← Chapters

အခန်း (၉၈၃)

Vol. 66 Ch. 983

အခန်း (၉၈၃)

Vol. 66 Ch. 983

ကုန်းစွန်းမိသားစု၏တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်မှာ အပြင်ပိုင်း၌ ကြင်နာသနာတတ်ပုံပေါ်သော်လည်း သူ့အကြောင်းသိသူများကတော့ လွန်စွာစိုးရိမ်ပူပန်ကြသည်ဖြစ်သည်။

မျိုးနွယ်စုကြီးမှ အကြီးအကဲတစ်ဦးဖြစ်သူ အကြီးအကဲကျိမှာ ထိုစိုးရိမ်ပူပန်သောလူများထဲမှတစ်ဦးဖြစ်သည်။

အကြီးအကဲကျိအနေဖြင့်ကုန်းစွန်းယွမ်၏ အကြောင်းအား ကြားဖူးနေသည်မှာကြာပြီဖြစ်သည်။ ဤလူက အပြင်ပန်း၌ ကြင်နာသနားတတ်ပုံပေါ်သော်လည်း အရမ်းကိုရက်စက်ပြီး အညှာအတာကင်းမဲ့ကာ သွေးအေးသောသူဖြစ်သည်။ သူ့အားစော်ကားသူမှန်သမျှ ကောင်းမွန်သောအဆုံးသတ်မရှိသည့် အစစ်အမှန်ရက်စက်ကြမ်းကြုတ်သော လူစားမျိုးဖြစ်သည်။

အကြီးအကဲကျိအနေဖြင့်လျှို့ဝှက်ချက်တစ်ခုအား ကြားခဲ့ဖူးသည်။လွန်ခဲ့သောနှစ်အချို့က မျိုးနွယ်စုတစ်ဦးမှကလေးငယ်တစ်ဦးသည် သူတို့၏မျိုးနွယ်စုမှ လူကြီးများနှင့်တူ စားစရာဝယ်ရန်အတွက် မြေရိုင်းမြို့တော်အတွင်းသို့လိုက်လာခဲ့သည်။

ကလေးငယ်မှာအဆော့မက်သောသူဖြစ်ပြီး လမ်းမများပေါ်တွင်ပြေးလွှားကစားခဲ့သည်။ မျှော်လင့်မထားစွာဖြင့် ကုန်းစွန်းယွမ်စီးလာခဲ့သောကြေးရထားလုံးက လည်းလာနေခဲ့၏။ကလေးငယ်က ကြေးရထားလုံးကိုကျောခိုင်းထားသောကြောင့် လာနေသည်ကို မမြင်ဘဲ ရထားလုံးနှင့်တိုက်မိလုနီးပါးဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူနှင့်အတူပါလာခဲ့သောလူကြီးများက အချိန်မှီမြင်လိုက်ပြီး ကလေးငယ်ကို အန္တရာယ်မှကယ်တင်နိုင်ခဲ့သည်။

ထို့နောက်လူကြီးများက အနည်းငယ်စိတ်ဆိုးသွားကြသည်။ကလေးကရှေ့၌ရှိနေသော်လည်း ရထားလုံးမှာ ရပ်တန့်ရန်ရည်ရွယ်ချက်မရှိခဲ့သောကြောင့် ဒေါသထွက်ပြီး ရထားလုံးအတွင်းမှလူများအား ကြိမ်းမောင်းဆဲဆိုပြစ်တင်ခဲ့ကြသည်။

ဤအချိန်တွင် ကုန်းစွန်းယွမ်က ရထားလုံးအတွင်းမှ ခေါင်းထွက်ပြီး ကြင်နာသနားတတ်သောအမူအယာနှင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့အားဆဲဆိုကြိမ်းမောင်းသူတို့ထံသို့ကြည့်လိုက်ပြီး ဘာမှတော့မပြောခဲ့ပေ။ လျှင်မြန်စွာရထားလုံးအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

မူလကလူများမှာ ဤကိစ္စအား ဤအတိုင်းသာပြီးသွားမည်ဟု ထင်ခဲ့ကြ၏။

သို့သော်ထိုညတွင် မြေရိုင်းမြို့တော်အတွင်းသို့ စားစရာဝယ်ယူရန်ဝင်လာခဲ့သော ထိုမျိုးနွယ်စု၌တစ်ညလုံး အလောင်းများနှင့်ဖုံးလွှမ်းသွားခဲ့သည်။ မျိုးနွယ်စုအတွင်း ကလေးများအားလုံး ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ရထားလုံးဘီးဖြင့် အရှင်လတ်လတ် အကြိတ်ခံခဲ့သောကြောင့် သေခဲ့ကြသည်။

ကုန်းစွန်းယွမ်အား ကြိမ်းမောင်းဆဲဆိုခဲ့သောသူမှာ လျှာပင်ဆွဲထုတ်ခံခဲ့ရသည်သာမက အရွတ်များပင်ဆွဲထုတ်ခံခဲ့ရသည်။

၎င်းမှာလွန်စွာထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသောပုံစံမျိုးဖြင့်သေဆုံးခဲ့သည်။

ဤမျိုးနွယ်စုက ကြေကွဲဝမ်းနည်းဖွယ်သုတ်သင်ခံခဲ့ရကြောင်းလူများစွာသိကြသည်။ဤသို့ရက်စက်ကြမ်းကြုတ်သည့်အရာမျိုးအားမည်သူ လုပ်ခဲ့မှန်းသူတို့သိကြသော်လည်း မည်သူကမှ မပြောရဲကြချေ။

တတိယသခင်လေး ကုန်းစွန်းယွမ်မှာ ပတ်ဝန်းကျင်အား ခဏကြာအောင်အာရုံခံပြီးနောက် ခေါင်းအနည်းငယ်ခါယမ်းလိုက်ပြီး ရင်းရင်းနှီးနှီးရယ်မောလိုက်သည်။

“တတိယသခင်လေး တစ်ခုခုများရှာတွေ့လို့လား”

ကုန်းစွန်းယွမ်၏ရယ်မောသံအားကြားပြီးနောက် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

“မတွေ့သေးပါဘူး”

ကုန်းစွန်းယွမ်က ပြန်ဖြေသည်။ ထို့နောက်ကုန်းစွန်းယွမ်ကပြောသည်။

“ဒီကုန်းမြေရဲ့ အပေါ်ယံမျက်နှာသွင်ပြင်က အရင်အတိုင်းတစ်ထေရာတည်းအတူတူပဲ..ဒါပေမဲ့..အရမ်းတော့မရိုးရှင်းလောက်ဘူး.အရင်ဆုံးစူးစမ်း ရှာဖွေကြတာပေါ့”

“ကောင်းပါပြီ”

ကုန်းစွန်းယွမ်၏စကားများအားကြားပြီးနောက် အားလုံးက သဘောတူစွာဖြင့်ခေါင်းညိမ့်လိုက်ကြသည်။

ထို့နောက်လူငါးရာနီးပါးရှိသောလူအုပ်ကြီးမှာ ဤကုန်းမြေအား အတူတကွစတင်စူးစမ်းရှာဖွေကြသည်။

၎င်းတို့အနေဖြင့်အရေအတွက်အရအင်အားများ သည်ဖြစ်သည်။ ယခုဤကမ္ဘာသစ်သို့ဝင်ရောက်လာသောအခါတွင် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ မကောင်းဆိုးဝါးနှင့်ပက်သက်ပြီး အသင့်အနေအထားနေရန်ထပ်မံတွေးနေစရာမလို‌တော့ပေ။ထိုအစားဤရှေးဟောင်းနယ်မြေအတွင်းမှ အချိန်မရွေးကျရောက်လာနိုင်သော အန္တရာယ်များကိုရင်ဆိုင်ရန်သာအသင့်အနေအ ထားနေနေကြသည်။

လူအများအကြီးနှင့်ဆိုလျှင် အတူတကွ တိုက်ခိုက်နိုင်သည်ဖြစ်သည်။

အကျိုးအမြတ်များအတွက်ကားမူအရင်ဆုံးကြည့်ရအုံးမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ ယခုအချိန်အတွက်မူသူတို့အနေဖြင့်ပူးပေါင်းကြရ မည်သာဖြစ်သည်။

“အဲ့တောင်တန်းကိုကြည့်လိုက်..အထူးသဖြင့် ငါတို့ရှေ့ကတောင်ထွတ်ပဲ..အဲ့တာနဲ့ပက်သက်ပြီး တစ်ခုခုကွဲပြားမနေဘူးလား..”

ဤအချိန်တွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က တောင်တန်းတစ်ခုရှေ့၌ရပ်တန့်လိုက်ကြသည်။ သူတို့ရှေ့ရှိတောင်ထွတ်အားကြည့်၍ ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

ရှစ်ဖုန့်၏မျက်လုံးတို့ကလည်း ရှေ့ရှိတောင်တန်းပေါ်သို့ကျရောက်သွားသည်။ အခြားနေသာနေရာများကဲ့သို့ပင် ဤတောင်ထွတ်ကလည်း ကျတ်တီးမြေဖြစ်ပြီးအသက်မဲ့နေသည်။ သို့သော် ၎င်းက ရှစ်ဖုန့်အားပုံမှန်မဟုတ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေဆဲဖြစ်သည်။

ရှစ်ဖုန့်ကပြောလိုက်၏။

“ဒီတောင်တန်းက ဒီသခင်လေးကို ကွဲပြားတဲ့ သေလုအောင် ဆိတ်ငြိမ်မှု အမျိုးအစားတစ်ခုကိုခံစားရစေတယ်..ဒါက ဒီသခင်လေးကို စိတ်ပူပန်မှုနဲ့သက်တောင့်သက်သာမဖြစ်တဲ့ခံစားမှုမျိုးဖြစ်စေတယ်”

ရှစ်ဖုန့်ကသူခံစားရသည်ကို အရှိအတိုင်းပြောလိုက်သည်။

“ဒီတောင်ကတော့..အခြားတောင်တွေနဲ့အတူတူပါပဲ..ဘာမှကွဲပြားတာကိုမတွေ့ရဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး ..ငါမေ့တော့မလို့..မင်းကထျန်းဟန်တိုက်ကြီးကဆိုတာကို”

ဝတ်ရုံနက်က ရုတ်တရက်တစ်စုံတစ်ခုအား သဘောပေါက်သလိုပြောလိုက်သည်။

ထို့နောက်သူကဆက်ပြောသည်။

“ဒီတောင်ရဲ့ပုံသန်းသဏ္ဍန်က အရိုင်းတိုက်ကြီးရဲ့ သေတဲ့အခါသုံးတဲ့ ဂူသင်္ချိုင်းတွေနဲ့အရမ်းဆင်တူတယ်”

“ဂူသင်္ချိုင်း”

ဝတ်ရုံနက်၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အံ့အားသင့်စွာပြောလိုက်သည်။ ဤကဲ့သို့ထူးဆန်းသောကုန်းမြေအတွင်း ဂူသင်္ချိုင်းကဲ့သို့တောင်တစ်လုံးအား တွေ့ရသည်ကား မည်ကဲ့သို့တိုက်ဆိုင်မှုမျိုးဖြစ်နိုင်မည်နည်း။

ထို့နောက်ရှစ်ဖုန့်က ဤတောင်အား ပို၍ဂရုတစိုက် စတင်ဆန်းစစ်လိုက်သည်။ ဤတောင်ကအရမ်းကိုကြီးမားပြီး ၎င်း၏ပုံသဏ္ဍန်က တစ်နည်းနည်းဖြင့် ထူးဆန်းနေကာ တြိဂံတစ်ခုနှင့် အလားသဏ္ဍန်တူသည်ဖြစ်သည်။

“သွားပြီးတစ်ချက်ကြည့်ရအောင်”

ရှစ်ဖုန့်ကအကြံပြုလိုက်သည်။

“အင်း”

ဝတ်ရုံနက်ကခေါင်းညိမ့်လိုက်သည်။

“ဒီတောင်တန်းက ပုံမှန်မဟုတ်လောက်ဘူး..သတိထား”

ဝတ်ရုံနက်က ရှစ်ဖုန့်ကိုသတိပေးသည်။ ထို့နောက်သူနှင့်ရှစ်ဖုန့်က ရှေ့သို့ သတိထားပြီး ချီတက်လိုက်သည်။

ဤနေရာကပုံမှန်မဟုတ်သည်ကို သူတို့သဘောပေါက်သောကြောင့် ပေါ့ပေါ့ဆဆမပြုမူရဲပေ။ တစ်လှမ်းချင်းဝင်ရောက်သည်ကသာပို၍ကောင်းမွန်သည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက အကယ်၍ရှေးဟောင်းအစီအရင်အတွင်းသို့သူ၏ပုံရိပ်က ဖျက်ခနဲရောက်သွားခဲ့လျှင် အဆုံးမဲ့ ဂြိုလ်ဆိုးဝင်ပြီး ပြာအဖြစ်သို့သာပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်း ရှေးဟောင်းအစီအရင် ရှစ်ခု သို့မဟုတ် ဆယ်ခု တွေ့ရခြင်းက အံ့အားသင့်စရာကောင်းလိမ့်မည်မဟုတ်ပေ။

သို့သော်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ ယခုအချိန်ထိ ကံကောင်းနေဆဲဖြစ်သည်။ သင်္ချိုင်းကဲ့သို့တောင်၏ အောက်ခြေကို ရောက်သည်အထိ မည်သည့်ရှေးဟောင်းအစီအရင်သို့မဟုတ် အန္တရာယ်ကိုမှ ပက်ပင်းမကြုံခဲ့ရပေ။

ထို့နောက်နှစ်ယောက်သား တောင်၏အောက်ခြေသို့ တစ်ချိန်တည်းကြည့်လိုက်ကြသည်။၎င်းကသင်္ချိုင်းပုံသဏ္ဍန်ဖြစ်သောကြောင့် လျှို့ဝှက်ချက်က အောက်ခြေ၌သာရှိရမည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏စိတ်က ဖျက်ခနဲလှုပ်ရှားသွားသည်။ သူ၏နောက်၌သွေးနီရောင်အလင်းတစ်ချက်လင်းလက်သွား၏။ ရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှ ဖြူဖျော့သော ယင်အလောင်းကောင်တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

ဤယင်အလောင်းကောင်က ဘုရင်နယ်ပယ်သာရှိသောသာမန်ယင်အလောင်း ကောင်တစ်ကောင်သာဖြစ်သည်။ ရှစ်ဖုန့်က ၎င်းအား မြေအောက်ထဲသို့ စူးစမ်းရှာဖွေဖို့အတွက် လွှတ်ရန်စီစဉ်ထားသည်။

ဘုရင်အဆင့်ယင်အလောင်းကောင်၌ အသိဉာဏ်မရှိပေ။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့်၎င်းအပေါ်မည်သည့်ခံ စားချက်မှရှိမနေပေ။ ၎င်းက အန္တရာယ်များသောနေရာတစ်ခုသို့စူးစမ်းရှာဖွေရန်သင့်တော်သည်ဖြစ်သည်။

ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်တွင် ဘုရင်အဆင့်မြေအလောင်းကောင်က ချက်ချင်းမြေကြီးထဲနစ်မြုပ်သွားသည်။ မြေပြင်အားဖြတ်သန်း၍ တောင်၏အောက်ခြေသို့လွန်းထိုးဝင်ရောက်သွား၏။

သို့သော် ဤအခိုက်အတန့်တွင်ရှစ်ဖုန့်၏စိတ်က ရုတ်ခြည်းလှုပ်ခါသွားသည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်၏ထူးဆန်းသောတုန့်ပြန်မှုအား အာရုံခံမိသောအခါတွင် ဝတ်ရုံနက်က အလျှင်အမြန်မေးလိုက်သည်။

ရှစ်ဖုန့်၏လှုပ်ခတ်သွားစေသာစိတ်က လျှင်မြန်စွာတည်ငြိမ်သွားသည်။ ရှစ်ဖုန့်ကခေါင်းကိုလှည့်၍ ဝတ်ရုံနက်အားသွားပေါ်အောင်ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားမှန်တယ်”

“ဒီတောင်ရဲ့အောက်ခြေက တကယ်ပဲကွဲပြားတယ်..ဒီသခင်လေးလွှတ်လိုက်တဲ့ယင်အလောင်းကောင် မချဉ်းကပ်ရသေးခင် ချက်ချင်းပဲစွမ်းအားကြီးအားတစ်ခုရဲ့သတ်ဖြတ်တာကိုခံလိုက်ရတယ်…ယင်အလောင်းကောင်နဲ့ဒီသခင်လေးမှာ သခင်နဲ့အစေခံစာချုပ်ရှိတာကြောင့် တန်ပြန်သက်ရောက်မှုတစ်ချို့ခံလိုက်ရတာ..ကြီး ကြီးမားမားတော့မဟုတ်ပါဘူး”

“ကျဆုံးသွားတဲ့မွန်းစတားနတ်ဘုရားကို ဒီသင်္ချိုင်းအောက်မှာမြှုပ်နှံထားတာဖြစ်လောက်တယ်…သေချာတယ်…ဒါက မွန်းစတားနတ်ဘုရားသင်္ချိုင်းပဲ”

ဝတ်ရုံနက်ကပြောလိုက်သည်။

တော်တော်လေးအလုပ်ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် သဲလွန်စအချို့ရှာတွေ့ခဲ့ပြီဖြစ်သည်။ သို့သော် ဝတ်ရုံနက်၏အသံက လေးနက်နေ၏။ အကယ်၍ဤသည်ကား တကယ်ပဲမွန်းစတားနတ်ဘုရားသင်္ချိုင်းဖြစ်သည်ဆိုလျှင် စိတ်ကူး၍ပင်မရနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က တောင်ထွတ်အားဂရုတစိုက်ခြုံငုံကြည့်လိုက်ပြီး လေးနက်သောအမူအယာနှင့်ပြောလိုက်သည်။

“အမှန်ပဲ”

“အကယ်၍ မြေအောက်ကသွားမယ်ဆိုရင် ယင်အလောင်းကောင်ကိုသတ်ခဲ့တဲ့ဆန်းကြယ်တဲ့ စွမ်းအားကြီးစွမ်းအားကိုရင်ဆိုင်ရလိမ့်မယ်..ဒါကအမျှော်အမြင်ရှိတဲ့ရွေးချယ်မှုမဟုတ်ဘူး..အဲ့စွမ်း အားကဒီသခင်လေးကို အလွန်အန္တရာယ်များတဲ့ခံစားချက်ကိုပေးတယ်..ဒီသခင်လေးရောခင်ဗျားရောချက်ချင်းပြာကျသွားလို့ရတယ်”

“အလျှင်မလိုနဲ့”

ဝတ်ရုံနက်ကပြောလိုက်သည်။

“ဆုံးဖြတ်ချက်တစ်ခုမချခင်အရင်ဆုံး တောင်ထွတ်ရဲ့ဝန်းကျင်ကို ကြည့်ကြအုံးစို့”

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters