← Chapters

အခန်း (၉၈၆)

Vol. 66 Ch. 986

အခန်း (၉၈၆)

Vol. 66 Ch. 986

“ဘန်း..ဘန်း..ဘန်း..ဘန်း”

စုစုပေါင်းဧရာမပုံရိပ်ရှစ်ခုက ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ရှေ့သို့ဆင်းသက်လာပြီး အပေါက်ကြီးထံသို့သွားမည့်သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

ထို့နောက်ဧရာမအနက်ရောင်ကျောက်တုံးရုပ်ထု တစ်ခုစီတိုင်းက ပြင်းထန်စွာတုန်ခါလာပြီး နေရာအနှံ့သို့‌ ကျောက်တုံးများ လွင့်ပျံထွက်သွားစေသည်။ ၎င်းတို့၏အသွင်အပြင်အစစ်အမှန်များက တစ်ခုခုပြီးတစ်ခုထွက်ပေါ်လာ၏။

“ဝူး..ဝူး.ဝူး.ဝူး”

၎င်းတို့၏ ပုံပန်းသဏ္ဍန်နှင့်အသွင်အပြင်အရွယ်စားက ကျောက်တုံးရုပ်ထုဖြစ်စဉ်ကနှင့်များစွာကွာခြားမှုမရှိပေ။ အနည်းငယ်သေးငယ်နေပုံပေါက်သော်လည်း အလွန်ကြီးမားနေဆဲဖြစ်သည်။

၎င်းတို့နှင့်နှိုင်းယှဉ်လိုက်လျှင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ခြေထောက်အောက်မှ ခြေဖဝါးလောက်သာရှိသည်ဖြစ်သည်။

ဤလွန်စွာကြီးမားသောခန္ဓာကိုယ်များမှာ ခေါင်းအစခြေအဆုံး လုံးဝဆွေးမြေ့ပုတ်သိုးနေပြီဖြစ်ပြီး ၎င်းတို့ထံမှ ပျို့အန်ချင်စရာကောင်းသော နံစော်သည့်အနံ့တစ်ခုထွက်လာသည်။ ၎င်းတို့၏ခန္ဓာကိုယ်များ၌ သိပ်သည်းသော သေခြင်းမြူခိုးတို့ရစ်ခွေနေပြီး နာကျင်စွာဖြင့်ဟစ်အော်နေသကဲ့သို့ ထူးဆန်းပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသော အော်သံတို့ကိုထုတ်လွှတ်နေသည်။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

“ညသုတ်သင်ခြင်း..အမှောင်အရိပ်”

သေခြင်းသတ္တဝါရှစ်ကောင်က သူတို့၏လမ်းအားတားဆီးထားသည်ကို‌ တွေ့ရသောအခါတွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က တစ်ချိန်တည်း အေးစက်စွာအော်ပြောလိုက်ကြသည်။

ထို့နောက် သေခြင်းသတ္တဝါရှစ်ကောင်၏ရှေ့တွင် ၎င်းတို့ထက်ပိုမိုကြီးမားသော သတ်ဖြတ်ခြင်းဓားတစ်လက်ပေါ်လာသည်။၎င်း၏သွေးနီရောင်မီးတောက်တို့တောက်လောင်နေပြီး အနက်ရောင်လျှပ်စီးများကဝန်းရံထားသည်။ ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုပေါ်လာသည်။

ရုတ်ခြည်း ဧရာမဓားကြီးက ရေပြင်ညီအတိုင်း ခုတ်ပိုင်းသွားပြီး အနက်ရောင်အရိပ်ကလည်းနောက်မှ ဖျက်ခနဲလိုက်ပါလာသည်။

“ဟိုး.ဟိုး..ဟိုး.ဟိုး”

သေခြင်းသတ္တဝါရှစ်ကောင်မှာ ဧရာမသတ်ဖြတ်ခြင်းဓားကြောင့် ချက်ချင်းဆယ့်ခြောက်ပိုင်းအပိုင်းခံလိုက်ရပြီး ထူးဆန်းပြီးနားစူးစေသော အော်သံများကိုအော်ဟစ်လိုက်ကြသည်။ထို့နောက်၎င်းတို့၏ အလယ်တွင်ပြင်းထန်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

၎င်းက ညသုတ်သင်ခြင်းအမှောင်အရိပ်၏ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမှုမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုဖြစ်ပြီး သေခြင်းသားရဲရှစ်ကောင်ကြားထဲတွင် ပျက်စီးမှုတို့ကိုဖြစ်ပေါ်သွားစေသည်။

မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ နတ်ဘုရားတစ်ပိုင်းနယ်ပယ် သေခြင်းသားရဲရှစ်ကောင်မှာ ပြာပုံဘဝသို့ကျရောက်သွားသည်။

“ဟိုး..ဟိုး..ဟိုး..ဟိုး”

ဤအချိန်တွင်ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့၏နောက်ကျော်ဘက်မှ ထူးဆန်းသော အော်မြည်သံများဆက်တိုက်ထွက်ပေါ်လာသည်။ အစောပိုင်းကဖြစ်ပေါ်လာသော မငြိမ်မသက်မှုက နိုးထလာသည့်သေခြင်းသတ္တဝါဒါဇင်နှင့်ချီကို ဆွဲဆောင်သွားစေပြီး ၎င်းတို့ကသူတို့ထံမြင့်မားသောအရှိန်အဟုန်ဖြင့်လာနေကြ၏။

“ဘန်း”

နေရာတစ်ခုလုံးအားပြင်းထန်စွာတုန်ခါသွားစေ သော ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ရှိသော သေခြင်းသတ္တဝါက အပြီးတိုင်နိုးထလာသည့်ပုံပေါ်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ရှေ့လေထုထဲ၌ အနက်ရောင်ကျောက်ရုပ်ထုနောက်ထပ်ငါးခုက ကျဆင်းလာတော့မည်ဖြစ်သည်။ ၎င်းတို့ကျဆင်းလာသည်နှင့်သူတို့၏လမ်းအား ထပ်မံပိတ်ဆိုထားလိမ့်မည်ဖြစ်၏။ ၎င်းတို့အနေဖြင့်အကြီးမားဆုံးရုပ်ထုနိုးထလာချိန်အထိအချိန်ဆွဲလို့ရသွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ဖျက်ခနဲထပ်မံဖြစ်သွားပြီး ရှေ့သို့ချီတက်လိုက်ကြသည်။ မကြာခင်နှစ်ယောက်သား မြို့ဂိတ်တစ်ခုစာအရွယ်အစားရှိသော အပေါက်ကြီး ထံ၌ပေါ်လာသည်။

“ဘန်း..ဘန်း..ဘန်း”

ရုတ်ခြည်းရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ အနောက်ဘက်၌ ကျယ်လောင်သောဆူညံသံသုံးခုထွက်ပေါ်လာ သည်။ နောက်ထပ်အနက်ရောင်ကျောက်တုံးရုပ်ထုသုံးခုက မြေပြင်ထက်သို့အောင်မြင်စွာသက်ဆင်းလာပြီးဖြစ်သည်။

“ဟူး..ဟူး”

ဤအချိန်တွင် အားကောင်းသောသေခြင်းအော်ရာတစ်ခု က ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး လေထုအားပို၍ပင်အေးစက်လာစေသည်။ ယင်းမှာလေထုပင်အေးခဲလုနီးပါအထိဖြစ်လာသည် ဖြစ်သည်။

တစ်ချိန်တည်းတွင် ပုံမှန်မဟုတ်စွာကျယ်လောင်သော အော်ဟစ်သံကရိုက်ခတ်ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးပြင်းထန်စွာလှုပ်ခါသွားစေသည်။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သော မရေတွက်နိုင်သည့်နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည့်အကြီးဆုံး သေခြငးသတ္တဝါမှာ နောက်ဆုံးတွင် နိုးထလာပြီဖြစ်သည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ အပေါက်ကြီးရှေ့၌ပေါ်လာပြီးနောက် အလျှင်အမြန်အဝေးသို့ရွေ့လျားထွက်ခွာလိုက်သည်။ သူတို့အနေဖြင့် ဤနေရာ၌ထပ်မံကြာကြာနေရဲခြင်းမရှိပေ။

“ဟိုး”

ဤအချိန်တွင် ဗလာနတ္ထိနေရာလွတ်အပေါ်မှ နောက်ထပ်ကျယ်လောင်သောအော်သံတစ်ခုထွက်ပေါ်လာပြီး နေရာတစ်ခုလုံးအား ထပ်မံပြင်းထန်စွာ တုန်ခါသွားစေသည်။ ထို့နောက် အားကောင်းသောဖိအားတစ်ခုကိုထုတ်လွှတ်နေ သည့် နောက်ထပ် ဧရာမအနက်ရောင်ခန္ဓာကိုယ်ကြီးတစ်ခုပေါ်လာသည်။

၎င်းကနတ်ဆိုးရိုင်းတောင်တန်း၏ ဘုရင်ဖြစ်သူ အနက်ရောင်နဂါးဖြစ်သည်။

“ဟိုး..ဟိုး..ဟိုး”

အနက်ရောင်နဂါးပေါ်လာမှုကြောင့် ဒါဇင်နှင့်ချီသောဧရာမ သေခြင်းသတ္တဝါများက ခေါင်းများကိုမော့ပြီး အနက်ရောင်နဂါးကိုကြည့်လိုက်သည်။

“ဒါကဘယ်လိုသတ္တဝါတွေလဲ…အားကောင်းပြီး အေးစက်လိုက်တဲ့သေခြင်းအော်ရာ..ဆိုးရွားလိုက်တဲ့အနံ့..”

အောက်ဘက်ရှိသတ္တဝါများကိုကြည့်၍ အနက်ရောင်ရေလွှမ်းနဂါးက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

နောက်ဆုံးတွင် အနက်ရောင်ရေလွှမ်းနဂါး၏မျက်လုံးတို့ကအကြီးဆုံးအနက်ရောင်သတ္တဝါအပေါ်သို့ကျရောက်သွား သည်။

ဤသတ္တဝါ၌အားအကောင်းဆုံးအေးစက်သည့် အော်ရာနှင့် အားအကောင်းဆုံး အနက်ရောင်သေခြင်းအော်ရာတို့ရှိသည်ဖြစ်သည်။ အနက်ရောင်သေခြင်းမြူတစ်ခု ၎င်း၏တစ်ကိုယ်လုံးအား လွှမ်းခြုံထားလုနီးပါးဖြစ်၏။

“ဟိုး”

ဤအချိန်တွင်အကြီးမားဆုံး အနက်ရောင် သေခြင်းသတ္တဝါနှင့် အနက်ရောင်ရေလွှမ်းနဂါးတို့က တစ်ဖက်ကိုတစ်ဖက်စိုက်ကြည့်နေကြသည်။ ထို့နောက်အကြီးဆုံးအနက်ရောင်သတ္တဝါက ထပ်မံပြင်းထန်စွာဟစ်အော်လိုက်ပြီး ၎င်း၏ ဧရာမအနက်ရောင်ကိုယ်ကြီးက ရုတ်ခြည်းဖျက်ခနဲဖြစ်သွားသည်။

“ဟမ့်”

ထိုသတ္တဝါကဖျက်ခနဲပျောက်သွားသည်ကိုတွေ့ရ သောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ၎င်း၏အသံ၌အထင်သေးမှုတို့ဖြင့်ပြည့်နှက်နေသည်။

ထို့နောက် အနက်ရောင်ရေလွှမ်းနဂါးက ၎င်း၏ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး ထက်ရှသောအစွယ်တန်းနှစ်ခုကို ထုတ်ပြလိုက်သည်။ ၎င်း၏ပါးစပ်မှခြစ်ခြစ်တောက်ပူသော အနက်ရောင်မီးတောက်တို့ကို မှုတ်ထုတ်ပြီး အနက်ရောင်အပူလှိုင်းလုံးကဲ့သို့ ရှေ့သို့တစ်ဟုန်ထိုးဦးတည်သွားသည်။

ဤအချိန်တွင် အနက်ရောင်ရေလွှမ်းနဂါး၏ရှေ့၌ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုပေါ်လာပြီး ၎င်း၏ကြီးမားသည့်အနေက်ရောင်ကိုယ်ကြီးအား အနက်ရောင်အပူလှိုင်းတို့ကထိမှန်သွားသည်။

“ဟိုး”

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ဤဧရာမဥမှင်အတွင်း၌ တစ်ဟုန်ထိုး ဦးတည်နေဆဲဖြစ်သည်။မည်သည့်သေခြင်းသတ္တဝါမှ သူတို့နောက်လိုက်မဖမ်းသည်ကို အာရုံခံမိသောအခါမှသာ လုံးဝစိတ်သက်သာရာရသွားကြသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ဝတ်ရုံနက်ကို ပြောလိုက်သည်။

“ဒီသခင်လေးတို့ခုဏကဝင်လာတော့ အနက်ရောင်ရေလွှမ်းနဂါးလည်းဆင်းလာတာကို အာရုံခံမိခဲ့တယ်..ဒီသခင်လေးတို့ကိုအာရုံစိုက်နေတဲ့သတ္တဝါတွေကို သူကတိုက်ဆိုင်စွာနဲ့ဆွဲဆောင်လိုက်တာဖြစ် ကောင်းဖြစ်နိုင်တယ်”

“အဲ့လိုဖြစ်လောက်တယ်”

ဝတ်ရုံနက်က အပြုံးတစ်စွန်းတစ်ပါဝင်သောအသံဖြင့်ပြောလိုက်သည်။ထို့နောက်သူကဆက်ပြောသည်။

“ဒါပေမဲ့တို့တွေရှေ့ကို မြန်မြန်သွားတာပိုကောင်းမယ်..မဟုတ်ရင်ဘယ်သူပဲနိုင်ပါစေ မလွှဲမရှောင်သာငါတို့ကိုသူတို့မှီသွားလိမ့်မယ်..အဲ့ တာထက်ပိုတာက သူတို့နောက်မှာ လူသားတွေရှိနေသေးတာပဲ..အထူးသဖြင့်ငါ့ရဲ့ဖုံးကွယ်ခြင်းပညာရပ်ကို ထွင်းဖောက်မြင်နိုင်တဲ့ အဲ့လူငယ်ပဲ”

“အဲ့လူငယ်ကထူးခြားတာကိုဒီသခင်လေးလည်းခံ စားမိတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သူ့ရဲ့အော်ရာက အနက်ရောင်ရေလွှမ်းနဂါးနဲ့ သေခြင်းသတ္တဝါလောက်အားမကောင်းပေမဲ့..သူတို့ထက်ပိုပြီး အန္တရာယ်များတဲ့ ခံစားချက်ကိုပေးတယ်..သူ့ပုံစံကသာမန်လို့ထင်ရ ပေမဲ့ မမြင်နိုင်တဲ့ မကောင်းတဲ့အော်ရာကသူ့ဝန်းကျင်မှာလွှမ်းခြုံနေတယ်”

“ငါသာမမှားဘူးဆိုရင် အဲ့လူငယ်က မြေရိုင်းမြို့တော်ရဲ့တတိယမင်းသား ကုန်းစွန်းယွမ်ပဲ..ငါသူ့ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြေရိုင်းမြို့တော်ထဲမှာ တစ်ခါတွေ့ဖူးတယ်…”

ဝတ်ရုံနက်ကပြောသည်။

“မြေရိုင်းမြို့တော်က ကုန်းစွန်းယွမ်လား..မြေရိုင်းမြို့တော်အရှင်သခင် ကုန်းစွန်းထိုက်ယင်ရဲ့သားလား..”

ရှစ်ဖုန့်ကမေးလိုက်သည်။

“အင်း”

ဝတ်ရုံနက်ကပြောလိုက်သည်။

“အဲ့တာထက် ငါကလွန်ခဲ့တဲ့နှစ်အချို့ကသူ့ကိုတွေ့ဖူးတာဆိုတော့ ဒါကသူလားဆိုတာမသေချာဘူး..အကယ်၍သူသာဆိုရင်တော့ သူကျင့်ကြံတဲ့ တိုက်ခိုက်ရေးနည်းစနစ်က ထူးခြားတဲ့အရာပဲဖြစ်ရမယ်..အနည်ဆုံးတော့ ဟင်းလင်းပြင်ဓားရဲ့အထက်မှာပဲ”

ဟင်းလင်းပြင်ဓားမှာ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်သာဖြစ်သည်။ အကယ်၍ကုန်းစွန်းယွမ်သာသူ့ဖခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်၏ အမွေကိုဆက်ခံခဲ့လျှင်သူကျင့်ကြံသော တိုက်ခိုက်ရေးနည်းစနစ်က စိတ်ကူးကြည့်၍မရနိုင်လောက်အောင်စွမ်းအားကြီးမားလိမ့်မည်ဖြစ်သည်။

အကယ်၍ သူသာ ကုန်းစွန်းထိုက်ယင်သင်ကြားပေးထားသော တိုက်ခိုက်ရေးနည်းစနစ်အား အမှန်တကယ်ကျင့်ကြံခဲ့သည်ဆိုလျှင် ၎င်းက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအား ဖြင့် ကြယ်နှစ်ပွင့်နှစ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးအားသတ်ပစ်နိုင်ခြင်းက အံ့အားသင့်စရာမဟုတ်ပေ။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters