အခန်း (၉၈၁)
Vol. 66 Ch. 981
သွေးသောက်ဓားက ကျားဖြူ၏သွေးတို့အား ရူးသွပ်စွာဝါးမျိုနေသည်။ နာကျင်မှုအပြည့်ဖြင့်ဟစ်အော်သောအသံ တို့ကလည်း ဖြည်းဖြည်းချင်းရပ်တန့်သွားပြီး ကျား၏ပြူးကျယ်နေသောမျက်လုံးတို့က ဖြည်းညှင်းစွာပိတ်သွားသည်။
ဧရာမကျားကြီး၏ ခန္ဓာကိုယ်က စတင် ရှုံ့တွလာသည်။
ကျားဖြူ၏သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့အားဝါးမျိုပြီးနောက် ရှစ်ဖုန့်ကခေါင်းငုံ့ပြီး သူ့ခြေဖဝါးအောက်ရှိ ရှုံ့တွနေသော ကင်းခြေများအလောင်းကိုကြည့်လိုက်သည်။
အနက်ရောင်ကင်းခြေများကသေဆုံးသွားပြီး ခြောက်သွေ့သောအလောင်းကောင်တစ်ကောင်အ ဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ၎င်း၏ရှုံ့တွနေသော ကိုယ်မှ အပူစွမ်းအင်တစ်ခုကို ထုတ်လွှတ်နေဆဲဖြစ်သည်။
ရှစ်ဖုန့်၏ညာလက်က လက်သည်းကုတ်တစ်ခုအဖြစ်ပြောင်းသွားပြီး အောက်ဘက်သို့စုပ်ယူလိုက်သည်။ ရုတ်ခြည်း သွေးသောက်ဓားပြုလုပ်ထားသော အပေါက်ထံမှ လက်သီးဆုပ်အရွယ် အနက်ရောင်မီးတောက်တစ်ခု ပျံသန်းထွက်လာသည်။၎င်းကရှစ်ဖုန့်၏ညာလက်အတွင်းသို့ပျံသန်းလာပြီး လက်ဖဝါးအတွင်းဖမ်းယူခံလိုက်ရသည်။
သူ၏လက်ထဲမှ အနက်ရောင်မီးတောက်အားစိုက်ကြည့်ရင်း ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။
“ဒီနတ်ဆိုးသားရဲကြီးက မီးတောက်အဆီအနှစ်ကို ထုတ်လုပ်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး…မဆိုးဘူး..ဒီနတ်ဆိုးသားရဲ မီးတောက်ကို ဝါးမျိုပြီးရင် ငါ့ဒန်တန်ထဲကစွမ်းအင်ကို ဖြည့်တင်းနိုင်ပြီ”
ယခုသူ၏ဒန်တန်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေပြီး ရှစ်ဖုန့်အနေဖြင့် အကယ်၍ ထိုနတ်ဘုရားတစ်ပိုင်းနယ်ပယ်များ၏ သေခြင်းစွမ်းအင်နှင့်သွေးတို့အား ဝါးမျိုခဲ့လျှင်ပင် ယင်းက သမုဒ္ဒရာထဲသို့ ကျရောက်သည့်ရေတစ်စက်နှယ်သာရှိသည်ဖြစ် သည်။
သူ၏ဒန်တန်အတွင်း တိုးမြှင့်ဖို့လိုအပ်သောစွမ်းအင်က စိတ်ကူး၍မရနိုင်လောက်အောင်များပြားသည်ဖြစ်၏။
သူ၏သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံးများနှင့်ဆေးလုံးများမှာ ထပ်မံသက်ရောက်မှုမရှိတော့ပေ။
အကယ်၍ ဤနတ်ဆိုးသားရဲမီးတောက်ကိုသာ ဝါးမျိုခဲ့လျှင် ယင်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်များစွာ၏ သေခြင်းစွမ်းနှင့်သွေးတို့အား ဝါးမျိုသည်နှင့်ညီမျှသည်ဖြစ်သည်။
ယင်းက ဘာမှမဟုတ်တာထက်စာလျှင် ပိုကောင်းသည်ဖြစ်၏။
ထို့နောက် ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားဖြင့် ကောင်းကင်သူတော်စင်မီးတောက်ကိုဆက်သွယ် ပြီး အော်ပြောလိုက်သည်။
“ကွေ့ရှန့်”
“အင်း….”
အားနည်းသောတုန့်ပြန်သံတစ်ခုထွက်ပေါ်လာ သည်။
၎င်းက အမြဲတမ်းမောက်မာခဲပြီးကိုယ့်ကိုယ်ကိုယ်အ ကောင်းဆုံးဟု တွေးထင်နေမှုနှင့်အသားကျနေသူဖြစ်သည်။ ယခု ကွေ့ရှန့်ဟု အခေါ်ခံရသောအခါတွင် သူ့၌တုန့်ပြန်ရန်အားရှိမနေပေ။
ထို့နောက် ရှစ်ဖုန့်ပြောနေစရာမလိုအပ်ဘဲ သူ၏လက်ဝါးအတွင်း၌ သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲတောက်လောင်လာပြီး မကြာခင် ၎င်းကအနက်ရောင်မီးတောက်ကို ဖုံးလွှမ်းသွားသည်။
အနက်ရောင်မီးတောက်မှာ ကောင်းကင်သူတော်စင်မီးတောက်၏ ဝါးမျိုမှုကို လျှင်မြန်စွာခံလိုက်ရသည်။ ထို့နောက် ကောင်းကင်သူတော်စင်မီးတောက် က လက်ဖဝါးအတွင်းပြန်လည်ဝင်ရောက်သွားပြီး ဒန်တန်ထံသို့ စီးမျောသွားသည်။
“မင်းရဲ့ဓားက နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်တစ်ခုဖြစ် လာတော့မဲ့ပုံပဲ”
ဤအချိန်တွင် ရှစ်ဖုန့်၏ဘေးမှ အေးအေးလူလူနိုင်သောအသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ဝတ်ရုံနက်က ရှစ်ဖုန့်၏ဘေးတွင်ပေါ်လာ၏။
ရှစ်ဖုန့်ကလှည့်လိုက်ပြီး ဝတ်ရုံနက်ကိုမေးလိုက်သည်။
“အရိုင်းတိုက်ကြီးထဲမှာ ဝိညာည်ပုံစံတစ်ခုနဲ့ မွေးဖွားလာတဲ့ နတ်ဆိုးသားရဲတစ်ကောင်တစ်လေများရှိမလားဆိုတာကို ဒီသခင်လေးသိချင်မိတယ်..အဲ့တာကို သွေးလစန္ဒြာသားရဲလို့ခေါ်တယ်”
“သွေးလစန္ဒြာသားရဲလား”
ဝတ်ရုံနက်က ခေါင်းခါပြီးပြန်ပြောလိုက်သည်။
“ငါလုံးဝမကြားဖူးဘူး”
သို့သော် ယင်းက အရိုင်းတိုက်ကြီးအတွင်း၌ သွေးလစန္ဒြာသားရဲ မရှိဟုဆိုလိုခြင်းမဟုတ်ပေ။ ၎င်းအနေဖြင့်တစ်ခါမှမကြားဖူးခြင်း သို့မဟုတ် အရိုင်းတိုက်ကြီးအတွင်း၌ ထျန်းဟန်တိုက်ကြီးနှင့် ကွဲပြားသောနမည်တစ်ခု ရှိနေခြင်းမျိုးဖြစ်နိုင်လောက်သည်ဖြစ်သည်။
ဝတ်ရုံနက်က ခေါင်းခါလိုက်ပြီး ရှစ်ဖုန့်ကလည်း ဤကိစ္စနှင့်ပက်သက်၍ ဆက်ပြောမနေတော့ပေ။ ထို့နောက် ခေါင်းကိုလှည့်လိုက်ပြီး ရှုံ့တွသောအလောင်းတစ်ခုအဖြစ်သို့ရောက်နေပြီ ဖြစ်သော ကျားဖြူ၏ ခန္ဓာကိုယ်ရှိရာသို့ကြည့်လိုက်သည်။
ထို့နောက် လွန်စွာအားကောင်းသော သွေးနီရောင်အလင်းတန်းတစ်ခုက သွေးသောက်ဓားထံမှထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ ယင်းမှာ ဧရာမသွေးနီရောင်ဓားအလင်းတန်းကြီးတစ်ခု ကကောင်းကင်ထဲသို့ ပစ်ဝင်သွားသကဲ့သို့ဖြစ်သည်။
ပိန်းပေါက်အောင်မည်းမှောင်နေသောကမ္ဘာ၌ ရုတ်ခြည်း သွေးနီရောင်တို့စွန်းထင်းသွား၏.
ရုတ်ခြည်းကောင်းကင်ထဲ၌ သွေးနီရောင်အလင်းတို့ပြည့်နှက်နေသည်။
“ဓားရဲ့အဆင့်တက်လှမ်းမှုက ဒီလိုဖြစ်ရပ်ဆန်းကြယ်အခြေအနေတစ်ခုတောင် ဖြစ်စေနေပြီ”
ကောင်းကင်ထဲသို့ထိုးတက်သွားကာ ကမ္ဘာကြီးအားထွန်းလင်းသွားစေသည့် သွေးနီရောင်အလင်းအားကြည့်နေရင်း ဝတ်ရုံနက်မှာ မနေနိုင်ဘဲ အံ့အားသင့်စွာပြောမိသည်။
ယင်းက သူနှင့်ရှစ်ဖုန့်ပင်အာရုံခံနိုင်လောက်သော လွန်စွာအားကောင်းသည့် ကောင်းကင်နှင့်မြေပြင်အား စတင်စုန်ချီဆန်ချီစီးဆင်းနေသော သွေးနှင့်သတ်ဖြတ်ခြင်းအော်ရာတို့ကို ထုတ်လွှတ်သည့်အတိုင်းအတာပမာဏအထိဖြစ် လာသည်။
“နောက်ဆုံးတော့ဓားက သူ့အထွတ်အထိပ်အခြေအနေကိုပြန်ရောက်သွား ပြီ”
ရှစ်ဖုန့်အနေဖြင့်အကယ်၍ဓားကထိုအချိန်ကနတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက်တစ်ခုမဟုတ်ခဲ့လျှင်တောင် ကောင်းကင်ဘုံကိုဆန့်ကျင်သော အောင်မြင်မှုတစ်ခုရလိမ့်မည်ဟု ထင်ခဲ့သည်။ ၎င်းက ကြောက်မက်ဖို့ကောင်းသော မိုးကြိးကပ်ဘေးကိုပင် သက်ဆင်းလာစေနိုင်လောက်သည်လည်းဖြစ် ကောင်းဖြစ်နေနိုင်သည်။
“ဓားကောင်းတစ်လက်ပဲ”
ရှစ်ဖုန့်က သွေးသောက်ဓားထံသို့ကြည့်၍ သွားပေါ်အောင်ပြုံးလိုက်သည်။
အနာဂတ်၌ ပန်းကန်လုံးအဟောင်းနှင့်အဘိုးအိုအား နတ်ဘုရားတစ်ပိုင်နယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သော ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားဖြင့် တစ်ချက်တည်းသတ်နိုင်မည်ဟု ရှစ်ဖုန့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသည်ဖြစ်သည်။
“ပြန်လာခဲ့”
ရှစ်ဖုန့်က သူ၏လက်ကိုဆန့်ထုတ်ရင်းအော်ပြောလိုက်သည်။ သွေးသောက်ဓားကချက်ချင်းသူ့ထံသို့ပြန်လည်ပျံ သန်းလာသည်။မကြာခင် ရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိလာပြီး ရှစ်ဖုန့်ကဓားလက်ကိုင်မှဆုပ်ကိုင်လိုက်သည်။
ရှစ်ဖုန့်အနေဖြင့် အရိုင်းတိုက်ကြီးသို့မလာချင်ခဲ့သော်လည်း သူ့အနေဖြင့်အများကြီး စုဆောင်းရရှိလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။
သူ၏လက်ရှိတိုက်ခိုက်နိုင်စွမ်းက ယခင်ကသူနှင့်နှိုင်းယှဉ်၍မရတော့ပေ။
သူ့အနေဖြင့်ထျန်းဟန်တိုက်ကြီးအား အထက်စီးမှုစီးပိုးကြည့်ခဲ့သော ယခင်က ငရဲဘုံကိုးခုဧကရာဇ် ယိုမင်နှင့် ရှစ်ဖုန့်တို့အား သတ်ပင်သတ်ပစ်နိုင်သည်ဖြစ်၏။
သွေးသောက်ဓားကသူ့လက်အတွင်းပြန်လည်ရောက်ရှိလာပြီးနောက် ကောင်းကင်ထဲသို့ထိုးတက်နေသော သွေးနီရောင်အလင်းတန်းမှာ ဖြည်းဖြည်းချင်းမှေးမှိန်လာသည်။ ကောင်းကင်က အမှောင်ထုအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။
ရှစ်ဖုန့်က သူ၏ဘယ်လက်ဖြင့်လှမ်းကာသွေးသောက်ဓား၏ ဓားသွားကို ရိုက်လိုက်၏။နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ခဲ့သော သွေးသောက်ဓားကို ဖြည်းညှင်းစွာအာရုံခံနေသည်။
သို့သော်သွေးလစန္ဒြာသားရဲကတော့ သွေးသောက်ဓားကဲ့သို့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ မဝင်ရောက်ခဲ့ပေ။
သွေးလစန္ဒြာသားရဲ၌ ဘာဖြစ်ပျက်ခဲ့မှန်းမသိရသော်လည်း ၎င်းက အလွန်ထူးဆန်းသောအခြေအနေတစ်ခုသို့ဝင်ရောက်နေသည်။ သွေးနီရောင်အရာကြီးတစ်ခုက ၎င်း၏တစ်ကိုယ်လုံးပေါ်၌ ပေါ်လာပြီး သွေးနီရောင်ပိုးအိမ်တစ်ခုကဲ့သို့ ၎င်း၏တစ်ကိုယ်လုံးကို ရစ်ထွေးလွှမ်းခြုံထားသည်။
ရှစ်ဖုန့်နှင့်သွေးလစန္ဒြာသားရဲ၌ သခင်နှင့်အစေခံစာချုပ်တစ်ခုရှိသည်ဖြစ်သည်။ သွေးလစန္ဒြာသားရဲက နက်ရှိုင်းစွာအိပ်ပျော်နေသော အခြေအနေတစ်ခုသို့ဝင်ရောက်နေသည်ကို သူအာရုံခံမိသည်။
သွေးလစန္ဒြာသားရဲ၏ ဤအခြေအနေအားတွေ့ရသောအခါတွင် ဖြစ်နိုင်ချေတစ်ခုကို ဖြည်းဖြည်းချင်းတွေးမိလိုက်သည်။
“ပိုးအိမ်ထဲကဖောက်ထွက်ပြီ လိပ်ပြာအဖြစ်အသွင်ကူးပြောင်းခြင်း”
ရှစ်ဖုန့်ကသူ့ဖာသာသူတွေးလိုက်သည်။
“နောက်ထပ်ဆင့်ကဲတိုးတက်ပြောင်းလဲမှုအခြေအ နေတစ်ခုကို ဝင်ရောက်ဖို့ လုံလောက်တဲ့စွမ်းအင်ရသွားတာများဖြစ်နိုင်မလား..ဒီဆင့်ကဲတိုးတက်ပြောင်းလဲမှုက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဝင်ရောက်ခွင့်ပြုမလားဆိုတာကို သိချင်မိတယ်”
ရှစ်ဖုန့်အနေဖြင့် ဤအရာမျိုးအား လုံးဝမမြင်ဘူးသောကြောင့် သူလည်းပြောရန်မသေချာပေ။
“ဒီနေရာက အရင်သွားကြစို့….ခုဏက မင်းရဲ့သွေးသောက်ဓားပေါ်လာတော့ ငါတို့ဆီကိုစွမ်းအားကြီးအော်ရာတွေအများကြီး တစ်ဟုန်ထိုးလာနေတာကို ငါအာရုံခံမိတယ်…အဲ့မှာ ကြောက်ဖို့ကောင်းတဲ့ဆိုတဲ့အချက်ထက်ပိုတဲ့ ကြောက်ခမန်းလိလိအော်ရာတစ်ခု ပါပါနေတယ်”
ထိုစဉ်ရှစ်ဖုန့်၏ဘေးမှ ဝတ်ရုံနက် နောက်တစ်ကြိမ်ထပ်ပြောပြီး ရှစ်ဖုန့်ကိုသတိပေးလိုက်သည်။
ရှစ်ဖုန့်မှာ ဝတ်ရုံနက်၏ စကားတို့ကြောင့်အသိဝင်လာသည်။ ဤအချိန်တွင် သူသည်လည်း စွမ်းအားကြီးအော်ရာများစွာကို အာရုံခံမိသည်ဖြစ်သည်။ ၎င်းတို့ထဲမှတစ်ခုမှာ ကျင့်ကြံမှုအဆင့်ကိုပင် သူအာရုံမခံနိုင်လောက်အောင် လွန်စွာစွမ်းအားကြီးမားသည်ဖြစ်သည်။
“ဒါ..ဒါကဘယ်လိုကျင့်ကြံမှုအဆင့်မျိုးလဲ”
ရှစ်ဖုန့်က အံ့အားသင့်စွာပြောလိုက်သည်။
“ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်..ငါသာမမှားရင် ဒါက နတ်ဆိုးရိုင်းတောင်တန်းရဲ့နတ်ဆိုးသားရဲဘုရင်ဖြစ်တဲ့ နဂါးနက်ပဲ..သူလည်းမွန်းစတားနတ်ဘုရားသင်္ချိုင်းထဲကို ဝင်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး..သွားကြစို့”
စကားပြောနေရင်း ဝတ်ရုံနက်မှာ ညကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားပြီးဖြစ်သည်။
ရှစ်ဖုန့်၏ပုံရိပ်မှာလည်း ဝတ်ရုံနက်၏ဖုံးကွယ်ပေးမှုခံရပြီးဖြစ်သည်။ထို့နောက်နှစ်ယောက်သား ဤနေရာနှင့်အဝေးသို့ လျှင်မြန်စွာ ရွေ့လျားလိုက်ကြသည်။
ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်နတ်ဆိုးသားရဲ၏စွမ်းအားမှာ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့မရောက်သေးသူများအတွက် စိတ်ကူးကြည့်၍ပင်မရနိုင်လောက်ပေ။ကြယ်တစ်ပွင့်ကွာခြားချက်သာဖြစ်သော်လည်း ကွာခြားချက်က ကောင်းကင်နှင့်မြေကြီးလောက် ကြီးမားသည်ဖြစ်သည်။
“ဒီကျယ်ပြောလှတဲ့ မြေရိုင်းဒေသကြီးထဲမှာ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဘယ်လောက်ရှိလဲ..ကြယ်နှစ်ပွင့်အထက်မှာရော ဘယ်လောက်များလဲ..”
လျှင်မြန်စွာဆုတ်ခွာနေရင်း ရှစ်ဖုန့်က ဝတ်ရုံနက်ကိုမေးလိုက်သည်။
“ငါသိသလောက်ဆိုရင် မင်းသေတဲ့အထိ မီးရှို့သတ်လိုက်တဲ့ ပုယာရဲ့အဖေဖြစ်တဲ့ ကျီးကန်းနက်ကလန်ခေါင်းဆောင် ပုကျွင်း က ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ် ယောက်ပဲ.. ငါတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုခေါင်းဆောင်နဲ့ ငါတို့မျိုးနွယ်စုရဲ့ပါရမီရှင် ရှန့်ဝူတို့ရောပဲ..”
ဝတ်ရုံနက်ကပြောလိုက်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE