အခန်း (၉၈၈)
Vol. 66 Ch. 988
ကုန်းစွန်းမိသားစုကား မြေရိုင်းဒေသကြီး၏အရှင်သခင်ဖြစ်ပြီး ထို့ကြောင့် နက်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်နဂါးနှင့် မိတ်ဆွေဖြစ်နေခြင်းက အံ့အားသင့်စရာတော့မဟုတ်ပေ။
အနက်ရောင်နဂါးကပြောလိုက်သည်။
“ကုန်းစွန်းမိသားစုရဲ့ကျေးဇူးကြောင့်..ငါကောင်း ကောင်းအဆင်ပြေတယ်”
အနက်ရောင်နဂါး၏အသံက အရမ်းဖော်ရွေမှုမရှိပေ။ယင်းမှာသူ့အနေဖြင့် ကုန်းစွန်းမိသားစုနှင့် မိတ်ဆွေမဖြစ်လိုသည်မှာသိသာ၏။
“ဂါး..ဂါး”
အနက်ရောင်နဂါးက ပါးစပ်ဖွင့်ဟစကားပြောချိန်တွင် သေခြင်းသတ္တဝါကရုတ်ခြည်းသူ၏ဦးခေါင်းကို ထိုးနှက်လိုက်ပြီး ချက်ချင်းပဲဒေါသတကြီးနဂါးဟိန်းသံတို့ထွက်ပေါ်လာစေသည်။
လက်လေးချောင်းသာပါရှိသောနဂါးလက်သည်းနှစ်ခုဖြင့် သေခြင်းသတ္တဝါထံသို့ အလျှင်အမြန်လှမ်းကုတ်လိုက်သည်။ရုတ်ခြည်းအနက်ရောင်လက်သည်းရိပ်တို့ကတစ်ခုပြီးတစ်ခုပေါ်လာသည်။
အနက်ရောင်နဂါးရှေ့၌ရှိနေသည့် သေခြင်းသတ္တဝါမှာ လက်သည်းရိပ်တို့၏လွှမ်းမိုးမှုကို ရုတ်ခြည်းခံလိုက်ရသည်။
“နဂါးလက်သည်းရိပ်ပျံသန်းခြင်းက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်ပဲ ဦးလေးနဂါးနက်...ဒီအကွက်ကတကယ်ကိုစွမ်းအားကြီးတာပဲ”
ကုန်းစွန်းယွမ်က တည်ငြိမ်သောအပြုံးနှင့်ပြောလိုက်သည်။
ထို့နောက်တွင် ကုန်းစွန်းယွမ်၏မျက်နှာက အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။
“ဦးလေးနဂါးနက် .ကျွန်တော်ကူညီဖို့လာပြီ”
ကုန်းစွန်းယွမ်၏ညာလက်က လက်သည်းကုတ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်နဂါးနှင့်သေခြင်းသတ္တဝါတို့ရှိရာသို့ထိုးညွှန်လိုက်သည်။သူ၏လက်ဖဝါးအတွင်း၌ ဆိုးယုတ်သည့် မီးခိုးရောင်ဝဲတစ်ခုပေါ်လာသည်။
“ဝါးမျိုခြင်းစွမ်းအား”
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ကြေးနီရောင်ဂိတ်အတွင်းဝင်ရောက်ခဲ့ပြီးနောက် သူတို့၏မျက်လုံးရှေ့သို့ဝင်ရောက်လာသည်ကား ကျယ်ပြောလှသည့်ကုန်းမြေတစ်ခုဖြစ်သည်။ သို့သော်ဤကျယ်ပြန့်လှသောကုန်းမြေပေါ်၌ ကြက်သီးထဖို့ကောင်းလောက်အောင် အဖြူရောင်အရိုးများဖြင့်ပြည့်နှက်နေသည်။
ဤအဖြူရောင်အရိုးတို့က အတူတကွပြွတ်သိပ်ကြပ်နေပြီး အကန့်သတ်မဲ့အောင်ပြန့်ကားတည်ရှိနေသည်။
သို့သော် မည်သည့်အရိုးစုကမှလူသားများနှင့်သက်ဆိုင်ခြင်းမရှိသည်ကို ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ရှာတွေ့ခဲ့သည်။ အရိုးစုများ၏ပုံစံက ကျားတစ်ကောင်စာရှိသော နတ်ဆိုးသားရဲတစ်ကောင်၏ပုံစံမျိုးနှင့်ဆင်တူပုံရသည်။ ထိုထက်ပိုသည်ကား အရိုးစုများ၏ပုံစံမှာပုံစံတူဖြစ်နေခြင်းဖြစ်သည်။
မြေပြင်ပေါ်၌ရှိနေသည့်ထောင်ပေါင်းများစွာသောအရိုးစုများမှာ တူညီသော မျိုးနွယ်စုမှဖြစ်သည်။မျိုးနွယ်စုတစ်ခုလုံးသုတ်သင်ခံခဲ့ရခြင်းဖြစ်၏။
မည်သူကများထိုမျှရက်စက်ကြမ်းကြုတ်ခဲ့ပါသ နည်း။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းမှာ ..ခုဏကငါတို့တွေ့ခဲ့တဲ့ သေခြင်းသတ္တဝါတွေအပြင် ဒီဘာမှန်းမသိရတဲ့နတ်ဆိုးသားရဲအရိုးစုတွေရှိနေတယ်..ဘာတွေဖြစ်နေတာလဲဆိုတာကိုငါသိချင်မိ တယ်”
ဝတ်ရုံနက်က သူ့ရှေ့ရှိ အဖြူရောင်ကုန်းမြေကိုကြည့်၍ ကျယ်လောင်စွာပြောလိုက်သည်။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းက ရှေးပေဝေသဏီအချိန်ကာတစ်ခုတည်းကတည်ရှိခဲ့တဲ့ ဒဏ္ဍာရီလာနေရာတစ်ခုထက်ဘာမှမပိုဘူး..သူရဲ့ပကတိဆိုလိုရင်းကြောင့်နဲ့အရူးလုပ်မခံရစေနဲ့”
“ကိုယ့်မျက်လုံးနဲ့ကိုယ်တိုင်ကိုယ်ကျမကြုံရသေးသ၍ ..ကောက်ချက်တွေကြိုမချပစ်နဲ့”
“ဒါပေမဲ့ ဝင်ပေါက်လမ်းကြောင်းကို နတ်ဆိုးရိုင်းတောင်တန်းထဲမှရှေးဟောင်းအစီအရင်တစ်ခုနဲ့ ကာကွယ်ထားခဲ့တယ်..ဒါကြောင့်မလို့ ဒီနေရာသေချာပေါက်ရိုးရှင်းမှာတော့မဟုတ်ဘူး”
ရှစ်ဖုန့်ကသူ့ရှေ့ရှိများပြားလှသောသားရဲအရိုးစုများအားကြည့်၍ ပြောလိုက်သည်။
၎င်းတို့အားခဏတာကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ကထပ်မံပြောသည်။
“ဒါပေမဲ့ဒီမျိုးနွယ်ကတကယ်ပဲစွမ်းအားကြီးတယ်..ဒီနေရာမှာအရိုးစုပေါင်းများစွာရှိနေပြီး..နှစ်ပေါင်း များစွာကြာတာတောင် ပျက်စီးယိုယွင်းမှုမရှိသေးဘူး....သူတို့အသက်ရှင်စဉ်ကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်နေခဲ့တာပဲဖြစ်ရမယ်”
“သောင်းနဲ့ချီတဲ့နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွေ..ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့အင်အားစုလဲ...ဒီလိုစွမ်းအားကြီးသတ္တဝါမျိုးတွေကို ဒီနေရာမှာမြှုပ်နှံစေရလောက်အောင် ဘယ်လိုမထင်မှတ်ထားတဲ့ဖြစ်ရပ်မျိုးဖြစ်ခဲ့တာလဲ”
“ရှေးဟောင်းသက်ရှိပုံစံတွေရဲ့စွမ်းအားက ငါတို့စိတ်ကူးနိုင်တာထက်အများကြီးကျော်လွန်နေတယ်..အဲ့ခေတ်ကအစစ်အမှန်နတ်ဘုရားတွေရှင်သန်ကြီးစိုးတဲ့ခေတ်မျိုးပဲဖြစ်ရမယ်”
ဝတ်ရုံနက်ကပြောလိုက်သည်။
ထို့နောက်ဝတ်ရုံနက်က ဆက်ပြောသည်။
“သွားစို့.အနက်ပိုင်းထဲပိုသွားရအောင်..မွန်းစတားနတ်ဘုရားရဲ့အရိုးစုကရှေ့မှာရှိနေတာလဲဖြစ်ကောင်း ဖြစ်လောက်တယ်”
ဤအခိုက်အတန့်တွင် နှစ်ယောက်သား ဤနေရာကိုဂရုတစိုက်အာရုံခံလိုက်သည်။ အချိန်တစ်ခုကြာသည့်တိုင် မည်သည့်စွမ်းအားကြီးစွမ်းအင်အတက်အကျများသို့မဟုတ် မည်သည့်အန္တရာယ်ကိုမှ မတွေ့ခဲ့ရပေ။
ထို့နောက်နှစ်ယောက်သားဖျက်ခနဲထပ်မံဖြစ်သွား ပြီး အရိုးစုပုံကြီး၏ အလယ်အကွာအဝေးတစ်ခုအတွင်း၌ပေါ်လာသည်။
ထို့နောက်မကြာခင် နှစ်ယောက်သားရှေ့သို့ဆက်လက်ဦးတည်သွားပြီးသူတို့ရှေ့၌ဧရာမအရိုးစုကြီးတစ်ခုပေါ်မလာခင်အထိ ပို၍နက်သည်ထက်နက်အောင်ဝင်လာခဲ့ကြသည်။ထို့နောက်မှသာသူတို့၏ အရှိန်ပါနေသောပုံရိပ်များကရပ်တန့်သွားသည်။
ဤအရိုးစု၏ပုံစံက ဤကမ္ဘာရှိအခြားသောအရိုးစုများကဲ့သို့အခြေခံ အားဖြင့်တူညီသည်ဖြစ်သည်။သို့သော်၎င်းကြီးမား ပြီး ထိုသတ္တဝါများ၏ဘုရင်ဖြစ်ပုံရ၏။
“ဒါက”
ဝတ်ရုံနက်နှင့်ရှစ်ဖုန့်တို့က ဧရာမအရိုးစုကြီးကိုစိုက်ကြည့်လိုက်သည်။ ဝတ်ရုံနက်က ခေါင်းကိုခါပြီးပြောလိုက်၏။
“ဒီသတ္တဝါကအသက်ရှင်စဉ်က စွမ်းအားကြီးမားတယ်ဆိုပေမဲ့ အစစ်အမှန်နတ်ဘုရားတစ်ကောင်အဖြစ်အသက်ရှင်ခဲ့တာမဟုတ်ဘူး”
မွန်းစတားနတ်ဘုရား၏အရိုးစုအားရှာမတွေ့နိုင် သေးသောကြောင့်သူ၏အသံကအနည်းငယ်စိတ်ပျက်သံပါနေ၏။
“ဒီအရိုးစုက တစ်ခုခုမှားနေတယ်..ပြန်ဆုတ်”
ရှစ်ဖုန့်ကဝတ်ရုံနက်ကို လျှင်မြန်စွာအော်ပြောလိုက်သည်။
နှစ်ယောက်သားလျှင်မြန်စွာဆုတ်ခွာလိုက်သည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး”
ဤအချိန်တွင်ဧရာမအရိုးစုကြီးက ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
၎င်းကအော်ဟစ်လိုက်သကဲ့သို့ မြေပြင်ပေါ်၌ရှိနေသည့်ထောင်ပေါင်းများစွာသောအရိုးစုများမှာ ဆင့်ခေါ်ခံလိုက်ရပုံပေါ်ပြီး စတင်လှုပ်ရှားလာသည်။အရိုးစုများ၏ပါးစပ်မှခက်ထန်သောသားရဲအော်သံများတစ်ခုပြီးတစ်ခုထွက် ပေါ်လာသည်။
ရုတ်ခြည်းနေရာတစ်ခုလုံးပရမ်းပတာအခြေအနေသို့ကျရောက်သွားသည်။
“ချီးပဲ.ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်ကရုတ်ခြည်းအံ့အားသင့်စွာအော်လိုက်သည်။ဤအခိုက်အတန့်တွင် သူတို့နှင့်သိပ်မဝေးသောနေရာမှအရိုးစုတစ်ခုက အမှန်တကယ်အသက်ဝင်လာသကဲ့သို့ သူတို့အပေါ်ခုန်အုပ်လာသည်။
“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီးခုန်အုပ်လာသော ကြမ်းကြုတ်ခက်ထန်သည့် အရိုးစုထံသို့ ထိုးညွှန်လိုက်သည်။
“ဘန်း”
ရှစ်ဖုန့်၏လက်ချောင်းအောက်တွင် ကြုမ်းကြုတ်ခက်ထန်သောသားရဲအရိုးစုမှာ ရုတ်ခြည်းအပိုင်းပိုင်းပြိုကျသွားပြီး ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခုလောင်ကျွမ်းသွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်မှာ မြေပြင်ထက်မှအရိုးစုများပို၍ပို၍ တက်လာသည်ကို အာရုံခံမိလိုက်သည်။
ရှစ်ဖုန့်၏လက်ချောင်းကြောင့်ခုန်အုပ်လာသော အရိုးစုမှဖျက်ဆီးခံလိုက်ရသော်လည်း အရိုးစု၏ခွန်အားက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခွန်အား ရှိသည်ကိုအာရုံခံမိလိုက်သည်။
အကယ်၍ များစွာသောအရိုးစုများ မြေပြင်ထက်မှ တက်လာပြီးသူတို့အားတိုက်ခိုက်လာခဲ့လျှင်ယင်းက သေချာပေါက်ဘေးအန္တရာယ်တစ်ခုဖြစ်လာလိမ့် မည်ဖြစ်သည်။
အထူးသဖြင့်သူတို့ရှေ့မှနိုးထလာပုံရသောအရိုးစု ဖြစ်သည်။ အကယ်၍၎င်းသာအပြည့်အဝနိုးထလာခဲ့လျှင် သူတို့နှစ်ယောက်တကယ်သေလိမ့်မည်ဖြစ်သည်။
“သွားစို့.အကြီးတစ်ခုကိုပတ်ပြီးသွားရအောင်”
ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။သို့သော်ဤအခိုက်အတန့်တွင် နောက်ထပ်အရိုးစုငါးကောင်ကသူတို့ကိုခုန်အုပ်လာသည်။
ဤအချိန်တွင်ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းကို တိုက်ရိုက်ထုတ်ယူလိုက်သည်။သူ၏ညာလက်အားဓားလက်ချောင်းအသွင်လုပ်ပြီး နတ်ဘုရားမြေခေါင်းလောင်းထံထိုးညွှန်လိုက်သည်။
“ဒေါင်”
လှိုင်းလုံးတစ်ခုကဲ့သို့ပြင်းထန်သောအသံလှိုင်းတစ်ခုထွက်ပေါ်လာပြီး ဘက်ပေါင်းစုံသို့ပျံ့နှံ့သွားသည်။ပြင်းထန်လှသောအသံလှိုင်းတုန်ခါမှုစွမ်းအားကြောင့် ခုန်အုပ်လာသောအရိုးစုငါးကောင်မှာ ရုတ်ခြည်းအစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
ဤသက်ဝင်လာသောအရိုးစုများမှာ စွမ်းအားကြီးမားသော်လည်း၎င်းတို့၏ ခုခံနိုင်စွမ်းက လွန်စွာအားနည်း၏။အသံလှိုင်းက အရိုးစုငါးခုကိုဖျက်ဆီးပြီးနောက် ဆက်လက်ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ရုတ်ခြည်း အသံလှိုင်းဖြတ်သန်းသွားသောနေရာတိုင်းတွင် ထရပ်လာသောအရိုးစုများမှာ ပြိုလဲကျကုန်ပြီး မြေပြင်ပေါ်သို့ အစိတ်စိတ်အမွှာမွှာပြန့်ကျဲသွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ပုံရိပ်များက ထပ်ကာထပ်ကာဖျက်ခနဲဖြစ်သွားသည်။ဤအရိုး များက စွမ်းအင်မကုန်ခမ်းနိုင်ပုံရ၏။၎င်းတို့အားရင်ဆိုင်တိုက်ခိုက်ခြင်းကအကျိုးမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏စွမ်းအားများကသာ ကုန်ခမ်းလာသည်ဖြစ်၏။
ဤအချိန်တွင် သူတို့၏ပုံရိပ်များကတစ်ဟုန်ထိုးဖျက်ခနဲဖြစ်သွား ပြီး အကြီးမားဆုံးအရိုးစုကို ကျော်ဖြတ်သွားသည်။သူတို့ကဟင်းလင်းပြင်ထဲသို့ပင်ဖျက်ခနဲဝင်ရောက်သွား၏။
ထိုသို့ဆိုလျှင်တောင် ဆင်တူသောအရိုးစုများက သူတို့ထံသိုခုန်အုပ်လာနေဆဲဖြစ်ပြီး အစွယ်များကိုထုတ်ပြ၍ လက်သည်းများကိုဝင့်ကာ မွန်းစတားများကဲ့သို့ဟိန်းဟောက်သံများကိုထုတ်လွှတ်နေ၏။
ဆက်ရန်..........
ဘာသာပြန်သူ-ARISE