစ်ယောက်လိုကျုပ်ကို ဆက်ဆံပါ”
သူ၏သရုပ်မှန်အားသိပြီးနောက် အားလုံး၏အမူအယာများက ပြောင်းလဲသွားသည်ကို တွေ့ရသောအခါတွင် ကုန်းစွန်းယွမ်က လက်အားအလျှင်အမြန်ဝေ့ယမ်းပြီး ပြောလိုက်သည်။
လူအုပ်၏အဝေးတွင် ပုံရိပ်နှစ်ခုက ညကောင်းကင်ယံထဲ၌ ပုန်းအောင်းနေပြီး လူအုပ်ထံသို့ကြည့်လိုက်သည်။
ရှစ်ဖုန့်မှာမူလက ဝတ်ရုံနက်နှင့် ဤကမ္ဘာအားစူးစမ်းရှာဖွေပြီး သွေးသောက်ဓားဆက်လက်တိုးတက်လာရန်
အတွက် စူးစမ်းရှာဖွေစဉ် လူများအားသတ်ရန်တွေးခဲ့၏။
ထိုလူများက သူ၏အသက်ကိုလိုချင်သောကြောင့် သူကလည်း၎င်းတို့အားသတ်မည်မှာ ပုံမှန်သာဖြစ်သည်။
သို့သော်နောက်ပိုင်းတွင် ထိုလူများက အတူတကွစုစည်းနေကြဆဲဖြစ်ပြီး မည်မျှပင်ကြိုးစားပါစေ လူကွဲထွက်သွားခြင်းမရှိသောကြောင့် သူ့အနေဖြင့် ၎င်းတို့အားသတ်ရန် အခွင့်အရေးတစ်ခုပင်မရခဲ့ပေ။
ယနေ့၌အရမ်းကို တုန်လှုပ်ဖွယ်ကောင်းလွန်သော ပုံမှန်မဆန်လွန်းသောစွမ်းအားအားပြသရန်သူ့အားမည်သူကများတောင်းဆိုခဲ့ပါသနည်း။
ဤအချိန်တွင်ရှစ်ဖုန့်နှင့်အတူ လူအုပ်အားကြည့်နေသော ဝတ်ရုံနက်က ရုတ်ခြည်းရှစ်ဖုန့်ကိုပြောလိုက်သည်။
“အဲ့လူကမရိုးရှင်းဘူး”
နှစ်ယောက်သားသဘောတူညီမှုတစ်ခု ပြုလုပ်ထားသကဲ့သို့ နှစ်ယောက်လုံးက မြေရိုင်းမြို့တော်မှဟု မိမိကိုယ်မိမိပြောသော ကုန်းစွန်းယွမ်ထံသို့ကြည့်လိုက်သည်။
“ကုန်းစွန်းမိသားစုရဲ့ တတိယသခင်လေး”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE