အခန်း (၉၈၉)
Vol. 66 Ch. 989
“ဒေါင်”
ရှစ်ဖုန့်၏ဘယ်လက်ထဲမှနတ်ဘုရားမြေခေါင်းလောင်းက ထပ်မံမြည်ဟိန်းသွားပြီး စွမ်းအားကြီးအသံလှိုင်းတစ်ခုက မြေပြင်သို့လှုပ်ခါထွက်သွားစေသည်။
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ထံသို့ ခုန်အုပ်လာသော နတ်ဆိုးသားရဲများကဲ့သို့ကြမ်းကြုတ်ခက်ထန်သည့် အရိုးစု ဆယ့်နှစ်ခုက စွမ်းအားကြီးအသံလှိုင်းအောက်၌ ရုတ်ခြည်းအစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
အဖြူရောင်အရိုးအပိုင်းအစများက မြေပြင်ထက်သို့ကျဆင်းသွားသည်။
“ဘာတွေဖြစ်နေတာလဲ…ဒီအရိုးစုတွေကဘယ်လိုလုပ်ပြီးအသက်ဝင်လာနိုင်တာလဲ”
ရှစ်ဖုန့်ဘေး၌ရှိနေသည့်ဝတ်ရုံနက်ကရှစ်ဖုန့်ကိုမေးလိုက်သည်။
ရှစ်ဖုန့်၏စွမ်းအင်ကအေးစက်ပြီးသေခြင်းအော်ရာရှိသည်ကို ဝတ်ရုံနက်သတိပြုမိပြီးဖြစ်သည်။ ထိုထက်ပိုသည်ကားရှစ်ဖုန့်မှာ သေခြင်းနှင့်ပက်သက်လျှင်တော်တော်လေးသိသည်ဖြစ်၏။ထို့အပြင်ရှစ်ဖုန့်၌သူယခင်က လုံးဝမကြားဖူးသည့်ထူးခြားသောအမြင်မျိုးရှိသည် ဖြစ်၏။
ဝတ်ရုံနက်၏မေးခွန်းအားကြားပြီးနောက် ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီအရိုးစုတွေကအချိန်တော်တော်ကြာပြီးတဲ့နောက်မှာသန္ဓေပြောင်းလာတာ..ဒါကြောင့်သူတို့ကဒီလိုမျိုးဖြစ်လာတာပဲ”
ရှစ်ဖုန့်ကစကားပြောပြီးနောက်အနည်းငယ်ခေါင်းခါယမ်း၍ပြောလိုက်သည်။
“ဒါပေမဲ့ကွဲပြားမှုအချို့ရှိတယ်လို့တော့ခံစားရတယ်…အခြားအရိုးစုတွေကိုအရင်က အာရုံခံခဲ့မိပေမဲ့ ဘာသန္ဓေပြောင်းတဲ့လက္ခဏာကိုမှမပြဘူး”
ရှစ်ဖုန့်ကစကားပြောရင်း မျက်မှောင်ကြုတ်၍ လေးနက်စွာတွေးလိုက်သည်။သို့သော်သူတွေးနေစဉ်နောက်ထပ်အရိုးစုခုနှစ်ခုက သူတို့ထံကြမ်းတမ်းစွာခုန်အုပ်လာသည်။
“ဒေါင်”
ဤအချိန်တွင်ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်း လောင်းထံထပ်မံထိုးညွှန်ပြီးစွမ်းအားကြီးအသံလှိုင်းကို ထုတ်လွှတ်စေလိုက်သည်။
အရိုးစုများမှာနောက်တစ်ကြိမ်အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အဖြူရောင်အရိုးအပိုင်းအစများအဖြစ်ပြောင်းလဲ ကာ အောက်ရှိမြေပြင်ပေါ်သို့ကျဆင်းသွားသည်။ကံ ကောင်းစွာဖြင့် ဤအရိုးစုများက ခုခံမှု၌အားနည်းပြီး အလွယ်တကူ အစိတ်စိတ်အမွှာမွှာပြိုကွဲနိုင်သည်ဖြစ်သည်။ထိုသို့မဟုတ်ပါကရှစ်ဖုန့်နှင်ဝတ်ရုံနက်တို့အနေဖြင့် အရိုးစုများပြည့်နှက်နေသောဤနေရာတွင်မည်သည့်နေရာကိုမှသွားနိုင်လိမ့်မည်မဟုတ်ပေ။
“မြေအောက်”
မြေအောက်မှဝင်ရောက်ဖို့ကြိုးစားချိန်တွင် အဆင့်လေးဘုရင်နယ်ပယ်ယင်အလောင်းကောင်မှ ဆန်းကြယ်သောစွမ်းအားကြီးအားတစ်ခု၏သတ်ဖြတ်ခြင်းခံခဲ့ရသည်ကို ရှစ်ဖုန့်မှတ်မိဆဲဖြစ်သည်။
မြေမျက်နှာပြင်နှင့်ဟင်းလင်းပြင်ထက် မြေအောက်က ပို၍ အန္တရာယ်များခြင်းဖြစ်လောက်၏။
“ကြမ်းကြုတ်တဲ့သားရဲရဲ့အကြီးဆုံးအရိုးစုမှာဆန်း ကြယ်တဲ့သေခြင်းစွမ်းအင်တစ်ခုရှိလောက်တယ်.. သေခြင်းစွမ်းအင်ရဲ့ သက်ရောက်မှုကိုခံရပြီးတဲ့နောက် ဒီအရိုးစုတွေကအသက်ဝင်ပြီးသန္ဓေပြောင်းတဲ့လက္ခဏာပြလာတာပဲ”
အကြီးမားဆုံးအရိုးစု၏အနည်းငယ်လှုပ်ရှားမှုကို အာရုံခံမိပြီး ဤအဖြူရောင်အရိုးစုများတစ်ကောင်ပြီးတစ်ကောင်နိုးထလာကာသူတို့အားခုန်အုပ်လာသည်ကိုမြင်တွေ့ရသည့်အချက်တို့အားပေါင်းစပ်ပြီးနောက် ရှစ်ဖုန့်က ကောက်ချက်ချအကဲဖြတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် တို့တွေအရှိန်မတင်ရင် ဒီအရိုးစုတွေကိုပဲထာဝရပိုင်းဖြတ်နေရလိမ့်မယ်”
ဝတ်ရုံနက်ကပြောလိုက်သည်။
သို့သော်သူ၏အသံ၌အနည်းငယ်စိုးရိမ်မှုပါဝင်နေသည်။
အဘယ်ကြောင့်ဆိုသော် ဧရာမအရိုးစုကြီးကလည်းဟင်းလင်းပြင်ထဲ၌ဖျက်ခနဲဖြစ်လာပြီး သူတို့နောက်သို့လိုက်ဖမ်းလာသောကြောင့်ဖြစ်သည်။
ဧရာမအရိုးစု၏ခွန်အားကသူတို့နားလည်သဘော ပေါက်နိုင်သည်ထက်ကျော်လွန်နေ၏။၎င်းကယခင်ကသူတို့မြင်တွေ့ခဲ့ရသော အားအကောင်းဆုံးသေခြင်းသတ္တဝါနှင့် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အနက်ရောင်နဂါးတို့ထက်ကျော်လွန်နေသည်။
ရှစ်ဖုန့်၏ပုံရိပ်က တစ်ဟုန်ထိုးဦးတည်သွားနေသကဲ့သို့ နတ်ဘုရားမြေခေါင်းလောင်းအားအဆက်မပြတ်မြည်ဟိန်းစေကာ အားအကောင်းဆုံးအသံလှိုင်းစွမ်းအားတစ်ခုကိုတုန်ခါစေပြီး သူတို့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသည့် သားရဲအရိုးစုများကိုဖြိုခွင်းနေသည်။
အောက်ဘက်ရှိကုန်းမြေကကျယ်ပြောလှသော် လည်း အရိုးစုများဖုံးလွှမ်းနေဆဲဖြစ်သည်။ဤအချိန်ထိတိုင်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ ကျယ်ပြေလှသောကုန်းမြေမှမထွက်ခွာနိုင်သေးပေ။
အောက်သို့ကြည့်လိုက်လျှင် အရိုးစုပင်လယ်ကြီးအားမြင်တွေ့ရဆဲဖြစ်သည်။ ရှေ့၊နောက်၊ဘယ်၊ညာနှင့် သူတို့အောက်ရှိဘက်ပေါင်းစုံမှသားရဲအရိုးစုများက သူတို့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေဆဲဖြစ်သည်။
အချိန်တစ်ခုကြာသည့်တိုင်သူတို့အနေဖြင့်ဤအရိုးစုများအားကိုင်တွယ်နိုင်ဆဲဖြစ်သည်။ယခုချိန်ထိတိုင်သူတို့နားသို့ အရိုးစုတစ်ကောင်မှကပ်မလာနိုင်သေးပေ။ သူတို့အကြောက်ဆုံးအရာကားသူတို့နောက်ရှိဧရာမအရိုးစုကြီးဖြစ်သည်။
သူတို့နောက်ရှိအရိုးစုကြီးကသူတို့ထက်မြန်ဆန် သောအရှိန်ဖြင့်လာနေ၏။
“မဟုတ်သေးဘူး..ဒီအတိုင်းဆက်သွားရင် မကြာခင်ဒါမှမဟုတ်နောက်ပိုင်းအဲ့မွန်းစတားဖမ်းမိတာကိုခံရလိမ့်မယ်..”
သူတို့နောက်ရှိစွမ်းအားကြီးအော်ရာက နီးကပ်သည်ထက်နီးကပ်လာသည်ကိုအာရုံခံမိသောအခါတွင်ရှစ်ဖုန့်က စိုးရိမ်စွာပြောလိုက်သည်။
ထိုစွမ်းအားကြီးမွန်းစတားအားရင်ဆိုင်ရာ၌ ဝတ်ရုံနက်၏ ဖုံးကွယ်ခြင်းပညာရပ်ပင်အသုံးမဝင်ပေ။ထိုမွန်းစ တားသာမက အခြားသောအရိုးစုများလည်းယင်းကိုသတိပြုမိသည်မှာကြာပြီဖြစ်သည်။
“ချီးပဲ..ဆက်ပြီးလိုက်ဖမ်းနေတာ..ဒီသခင်လေးအတွက်သေလိုက်စမ်း”
ဤအချိန်တွင်ရှစ်ဖုန့်ကရုတ်တရက်လှည့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။သူ့နောက်ရှိအ ရိုးစုအားမျက်နှာမူပြီး သူ၏ဓားလက်ချောင်းများ၌သွေးနီရောင်မီးတောက်တို့တောက်လောင်လာသည်။ သွေးနီရောင်မီးတောက်တို့အတွင်းအနက်ရောင်လျှပ်စီးတို့ကကခုန်နေ၏။
ဤအချိန်တွင် ရှစ်ဖုန့်မှာဟင်းလင်းပြင်ဓား၏စွမ်းအားနှင့် သွေးနီရောင်မီးတောက်၊နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်လျှပ်စီးတို့ကို ပေါင်းစည်းထားခြင်းဖြစ်သည်။ထို့နောက်ရုတ်ခြည်းသူ့ဘယ်လက်ထဲရှိနတ်ဘုရားမြေခေါင်းလောင်းကို ထိုးညွှန်လိုက်သည်။
တလိပ်လိပ်ထနေသောအသံလှိုင်းတို့က ပြင်းထန်သည့်ဆူနာမီလှိုင်းတစ်ခုနှယ်ဖြစ်သည်။
ရှစ်ဖုန့်ကသူ၏စွမ်းအားအကြီးမားဆုံးတိုက်ခိုက်မှုကိုထုတ်ဖော်ခဲ့သည်။ သူကအရိုးစုအားအစိတ်စိတ်အမွှာမွှာလုပ်ပစ်ရန်ကျိန်ဆိုလိုက်၏။
“ဂါး”
ဤအချိန်တွင် ဧရာမအရိုးစုကြီးက တလိပ်လိပ်ဦးတည်လာနေသောစွမ်းအားကြီးအသံလှိုင်းကို မြင်တွေ့သွားသည်။၎င်းကပါးစပ်ကိုဖွင့်ဟပြီးခက်ထန်စွာဟိန်းဟောက်လိုက်၏။
ထို့နောက်ရှစ်ဖုန့်ကကျိန်ဆဲလိုက်သည်။
“လီးပဲ..မင်းဒီလိုမကစားလို့မရဘူးလား”
အရိုးစု၏ဟိန်းဟောက်သံအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းနှင့်ထုတ်ဖော်လိုက် သောစွမ်းအားအကြီးမားဆုံးအသံလှိုင်းက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။
စွမ်းအားနှစ်ခုကတူညီသောအဆင့်တွင်ရှိမနေပေ။
“ဆက်ပြီးပြေးနေ..မလိုအပ်တဲ့ခုခံမှုတွေမလုပ်နဲ့”
ဤအချိန်တွင်ဝတ်ရုံနက်ကရှစ်ဖုန့်ကိုနှစ်သိမ့်လိုက်သည်။
ယခုအခါတွင်သူ၏ခွန်အားအပြည့်တိုက်ခိုက်မှုက မွန်းစတား၏ဟိန်းဟောက်သံကြောင့်ပြိုကွဲသွားသည်ဖြစ်ရာ ရွေးချယ်စရာမရှိဘဲ တက်နိုင်သမျှအမြန်ဆုံးသာရှေ့သို့ပြေးရသည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သောသွေးသောက်ဓားက နတ်ဘုရားမြေခေါင်းလောင်းထက်စွမ်းအားပိုကြီး မားသော်လည်း အနည်းငယ်သာဖြစ်သည်။မွန်းစတား၏ဟိန်းဟောက်သံက စွမ်းအားကြီးအသံလှိုင်းကိုပင်အလွယ်တကူဖြိုခွဲပစ်နိုင်၏။သွေးသောက်ဓားဖြင့် ဟင်းလင်းပြင်ဓားချက်အားထုတ်ဖော်ခဲ့လျှင်ပင် ဘာရလဒ်မှရလိမ့်မည်မဟုတ်ပေ။
ယင်းကစွမ်းအင်နှင့်အချိန်အားဖြုန်းတီးခြင်းသာဖြစ်စေလိမ့်မည်။
“စွမ်းအား”
ဤစွမ်းအားကြီးသတ္တဝါ၏စွမ်းအားကိုမျက်မြင်ကြုံတွေ့ပြီးနောက် ရှစ်ဖုန့်၏စွမ်းအားအပေါ်တောင့်တမှုကပို၍တောက်လောင်လာသည်။
သို့သော်ယခုအချိန်တွင်သူ၏အသက်အတွင်ပြေးခြင်းကပို၍အရေးကြီးသည်ဖြစ်သည်။
ရှစ်ဖုန့်ကထပ်မံလှည့်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ပုံရိပ်ကဖျက်ခနဲဖြစ်သွားကာထွက်ပြေးလွတ်မြောက်ရန်အတွက် အကောင်းဆုံးကြိုးစားလိုက်သည်။
သို့သော်ဤအချိန်တွင်သူတို့ရှေ့ရှိကုန်းမြေက အဖြူရောင်အရိုးစုများနှင့်ပြည့်နှက်မနေတော့သည်ကို ရှစ်ဖုန့်ရောဝတ်ရုံနက်ပါတွေ့လိုက်ရသည်။ပြောရလျှင်ရှေ့၌ကုန်းမြေရှိမနေခြင်းဖြစ်သည်။
၎င်းကအကန့်သတ်မဲ့သောပင်လယ်ပြင်တစ်ခုဖြစ်၏။
သို့သော်ဤပင်လယ်အားတွေ့ရချိန်တွင်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာပျော်ရွှင်ခြင်းမရှိပေ။
ထို့နောက်ချက်ချင်း ပင်လယ်ထဲမှဧရာမရေတိုင်လုံးကြီးတစ်ခုက ကောင်းကင်ထဲသို့ထိုးတက်လာသည်ကိုတွေ့လိုက်ရ၏။ ထိုရေတိုင်လုံးကြီးနှင့်အတူ ပို၍ကြောက်မက်ဖို့ကောင်းပြီးတုန်ယင်စေသော စွမ်းအားကြီးအော်ရာတစ်ခုက ယှဉ်တွဲလိုက်ပါလာသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE