အခန်း (၉၈၅)
Vol. 66 Ch. 985
“ဝုန်း”
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က တုန်ခါနေသော ကောင်းကင်နှင့်မြေကြီးတို့၏ အလယ်၌ရှိနေသော်လည်း သူတို့၏အာရုံက ရှေ့ရှိ ဧရာမသင်္ချိုင်းကဲ့သို့ တောင်ပေါ်သို့ စူးစိုက်ထားဆဲဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။
သူတို့၏အကြည့်အောက်တွင် ဧရာမတောင်ကြီးက ပြိုကျသွားပြီး ကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
“ဒီသခင်လေးတို့မှန်ကန်တဲ့အရာတစ်ခုကို လုပ်လိုက်တဲ့ပုံပဲ...အခုတောင်ကပြိုကျသွားပြီဆို တော့ တောင်အောက်ခြေမှာဘာရှိလဲဆိုတာကို ကြည့်နိုင်လောက်ပြီ”
ရှစ်ဖုန့်ကဝတ်ရုံနက်ကိုပြောလိုက်သည်။
ဝတ်ရုံနက်က ခေါင်းညိမ့်၏။
ထို့နောက် ဧရာတောင်ကြီးလုံးဝတည်ငြိမ်သွားသည့်အထိ သူတို့စောင့်ဆိုင်းနေကြသည်။
ဤအခိုက်အတန့်တွင် တောင်၏အောက်ခြေ၌ ဧရာမအခြေမဲ့တွင်းကြီးကဲ့သို့ပေါ်လာသည်။
ဧရာမတောင်ကြီးက မြည်ဟိန်းသံတစ်ခုနှင့်အတူ ပြိုလဲကျသွားပြီး ကြီးမားသောကျောက်အပိုင်းအစများအဖြစ်ပြောင်းလဲကာ ပြုတ်ကျလာသည်။ထိုကြီးမားသော ကျောက်အပိုင်းအစများမှာ ဧရာမပါးစပ်ကြီးအတွင်းသို့ ဝါးမျိုခံရသည့်နှယ်ဖြစ်သည်။
အထက်မှဆက်တိုက်ကျဆင်းလာနေသော ကျောက်အပိုင်းအစများမှာ သဲလွန်စမကျန်ပျောက်ကွယ်သွားသည်။
ကျောက်အပိုင်းအစများက ဆက်တိုက်ကျဆင်းနေသကဲ့သို့ မူလကလွန်စွာကြီးမားသောတောင်ကြီး၏အောက်ခြေ၌ လွန်စွာကြီးမားသော အခြေမဲ့ တွင်းကြီးတစ်ခု တကယ်ကြီးရှိနေသည်ကို ရှစ်ဖုန့်ရောဝတ်ရုံနက်ပါ မြင်တွေ့လိုက်ရသည်။ ဧရာမတောင်ကြီးက များပြားလှသော ကျောက်အပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားပြီး ဧရာမတွင်းပေါက်ကြီးထဲသို့ဆက်တိုက်ကျဆင်းနေသည်။
“ဒါကအောက်ခြေကိုသွားတဲ့လမ်းကြောင်းဖြစ်လောက်တယ်..တစ်ချက်သွားပြီးကြည့်ကြစို့.ဂရုစိုက်အုံး”
ဧရာမအခြေမဲ့တွင်းကြီးအား မြင်တွေ့ရသောအခါတွင် ဝတ်ရုံနက်က ရှစ်ဖုန့်အား လေးနက်စွာပြောလိုက်သည်။
ထို့နောက်နှစ်ယောက်သားဖျက်ခနဲဖြစ်သွားပြီး ဧရာမတွင်းနက်ကြီး၏အထက်သို့ လျှင်မြန်စွာရောက်ရှိသွားသည်။ သူတို့ကအောက်သို့ ငုံ့ကြည့်လိုက်ကြ၏။
သို့သော် ခဏတာကြည့်ရှုပြီးနောက် အောက်ခြေ၌ဘာရှိနေလဲဆိုသည်ကို သူတို့ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဧရာမအနက်ရောင်တွင်းပေါက်ကြီး၌ ဆန်းကြယ်သောစွမ်းအားတစ်ခုပါဝင်ပုံရသည်။ ၎င်းအားသူတို့၏မျက်လုံးမျာဖြင့် ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။
“အိုး...မဟုတ်သေးဘူး”
ဝတ်ရုံနက် အာမေဋိတ်သံပြု၍ ခေါင်းကိုနောက်သို့လှည့်လိုက်သည်။ ယင်းမှာသူ့အနေဖြင့် အကန့်သတ်မဲ့သော အကွာအဝေးတစ်ခုအတွင်းရှိ ညအမှောင်ထု အား ဖြတ်မြင်နိုင်သကဲ့သို့ထင်ရ၏။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏မျက်နှာထက်၌ အေးစက်မှုတစ်ခုဖြစ်ပေါ်လာသည်။ သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသည့် များပြားလှသော ကြမ်းကြုတ်ခက်ထန်သည့်အော်ရာများကို အာရုံခံမိပြီးဖြစ်သည်။ ၎င်းတို့ထဲမှအော်ရာတစ်ခုမှ လွန်စွာစွမ်းအားကြီးမားသည်ဖြစ်၏။
“အဲ့နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးသားရဲဘုရင် အနက်ရောင်နဂါးတို့ သူတို့တွေဒီကိုခပ်မြန်မြန်လာနေကြပြီ”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
ထိုစွမ်းအားကြီးအော်ရာ ယင်းကမှားယွင်းစရာမရှိပေ။ ယင်းကားကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် အနက်ရောင်နဂါးဖြစ်သည်။ ယခင်က သွေးသောက်ဓားအဆင့်တက်လှမ်းချိန်ထူးဆန်း သောဖြစ်ရပ်ဆန်းပေါ်လာချိန်၌ ပေါ်လာခဲ့သည့် တစ်ထေရာတည်းတူညီသောအော်ရာကို ရှစ်ဖုန့်အာရုံခံမိခဲ့သည်။
“အဲ့တာကတကယ့်ကိုအနက်ရောင်နဂါးနဲ့ သူ့ရဲ့စစ်တပ်နတ်ဆိုးသားရဲတွေပဲ”
ဝတ်ရုံနက်ကလေးနက်သောအသံဖြင့်ပြောလိုက်သည်။
သူ၏အသံ၌ တည်ကြည်လေးနက်မှုတို့ပြည့်နှက်နေသည်။
ထို့နောက် ရှစ်ဖုန့်က ခေါင်းငုံ့လိုက်ပြီးသူ၏ အာရုံအားလုံးအား အောက်ဘက်ရှိဧရာမတွင်းနက်ကြီးထံသို့လုံးဝစူး စိုက်ထားလိုက်သည်။ သူကပြောလိုက်၏။
“သွားစို့”
“သွားစို့”
ဝတ်ရုံနက်ကလည်းတုန့်ပြန်လိုက်သည်။ထို့နောက် နှစ်ယောက်သား အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး တစ်ခုကအနက် တစ်ခုကအဖြူနှင့် ဥက္ကာခဲများကဲ့သို့ တစ်ဟုန်ထိုးကျဆင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်း ဧရာမတွင်းနက်ကြီးအတွင်း တစ်ဟုန်ထိုး သက်ဆင်းသွားသည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး”
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ဧရာမတွင်းနက်ကြီးထဲသို့ ဝင်ရောက်သွားပြီး သိပ်မကြာခင် ညကောင်းကင်ယံထဲ၌ ခက်ထန်ကြမ်းကြုတ်သော ဟိန်းဟောက်သံများဆက်တိုက်ထွက်ပေါ်လာသည်။
ထို့နောက် ဧရာမတွင်းနက်ကြီး၏အထက်၌ ဧရာမအနက်ရောင်နဂါးကြီးတစ်ကောင်ပေါ်လာ သည်။နဂါးကြီးက ဧရာမတွင်းနက်ကြီးကို ငုံ့ကြည့်လိုက်ပြီး လူသားဘာသာစကားဖြင့်ပြောလိုက်သည်။
“မွန်းစတားနတ်ဘုရားရဲ့အမွေအနှစ်က အောက်မှာရှိတဲ့ပုံပဲ..ဘယ်လိုလုပ်ပြီးဒီလိုကြွက်လေးနှစ်ကောင် အရင်ဆုံးပြေးဆင်းသွားတာကို ငါကခွင့်ပြုနိုင်မှာလဲ”
“ဂါး...မျက်စိစါးမွှေးစရာ ကြွက်ပေါက်လေးတွေ ငါမင်းတို့ကို ဖမ်းဖို့လာပြီ”
အနက်ရောင်နဂါးက ကောင်းကင်နှင့်မြေပြင်ကိုပင် လှုတ်ခတ်စေနိုင်လောက်သော ကြမ်းကြုတ်ခက်ထန်သည့် အော်သံတစ်ခုကို ထပ်မံအော်ဟစ်လိုက်သည်။ထို့နောက် ဧရာမအနက်ရောင်နဂါးကြီးကရုတ်တရက်လှုပ်ရှားလိုက်ပြီးတစ်ဟုန်ထိုးထိုးဆင်းလိုက်သည်။အနက် ရောင်နဂါးက တွင်းကြီးထဲသို့ဝင်ရောက်သွားသည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး”
အနက်ရောင်နဂါးတွင်းနက်ကြီးထဲသို့ဝင်ရောက် သွားပြီး မကြာခင် သားရဲတို့၏ဟိန်းဟောက်သံလှိုင်းများက ဆက်တိုက်ထွက်ပေါ်လာသည်။
သေလုအောင်ဆိတ်ငြိမ်နေသောကမ္ဘာမှာ ၎င်း၏ ငြိမ်သက်အေးချမ်းမှုကို ဆုံးရှုံးလိုက်ရသည်။
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ဧရာမတွင်းနက်ကြီးထဲသို့ ဆင်းသက်သွားပြီးနောက် သူတို့၏ခန္ဓာကိုယ်များက အောက်သို့ဆက်လက်ကျဆင်းနေသည်။ဤမြေ အောက်တွင်းနက်ကြီးက တကယ်ပဲ အခြေမဲ့တွင်းတစ်တွင်းဖြစ်ပုံရသည်။
သူတို့၏ခြေထောက်များက မာကျောသောမြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် သူတို့ရှေ့ရှိမြင်ကွင်းများက မျက်လုံးအတွင်းသို့ဖြည်းဖြည်းချင်းဝင်ရောက်လာသည်။
ဤအချိန်တွင်သူတို့အနေဖြင့် အကန့်သတ်မဲ့ကျယ်ပြောသော မြေအောက်လှိုင်းခေါင်းတစ်ခုအတွင်းသို့ရောက်နေသည့်နှယ်ခံစားရသည်။ မှောင်မိုက်အေးစက်ပြီး သေခြင်းအော်ရာလှိုင်းများက ဘက်ပေါင်းစုံမှသူတို့ထံသို့ တလိမ့်လိမ်ဦးတည်လာနေ၏။
“ဒီနေရာမှာ အားကောင်းလွန်းပြီးမှောက်မိုက်တဲ့သေခြင်း အော်ရာတွေပြည့်နှက်နေတယ်..ဒီလိုသေခြင်းအော်ရာမျိုးက စွမ်းအားကြီးသေခြင်းသတ္တဝါတွေမှာပဲရှိတာ..ပြီး တော့ သူတို့တွေတော်တော်လေးများလိမ့်မယ်”
ဘက်ပေါင်းစုံမှတလိမ့်လိမ့်ဦးတည်လာနေသော သေခြင်းအော်ရာအား အာရုံခံမိသောအခါတွင် သေခြင်းနှင့်ပက်သက်လာလျှင် လွန်စွာအာရုံခံစားမှုကောင်းသောရှစ်ဖုန့်က အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်သည်။
“သေခြင်းအော်ရာလား”
ဝတ်ရုံနက်ကလည်းပြောလိုက်သည်။ ထို့နောက်နှစ်ယောက်သားဘာမှမရှိသော ပတ်ဝန်းကျင်နေရာလွတ်ကို စတင်စစ်ဆေးကြသည်။
မကြာခင် သူတို့နှင့်သိပ်မဝေးကွာလှသော ရှေ့၊နောက်၊ဘယ်၊ညာ၌ လေထဲ၌ မျောလွင့်ရပ်တည်နေကြသော ဧရာမအနက်ရောင် ဆယ်နှင့်ချီသော ကျောက်တုံးရုပ်ထုကို မြင်တွေ့လိုက်ရသည်။စုစုပေါင်း ငါးဆယ်နီးပါးခန့်ရှိပြီး ၎င်းတို့က နတ်ဆိုးသားရဲများ၏ ကျောက်တုံးရုပ်ထုများဖြစ်သည်မှာသိသာ၏။
သို့သော် အေးစိမ့်မှုန်မှိုင်းသောအော်ရာတို့က ဤကျောက်တုံးရုပ်ထုများထံမှ လာနေခြင်းဖြစ်ပြီး သူတို့ထံသို့ တလိပ်လိပ်ဦးတည်လာနေခြင်းဖြစ်သည်ကို ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ အာရုံခံမိပြီးဖြစ်သည်။
“သူတို့လှုပ်ရှားလာပြီ..သူတို့လှုပ်ရှားတာအရမ်းနှေး ကွေးတယ်ဆိုပေမဲ့ ဒီသခင်လေးရဲ့ အာရုံခံနိုင်မှုကနေမလွတ်မြောက်နိုင်ဘူး..ခုဏကသူတို့တွေ အိပ်နေကြလောက်တာဆိုမေပဲ့ အခု ဖြည်းဖြည်းချင်းနိုးလာနေပြီ..ဒီသခင်လေးတို့အခု ထွက်မသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်”
ရှစ်ဖုန့်က ဝတ်ရုံနက်ကို စိုးရိမ်စွာပြောလိုက်သည်။
သိပ်သည်းသောသေခြင်းအော်ရာများကို ထုတ်လွှတ်နေသည့် ဤအနက်ရောင် ကျောက်တုံးရုပ်ထုများမှတစ်ဆင့် ဤအိပ်မောကျနေသော သေခြင်းသတ္တဝါတစ်ကောင်ချင်းစီတိုင်းက အနည်းဆုံး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ရှိသည်ကို ရှစ်ဖုန့်အာရုံခံမိခဲ့ပြီးဖြစ်သည်။
စုစုပေါင်းနတ်ဘုရားတစ်ပိုင်းနယ်ပယ် သေခြင်းသတ္တဝါငါးဆယ်ရှိနေပြီးကြယ်တစ်ပွင့်မှနှစ်ပွင့်ရှိသည့်သတ္တဝါများဖြစ်ကြသည်။ အကယ်၍သူတို့ယခုထွက်မသွားလျှင် လုံးဝထွက်သွားနိုင်တော့မည်မဟုတ်ပေ။
“ခရက်..ခရက်..ခရက်”
ရုတ်ခြည်း အက်ကွဲသည့်ပဲ့တင်သံတစ်ခုက ဗလနတ္ထိ မြေအောက်နေရာလွတ်အတွင်း၌ ထွက်ပေါ်လာသည်။
လေထဲ၌မျောလွင့်ရပ်တည်နေသော အနက်ရောင်ကျောက်တုံးရုပ်ထုများမှာ အနက်ရောင်ပင့်ကူမျှင်အက်ကွဲကြောင်းတစ်ခုကဲ့သို့စတင်အက်ကွဲလာသည်ကို ရှစ်ဖုန့်ရော ဝတ်ရုံနက်ပါမြင်နိုင်ပြီးဖြစ်သည်။
အက်ကွဲကြောင်းများက ရုပ်ထုများပေါ်၌ ပျံ့နှံ့နေဆဲဖြစ်သည်။
“ဟိုဘက်မှာ အပေါက်တစ်ခုရှိတယ်..အခုချက်ချင်းမြန်မြန်သွားရအောင်..”
ဤအချိန်တွင် ဝတ်ရုံနက်၏ လေးနက်သောအသံကထပ်မံထွက်ပေါ်လာသည်။ သူ၏ဖြူဖွေးသေးသွယ်သောညာလက်ကို ဆန့်ထုတ်ပြီးရှစ်ဖုန့်၏ညာဘက်ခြမ်းသို့ ထိုးညွှန်ပြလိုက်သည်။
ထိုနေရာ၌ မြို့ဝင်ပေါက်တစ်ခု စာရှိသော အပေါက်တစ်ခုရှိနေသည်ဖြစ်သည်။ သူတို့အနေဖြင့် ၎င်း၏အဆုံးသတ်ကို မမြင်တွေ့ရသလို ဘယ်နေရာသို့ဦးတည်နေသည်ကိုလည်း မသိနိုင်ပေ။
“သွားစို့”
ရှစ်ဖုန့်က ဝတ်ရုံနက်အားတုန့်ဆိုင်းခြင်းမရှိပြောလိုက်သည်။ သူတို့၏ခန္ဓာကိုယ်များက တစ်ချိန်တည်း၌ ဖျက်ခနဲဖြစ်သွားပြီး အပေါက်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း”
ဤအချိန်တွင် ကျယ်လောင်သောဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဧရာမအနက်ရောင်ပုံရိပ်များကတစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။
ကြီးမားသောအပေါက်ကြီး၏ အလွန်နီးစပ်သောနေရာသို့ ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ ဝင်ရောက်ကာနီးတွင် ခုနှစ်ကောင်ရှစ်ကောင်ထက်မကသော လွန်စွာကြီးမားသည့်အနက်ရောင် ခန္ဓာကိုယ်ကြီးများက ကျဆင်းလာပြီး ယခင်ထက်ပို၍အားကောင်းသော သေခြင်းအော်ရာများကိုထုတ်လွှတ်လာကြသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE