← Chapters

အခန်း (၉၇၉)

Vol. 66 Ch. 979

အခန်း (၉၇၉)

Vol. 66 Ch. 979

မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်းတွင် ဝတ်ရုံနက်နှင့် ရှစ်ဖုန့်တို့က အကွာအဝေးတစ်ခုအတွင်းမှ ကုန်းစွန်းယွမ်အားကြည့်နေကြသည်။ဤအခိုက်အတန့်တွင် ကုန်းစွန်းယွမ်က ရှစ်ဖုန့်နှင့်ဝတ်ရုံနက်ထံသို့ကြည့်လိုက်၏။

ယင်းမှာသူ့အနေဖြင့် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော လူနှစ်ယောက်အား မြင်တွေ့ရသကဲ့သို့ပင်ဖြစ်သည်။

“မကောင်းတော့ဘူး..သူငါတို့ကိုတွေ့သွားပြီ..သွားစို့”

ကုန်းစွန်းယွမ်က သူတို့အားကြည့်လိုက်သည်ကို‌တွေ့သွားသောအခါတွင် ဝတ်ရုံနက် လေးနက်သောအသံဖြင့်ပြောလိုက်သည်။

သူနှင့်ရှစ်ဖုန့်တို့၏ပုံရိပ်က ချက်ချင်းဖျက်ခနဲဖြစ်သွားပြီး မြင့်မားသောအရှိန်ဖြင့်နောက်သို့ ပြန်ဆုတ်သွားကြသည်။

သို့သော် ကုန်းစွန်းယွမ်က တကယ်ပဲသူတို့အား ရှာတွေ့သွားခြင်းလား သို့မဟုတ် မတော်တဆတိုက်ဆိုင်စွာဖြင့် သူတို့ဘက်သို့တစ်ချက်ကြည့်မိခြင်းလားဆိုသည်ကို မည်သူမျှမသိရပေ။သူ့ဘေးရှိလူများကို လည်း သူကဘာမှပြောကြာခြင်းမရှိပေ။

သူ၏မျက်နှာထက်၌ ယခင်အတိုင်း ကြင်နာမှုအရိပ်အယောင်တို့ ရှိနေဆဲဖြစ်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ ပုံရိပ်များက အမှောင်ထုအတွင်း တစ်ဟုန်ထိုးရှေ့နောက်လွန်းထိုး ဦးတည်သွားနေကြသည်။နောက်ဆုံးတွင် ကျတ်တီးတောင်တစ်လုံး၏ အပေါ်တစ်ဝက်သို့ရောက်မှ နှစ်ယောက်သား ရပ်တန့်လိုက်ကြသည်။

အချိန်အတော်ကြာရှာဖွေပြီးသည့်တိုင် ဘာကိုမှသူတို့အနေဖြင့်ရှာမတွေ့သေးချေ။နတ်ဆိုးသားရဲတစ်ကောင်တစ်လေကိုပင်သူတို့မမြင်တွေ့ရသေးပေ။

“ဒီကမ္ဘာမှာ နတ်ဆိုးသားရဲတွေပဲ မြင်နိုင်မဲ့ ဆန်းကြယ်တဲ့ လမ်းကြောင်းတစ်ခု ရှိမယ်လို့ငါထင်တယ်”

ဝတ်ရုံနက်က ရှစ်ဖုန့်အား ပြောလိုက်သည်။

“ဖြစ်နိုင်လောက်တယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်ပြောလိုက်သည်။

“အခုဒီသခင်လေးတို့ရဲ့ ကံတစ်ခုတည်းအပေါ်ကိုပဲ မှီခိုရတော့မဲ့ပုံပဲ..ဒီသခင်လေးတို့ ကံကောင်းရင် ဒီနေရာကို စုပ်ယူခံရတဲ့ နတ်ဆိုးသားရဲတစ်ကောင်ကိုတွေ့နိုင်လောက်တယ်..အဲ့အခါ သူတို့ဘယ်နေရာကိုဖြတ်သွားလဲဆိုတာကို ရှာတွေ့နိုင်တယ်”

“ဟုတ်သားပဲ..နတ်ဆိုးသားရဲ..နတ်ဆိုးသားရဲ”

ရုတ်တရက်တစ်စုံတစ်ခုအား ရှစ်ဖုန့်တွေးမိသွားသည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်၏ အံ့အားသင့်သောအမူအယာအားတွေ့လိုက်ရသောအခါတွင် ဝတ်ရုံနက်ကမေးလိုက်သည်။

“ဒါကိုကြိုးစားကြည့်ရအောင်”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရှစ်ဖုန့်တစ်ချက်ကြိုးစားကြည့်မည့်အရာအားဝတ်ရုံနက်တစ်ယောက်သိချင်နေချိန်တွင် သူတို့၏ရှေ့၌ သွေးနီ‌ရောင် အလင်းတစ်ခုရုတ်ခြည်းလင်းလက်လာသည်။သွေးနီရောင်အလင်း‌ပျောက်ကွယ်သွားသောအခါတွင် အနီရောင်၊အပြာရောင်နှင့် ခရမ်းရောင်တို့ပါရှိသော ဦးခေါင်းသုံးလုံး မြွေက သူတို့၏ရှေ့၌ပေါ်လာသည်။

ယင်းက မြွေလူသားမျိုးနွယ်စုမှ ခန္ဓာရှစ်ပါး(ကျိလီမြွေခန္ဓာ) နတ်ဘုရားမြွေ၏ ကိုယ်ပွားသုံးခုပင်ဖြစ်သည်။ရှစ်ဖုန့်အနေဖြင့် လောလောဆယ်တွင် မျိုးနွယ်စု ပေါင်းစုံထံမှ ပုန်းအောင်းနေရသောကြောင့် ၎င်း၏ ဧရာမပုံစံအား ပေါ်လာခွင့်ပြုမည်မဟုတ်ပေ။ ဤအချိန်တွင် ဤခေါင်းသုံးလုံးမြွေမှာ လူသားတစ်ယောက်အရွယ်အစားသာရှိသည်ဖြစ်သည်။

“ခေါင်းသုံးလုံး နတ်ဆိုးသားရဲ”

သူ့ရှေ့ရှိဦးခေါင်းသုံးလုံးမြွေအား မြင်တွေ့လိုက်ရသောအခါတွင် ဝတ်ရုံနက်က တီးတိုးရေရွတ်လိုက်သည်။ သို့သော်ဝတ်ရုံနက် အနေဖြင့် အခြားမြွေများဖြင့်ကွဲပြားသော ဦးခေါင်းသုံးလုံးမြွေအား မြင်တွေ့လိုက်ရချိန်တွင် အံ့အားသင့်ခြင်းတော့မဖြစ်မိပေ။

အရိုင်းတိုက်ကြီး ကလွန်စွာကြီးမားလှသည်ဖြစ်သည်။သူယခင်ကမ မြင်တွေ့ဖူးသော နတ်ဆိုးသားရဲများစွာရှိသည်ဖြစ်၏။ထိုထက်ပိုသည်ကားဤလူမှာ အခြားတိုက်ကြီးတစ်ခုမှလာခြင်းဖြစ်သည်။ဤနတ်ဆိုးသားရဲကလည်း သူ၏တိုက်ကြီးမှ အထူးသားရဲတစ်ကောင်ဖြစ်ရမည်သာဖြစ်သည်။

“အရမ်းကောင်းတယ်...ဒီနတ်ဆိုးသားရဲနဲ့သာဆိုရင် ငါတို့တွေ တစ်ခုခုကို ရှာတွေ့နိုင်စွမ်းရှိလောက်တယ်”

ဝတ်ရုံနက်က ထပ်မံပြောလိုက်ပြီး သူ၏လေသံ၌ ပျော်ရွှင်မှုတစ်စွန်းတစ်စပင်ပါဝင်နေ၏။

“အလုပ်ဖြစ်ဖို့မျှော်လင့်တာပဲ”

ရှစ်ဖုန့်ကတော့ မသေချာစွာပင်ပြောသည်။ အားလုံးထက်ဤသည်ကား မြွေလူသားမျိုးနွယ်စုမှ ခန္ဓာရှစ်ပါးနတ် ဘုရားမြွေ၏ ကိုယ်ပွားတစ်ကောင်သာဖြစ်သည်။ ၎င်းကနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်လားဆိုသည်ကားမသေချာပေ။ဖြစ်ခဲ့လျှင်တောင် ၎င်းက ထျန်းဟန်တိုက်ကြီး၏ ထူးခြားသော သားရဲတစ်ကောင်သာဖြစ်ပြီး အရိုင်းတိုက်ကြီး၏ သားရဲမဟုတ်ပေ။ ၎င်းအနေဖြင့် ငြင်းပယ်ခံရမည်လားဆိုသည်ကို ပင်သူမသိပေ။

ခေါင်းသုံးလုံးမြွေအား ထုတ်လိုက်ပြီးနောက် ၎င်းတို့အပေါ်ထိန်းချုပ်ထားမှုကို လည်း လွှတ်ပေးလိုက်ပြီး ညကောင်းကင်ယံထဲ၌ ကိုယ့်ဘာသာကိုယ် လှည့်လည်သွားလာခွင့်ပြုထားလိုက်သည်။ သူနှင့်ဝတ်ရုံနက်တို့က ၎င်းတို့နောက်မှ လိုက်သွားပြီး ပြောင်းလဲမှုများအား တိတ်တဆိတ်စောင့်ကြည့်နေကြသည်။

“မင်းရဲ့ ခေါင်းသုံးလုံးမြွေမှာ အားကောင်းတဲ့မျိုးဆက်သွေးတစ်ခုရှိတာကို ငါတွေ့ရတယ်..ဒါကသာမန်သက်ရှိတစ်ကောင်မ ဟုတ်ဘူး”

ခေါင်းသုံးလုံးမြွေနောက်မှ နီးကပ်စွာလိုက်ပါရင်း ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ခင်ဗျားထပ်ပြီးဖြတ်မြင်ပြန်ပီပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သူတို့ရဲ့ဦးခေါင်းတွေ ခြောက်ခု ဒါမှမဟုတ် ခုနှစ်ခုကို စုစည်းနိုင်တာနဲ့ နတ်ဘုရားအဆင့်မွန်းစတားတစ်ကောင်ကို ဆင့်ခေါ်နိုင်တယ်လို့ပြောကြတယ်”

“နတ်ဘုရားအဆင့်မွန်းစတား”

ဝတ်ရုံနက်၏အံ့အားသင့်သံအားကြားရသောအခါတွင် ရှစ်ဖုန့်က ချက်ချင်းထပ်ပေါင်းပြောလိုက်သည်။

“ဒါကဒီသခင်လေးတို့ ကမ္ဘာရဲ့ ဒဏ္ဍာရီတစ်ခုပဲ..အဲ့တာက နတ်ဘုရားတစ်ပိုင်နယ်ပယ်လား အစစ်အမှန်နတ်ဘုရားလားဆိုတာကို ဒီသခင်လေးမသိဘူး”

“အိုး”

ဝတ်ရုံနက်က နားလည်သည့်အနေဖြင့် ခေါင်းညိမ့်သည်။ ရှစ်ဖုန့်နှင့်အတူရှိစဉ်ထျန်းဟန်တိုက်ကြီး အကြောင်းကို သိချင်စွာဖြင့်ရှစ်ဖုန့်အား သူမေးမြန်းခဲ့သည်။

ရှစ်ဖုန့်ကလည်းသူ့အားအနည်းငယ်ပြောပြခဲ့သောကြောင့် ထျန်းဟန်တိုက်ကြီး၏ သမိုင်းအတွင်း နတ်ဘုရားတစ်ပိုင်းများနှင့် နတ်ဘုရားများအားရောထွေးနေသည်ကို သူသိပြီးဖြစ်သည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းကထွက်တာနဲ့ မင်းနဲ့အတူ စပါးအုံးနဂါးမျိုးနွယ်စုကိုသွားပြီး ထျန်းဟန်တိုက်ကြီး အကြောင်းမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းစာလိပ်ကိုတောင်းပေးမယ်..အဲ့တာပြီးရင် မင်းနဲ့အတူတူ ထျန်းဟန်တိုက်ကြီးကို လိုက်ပြီးတော့ မင်းပြောသလို စိတ်ဝင်စားဖို့ကောင်းလားဆိုတာကို ကြည့်မယ်”

ဝတ်ရုံနက်ကပြောလိုက်သည်။

“တကယ်တော့ ထျန်းဟန်တိုက်ကြီးက အဲ့လောက်စိတ်လှုပ်ရှားဖို့မကောင်းပါဘူး.. ခင်ဗျားအရင်ကမမြင်ဘူးတဲ့ အသစ်အသစ်အရာတွေအများကြီးရှိတာပဲရှိတာ… ခင်ဗျားတို့အရိုင်းတိုက်ကြီးက ကျင့်ကြံသူတွေက အရမ်းစွမ်းအားကြီးမားပေမဲ့ ယဉ်ကျေးမှုကတော့ အရမ်းကို ခေတ်နောက်ပြန်ဆွဲသလိုမျိုး နောက်ကျနေတယ်..”

ရှစ်ဖုန့်ကပြောလိုက်သည်။

ဤနေရာရှိလူများ၏ဝတ်စားဆင်ယဉ်ပုံမှာ လွန်ခဲ့သောနှစ်ပေါင်းသောင်းနှင့်ချီအကြာက ထျန်းဟန်တိုက်ကြီး အတွင်းရှိ ရှေးခေတ်လူများနှင့် တူညီလုနီးပါးရှိသည်ဖြစ်သည်။ ဤဝတ်ရုံနက်လူကတော့ထူးဆန်းသော ဝတ်ရုံနက်ကိုဝတ်ဆင်ထားခဲ့သည်။ ထိုလူများနှင့် နှိုင်းယှဉ်လျှင် သူကတော်တော်လေး ပျမ်းမျှအဆင့်ရှိသည်ဖြစ်၏။

“ကြည့်လိုက်အုံး”

ဤအချိန်တွင် ရှစ်ဖုန့်၏အံ့အားသင့်စွာပြောဆိုသံထွက်ပေါ်လာ သည်။ညကောင်းကင်ယံအတွင်းဝင်ရောက်သွားသကဲ့သို့ ဦးခေါင်းသုံးလုံးမြွေကား ညကောင်းကင်ယံထဲ၌ ရုတ်ခြည်းပျောက်ကွယ်သွားသည်။

“သူတို့နောက်လိုက်ကြရအောင်”

ဝတ်ရုံနက်ကပြောလိုက်သည်။

သူနှင့်ရှစ်ဖုန့်တို့က ရုတ်ခြည်း ဦးခေါင်းသုံးလုံးမြွေထံသို့ တစ်ရှိန်ထိုးဦးတည်လိုက်သည်။ ဦးခေါင်းသုံးလုံးမြွေလုံးဝပျောက်ကွယ်သွားချိန်တွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ကလည်းတစ်ချိန်တည်း ဖျက်ခနဲရောက်လာသည်။

အလွန်လျှင်မြန်စွာဖြင့်ပုံရိပ်နှစ်ခု ညကောင်းကင်ယံထံသို့ဖျက်ခနဲရောက်ရှိလာပြီး နောက် ပျောက်ကွယ်သွားသည်။

“ဒါကဘာလဲ..ငါတို့အဲ့ကမ္ဘာမှာပဲရှိနေသေးတာလား..ဒါမှမဟုတ် ကမ္ဘာသစ်တစ်ခုကို ဝင်လာခဲ့မိတာလား”

ရှစ်ဖုန့်၊ဝတ်ရုံနက်နှင့် ဦးခေါင်းသုံးလုံးမြွေတို့ကား ညကောင်းကင်ယံထဲ၌ မျောလွင့်ရပ်တည်နေဆဲဖြစ်သည်။ညကောင်းကင်ယံနှင့် အောက်ဘက်ရှိ မြေမျက်နှာပြင်တို့ကသူတို့ အစောပိုင်းက မြင်တွေ့ခဲ့ရသည်နှင့် တစ်ထေရာတည်းတူညီသည်ဖြစ်သည်။

“သေချာနားထောင်ကြည့်အုံး”

ဤအချိန်တွင် ဝတ်ရုံနက်ကပြောလိုက်သည်။

နှစ်ယောက်သားစကားပြောရပ်လိုက်သည့်အချိန် တွင် အကွာအဝေးတစ်ခုအတွင်းမှ နတ်ဆိုးသားရဲနှစ်ကောင်၏ ဟိန်းသံခပ်ယဲ့ယဲ့ကိုကြားလိုက်ရသည်။

“ဂါး..ဂါး.ဂါး”

အသံမှတစ်ဆင့် ယင်းမှာ နတ်ဆိုးသားရဲနှစ်ကောင် ကြမ်းကြုတ်စွာတိုက်ခိုက်နေကြောင်းသိနိုင်သည် ဖြစ်သည်။အကွာအဝေးတစ်ခုအတွင်းမှ စွမ်းအားကြီးအော်ရာနှစ်ခုကို လည်းရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။၎င်းတို့မှာနတ်ဘုရားတစ်ပိုင်းနယ်ပယ် နတ်ဆိုးသားရဲနှစ်ကောင် တိုက်ခိုက်နေခြင်းဖြစ်လောက်သည်ဖြစ်သည်။

“ဒီသခင်လေးတို့ ကမ္ဘာသစ်တစ်ခုကို ဝင်ရောက်ခဲ့တဲ့ပုံပဲ..ဒါကမှတကယ့်မွန်းစတားနတ်ဘုရားသင်္ချိုင်းဖြစ်ကောင်းဖြစ်နေနိုင်တယ်..တစ် ချက်သွားပြီးကြည့်ကြတာပေါ့”

သူအာရုံခံမိသော တိုက်ပွဲနေရာသို့ ထိုးညွှန်ပြပြီး ဝတ်ရုံနက်အားရှစ်ဖုန့်က ပြောလိုက်သည်။

သားရဲကြီးနှစ်ကောင် ပြင်းထန်စွာတိုက်ခိုက်နေကြခြင်းဖြစ်သည်။ငါဖမ်းသူတစ်ဦးအနေဖြင့် အခွင့်အရေးအားလွဲချော်စေရန် ရှစ်ဖုန့်အနေဖြင့် ဆန္ဒမရှိပေ။ သားရဲကြီးနှစ်ကောင်၏ သွေးတို့အားဝါးမျိုပြီးသည့်နောက်တွင် သူ၏သွေးသောက်ဓားမှာသေချာပေါက် ထပ်မံအဆင့်တက်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားကလည်း အဆင့်တက်လုဆဲအခြေအနေတွင်ရှိသည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ် နတ်ဆိုးသားရဲနှစ်ကောင်၏ ဝိညာဉ်တို့အား ဝါးမျိုပြီးသည့်နောက်တွင် သူ၏ဝိညာဉ်စွမ်းအားက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏ရှေ့တွင် သွေးနီရောင်အလင်းတစ်ချက်ထပ်မံလင်းလက်သွားသည်။ ခေါင်းသုံးလုံးမြွေမှာ ရှစ်ဖုန့်၏သွေးကျောက်ပြားအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ထို့နောက် ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့က ပြင်းထန်သောတိုက်ပွဲဖြစ်ရာနေရာဆီသို့ ဖျက်ခနဲဦးတည်လိုက်ကြသည်။

သို့သော် ထိုနေရာသို့ဦးတည်နေချိန်တွင် ဤကမ္ဘာအားစူးစမ်းရှာဖွေရန်လည်း မေ့လျော့ခြင်းမရှိပေ။ အချိန်မရွေး ကျရောက်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန်အတွက် အဆက်မပြတ်အသင့်အနေအထား ကိုလည်းဆက်တိုက်ပြင်ဆင်ထားသည်ဖြစ်သည်။

ဤနေရာကား ရှေးဟောင်းနတ်ဘုရားဖြစ်သည့် မွန်းစတားနတ်ဘုရား ကျဆုံးရာနေရာ အစစ်ဖြစ်ဖို့များသည်ဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters