← Chapters

အခန်း (၉၈၄)

Vol. 66 Ch. 984

အခန်း (၉၈၄)

Vol. 66 Ch. 984

ဝတ်ရုံနက်နှင့်အတူတကွ ရှစ်ဖုန့်၏ခြေထောက်တို့က မြေပြင်ထက်မှ ကြွတက်သွားပြီး ခန္ဓာကိုယ်က အပေါ်သို့ဖြည်းညှင်းစွာ မျောလွင့်တက်သွားသည်။

ထို့နောက် တောင်ထိပ်အား ဂရုတစိုက်အာရုံခံရင်း ဖြည်းညှင်းစွာဆင်းသက်လိုက်သည်။

သူတို့တောင်ထိပ်ဖျားသို့ ရောက်တော့မည့်အချိန်တွင် ဝတ်ရုံနက်က ရုတ်တရက်ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အဲ့ရုန်းကိုကြည့်လိုက်အုံး”

ရှစ်ဖုန့်နှင့်သူ၏ပုံရိပ်တို့က ချက်ချင်းရပ်တန့်သွားပြီး တောင်ထိပ်ဖျား၏ရှေ့လေထဲ၌ မျောလွင့်ရပ်တည်နေလိုက်ကြသည်။ဤအချိန်တွင် အဆုံးမရှိသော လေဒဏ်မိုးဒဏ်တို့ကို ခံစားရမှုကြောင့် မည်းမှောင်ညစ်ထွေးပုံပေါ်နေသည့် ကျောက်နံရံတစ်ခုက သူတို့၏ရှေ့၌ရှိနေသည်။

မကြာခင် ကျောက်နံရံပေါ်ရှိ အလွန်မှုန်ဝါးသော ရုန်းတစ်ခု အား ရှစ်ဖုန့်သတိပြုမိလိုက်သည်။ အချိန်ကာလအတော်ကြာမြင့်ပြီးဖြစ်သောကြောင့် ၎င်းအားရှင်းရှင်းလင်းလင်းဖတ်နိုင်ရန်မဖြစ်နိုင်ပေ။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ဤမှုန်ဝါးသောရုန်းအား နီးနီးကပ်ကပ်စိုက်ကြည့်ပြီး ၎င်းအား ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေသည်။ သို့သော် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ စိတ်များက တစ်ချိန်တည်းတွင်လှုပ်ခတ်သွားကြသည်။

သူတို့၏ခန္ဓာကိုယ်များပင် ယှဉ်တွဲလိုက်ပါတုန်ခါသွားသည်။

ဤမှုန်ဝါးသောရုန်းအား ဖြတ်မြင်နိုင်ရန်ကြိုးပမ်းမှုကြောင့် သူတို့၏စိတ်များ၌ တန်ပြန်သက်ရောက်မှုတစ်ခုကို ခံစားလိုက်ရသည့်ပုံပေါ်သည်။

ရှစ်ဖုန့်နတ်ဆိုးရိုင်းတောင်တန်းအတွင်း၌ရှိတုန်းကကဲ့သို့ပင် သူတို့အနေဖြင့် ရှေးဟောင်းအစီအရင်၏ အလယ်ဗဟိုမှ ရုန်းအားမှတ်သားရန်ကြိုးပမ်းခဲ့သည်။

အဆုံးသတ်တွင် ၎င်းအားမမှတ်သားနိုင်ရုံသာမက တန်ပြန်သက်ရောက်မှုကိုပင်ခံစားခဲ့ရသည်။

ပြောစရာမလိုအောင်ပင် ဤရှေးဟောင်းရုန်းအားသူတို့ဖြတ်မြင်နိုင်ခြင်းမရှိသည်ကို နှစ်ယောက်လုံးသိသည်ဖြစ်သည်။

“ဒီတောင်ထွတ်ရဲ့သော့ချက်က ဒီမှာပဲရှိလောက်တယ်”

ဝတ်ရုံနက်က ပြောရင်းဆိုရင်း သူ၏သေးသွယ်ဖြူဖွေးပြီးမိန်းမဆန်သော လက်ကို ဆန့်ထုတ်လိုက်သည်။

ဤလက်အား ရှစ်ဖုန့်မြင်လိုက်ရသည့်အချိန်တိုင်းတွင် ၎င်း၏အိုမင်းအက်ရှသောအသံနှင့်လားလားမှမသက်ဆိုင်ဟု ရှစ်ဖုန့်ခံစားရသည်။ ယင်းက သူ၏စိတ်ကူးထဲမှအဘိုးအို၏ ပုံနှင့် လုံးဝကိုက်ညီမှုမရှိပေ။

သို့သော် အဆုံးသတ်တွင် ရှစ်ဖုန့်အနေဖြင့်၎င်းတို့အားကွက်တိပေါင်းစပ်နိုင်ဆဲဖြစ်သည်။

အခြားအရာအားလုံးကတော့အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်မည်သာဖြစ်သည်။ အဘိုးအို၌ အရေးအကြောင်းများပြည့်နှက်နေသော မျက်နှာတစ်ခုရှိပြီးလက်များကသာ သေးသွယ်ဖြူဖွေးနေခြင်းဖြစ်သည်။

ထို့နောက်ဝတ်ရုံနက် ရှစ်ဖုန့်ကို အကြံပေးသည်။

“ဒီရုန်းကိုအတူတူတိုက်ခိုက်ပြီး ဘာဖြစ်လာမလဲဆိုတာကြည့်ရအောင်”

“ကောင်းပြီ”

ဝတ်ရုံနက်၏ အကြံပြုချက်အားကြားပြီးနောက် ရှစ်ဖုန့်က သဘောတူစွာဖြင့်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူနှင့် ဝတ်ရုံနက်တို့က တစ်ချိန်တည်းလှုပ်ရှားလိုက်ပြီး လျှင်မြန်စွာနောက်သို့ဆုတ်ခွာလိုက်သည်။

အကယ်၍သူတို့အသာဤဆန်းကြယ်ပြီး အမျိုးအမည်မသိရသောရုန်းအား တိုက်ခိုက်လိုလျှင် ၎င်းက လွန်စွာအန္တရာယ်များသောရှေးဟောင်းရုန်းတစ်ခုဖြစ်လောက်သည်ဖြစ်သည်။ ထို့ကြောင့်သူတို့အနေဖြင့် အဝေး၌သာနေရာမည်မှာသဘာဝကျသည်ဖြစ်သည်။

အန္တရာယ်များပြီး ဘာမှန်းမသိနိုင်သော ရှေးဟောင်းနယ်မြေအတွင်း၌ တစ်ချိန်လုံးဂရုတစိုက်နှင့်သတိထားနေဖို့လိုအပ်သည်ဖြစ်၏။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ပြန်ပေါ်လာသောအခါတွင် ညကောင်းကင်ယံ၏မီတာတစ်ရာအဝေးသို့ရောက်ရှိနေပြီဖြစ်သည်။

ရုတ်ခြည်းနှစ်ယောက်သားပြိုင်တူအော်လိုက်ကြသည်။

“ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား”

“အမှောင်အရိပ်”

ချက်ချင်းပဲ သတ်ဖြတ်ခြင်းဓားတစ်လက်က မှုန်ဝါးဝါးရှေးဟောင်းရုန်း၏ ရှေ့၌ပေါ်လာသည်။ ဓား၏ထိပ်ဖျားက ရှေးဟောင်းရုန်းထံသို့ ထိုးညွှန်ထားသည်။

ဤအချိန်တွင် ဓား၌သွေးနီရောင်မီးတောက်တို့တောက်လောင်နေသည်သာမက မီးတောက်တို့အတွင်းအနက်ရောင်လျှပ်စီးကြောင်းများ စီးဆင်းနေဆဲဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် ကောင်းကင်သူတော်စင်မီးတောက်နှင့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်လျှပ်စီးတို့အား ဟင်းလင်းပြင်ဓားအတွင်း ပေါင်းစပ်ထားပြီးဖြစ်သည်။

ထို့နောက် အနက်ရောင်အရိပ်တစ်ခု သတ်ဖြတ်ခြင်းဓား၏ ဘေးတွင်ပေါ်လာသည်။

ထို့နောက်အနက်ရောင်လျှပ်စီးသွေးနီရောင်မီးတောက်သတ်ဖြတ်ခြင်းဓားနှင့်အနက်ရောင်အရိပ်တို့က ရှေးဟောင်းရုန်းအား တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်။

သတ်ဖြတ်ခြင်းဓားက ရုန်းအတွင်းသို့ ပြင်းထန်စွာထိုးဖောက်သွားသည်။ အနက်ရောင်အရိပ်က ရုတ်ခြည်းပေါက်ကွဲသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

ဤအချိန်တွင် အဆက်မပြတ်တိုက်ခိုက်ခံလိုက်ရသော တောင်အပါအဝင် မြေပြင်နှင့် တောင်တန်းအတွင်း၌ရှိနေသော တောင်အားလုံး စတင် ပြင်းထန်စွာတုန်ခါလာသည်။

ယင်းမှာ ဤကမ္ဘာ၌ ပြင်းထန်သော မြေငလျှင်တစ်ခု ရုတ်ခြည်းဖြစ်ပွားလာသကဲ့သို့ပင်ဖြစ်သည်။

သူတို့အနေဖြင့် ရှေးဟောင်းရုန်းကိုသာ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ကမ္ဘာတစ်ခုလုံးက တောင်ပေါ်မှတိုက်ခိုက်မှုကိုတုန့်ပြန်လာသည်။

“ဆံပင်တစ်ပင်နှုတ်လိုက်တာနဲ့ တစ်ကိုယ်လုံးကို သက်ရောက်တာပါလား”

တိုက်ခိုက်ပြီးသည့်နောက် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ထပ်မံလှုပ်ရှားခြင်းမရှိပေ။ သူတို့ကရှေ့သို့ ဆက်လက်စိုက်ကြည့်နေသည်။ ရှစ်ဖုန့်ကပြောသည်။

“ဒီရှေးဟောင်းရုန်းက ရှိနေခဲ့တာတော်တော်ကြာပြီ..ဒါက ဝင်ပေါက်က ရှေးဟောင်းအစီအရင်ရဲ့ ဗဟိုချက်က ရုန်းထက်တောင် ပိုပြီးအားနည်းတယ်..ဒီသခင်လေးတို့နှစ်ယောက်အတူတူလုပ်ဆောင်ရင် ချိုးဖျက်နိုင်လောက်တယ်”

ဝတ်ရုံနက်က ဆိတ်ငြိမ်စွာဖြင့်ခေါင်းညိမ့်ပြီးနောက် ပြောလိုက်သည်။

“မင်းပြောတာမှန်တယ်”

“ဒါပေမဲ့ဒီလိုမျိုး ကြီးမားတဲ့ အငြိမ်မသက်အခြေအနေမျိုးနဲ့ဆိုရင် ဒီနေရာကနတ်ဆိုးသားရဲတွေကို ဆွဲဆောင်မှာသေချာတယ်.အထူးသဖြင့် နတ်ဆိုးသားရဲဘုရင်ဖြစ်တဲ့ အနက်ရောင်နဂါးပဲ”

“ပြီးတော့လည်း ဒီကမ္ဘာထဲကို အဲ့မျိုးနွယ်စုအသီးသီးကလူတွေ ဝင်လာသေးလာဆိုတာကို မသိနိုင်သေးဘူး..သူတို့သာလာခဲ့ရင် ငါတို့တွေပြဿနာအကြီးကြီးတက်လိမ့်မယ်”

“စိတ်မပူပါနဲ့ …အချိန်ရှိတုန်းခြေတစ်လှမ်းတိုးလိုက်ရအောင်.. မွန်းစတားနတ်ဘုရားရဲ့အလောင်းက အောက်မှာရှိနိုင်ချေများတယ်..ခင်ဗျားနဲဒီသခင် လေးဆုတ်ခွာဖို့မဖြစ်နိုင်ဘူး..ဒီသခင်လေးလေးတို့ဆီကနေ လုယူဖို့ကြိုးစားတဲ့ဘယ်သူ့ကိုမဆိုသတ်ပစ်မယ်”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

“ဝုန်း.ဝုန်..ဝုန်း..ဝုန်း..ဝုန်း..”

ဤကမ္ဘာကဆက်လက်လှုပ်ခါနေသည်။၎င်းကရပ်တန့်မည့်လက္ခဏာ မပြရုံသာမက ပို၍ပင်ပြင်းထန်လာ၏။

“ဂါး..ဂါး..ငါခံစားနိုင်တယ်..ငါခံစားနိုင်တယ်ကွ…ရှေးခေတ်မွန်းစတားနတ်ဘုရားက ငါ့ကိုဆင့်ခေါ်နေတယ်”

ညကောင်းကင်ယံထဲတွင် ဦးခေါင်းပေါ်၌ အနက်ရောင်ဦးချိုတစ်ချောင်းရှိသော အနက်ရောင် နဂါးတစ်ကောင်ကလှည့်ပတ်ပျံသန်းနေသည်။ ၎င်း၏ပါးစပ်အားဖွင့်ဟပြီး ကြမ်းကြုတ်ရက်စက်ခက်ထန်သောသားရဲတစ် ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။ ၎င်း၏ထက်ရှသောအစွယ်များကထွက်ပေါ်လာပြီး ပို၍ပင်ရက်စက်ကြမ်းကြုတ်ခက်ထန်သည့်အသွင်ကို ဖော်ဆောင်နေသည်။

အနက်ရောင်နးဂါးက အော်ဟစ်ရင်း လူသားဘာသာစကားဖြင့် ပြောဆိုလိုက်သည်။ သို့သော် ဘာသာစကားပြောဆိုသံကအနည်းငယ်တောင့် တောင့်တင်းတင်းနိုင်၏။

နတ်ဆိုးသားရဲတစ်ကောင်၎င်း၏အဆင့်မျိုးသို့ ရောက်ရှိလျှင် အသိဉာဏ်ရရှိလာပြီဖြစ်သည်။ လူသားဘာသာစကားအားသင်ကြားရန်မှာ၎င်းတို့အတွက်ပြဿနာတစ်ခုမဟုတ်ပေ။

သို့သော် နတ်ဆိုးသားရဲအများစုမှာ ၎င်းတို့ကစွမ်းအားကြီးမားပြီး သန်မာသောခန္ဓာကိုယ်များကိုပိုင်ဆိုင်ထားကာ အဆင့်တန်းမြင့်မားသော မျိုးဆက်သွေးရှိသည်ဟု သူတို့ကိုယ်သူတို့တွေးထင်ကြသည်။၎င်းတို့အနေဖြင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ပုပုသေးသေးဖြစ်သောလူသားများ၏ ဘာသာစကားကို သင်ကြားရန် အထင်သေးကြသည်။

အနက်ရောင်နဂါးကကောင်းကင်ထဲသို့ဟစ်အော်လိုက်ပြီးနောက် ခုနှစ်ရာနီးပါးရှိသော နတ်ဆိုးသားရဲများမှာ တုန်ခါနေသော မြေပြင်ထက်၌သူတို့ကိုသူတို့ဝပ်လိုက်ကြသည်။ ခမ်းနားသောနတ်ဆိုးသားရဲဘုရင် အနက်ရောင်နဂါး၏ အောက်တွင် သာမန်နတ်ဆိုးသားရဲများအနေဖြင့် အသံတစ်ချက်ပင်မထွက်ရဲသည်မှာ ပုံမှန်ဖြစ်သည်။

ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်နတ်ဆိုးသားရဲများပင်အတူတူဖြစ်သည်။

၎င်းတို့ကြားထဲတွင် အကောင်နှစ်ဆယ်ကျော်က နတ်ဆိုးရိုင်းတောင်တန်း၏အရှင်သခင်များဖြစ်ကြသည်။ သို့သော် အနက်ရောင်နဂါးကတော့ နတ်ဆိုးရိုင်းတောင်တန်းကြီးတစ်ခုလုံး၏ ဘုရင်ဖြစ်သည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းအကြောင်းကိုငါ ကြားဖူးနေတာကြာပြီ..ဒါပေမဲ့ ရှေးဟောင်းအစီအရင်တည်ရှိနေမှုကို ငါအမြဲတမ်းစိုးရိမ်ခဲ့ရတယ်..အခုငါဒီမှာရှိနေတော့ ရှေးဟောင်းမွန်းစတားနတ်ဘုရားရဲ့ဝိညာဉ်ကငါ့ကိုဆင့်ခေါ်နေတာကိုငါ့ခံစားနိုင်တယ်..သွားကြစို့..မွန်းစတားနတ်ဘုရား အမွေအနှစ်ကို ဆက်ခံဖို့ငါ့နောက်လိုက်ခဲ့ကြ”

ညကောင်းကင်ယံထဲ၌ စက်ဝိုင်းသဏ္ဍန်လှည့်လည်နေသော အနက်ရောင်နဂါး၏ ဧရာမကိုယ်ကြီးက ရုတ်ခြည်းရပ်တန့်သွားသည်။ ၎င်း၏ ကြီးမားသောမီးအိမ်ကဲ့သို့ မျက်လုံးနှစ်လုံးတို့က မြည်ဟိန်းနေသော အကွာအဝေးတစ်ခုဆီသို့စိုက်ကြည့်လိုက်သည်။ လူသားဘာသာစကားဖြင့်နောက်ဆုံးပြောဆိုပြီး နောက်ဧရာမ အနက်ရောင်နဂါးခန္ဓာကိုယ်ကြီးက ညကောင်းကင်ယံထဲ၌ဖျက်ခနဲဖြစ်သွားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

အနက်ရောင်နဂါးထွက်ခွာသွားပြီးနောက် မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲခုနှစ်ရာမှာတစ်ကောင်ပြီး တစ်ကောင်လှုပ်ရှားလိုက်ကြသည်။ မူလကအနည်းငယ်တုန်ခါနေသောမြေပြင်မှာ ရုတ်ခြည်းပြင်းထန်စွာစတင်တုန်ခါလာသည်။

ညကောင်းကင်ယံ၏အခြားတစ်နေရာတွင် မျိုးနွယ်စုအသီးသီးမှလူသားများအားလုံးက လွန်စွာမငြိမ်မသက်ဖြစ်နေသော အကွာအဝေးတစ်ခုဆီသို့ကြည့်နေကြသည်။

ကုန်းစွန်းမိသားစုမှ တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်သည်လည်း ထိုနေရာမှ မငြိမ်မသက်ဖြစ်မှုကို အာရုံခံမိသည်။သွားပေါ်အောင်ပြုံးလိုက်ပြီး သူ့ဖာသာသူပြောလိုက်၏။

“တစ်စုံတစ်ယောက်က ငါ့ထက်ခြေတစ်လှမ်းဦးနေတဲ့ပုံပဲ”

“ဒါပေမဲ့ကောင်းပါတယ်လေ..ဒါကငါ့ကိုဒုက္ခတော် တော်များများကနေကယ်တင်ပေးတာပဲ..အဆုံးမှာ တော့ အားလုံးက ငါကုန်းစန်းယွမ်နဲ့ပဲသက်ဆိုင်လိမ့်မယ်”

“မျိုးနွယ်စုအသီးသီးကကျင့်ကြံသူတို့..သွားကြစို့.. မွန်းစတားနတ်ဘုရားရဲ့ရတနာက ဟိုမှာပွင့်နေတာဖြစ်ရမယ်..ရှေးဟောင်းမွန်းစတားနတ်ဘုရားရဲ့ရတနာက ကျုပ်တို့ကိုစောင့်နေပြီ…”

ကုန်းစွန်းယွမ်ကလူအုပ်အားအော်ပြောလိုက်သည်။

ပြောရလျှင်သူအော်ပြောဖို့ပင်မလိုအပ်ပေ။လူအုပ် ကြီးမှာ ဂနာမငြိမ်ဖြစ်နေပြီဖြစ်သည်။

ရုတ်ခြည်း တစ်ချိန်က သေလုအောင် ဆိတ်ငြိမ်သက်နေသော အပျက်အစီးနယ်မြေမှာ စတင်တုန်ခါလာသည်။မည်သူကများဤအရာကိုခုခံနိုင်မည်နည်း။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၆)

အပိုင်း(၉၈၅)

“ဝုန်း”

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က တုန်ခါနေသော ကောင်းကင်နှင့်မြေကြီးတို့၏ အလယ်၌ရှိနေသော်လည်း သူတို့၏အာရုံက ရှေ့ရှိ ဧရာမသင်္ချိုင်းကဲ့သို့ တောင်ပေါ်သို့ စူးစိုက်ထားဆဲဖြစ်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။

သူတို့၏အကြည့်အောက်တွင် ဧရာမတောင်ကြီးက ပြိုကျသွားပြီး ကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။

“ဒီသခင်လေးတို့မှန်ကန်တဲ့အရာတစ်ခုကို လုပ်လိုက်တဲ့ပုံပဲ...အခုတောင်ကပြိုကျသွားပြီဆို တော့ တောင်အောက်ခြေမှာဘာရှိလဲဆိုတာကို ကြည့်နိုင်လောက်ပြီ”

ရှစ်ဖုန့်ကဝတ်ရုံနက်ကိုပြောလိုက်သည်။

ဝတ်ရုံနက်က ခေါင်းညိမ့်၏။

ထို့နောက် ဧရာတောင်ကြီးလုံးဝတည်ငြိမ်သွားသည့်အထိ သူတို့စောင့်ဆိုင်းနေကြသည်။

ဤအခိုက်အတန့်တွင် တောင်၏အောက်ခြေ၌ ဧရာမအခြေမဲ့တွင်းကြီးကဲ့သို့ပေါ်လာသည်။

ဧရာမတောင်ကြီးက မြည်ဟိန်းသံတစ်ခုနှင့်အတူ ပြိုလဲကျသွားပြီး ကြီးမားသောကျောက်အပိုင်းအစများအဖြစ်ပြောင်းလဲကာ ပြုတ်ကျလာသည်။ထိုကြီးမားသော‌ ကျောက်အပိုင်းအစများမှာ ဧရာမပါးစပ်ကြီးအတွင်းသို့ ဝါးမျိုခံရသည့်နှယ်ဖြစ်သည်။

အထက်မှဆက်တိုက်ကျဆင်းလာနေသော ကျောက်အပိုင်းအစများမှာ သဲလွန်စမကျန်ပျောက်ကွယ်သွားသည်။

ကျောက်အပိုင်းအစများက ဆက်တိုက်ကျဆင်းနေသကဲ့သို့ မူလကလွန်စွာကြီးမားသောတောင်ကြီး၏အောက်ခြေ၌ လွန်စွာကြီးမားသော အခြေမဲ့ တွင်းကြီးတစ်ခု တကယ်ကြီးရှိနေသည်ကို ရှစ်ဖုန့်ရောဝတ်ရုံနက်ပါ မြင်တွေ့လိုက်ရသည်။ ဧရာမတောင်ကြီးက များပြားလှသော ကျောက်အပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားပြီး ဧရာမတွင်းပေါက်ကြီးထဲသို့ဆက်တိုက်ကျဆင်းနေသည်။

“ဒါကအောက်ခြေကိုသွားတဲ့လမ်းကြောင်းဖြစ်လောက်တယ်..တစ်ချက်သွားပြီးကြည့်ကြစို့.ဂရုစိုက်အုံး”

ဧရာမအခြေမဲ့တွင်းကြီးအား မြင်တွေ့ရသောအခါတွင် ဝတ်ရုံနက်က ရှစ်ဖုန့်အား လေးနက်စွာပြောလိုက်သည်။

ထို့နောက်နှစ်ယောက်သားဖျက်ခနဲဖြစ်သွားပြီး ဧရာမတွင်းနက်ကြီး၏အထက်သို့ လျှင်မြန်စွာရောက်ရှိသွားသည်။ သူတို့ကအောက်သို့ ငုံ့ကြည့်လိုက်ကြ၏။

သို့သော် ခဏတာကြည့်ရှုပြီးနောက် အောက်ခြေ၌ဘာရှိနေလဲဆိုသည်ကို သူတို့ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဧရာမအနက်ရောင်တွင်းပေါက်ကြီး၌ ဆန်းကြယ်သောစွမ်းအားတစ်ခုပါဝင်ပုံရသည်။ ၎င်းအားသူတို့၏မျက်လုံးမျာဖြင့် ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။

“အိုး...မဟုတ်သေးဘူး”

ဝတ်ရုံနက် အာမေဋိတ်သံပြု၍ ခေါင်းကိုနောက်သို့လှည့်လိုက်သည်။ ယင်းမှာသူ့အနေဖြင့် အကန့်သတ်မဲ့သော အကွာအဝေးတစ်ခုအတွင်းရှိ ညအမှောင်ထု အား ဖြတ်မြင်နိုင်သကဲ့သို့ထင်ရ၏။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏မျက်နှာထက်၌ အေးစက်မှုတစ်ခုဖြစ်ပေါ်လာသည်။ သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသည့် များပြားလှသော ကြမ်းကြုတ်ခက်ထန်သည့်အော်ရာများကို အာရုံခံမိပြီးဖြစ်သည်။ ၎င်းတို့ထဲမှအော်ရာတစ်ခုမှ လွန်စွာစွမ်းအားကြီးမားသည်ဖြစ်၏။

“အဲ့နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးသားရဲဘုရင် အနက်ရောင်နဂါးတို့ သူတို့တွေဒီကိုခပ်မြန်မြန်လာနေကြပြီ”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

ထိုစွမ်းအားကြီးအော်ရာ ယင်းကမှားယွင်းစရာမရှိပေ။ ယင်းကားကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် အနက်ရောင်နဂါးဖြစ်သည်။ ယခင်က သွေးသောက်ဓားအဆင့်တက်လှမ်းချိန်ထူးဆန်း သောဖြစ်ရပ်ဆန်းပေါ်လာချိန်၌ ပေါ်လာခဲ့သည့် တစ်ထေရာတည်းတူညီသောအော်ရာကို ရှစ်ဖုန့်အာရုံခံမိခဲ့သည်။

“အဲ့တာကတကယ့်ကိုအနက်ရောင်နဂါးနဲ့ သူ့ရဲ့စစ်တပ်နတ်ဆိုးသားရဲတွေပဲ”

ဝတ်ရုံနက်ကလေးနက်သောအသံဖြင့်ပြောလိုက်သည်။

သူ၏အသံ၌ တည်ကြည်လေးနက်မှုတို့ပြည့်နှက်နေသည်။

ထို့နောက် ရှစ်ဖုန့်က ခေါင်းငုံ့လိုက်ပြီးသူ၏ အာရုံအားလုံးအား အောက်ဘက်ရှိဧရာမတွင်းနက်ကြီးထံသို့လုံးဝစူး စိုက်ထားလိုက်သည်။ သူကပြောလိုက်၏။

“သွားစို့”

“သွားစို့”

ဝတ်ရုံနက်ကလည်းတုန့်ပြန်လိုက်သည်။ထို့နောက် နှစ်ယောက်သား အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး တစ်ခုကအနက် တစ်ခုကအဖြူနှင့် ဥက္ကာခဲများကဲ့သို့ တစ်ဟုန်ထိုးကျဆင်းသွားသည်။

မျက်စိတစ်မှိတ်အတွင်း ဧရာမတွင်းနက်ကြီးအတွင်း တစ်ဟုန်ထိုး သက်ဆင်းသွားသည်။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး”

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ဧရာမတွင်းနက်ကြီးထဲသို့ ဝင်ရောက်သွားပြီး သိပ်မကြာခင် ညကောင်းကင်ယံထဲ၌ ခက်ထန်ကြမ်းကြုတ်သော ဟိန်းဟောက်သံများဆက်တိုက်ထွက်ပေါ်လာသည်။

ထို့နောက် ဧရာမတွင်းနက်ကြီး၏အထက်၌ ဧရာမအနက်ရောင်နဂါးကြီးတစ်ကောင်ပေါ်လာ သည်။နဂါးကြီးက ဧရာမတွင်းနက်ကြီးကို ငုံ့ကြည့်လိုက်ပြီး လူသားဘာသာစကားဖြင့်ပြောလိုက်သည်။

“မွန်းစတားနတ်ဘုရားရဲ့အမွေအနှစ်က အောက်မှာရှိတဲ့ပုံပဲ..ဘယ်လိုလုပ်ပြီးဒီလိုကြွက်လေးနှစ်ကောင် အရင်ဆုံးပြေးဆင်းသွားတာကို ငါကခွင့်ပြုနိုင်မှာလဲ”

“ဂါး...မျက်စိစါးမွှေးစရာ ကြွက်ပေါက်လေးတွေ ငါမင်းတို့ကို ဖမ်းဖို့လာပြီ”

အနက်ရောင်နဂါးက ကောင်းကင်နှင့်မြေပြင်ကိုပင် လှုတ်ခတ်စေနိုင်လောက်သော ကြမ်းကြုတ်ခက်ထန်သည့် အော်သံတစ်ခုကို ထပ်မံအော်ဟစ်လိုက်သည်။ထို့နောက် ဧရာမအနက်ရောင်နဂါးကြီးကရုတ်တရက်လှုပ်ရှားလိုက်ပြီးတစ်ဟုန်ထိုးထိုးဆင်းလိုက်သည်။အနက် ရောင်နဂါးက တွင်းကြီးထဲသို့ဝင်ရောက်သွားသည်။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး”

အနက်ရောင်နဂါးတွင်းနက်ကြီးထဲသို့ဝင်ရောက် သွားပြီး မကြာခင် သားရဲတို့၏ဟိန်းဟောက်သံလှိုင်းများက ဆက်တိုက်ထွက်ပေါ်လာသည်။

သေလုအောင်ဆိတ်ငြိမ်နေသောကမ္ဘာမှာ ၎င်း၏ ငြိမ်သက်အေးချမ်းမှုကို ဆုံးရှုံးလိုက်ရသည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ ဧရာမတွင်းနက်ကြီးထဲသို့ ဆင်းသက်သွားပြီးနောက် သူတို့၏ခန္ဓာကိုယ်များက အောက်သို့ဆက်လက်ကျဆင်းနေသည်။ဤမြေ အောက်တွင်းနက်ကြီးက တကယ်ပဲ အခြေမဲ့တွင်းတစ်တွင်းဖြစ်ပုံရသည်။

သူတို့၏ခြေထောက်များက မာကျောသောမြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် သူတို့ရှေ့ရှိမြင်ကွင်းများက မျက်လုံးအတွင်းသို့ဖြည်းဖြည်းချင်းဝင်ရောက်လာသည်။

ဤအချိန်တွင်သူတို့အနေဖြင့် အကန့်သတ်မဲ့ကျယ်ပြောသော မြေအောက်လှိုင်းခေါင်းတစ်ခုအတွင်းသို့ရောက်နေသည့်နှယ်ခံစားရသည်။ မှောင်မိုက်အေးစက်ပြီး သေခြင်းအော်ရာလှိုင်းများက ဘက်ပေါင်းစုံမှသူတို့ထံသို့ တလိမ့်လိမ်ဦးတည်လာနေ၏။

“ဒီနေရာမှာ အားကောင်းလွန်းပြီးမှောက်မိုက်တဲ့သေခြင်း အော်ရာတွေပြည့်နှက်နေတယ်..ဒီလိုသေခြင်းအော်ရာမျိုးက စွမ်းအားကြီးသေခြင်းသတ္တဝါတွေမှာပဲရှိတာ..ပြီး တော့ သူတို့တွေတော်တော်လေးများလိမ့်မယ်”

ဘက်ပေါင်းစုံမှတလိမ့်လိမ့်ဦးတည်လာနေသော သေခြင်းအော်ရာအား အာရုံခံမိသောအခါတွင် သေခြင်းနှင့်ပက်သက်လာလျှင် လွန်စွာအာရုံခံစားမှုကောင်းသောရှစ်ဖုန့်က အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်သည်။

“သေခြင်းအော်ရာလား”

ဝတ်ရုံနက်ကလည်းပြောလိုက်သည်။ ထို့နောက်နှစ်ယောက်သားဘာမှမရှိသော ပတ်ဝန်းကျင်နေရာလွတ်ကို စတင်စစ်ဆေးကြသည်။

မကြာခင် သူတို့နှင့်သိပ်မဝေးကွာလှသော ရှေ့၊နောက်၊ဘယ်၊ညာ၌ လေထဲ၌ မျောလွင့်ရပ်တည်နေကြသော ဧရာမအနက်ရောင် ဆယ်နှင့်ချီသော ကျောက်တုံးရုပ်ထုကို မြင်တွေ့လိုက်ရသည်။စုစုပေါင်း ငါးဆယ်နီးပါးခန့်ရှိပြီး ၎င်းတို့က နတ်ဆိုးသားရဲများ၏ ကျောက်တုံးရုပ်ထုများဖြစ်သည်မှာသိသာ၏။

သို့သော် အေးစိမ့်မှုန်မှိုင်းသောအော်ရာတို့က ဤကျောက်တုံးရုပ်ထုများထံမှ လာနေခြင်းဖြစ်ပြီး သူတို့ထံသို့ တလိပ်လိပ်ဦးတည်လာနေခြင်းဖြစ်သည်ကို ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ အာရုံခံမိပြီးဖြစ်သည်။

“သူတို့လှုပ်ရှားလာပြီ..သူတို့လှုပ်ရှားတာအရမ်းနှေး ကွေးတယ်ဆိုပေမဲ့ ဒီသခင်လေးရဲ့ အာရုံခံနိုင်မှုကနေမလွတ်မြောက်နိုင်ဘူး..ခုဏကသူတို့တွေ အိပ်နေကြလောက်တာဆိုမေပဲ့ အခု ဖြည်းဖြည်းချင်းနိုးလာနေပြီ..ဒီသခင်လေးတို့အခု ထွက်မသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်”

ရှစ်ဖုန့်က ဝတ်ရုံနက်ကို စိုးရိမ်စွာပြောလိုက်သည်။

သိပ်သည်းသောသေခြင်းအော်ရာများကို ထုတ်လွှတ်နေသည့် ဤအနက်ရောင် ကျောက်တုံးရုပ်ထုများမှတစ်ဆင့် ဤအိပ်မောကျနေသော သေခြင်းသတ္တဝါတစ်ကောင်ချင်းစီတိုင်းက အနည်းဆုံး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ရှိသည်ကို ရှစ်ဖုန့်အာရုံခံမိခဲ့ပြီးဖြစ်သည်။

စုစုပေါင်းနတ်ဘုရားတစ်ပိုင်းနယ်ပယ် သေခြင်းသတ္တဝါငါးဆယ်ရှိနေပြီးကြယ်တစ်ပွင့်မှနှစ်ပွင့်ရှိသည့်သတ္တဝါများဖြစ်ကြသည်။ အကယ်၍သူတို့ယခုထွက်မသွားလျှင် လုံးဝထွက်သွားနိုင်တော့မည်မဟုတ်ပေ။

“ခရက်..ခရက်..ခရက်”

ရုတ်ခြည်း အက်ကွဲသည့်ပဲ့တင်သံတစ်ခုက ဗလနတ္ထိ မြေအောက်နေရာလွတ်အတွင်း၌ ထွက်ပေါ်လာသည်။

လေထဲ၌မျောလွင့်ရပ်တည်နေသော အနက်ရောင်ကျောက်တုံးရုပ်ထုများမှာ အနက်ရောင်ပင့်ကူမျှင်အက်ကွဲကြောင်းတစ်ခုကဲ့သို့စတင်အက်ကွဲလာသည်ကို ရှစ်ဖုန့်ရော ဝတ်ရုံနက်ပါမြင်နိုင်ပြီးဖြစ်သည်။

အက်ကွဲကြောင်းများက ရုပ်ထုများပေါ်၌ ပျံ့နှံ့နေဆဲဖြစ်သည်။

“ဟိုဘက်မှာ အပေါက်တစ်ခုရှိတယ်..အခုချက်ချင်းမြန်မြန်သွားရအောင်..”

ဤအချိန်တွင် ဝတ်ရုံနက်၏ လေးနက်သောအသံကထပ်မံထွက်ပေါ်လာသည်။ သူ၏ဖြူဖွေးသေးသွယ်သောညာလက်ကို ဆန့်ထုတ်ပြီးရှစ်ဖုန့်၏ညာဘက်ခြမ်းသို့ ထိုးညွှန်ပြလိုက်သည်။

ထိုနေရာ၌ မြို့ဝင်ပေါက်တစ်ခု စာရှိသော အပေါက်တစ်ခုရှိနေသည်ဖြစ်သည်။ သူတို့အနေဖြင့် ၎င်း၏အဆုံးသတ်ကို မမြင်တွေ့ရသလို ဘယ်နေရာသို့ဦးတည်နေသည်ကိုလည်း မသိနိုင်ပေ။

“သွားစို့”

ရှစ်ဖုန့်က ဝတ်ရုံနက်အားတုန့်ဆိုင်းခြင်းမရှိပြောလိုက်သည်။ သူတို့၏ခန္ဓာကိုယ်များက တစ်ချိန်တည်း၌ ဖျက်ခနဲဖြစ်သွားပြီး အပေါက်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း”

ဤအချိန်တွင် ကျယ်လောင်သောဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဧရာမအနက်ရောင်ပုံရိပ်များကတစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။

ကြီးမားသောအပေါက်ကြီး၏ အလွန်နီးစပ်သောနေရာသို့ ရှစ်ဖုန့်နှင့် ဝတ်ရုံနက်တို့ ဝင်ရောက်ကာနီးတွင် ခုနှစ်ကောင်ရှစ်ကောင်ထက်မကသော လွန်စွာကြီးမားသည့်အနက်ရောင် ခန္ဓာကိုယ်ကြီးများက ကျဆင်းလာပြီး ယခင်ထက်ပို၍အားကောင်းသော သေခြင်းအော်ရာများကိုထုတ်လွှတ်လာကြသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters