အခန်း (၉၈၇)
Vol. 66 Ch. 987
ကုန်းစွန်းထိုက်ယင် ကျယ်ပြောလှသော မြေရိုင်းဒေသကြီး၏အရှင်သခင်ဖြစ်ကာ စွမ်းအားအကြီးမားဆုံးသူလည်းဖြစ်သည်။မည်သူကမှသူ၏အမိန့်အားမလွန်ဆန်ရဲကြပေ။
ထိုသို့သောလူတစ်ဦးက အစစ်အမှန်နတ်ဘုရားတစ်ပါး၏တိုက်ခိုက်ရေး နည်းစနစ်များနှင့် လက်နက်များအား ရရှိထားခြင်းဆိုသည်ကား အံ့အားသင့်စရာတော့ဟုတ်မနေပေ။
ဝတ်ရုံနက်မှာတစ်ခါက ကျိုးပျက်နေသော အစစ်အမှန်နတ်ဘုရားလက်နက်တစ်ခုကို မတော်တဆရရှိခဲ့ဖူးသည်ဖြစ်သည်။
ထို့နောက်ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောသည်။
“ဘာပဲဖြစ်ဖြစ် အဲ့လူကိုတွေ့ရင်ငါတို့ဂရုစိုက်ရမယ်..ကုန်းစွန်းမိ သားစုရဲ့အမွေအနှစ်က မဆိုသလောက်လေးမဟုတ်ဘူး”
“သူသာဒီသခင်လေးတို့လမ်းကြောင်းထဲကိုဝင်မရှုပ်ရင် ကျန်တာကဒီသခင်လေးတို့ကိစ္စမဟုတ်ဘူး.ဒါပေမဲ့ သူကလာပြီး စော်ကားရဲရင်တော့ ဘာကောင်ဖြစ်ဖြစ်ဘယ်အဆင့်အတန်းဖြစ်ဖြစ် ဒီသခင်လေးဂရုစိုက်မနေဘူး..သူ့ကိုသတ်ပစ်ဖို့ဒီသခင်လေးဘာမဆိုလုပ်မှာပဲ”
ရှစ်ဖုန့်က ဝတ်ရုံနက်အားထပ်မံအေးစက်စွာပြောလိုက်သည်။
ဤသည်ကားသူ၏ပုံမှန်စရိုက်လက္ခဏာပင်ဖြစ်သည်။ အခြားသူများကသူ့အားမစော်ကားလျှင် သူကလည်းအခြားသူများကိုစော်ကားမည်မဟုတ် ပေ။ အကယ်၍ သူ့အားလာစော်ကားခဲ့လျှင်တော့ ၎င်းတို့အား ပြာပုံဘဝသို့ ပြောင်းလဲပစ်ရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်နှင့်အတူရွေ့လျားနေရင်း ရှစ်ဖုန့်၏စကားလုံးများအားကြားရသောအခါ ဝတ်ရုံနက်က ခေါင်းကိုလှည့်လိုက်သည်။ သူကရှစ်ဖုန့်ကိုကြည့်နေပုံရသည်။ ဤအချိန်၌သူဘာတွေးနေမှန်းမည်သူမှမသိနိုင်ပေ။ ရှစ်ဖုန့်၏ရဲတင်းသောစကားလုံးများကိုကြားပြီးနောက် သူက ဘာမှတော့ပြောခြင်းမရှိပေ။
ထို့နောက်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ တုန့်ခနဲရပ်သွားသည်။ သူတို့အနေဖြင့် လမ်း၏အဆုံးသတ်သို့ရောက်လာပြီဖြစ်သည်။သူတို့၏ရှေ့တွင် ရှေးဟောင်းကြေးနီရောင်တံခါးကြီးက သူတို့၏လမ်းအားပိတ်ထား၏။
ကြေးနီရောင်တံခါးနှစ်ချပ်အားမြင်တွေ့လိုက်ရ သောအခါတွင် ရှစ်ဖုန့်၏မျက်လုံးတို့ပြူးသွားရသည်။ သူ၏နှလုံးကတုန်ယင်သွားပြီး တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။
ဤကြေးတံခါးနှစ်ချပ်မှာ ထျန်းဟန်တိုက်ကြီးအတွင်း သေခြင်းတားမြစ်နယ်မြေ၌ သူမြင်တွေ့ခဲ့ရသည့်တစ်ခုနှင့် တစ်ထေရာတည်းတူညီသည်ဖြစ်သည်။
သေခြင်းတားမြစ်နယ်မြေ၌သာမက မြောက်ပိုင်းဒေသကြီးအတွင်း ရှစ်ဖုန့်မြင်တွေ့ခဲ့ရသော ကြေးနီရောင်နန်းတော်တစ်ခုလည်ရှိ၏။၎င်း၏ဝင် ပေါက်ကတစ်ထေရာတည်းတူညီသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ထျန်းဟန်တိုက်ကြီးအတွင်းတွင် ဆင်တူသောကြေးနီရောင်တံခါးများနှင့်ရှေးဟောင်းအပျက်အစီးနယ်မြေများစွာရှိလောက်သည်ဖြစ်သည်။ သူ၏ပျောက်ဆုံးသွားသောတပည့်ဖြစ်သူ လန်အောင်းယွဲ့မှာလည်း လွန်ခဲ့သောနှစ်အချို့က ဤကြေးနီရောင်တံခါးများကိုထိတွေ့မိပြီး တစ်ခုခုဖြစ်ပျက်ခဲ့ပုံရသည်ဖြစ်သည်။
တံခါးအားတစ်ကြိမ်ထိလိုက်သည်နှင့် နားထဲ၌ နတ်ဆိုးဆန်သောအသံကိုကြားရလိမ့်မည်ဖြစ်သည်။ထို့နောက်တစ်ကိုယ်လုံး၌ ရှည်လျားသောအနက်ရောင်အမွှေးတို့ ရှည်ထွက်လာမည်ဖြစ်ပြီး သူသားမကျတစ္ဆေမကျသော မွန်းစတားတစ်ကောင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်မှာတစ်ချိန်ကအသိစိတ်ကိုဆုံးရှုံးလိုက်ရလု နီးပါးဖြစ်ခဲ့သည်ဖြစ်သည်။ကံကောင်းစွာဖြင့် သေခြင်းတားမြစ်နယ်မြေမှ အချိန်မှီသူပြန်ထွက်လာနိုင်ခဲ့၏။
“မလုပ်နဲ့ရပ်လိုက်”
ဤအချိန်တွင် ရှစ်ဖုန့်အလန့်တကြားအလျှင်အမြန်အော်လိုက်သည်။ သူ့ဘေး၌ရှိနေသောဝတ်ရုံနက်က လက်လှမ်းပြီး ကြေးနီရောင်တံခါးနှစ်ချပ်အား တွန်းဖွင့်ရန်လုပ်နေသည်။
အော်ပြောလိုက်သကဲ့သို့ ရှစ်ဖုန့်၏ညာလက်က ဓားလက်ချောင်းအသွင်ပြောင်းသွားပြီးဖြစ်သည်။ ချက်ချင်းပဲ မမြင်နိုင်သောဓားတစ်လက်က ဝတ်ရုံနက်၏ရှေ့တွင်ပေါ်လာပြီး သူ၏လမ်းကြောင်းအားတားဆီးကာ လက်ကိုအတင်းအကြပ်ပြန်လည်ရုတ်သိမ်းစေလိုက်သည်။
ထို့နောက်ဝတ်ရုံနက်က လျှင်မြန်စွာဆုတ်ခွာလိုက်၏။ရှစ်ဖုန့်အားလှည့်ကြည့်ပြီးအေးစက်စွာပြောလိုက်သည်။
“မင်းဘာလို့ဒီလိုလုပ်တာလဲ”
သူ၏အသံကအနည်းငယ်သာအေးစက်နေသော်လည်း သံသယတို့တောပြည့်နှက်စွာပါဝင်နေသည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“ခင်ဗျား ဒီတံခါးနှစ်ချပ်ကို ပေါ့ပေါ့ဆဆနဲ့ထိလို့မရဘူး..ထျန်းဟန်တိုက်ကြီးမှာဒါကိုဒီသခင်လေးမြင်တွေ့ခဲ့ဘူးတယ်..တစ်ခါထိလိုက်တာနဲ့ အနက်ရောင်အမွှေးတွေကလက်တွေမှာ ရှည်ထွက်လာပြီး တစ်ကိုယ်လုံးကို ပြန့်သွားလိမ့်မယ်..နောက်ဆုံးကြရင် အသိစိတ်ဆုံးရှုံးသွားတဲ့ မွန်းစတားတစ်ကောင်ဖြစ်လာလိမ့်မယ်”
“ဒီကြေးနီရောင်တံခါးတွေကို မင်းရဲ့တိုက်ကြီးမှာလည်း မြင်ခဲ့ဘူးတာလား”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က အံ့အားသင့်စွာမေးလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က ထပ်ပြောသည်။
“တစ်ထေရာတည်းကို တူတာ ..သေချာပေါက်တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး…သူတို့ကြားထဲမှာ ဆက်နွယ်မှုတစ်ခုခုရှိတာပဲဖြစ်ရမယ်”
“အိုး”
ဝတ်ရုံနက်က လေးနက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။ သူ၏ဝတ်ရုံနက်အားကြည့်လိုက်လျှင်းတင်းကျပ်စွာပိတ်ထားသော ကြေးနီရောင်တံခါးနှစ်ချပ်အားကြည့်နေလောက်သည်ဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏လက်တို့က ဓားလက်ချောင်းအသွင်ပြောင်းလဲသွားသည်။ ထို့နောက်မကျယ်သောအသံဖြင့်အော်ပြောလိုက်၏။
“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”
ရုတ်ခြည်းကြေးနီရောင်တံခါးနှစ်ချပ်၏ရှေ့တွင် ဧရာမသတ်ဖြတ်ခြင်းဓားနှစ်လက်ပေါ်လာသည်။ ၎င်းတို့က တံခါးနှစ်ခုထံခုတ်ပိုင်းကျဆင်းသွားသည်။
“ဒေါင်..ဒေါင်”
သတ္ထုထိခတ်သံနှစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ခြေဖဝါးအောက်၌ရှိသော မြေပြင်က ရုတ်ခြည်းစတင်လှုပ်ခါလာ၏။ သတ်ဖြတ်ခြင်းဓားနှစ်လက်၏ သက်ရောက်မှုအောက်တွင် ကြေးနီရောင်တံခါးနှစ်ချပ်က ဖြည်းဖြည်းချင်း တွန်းပွင့်လာသည်။
တံခါးကပွင့်လာသကဲ့သို့ လူဝင်နိုင်လောက်သောဝင်ပေါက်တစ်ခုက လျှင်မြန်စွာ ပေါ်ပေါက်လာ၏။ ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး လမ်းကြောင်းထဲသို့ဝင်ရောက်သွားသည်။
ထို့နောက်ဝတ်ရုံနက်လည်း ဖျက်ခနဲဝင်ရောက်လာသည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး”
ဤအချိန်တွင် သေခြင်းသတ္တဝါများရှိရာ ဗလာနတ္ထိမြေအောက်နေရာလွတ်အတွင်း၌ ပရမ်းပတာဖြစ်နေသည်။
ဖရိုဖရဲတိုက်ပွဲတစ်ခုကဖြစ်ပေါ်လာ၏။
ဤအချိန်တွင် သေခြင်းသတ္တဝါများက အားကောင်းသောသေခြင်းစွမ်းအားတို့ကိုထုတ်လွှတ်ရုံသာမက နံစော်မှုတစ်ခုကိုလည်းထုတ်လွှတ်နေသည်။အနက်ရောင်ရေလွှမ်းနဂါး၏လက်အောက်ရှိ နတ်ဆိုးသားရဲအုပ်ကြီးလည်း ရောက်ရှိလာပြီဖြစ်သည်။
အောက်ဘက်တွင် နတ်ဆိုးသားရဲများနှင့်သေခြင်းသတ္တဝါများကြားထဲ၌ တိုက်ပွဲတစ်ခုဖြစ်နေသည်။အထက်ဘက်တွင် စွမ်းအားအကြီးဆုံး အနက်ရောင်နဂါးနှင့် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် သေခြင်းသတ္တဝါတို့ကြားထဲလည်း တိုက်ပွဲတစ်ခုဖြစ်နေ၏။
“ဂါး..ဂါး..ဂါး.ဂါး”
လွန်စွာကြီးမားသောအနက်ရောင်ခန္ဓာကိုယ်နှစ်ခုက တစ်ဖက်နှစ်တစ်ဖက်ထိပ်တိုက်တွေ့ကြပြီး အဆက်မပြတ်ဒေါသတကြီး ဟိန်းဟောက်သံများကိုထုတ်လွှတ်နေ၏။
ဧရာမအနက်ရောင်သေခြင်းသတ္တဝါကြီးမှာ ဧရာမအနက်ရောင် မျောက်ဝံတစ်ကောင်ကဲ့သို့ဖြစ်သည်။ ၎င်း၏ဧရာမလက်သီးကြီးများကို ဆုပ်၍ ဆက်တိုက်ထိုးနှက်နေသည်။ များစွာသောလက်သီးချက်များက အနက်ရောင်နဂါး၏ကိုယ်ပေါ်သို့ ကျရောက်လာ၏။
အနက်ရောင်နဂါး၏ကိုယ်က အကြမ်းခံသည်ဆိုလျှင်တောင် ၎င်း၏အနက်ရောင်နဂါးအကြေးခွံများစွာကတော့ အစိတ်စိတ်အမွှာမွှာကွဲကြေထွက်ကုန်သည်။ အနက်ရောင်သေခြင်းချီတို့ထုတ်လွှတ်အဆိပ်ခံမှုကိုခံရသကဲ့သို့ အနက်ရောင်သွေးများစီးထွက်နေ၏။
၎င်းကသေခြင်းသတ္တဝါချန်ထားရစ်ခဲ့သော သေခြင်းချီဖြစ်သည်။
သို့သော် အနက်ရောင်နဂါးအနေဖြင့်သေခြင်းသတ္တဝါ၏တိုက်ခိုက်မှုများအား အလကားသက်သက်ခံခဲ့ခြင်းတော့မဟုတ်ပေ။၎င်း၏နးဂါးအမြှီးကိုလွှဲယမ်းပြီး သေခြင်းသတ္တဝါအားဆက်တိုက်ရိုက်ခတ်နေသည်။ အကြိမ်ပေါင်းများစွာသေခြင်းသတ္တဝါမှာရိုက်ထုတ်ခံခဲ့ရသည်ဖြစ်သည်။
ထို့နောက်သေခြင်းသတ္တဝါထံသို့ အနက်ရောင်မီးတောက်များမှုတ်ထုတ်လိုက်သည်။ ခြစ်ခြစ်တောက်ပူသောအနက်ရောင်မီးတောက်များကြောင့် အနက်ရောင်သေခြင်းသတ္တဝါ၏ ညာခြေမှာ ဘာမှကျန်ရစ်ခြင်းမရှိအောင်လောင်ကျွမ်းခံရပြီးဖြစ်သည်။
“ဒီနေရာကတကယ်ကိုအသက်ဝင်နေတာပဲ”
ဤအချိန်တွင်အေးအေးလူလူနိုင်သောအသံတစ်ခုက အထက်ဘက်မှရုတ်ခြည်းထွက်ပေါ်လာသည်။ ထို့နောက်ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာသက်ဆင်းလာပြီး တိုက်ပွဲ၏အထက်၌ပေါ်လာသည်။ ထို့နောက်သူကရပ်တန့်သွားသည်။
၎င်းမှာ ကုန်းစွန်းမိသားစုမှတတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်ပင်ဖြစ်သည်။
ကုန်းစွန်းယွမ်၏မျက်နှာထက်၌ အေးဆေးသောပုံစံတစ်ခုရှိ၏။သူ့အနေဖြင့်အောက်ဘက်ရှိတိုက်ပွဲအားအာရုံခံမိပြီးဖြစ်ပုံကာ ဖြည်းညှင်းစွာဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
ဥက္ကာပျံကဲ့သို့အောက်ခြေအထိတစ်ဟုန်ထိုးဆင်းသက်လာခဲ့သော ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တိုကဲ့သို့ တူညီခြင်းမရှိပေ။
ကုန်းစွန်းယွမ်ပေါ်လာပြီးနောက် လူသားမျိုးနွယ်စုမှပုံရိပ်များလည်းဖြည်းညှင်းစွာဆင်းသက်လာသည်။
အနက်ရောင်နဂါးနှင့် အနက်ရောင်သေခြင်းသတ္တဝါတို့၏ကြားထဲမှတိုက်ပွဲအားမြင်တွေ့လိုက်ရသောအခါတွင် သူတို့၏အမူအယာများက သိသိသာသာပြောင်းလဲသွားသည်။
ဤသတ္တဝါနှစ်ကောင်မည်မျှစွမ်းအားကြီးမားသည်ကို သူတို့မြင်တွေ့ပြီးဖြစ်သည်။
အကယ်သူတို့သာ၎င်းတို့အားအပြင်းသွားတိုက်ခိုက်လျှင် ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူသည်တောင် တစ်ချက်တည်းနှင့် အသတ်ခံရလိမ့်မည်ဖြစ်သည်။
စွမ်းအားကြီးသတ္တဝါနှစ်ကောင်၏စွမ်းအားအောက်တွင် အောက်သို့ငုံ့ကြည့်နေသည့်များစွာသောလူများမှာ မထိန်းနိုင်ဘဲတုန်ယင်သွားကြသည်။
“မင်းကိုး.. ကုန်းစွန်းမိသားစုက တတိယသခင်လေး..”
ဤအချိန်တွင် သေခြင်းသတ္တဝါနှင့်တိုက်ခိုက်နေသောအနက်ရောင်နဂါးက အထက်ရှိကုန်းစွန်းယွမ်ကို မှတ်မိသွားသည်။သေခြင်းသတ္တဝါနှင့် ပြင်းထန်စွာတိုက်ခိုက်နေချိန်တွင် ပါးစပ်ကိုဖွင့်ဟပြီး တင်းတင်းကြပ်ကြပ်စကားပြောနေသေးသည်။
“ကျွန်တော်ပါပဲ.ဦးလေးအနက်ရောင်နဂါး..ကျွန် တော်တို့နောက်ဆုံးတွေ့ခဲ့တာတောင်နှစ်တော် တော် ကြာခဲ့ပြီနော်…ကျန်းဂန် သာလို့မာရဲ့လားဦးလေး”
ကုန်းစွန်းယွမ်က အပြုံးခပ်ရေးရေးဖြင့်ပြောလိုက်သည်။
အနက်ရောင်နဂါး၏နမည်အားကြားလိုက်ရသောအခါတွင်လူများမှာ ပုံရိပ်တုန်လှုပ်အံ့အားသင့်သောအမူအယာများက မျက်နှာထက်၌ဖြစ်ပေါ်လာသည်။
နတ်ဆိုးရိုင်းတောင်တန်း၏ ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးအားမသိသူမည်သူရှိပါမည်နည်း။
ကုန်းစွန်းယွမ်နှင့်အနက်ရောင်နဂါးတို့၏ အပြန်အလှန်စကားပြောဆိုမှုမှတစ်ဆင့် အကဲဖြတ်ရသလောက် ကုန်းစွန်းမိသားစုနှင့်ဤအနက်ရောင်နဂါးတို့ကြားထဲ၌ ဆက်နွယ်မှုတစ်ခုရှိပုံရ၏။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE