← Chapters

အခန်း (၉၈၂)

Vol. 66 Ch. 982

အခန်း (၉၈၂)

Vol. 66 Ch. 982

“ရှန့်ဝူ..ခင်ဗျားဒီသခင်လေးနဲ့တိုက်ခိုက်စေချင်တဲ့ ရှန့်ဝူ..သူက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပေါ့”

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များအ ကြောင်း ဝတ်ရုံနက်ပြောသည်ကို ကြားသောအခါတွင် ရှစ်ဖုန့်က အံ့အားသင့်စွာပြောလိုက်သည်။

ဝတ်ရုံနက်မှာ ရှစ်ဖုန့်၏ အံ့အားသင့်မှုအား မကြားဟန်ဆောင်လိုက်သည်။ သူကရှစ်ဖုန့်အား ဆက်လက်မိတ်ဆက်ပေး၏။

“ဒီမြေရိုင်းဒေသကြီးထဲမှာ ကျီးကန်းနက်မျိုးနွယ်စုလိုမျိုးပဲ အင်အားကြီးမားတဲ့ ကောင်းကင်နဂါးမျိုးနွယ်စုလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုရှိတယ်..ကောလဟာလတွေအရ ကောင်းကင်နဂါးမျိုးနွယ်စုရဲ့ ခေါင်းဆောင် လုံဟူ ကလည်း ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပဲ”

“ရှင်းဖုန်းမိသားစုခေါင်းဆောင် ရှင်းချီကလည်း ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပဲ”

“ကြောက်ဖို့အကောင်းဆုံးက မြေရိုင်းမြို့တော်ရဲ့အရှင်သခင်တစ်ယောက်ဖြစ်တဲ့ ကုန်းစွန်းထိုက်ယင်ပဲ.. ကောလဟာလတွေရ သူက စိတ်ကူးလို့မရနိုင်လောက်တဲ့အဆင့်ကိုရောက်နေပြီတဲ့.. ကြယ်သုံးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကိုတောင်ရောက်နေပီလို့ ကောလဟာလကြားတယ်..ကြယ်လေးပွင့်နတ်ဘု ရားတစ်ပိုင်းနယ်ပယ်လို့လည်း ကောလဟာလတွေကပြောကြတယ်..သူကဒီမြေ ရိုင်းဒေသကြီးရဲ့ အစစ်အမှန်အရှင်သခင်ပဲ..ဘယ်သူကမှသူ့ကိုမဆန့်ကျင်ရဲကြဘူး”

“ကြယ်သုံးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်”

နောက်ဆုံးလူအား ဝတ်ရုံနက်မိတ်ဆက်ပေးမှုအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်တစ်ယောက် မနေနိုင်ဘဲ အံ့အားသင့်စွာရေရွတ်မိသည်။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်က စိတ်ကူးကြည့်၍မရနိုင်လောက်အောင်စွမ်းအားကြီးမားနေပြီဖြစ်သည်။ ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့မဟုတ် ကြယ်လေးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် တစ်ဦးဆိုလျှင် မည်မျှစွမ်းအားကြီးမားလိမ့်မည်နည်း။

ရှစ်ဖုန့်မှာ အစောပိုင်းကသူမေးလိုက်သောမေးခွန်းကို ပြန်သတိရလိုက်သည်။ သူက ဝတ်ရုံနက်ကိုပြောလိုက်၏။

“ခုဏတုံးက ရှန့်ဝူက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လို့ ခင်ဗျားပြောတာ ကြားလိုက်တယ်. ခင်ဗျားဒီသခင်လေးကို သူနဲ့ ဘယ်လိုတိုက်ခိုက်စေချင်တာလဲ”

“ငါမင်းကိုအခုတိုက်ခိုက်ဖို့တောင်းဆိုတာမဟုတ် ဘူး”

ဝတ်ရုံနက်ကပြောသည်။

“မင်းမှာ ဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ရှိတယ်.မင်းက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကနေ ရှင်သန်နိုင်ခဲ့တယ်..အနာဂတ်မှာ မင်းကရှန့်ဝူလိုမျိုး စွမ်းအားကြီးမားတဲ့သူဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်တယ်..မင်းသာဒီတိုက်ပွဲမှာ ငါ့ဘက်ကပါမယ်လို့သဘောတူရင် အဆင်ပြေပီ”

“ဒီသခင်လေး နားမလည်သေးဘူး.ဘာလို့ဒီသခင်လေးကိုသူနဲ့ တိုက်ခိုက်စေချင်တာလဲ…သူကခင်ဗျားနဲ့ဘာဖြစ်ထားလို့လဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ငါပြောပြီးပြီ..မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ် မြေကထွက်ရင်ငါအားလုံးပြောပြမယ်”

ဝတ်ရုံနက်ကသူ၏မေးခွန်းအား ဖြေရန်ငြင်းဆိုသည်။

ဝတ်ရုံနက်၏ စကားအားကြားရသောအခါ ရှစ်ဖုန့်က ထပ်မံမေးမြန်းခြင်းမပြုတော့ပေ။သို့သော် သူ့၌ မသေမျိုးနတ်ဆိုးခန္ဓာရှိနေသောကြောင့် အနာဂတ်အောင်မြင်မှုများရမည်ဟု ယုံကြည်ကြောင်း၎င်းကပြောခဲ့သည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် မိမိ၏အခြေအနေကိုမိမိသိသည်ဖြစ်သည်။သူ၏ပုံမှန်မဟုတ်သောဒန်တန်နှင့်ဆိုလျှင် သူ့အတွက်စွမ်းအင်ဖြည့်တင်းရန် မည်မျှကြာမည်ကို မသိနိုင်ပေ။

ထိုထက်ပိုသည်ကား သူ့၌လုံလောက်သောစွမ်းအင်ရှိခဲ့လျှင်ပင် သိုင်းပညာနယ်ပယ်အား ဆင်ခြင်အားလည်ရန်လိုအပ်သေးသည်ဖြစ်သည်။

“အခုဒီမှာရပ်ကြစို့”

နှစ်ယောက်သားမိုင်ပေါင်းထောင်ချီအဝေးသို့ရောက်ပြီးနောက် ဝတ်ရုံနက်က ရှစ်ဖုန့်အားပြောလိုက်သည်။ထို့နောက်သူကထပ် ပေါင်းပြော၏။

“ကံကောင်းစွာနဲ့ ..နဂါးနက်က ငါတို့နောက်ကိုလိုက်မဖမ်းဘူး..မဟုတ်ရင် ငါ့ရဲ့ဖုံးကွယ်တဲ့ပညာရပ်က ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် နဂါးနက်ကို အရူးလုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး”

ထို့နောက် သူနှင့်ရှစ်ဖုန့်တို့က တစ်ချိန်တည်းရပ်လိုက်ကြပြီးဧရာမ တောင်တစ်လုံး၏ထိပ်ဖျား၌ ရပ်တန့်လိုက်ကြသည်။သို့သော်အခြားသောတောင်များကဲ့သို့ပင် ဤတောင်ကလည်း ကျတ်တီးမြေဖြစ်ပြီး အသက်မဲ့နေ၏။

ဝတ်ရုံနက်နှင့်ရှစ်ဖုန့်တို့ တောင်ထိပ်တွင် ရပ်လိုက်ကြပြီးနောက် ဆက်လက်လှည့်လည်ပြီး ပတ်ဝန်းကျင်အား အာရုံခံကြသည်။ ဤကုန်းမြေနှင့် ဤတောင်ကုန်းကြားထဲ၌ မည်သည့်ကွဲပြားမှုများရှိနေမလဲဆိုသည်ကို သူတို့ တွေ့မြင့်လိုကြ၏။

အဆုံးသတ်တွင် သူတို့ထပ်မံစိတ်ပျက်သွားကြသည်။ဤကမ္ဘာသည်လည်း နတ်ဆိုးသားရဲများ ဤနေရာသို့ ဝင်ရောက်လာသည့်အချက်မှလွဲ၍ အခြားကမ္ဘာနှင့် ပြင်ပကမ္ဘာကဲ့သို့ မည်သည့်ကွဲပြားမှုမှ ရှိပုံမရပေ။

“မွန်းစတားနတ်ဘုရား သင်္ချိုင်းနယ်မြေထဲမှာ နောက်ထပ်ကမ္ဘာတစ်ခုများထပ်ရှိနေသေးတာလား..မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေထဲကို ဝင်ဖို့ ခင်ဗျားကပြင်ဆင်ခဲ့တာဆိုတော့ ..ဒါနဲ့ပက်သက်ပြီး နောက်ထပ် သတင်းအချက်အလက်တွေမရှိတော့ဘူးလား”

ရှစ်ဖုန့်က ဝတ်ရုံနက်ကိုမေးလိုက်သည်။

“ဒါကရှေးဟောင်းကုန်းမြေတစ်ခုပဲ..ဒါကငါ့ကိုမ တော်တဆပြောပြတာခံခဲ့ရလို့ ဒီအကြောင်းကိုသိခဲ့ရတာ..ဒီနေရာကရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ..ဘယ်လိုလုပ်ပြီး တစ်ခြားအချက်အလက်တွေရှိနိုင်မှာလဲ”

ဝတ်ရုံနက်ကပြောလိုက်သည်။

ထို့နောက်ဝတ်ရုံနက်ကပြောသည်။

“အပြင်မှာတောင် ရှေးဟောင်းအစီအရင်တစ်ခုရှိနေတာဆိုတော့ ဒီကမ္ဘာက မင်းအခုမြင်ရသလောက် သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး..မွန်းစတားနတ်ဘုရားသေဆုံးပြီးတဲ့ နောက် သူ့ရဲ့အရိုးတွေဒီနေရာမှာ ရှိနေသေးတာလည်းဖြစ်နေနိုင်တယ်”

“အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့အရိုးက ထာဝရတည်မြဲပြီး လက်နက်တွေပြုလုပ်ဖို့အတွက် အကောင်းဆုံးကုန်ကြမ်းပဲ..အကယ်၍မွန်းစတားနတ်ဘုရားမှာ အံ့ဖွယ်လက်နက်တွေ ဒါမှမဟုတ် အမွေအနှစ်တွေသာရှိနေသေးရင်. ….အဲ့တာတွေအားလုံးက အရေးအကြီးဆုံးရတနာတွေဖြစ်မှာ”

“အခုကဒီအကြောင်းတွေပြောနေလို့ ဘာမှအသုံးမဝင်ဘူး..ဒါကမွန်းစတားနတ်ဘုရား သင်္ချိုင်းအစစ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို အရင်အတည်ပြုရမှာပဲ’’

ရှစ်ဖုန့်ကပြောသည်။

“ကောင်းပြီ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က ခေါင်းညိမ့်သည်။

“သွားစို့.မြေပြင်ကိုထပ်ပြီးစစ်ဆေးရအောင်”

ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်ပြောလိုက်သည်။ထို့နောက်သူနှင့်ဝတ်ရုံနက်တို့က ဧရာမတောင်ထိပ်ဖျားမှ ဖျက်ခနဲ တစ်ချိန်တည်းပျောက်သွားသည်။ တောင်ထိပ်ဖျားမှ အောက်ဘက်ရှိမြေပြင်သို့ ဖျက်ခနဲတစ်ဟုန်ထိုးထိုးဆင်းလိုက်၏။

သိပ်မကြာခင် ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့၏ ပုံရိပ်များက ညကောင်းကင်ယံအောက်မြေပြင်ထက်၌ ဖျက်ခနဲပေါ်လာသည်။ထို့နောက်မြေပြင်ပေါ်မှဆက်လက်ပြီး ၎င်းတို့ရှေ့ရှိ အကန့်သတ်မဲ့သော အကွာအဝေးဆီသို့ ဆက်လက်ဦးတည်လိုက်ကြသည်။

“ဟားဟား..တတိယသခင်လေးကတော့ တတိယသခင်လေးပါပဲ..ဒီလိုလျှို့ဝှက်ချက်မျိုးကို တောင်ရှာတွေ့တယ်..ဟားဟားဟားဟား..ဒါကမှာတကယ့်မွန်းစတားနတ်ဘုရားသင်္ချိုင်းဖြစ်ရမယ်”

ဧရာမ ဝံပုလွေနတ်ဆိုးသားရဲတစ်ကောင်က ပိန်းပေါက်အောင်မည်းမှောင်နေသော ညကောင်းကင်ယံထဲမှ ဒုန်းစိုင်းထွက်လာသည်။ရုတ်ခြည်း ညကောင်းကင်ယံထဲ၌ ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာ၏။၎င်းတို့ထဲမှတစ်ယောက်က အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုသူမှာ မျိုးနွယ်စုကြီးမှအကြီးအကဲဖြစ်သူ အကြီးအကဲကျိပင်ဖြစ်သည်။

သာမန်ပုံစံနှင့်လူငယ်တစ်ယောက်လည်းရှိသေးသည်ဖြစ်၏။ထိုသူမှာ မြေရိုင်းမြို့တော်မှ တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်ပင်ဖြစ်သည်။

ထို့နောက်ညကောင်းကင်ယံထဲ၌ ငါးရာနီးပါးရှိသောပုံရိပ်များပေါ်လာသည်။ ၎င်းတို့ကဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေပြီး ပတ်ဝန်းကျင်အားစိုက်ကြည့်ကာ ဤကမ္ဘာသစ်အား အာရုံခံနေသည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်း..မွန်းစတားနတ်ဘု ရားချန်ထားခဲ့တဲ့ ရတနာတွေက အစစ်အမှန်မွန်းစတားနတ်ဘုရားသင်္ချိုင်းထဲမှာပဲဖြစ်လောက်တယ်…”

မွန်းစတားနတ်ဘုရား၏ အစစ်အမှန် နတ်ဘုရားရတနာများအကြောင်းအားတွေးမိသောအခါတွင် တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက် လူများစွာမှာ အကယ်၍ သူတို့သာအစစ်အမှန်နတ်ဘုရားရတနာများကိုရရှိခဲ့လျှင် အကယ်၍ သူတို့သာအစစ်အမှန်နတ်ဘုရားလက်နက်ကိုရရှိခဲ့လျှင် မည်သူက ဤမြေရိုင်းဒေသ၌သူတို့အား ဆန့်ကျင်ရဲမည်နည်းဟု စတင်စိတ်ကူးယဉ်လာကြသည်။

ကျီးကန်းနက်မျိုးနွယ်စု၊ကောင်းကင်နဂါးမျိုးနွယ်စု၊ ရှင်းဖုန်းမျိုးနွယ်စုနှင့် မြေရိုင်းမြို့တော်တို့ဆိုသည်ကားအဘယ်နည်း။သူတို့သာအစစ်အမှန် နတ်ဘုရားလက်နက်ကိုရသည်နှင့် ၎င်းတို့က သူတို့ခြေဖဝါးအောက်၌တွားသွားကြရမည်သာဖြစ်၏။သူတို့အနေဖြင့် မြေရိုင်းမြို့တော်အတွင်းသို့ပြင်ရွှေ့ပြောင်းပြီး ကုန်းစွန်းထိုက်ယင်နေရာ၌ မြေရိုင်းမြို့တော်အရှင်သခင်အဖြစ်နှင့်အစားထိုး၍ပင်နေရာယူနိုင်သည်ဖြစ်၏။

မြေရိုင်းမြို့တော်မှ ကုန်းစွန်းမိသားစု၏တတိယသခင်လေးကမွန်းစ တားနတ်ဘုရားသင်္ချိုင်းအတွင်း သေသည်လည်းဖြစ်နိုင်သည်လိုရှင်သည်လည်းဖြစ်နိုင်သည်။

လူအုပ်အတွင်းမှ နှစ်ဆယ်အစောပိုင်းအရွယ်ရှိသောလူငယ်တစ်ယောက်မှာစိတ်ကူးယဉ်နေသည်။ ဤအကြောင်းများအား တွေးမိသောအခါတွင် မနေနိုင်ဘဲ ကုန်းစွန်းယွမ်အားအေးစက်သောအပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။

ဤလူငယ်၌သာမန်အသွင်အပြင်နှင့်ပါရမီသာရှိ သည်ဖြစ်သည်။ သူကကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သာရှိသည်ဖြစ်၏။သို့သော် သူ့အနေဖြင့်အစစ်အမှန်နတ်ဘုရားလက်နက်ကို ရရှိလိုပြီး ကောင်းကင်ပေါ်သို့တက်လှမ်းကာ မြေရိုင်းဒေသကြီးအား နှိမ့်ချကြည့်ရှုလိုသည်ဖြစ်သည်။

တတိယသခင်လေးကုန်းစွန်းယွမ်၌ ကြင်နာတတ်သော မျက်နှာတစ်ခုရှိနေဆဲဖြစ်သည်။ သူကကြယ်များဝန်းရံနေသောလတစ်စင်းကဲ့သို့ လူအုပ်ကြားထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ ဤအချိန်တွင် ကုန်းစွန်းယွမ်၏ ပုံရိပ်က ဖြည်းညှင်းစွာဆင်းသက်လိုက်ပြီး လူအုပ်ထဲမှထွက်ခွာလိုက်သည်။ ထို့နောက် မြေပြင်အား စတင်စစ်ဆေးနေသည်။

ဤအချိန်တွင် ကလန်အသီးသီးနှင့်မျိုးနွယ်စုအသီးသီးမှလူများမှ အသက်ရှူနှုန်းကိုထိန်းလိုက်ကြပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ သူတို့ကတတိယသခင်လေးကို နှောက်ယှက်ခြင်းမပြုဘဲ စုံစမ်းစစ်ဆေးမှု၏ ရလဒ်ကိုစောင့်ဆိုင်းနေကြသည်။

အားလုံးထက်၎င်းက မြေရိုင်းဒေသအားအုပ်စိုးသူ မြေရိုင်းမြို့တော်အရှင်သခင် ကုန်းစွန်းထိုက်ယင်၏ သားဖြစ်သည်။

ထို့အပြင် သူတို့ဤကုန်းမြေသို့လာနိုင်သည့်အကြောင်းပြချက်မှာ ကုန်းစွန်းယွမ်က တစ်စုံတစ်ခုကိုရှာတွေ့ပြီး လူများအား ဧရာမ နတ်ဆိုးသားရဲဝံပုလွေအားဖမ်းဆီးရန်တောင်းဆိုခဲ့ သောကြောင့်ဖြစ်သည်။ သူတို့က ဧရာမနတ်ဆိုးသာရဲဝံပုလွေနောက်မှလိုက်ပါလာခဲ့ ခြင်းဖြစ်၏။

ဤကဲ့သို့အရေးကြီးသောအခိုက်အတန့်တွင် ကုန်းစွန်းယွမ်အားသူတို့၏နှလုံးသားထဲမှအကြွင်းမဲ့ယုံကြည်ကြသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ဤတတိယသခင်လေးမှာကိန်းကြီးခန်းကြီးမရှိဘဲ ကြင်နာသနားတတ်ပြီးချဉ်းကပ်ရလွယ်ကူသည်ဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters