← Chapters

အခန်း (၉၉၀)

Vol. 66 Ch. 990

အခန်း (၉၉၀)

Vol. 66 Ch. 990

“ဂါး”

ရှေ့ရှိပင်လယ်ပြင်မှရေတိုင်လုံးကြီးအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်တို့နောက်သို့နီးကပ်စွာလိုက်ဖမ်းနေသည့် အဖြူရောင်အရိုးစုကြီးမှာ ရုတ်ခြည်းကျယ်လောင်စွာတစ်ချက်အော်ဟစ်လိုက်သည်။

လွန်စွာကြီးမားသောအရိုးစုကြီးကတကယ်တမ်းတွင် စိုးရိမ်မှုကိုခံစားရပြီး ပို၍ကြောက်လန့်နေခြင်းကြောင်း ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ပြောနိုင်သည်ဖြစ်သည်။

ထို့နောက်ဧရမအရိုးစုကြီးက ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အားလိုက်ဖမ်းခြင်းကိုရပ်တန့်လိုက်သည်။ထို့နောက်လည့်လိုက်ပြီး ၎င်း၏ဧရာမကိုယ်ကြီးကဖျက်ခနဲဖြစ်သွားသည်။

မျှော်လင့်မထားစွာဖြင့်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အားအချိန်ကြာမြင့်စွာလိုက်လံဖမ်းဆီးပြီးနောက် ၎င်းကလည့်ပြီးအဝေးသို့ထွက်ပြေးသွားသည်။

၎င်းသာထွက်ပြေးသွားသည်သည်သာမက ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့နောက်သို့လိုက်နေသည့်အ ခြားသောအရိုးစုများကလည်း၎င်းတို့အသက်အတွက် ထွက်ပြေးရသကဲ့သို့ အဝေးသို့ထွက်ပြေးသွားကြသည်။

အနောက်ဘက်ရှိလှုပ်ရှားမှုများအားအာရုံခံမိသည့်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ ပို၍ပင်တုန်လှုပ်အံ့အားသင့်ပြီးလေးနက်သွားကြသည်။အကယ်၍ဧရာမအရိုးစုသာ၎င်းအားကြောက်လန့်ပြီးထွက်ပင်ပြေးရသည်ဆိုလျှင် ရေတိုင်အတွင်းရှိစွမ်းအားကြီးတည်ရှိမှုက သေချာပေါက်………….

“အရင်ဆုံးဆုတ်ရအောင်..ငါတို့နောက်ထပ်သွားလို့မရဘူး”

ဝတ်ရုံနက်က ရှစ်ဖုန့်အားလေးနက်သောလေသံဖြင့်ပြောလိုက်သည်။

“ကောင်းပြီ”

ဤအချိန်တွင်ရှစ်ဖုန့်ကချွင်းချက်မရှိခေါင်းကိုငြိမ့်လိုက်သည်။

ထို့နောက်ချက်ချင်းပုံရိပ်နှစ်ခုကဖျက်ခနဲထပ်မံအရှိန်တင်လိုက်သည်။

“ဝူး”

ဤအချိန်တွင်ရေတိုင်ထံမှထူးဆန်းသောမြည်တမ်းသံတစ်ခုထွက်ပေါ်လာသည်။ ထူးဆန်းသောမြည်တမ်းသံထွက်ပေါ်လာသကဲ့သို့ ကောင်းကင်နှင့်မြေပြင်၏အရောင်ကလည်းပြောင်းလဲပြီး မှေးမှိန်လာသည်။ထို့နောက် လွန်စွာအေးစိမ့်သောလေပြင်းလှိုင်းများက ကမ္ဘာတစ်ခုလုံးဖြတ်သန်းတိုက်ခတ်လာသည်။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က အဝေးသို့ဆုတ်ခွာပြီးဖြစ်သည်။ ဤနယ်မြေက မှောင်မိုက်အေးစက်ကာအေးစိမ့်သောလေပြင်းတို့တိုက်ခတ်နေသည်ဖြစ်သည်။

နှစ်ယောက်သားကျယ်ပြောပြီး ဗလာနတ္ထိဖြစ်နေသောကုန်းမြေပေါ်တွင်ရပ်လိုက် ကြသည်။

ဤဧရိယာရှိအရိုးစုများအားလုံးမှ ထွက်ပြေးသကဲ့သို့အားလုံးဆုတ်ခွာသွားပြီဖြစ်သည်။အရိုးစုတစ်ခုပင်ကျန်ခဲ့ခြင်းမရှိပေ။

အကွာအဝေးတစ်ခုသို့ကြည့်ရင်းရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါက..ဒါကဘယ်လိုတည်ရှိမှုမျိုးလဲ..အရမ်းစွမ်းအားကြီးလွန်းတယ်..မြည်ဟိန်းသံတစ်ချက်က တောင် ကောင်းကင်နဲ့မြေပြင်ရဲ့ အရောင်ကိုပြောင်းလဲပစ်နိုင်တယ်”

“ဒီစွမ်းအားကသေချာပေါက်မြေရိုင်းဒေသရဲ့စွမ်း အားထက်ကျော်လွန်နေတယ်.ကုန်းစွန်းထိုက်ယင် တောင်ဒီကိုလာခဲ့ရင်ဆုတ်ခွာရမှာ..ဒီကမ္ဘာမှာဒီလို စွမ်းအားကြီးသက်ရှိမျိုးရှိနေသေးတယ်ဆိုတာကိုငါမယုံနိုင်ဘူး.”

ဝတ်ရုံနက်ကပြောလိုက်သည်။

“ဒီသက်ရှိကအစစ်အမှန်နတ်ဘုရားနယ်ပယ်မဟုတ်ရင်တောင်မှ သိပ်ဝေးလောက်တော့ဘူး”

ရှစ်ဖုန့်ကဆက်ပြောသည်။

သို့သော်သူ၏အသံ၌မရောရာမှုတို့ပါဝင်နေသည်ကိုပြောနိုင်၏။

အားလုံးထက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကသူနှင့်အလှမ်း ဝေးကွာလွန်းဆဲဖြစ်သည်။

“ဖြစ်လောက်တယ်”

ဝတ်ရုံနက်ကလည်းမသေချာစွာပြန်ဖြေသည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းမှာတစ်ခြားဘာတွေရှိနေတာလဲ..ဒီသခင်လေးတို့ဒီနေရာကိုဝင်လာချိန် မှာ မရေတွက်နိုင်တဲ့စွမ်းအားကြီးမွန်းစတားတွေကိုရင်ဆိုင်ပက်ပင်းကြုံခဲ့ရပေမဲ့..ဘာရတနာဘာအခွင့်အလမ်းမှကို မတွေ့ရဘူး”

ရှစ်ဖုန့်က အပြုံးတစ်ခုနှင့်ပြောသည်။

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်ဝတ်ရုံနက်က ခေါင်းလှည့်ပြီးမေးလိုက်သည်။

“ဒါဆိုငါတို့ဆက်သွားသင့်လား”

“ဒါပေါ့..ဆက်သွားရမှာပေါ့..ဒီလိုမျိုးထွက်သွားရမှာကဒီသခင်လေးပုံစံမှမဟုတ်တာ”

ရှစ်ဖုန့်ကအပြုံးတစ်ခုနှင့်အတူဆက်ပြောလိုက်ဆဲ ဖြစ်သည်။

စကားပြောရင်းဝတ်ရုံနက်ဘက်သို့ခေါင်းလှည့်လိုက်သည်။

“ဒီလိုစွမ်းအားကြီးမွန်းစတားက လမ်းကိုပိတ်ထားမှတော့ ဒါကိုရှောင်ပြီးသွားတာပေါ့”

“ငါလည်းအဲ့တာတွေးနေတာ”

ဝတ်ရုံနက်ကခေါင်းညိမ့်သည်။

ထို့နောက်သူနှင့်ဝတ်ရုံနက်တို့က ထပ်မံဖျက်ခနဲဖြစ်သွားသည်။

“ကုန်းစွန်းယွမ်..စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ကောင်..ငါ့ကိုဆန်ကျင်ဖို့ဘယ်လိုတောင်ဇတ်လမ်းထွင်ရဲတာလဲ..ငါမင်းကိုဒီနေ့သတ်ပစ်မယ်လို့ကျိန်တယ်..ချီးပဲ”

လွန်စွာဒေါသထွက်နေသောအော်သံတစ်ခုက ကျယ်ပြောလှသောလမ်းအတွင်း၌ထွက်လာသော ကြောင့် လမ်းကြောင်းတစ်ခုလုံးတုန်ခါသွားသည်။

အနက်ရောင်ရေလွှမ်းနဂါးက လမ်းကြောင်းအားတစ်ဟုန်ထိုးဖြတ်သန်းနေသည်။ ၎င်းမျက်နှာထက်၌ဒေါသတို့ဖြင့်ပြည့်နှက်နေကာ ရှေ့သို့စိုက်ကြည့်နေ၏။

အနက်ရောင်နဂါး၏ရှေ့တွင်ငယ်ရွယ်သောပုံရိပ်တစ်ခုက တစ်ဟုန်ထိုးရှေ့သို့ဦးတည်နေဆဲဖြစ်သည်။

ယင်းကကုန်းစွန်းမိသားစု၏တတိယသားဖြစ်သူ ကုန်းစွန်းယွမ်ပင်ဖြစ်သည်။

ကုန်းစွန်းယွမ်မှာအနက်ရောင်နဂါး၏လိုက်ဖမ်းမှုမှထွက်ပြေးနေသော်လည်း မျက်နှာထက်တွင်အပြံးခပ်ရေးရေးရှိဆဲဖြစ်သည်။သူကပြုံးရင်းပြောလိုက်၏။

“ဦးလေးနဂါးနက် နှစ်ပေါင်းများစွာကြာပြီးတာတောင် ဦးလေးရဲ့စရိုက်ကမပြောင်းလဲသေးဘူးနော်..ဦး လေးကအရမ်းကိုစိတ်မြန်တုန်းပဲ..ဒါကမကောင်း ဘူး”

“ကုန်းစွန်းယွမ်.သူတောင်းစားလေး..ရွံဖို့ကောင်းတဲ့ကောင်..ဒီဘုရင်အဲ့မွန်းစတားနဲ့တိုက်နေတုန်းဒီဘု ရင်ရဲ့စွမ်းအားကိုမင်းတကယ်ကြီးဝါးမျိုရဲတယ်..ကုန်းစွန်းထိုက်ယင်ကမင်းကို အဲ့မကောင်းတဲ့ပညာရပ်ကိုသင်ပေးပြီးမင်းက ဒါကိုငါ့အပေါ်အသုံးချချင်တာပေါ့လေ”

အနက်ရောင်နဂါးကဒေါသတကြီးထပ်မံဟိန်း ဟောက်လိုက်သည်။

“ဟားဟား..ကျုပ်ရဲ့ပညာရပ်က ကျုပ်အဖေသင်ပေးထားတာမဟုတ်ဘူး..ဒီလိုအံ့ဖွယ်ကောင်းတဲ့ပညာရပ်မျိုးကျင့်ကြံနေတာတောင် ကျုပ်အဖေမသိဘူး”

“ဒါကျုပ်အခွင့်အရေးကြုံတုန်းရရှိခဲ့တဲ့ရှေးဟောင်းနည်းစနစ်တစ်ခုပဲ..ဒါကိုကောင်းကင်ဝါးမျိုနတ်ဆိုးပညာရပ်လို့ခေါ်တယ်.. ပြီးတော့ ဒါကသက်ရှိအားလုံးရဲ့စွမ်းအားကိုဝါးမျိုနိုင်တယ်”

“ဒါပေမဲ့ဒါကိုနည်းနည်းလေးပဲသင်ရသေးသေး တော့ စနစ်တကျတောင်မသုံးရသေးဘူး..ဦးလေးကိုကျုပ်ကအရင်ဆုံးမြည်းစမ်းခွင့်ပေးကြည့်တာပေါ..ဟားဟား…ဟားဟားဟား”

ကုန်းစွန်းယွမ်က စကားပြောရင်းဟက်ဟက်ပက်ပက်ရယ်မောနေသည်။

အနက်ရောင်နဂါး၏လိုက်ဖမ်းမှုအောက်တွင်သူက မည်သည့်စိတ်ပူပန်မှုသို့မဟုတ်ကြောက်လန့်မှုကိုမှမပြပေ။

မကြာခင် သူတို့၏ရှေ့၌ ကြေးနီရောင်တံခါးနှစ်ချပ်ပေါ်လာသည်။ကုန်းစွန်းယွမ်ကသူ၏လက်ဝါးအားရှေ့သို့ရိုက်ထုတ်လိုက်ပြီး တံခါးနှစ်ချပ်က သူ၏လက်ဝါးတို့အောက်၌အလွယ်တကူပွင့်သွားသည်။

သူ၏ပုံရိပ်က ဖျက်ခနဲတံခါးအတွင်းဝင်ရောက်သွား၏။

“ငါ့ကိုနာခံစမ်း.ငါ့ကိုအညံ့ခံစမ်း”

ဤအချိန်တွင် ညှို့ယူသောအသံတစ်ခုက ကုန်းစွန်းယွမ်၏ စိတ်ထဲ၌ရုတ်တရက်ထွက်ပေါ်လာသည်။

“ဒီမှာအရမ်းတိတ်ဆိတ်လွန်းတယ်..တိတ်ဆိတ် လွန်းလို့ စိတ်ပူပန်မှုတောင်ခံစားရတယ်”

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က ဦးတည်ချက်ပြောင်းပြီး လျှင်မြန်စွာထွက်ခွာလာသည်။

ထို့နောက်တောအုပ်တစ်ခုအားတွေ့ပြီးဝင်ရောက်လိုက်သည်။

ပင်လယ်ထဲမှရေတိုင်လုံးက ထူးဆန်းသောမြည်သံတစ်ခုကိုထွက်ပေါ်စေကာ ကောင်းကင်အားမှောင်မိုက်အောင်လုပ်ပြီးသည့်အချိန်မှစ၍ လုံးဝပြန်မတောက်ပလာတော့ပေ။

ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ တောအုပ်အတွင်းဝင်ရောက်လာသောအခါတွင် ပို၍ မှောင်မိုက်အေးစိမ့်မှုကိုခံစားလာရသည်။

“သေခြင်းသတ္တဝါတွေတည်ရှိမှုကိုအာရုံခံမိလား”

ဝတ်ရုံနက်ကရှစ်ဖုန့်အားထပ်မံမေးလိုက်သည်။

စွမ်းအားကြီးသေခြင်းသတ္တဝါများအားရင်ဆိုင်တွေ့ ပြီးနောက် သေခြင်းသတ္တွဝါများက မှောင်မိုက်ပြီးအေးစိမ့်သောပတ်ဝန်းကျင်ကိုပိုကြိုက်ပြီး ဤနေရာ၌ပို၍စွမ်းအားကြီးမားသောသေခြင်းသတ္တဝါများ ရှိလောက်သည်ဟုဝတ်ရုံနက်အနေဖြင့်တွေးမိ၏။

“မခံစားမိသေးဘူး”

ပတ်ဝန်းကျင်အားသူ၏ဝိညာဉ်စွမ်းအားဖြင့်အာရုံခံရင်းရှစ်ဖုန့်ကဝတ်ရုံနက်ကိုပြန်ဖြေလိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါပေမဲ့ဒီနေရာသေခြင်းသတ္တဝါတွေကဒီသခင် လေးအရင်ကတွေ့ဖူးတာနဲ့ ကွဲပြားနေတယ်..သူတို့ကဒီသခင်လေးအရင်ကနားလည်ထားတာတွေထက်အများကြီးကျော်လွန်နေတယ်..သူတို့နဲ့ဒီသခင်လေးအရင်ကမတွေ့ဖူးလို့လဲ ဖြစ်လောက်တယ်..ပေါ့ပေါ့ဆဆနေလို့မဖြစ်ဘူး..မဟုတ်ရင်တော့ဒီသခင်လေးတို့ဘယ်လိုသေသွားမှန်း တောင်သိလိုက်မှာမဟုတ်ဘူး”

“ကောင်းပြီ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်ဝတ်ရုံနက်က ပြန်ဖြေလိုက်သည်။

“မိုးရွာနေတာပဲ”

ဤအချိန်တွင် ကောင်းကင်ထက်မှကျင်ဆင်းလာသည့်ရေစက်များကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။၎င်းတို့ကသူတို့ပေါ်သို့လျှင်မြန်စွာကျဆင်းလာသော်လည်း သူ၏မမြင်နိုင်သောစွမ်းအားကြောင့် လျှင်မြန်စွာအငွေ့ပျံသွားသည်။

သူ၏အဆင့်ဖြင့်ရေစက်ကိုအသာထားရေနှင့်မီးတို့ ပင်မသက်ရောက်နိုင်ပေ။

“မိုးလား.ဒီနေရာမှာမိုးရွာတာလား”

ဝတ်ရုံနက်သည်လည်းကောင်းကင်ထဲမှကျဆင်း လာသောရေစက်များကို အာရုံခံမိ၏။ ရှစ်ဖုန့်ကဲ့သို့ပင် ရေစက်များကျမလာခင်ပျောက်ကွယ်သွားစေသည်။

ထို့နောက်နှစ်ယောက်သားကောင်းကင်ထဲသို့မော့ ကြည့်လိုက်သည်။

သို့သော်နှစ်ယောက်သားကောင်းကင်ထဲသို့မြင်လိုက်ရသောအခါတွင် အမူအယာများကတစ်ချိန်တည်းပြောင်းသွားကြသည်။

ကောင်းကင်ထဲ၌တကယ်ပဲမဲမှောင်သောတိမ်တိုက် ကြီးတစ်ခုရှိနေသည်။၎င်းကအရမ်းကြီးမားလွန်းပြီး ကမ္ဘာတစ်ခုလုံးကာကာဆီးထားသလိုထင်ရသည်။

ဧရာမမည်းမှောင်သောတိမ်တိုက်ကြီးအတွင်းမှ ကြီးမားသောမျက်လုံးကြီးနှစ်လုံးကို ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မြင်တွေ့လိုက်ရသည်။၎င်းကသွေးနီရောင်အလင်းကိုထုတ်လွှတ်နေပြီး အောက်ရှိသူတို့အားစောင့်ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။

တောအုပ်ပေါ်သို့ကျဆင်းလာသည့်မိုးစက်များမှာ ထိုမျက်လုံးကြီးနှစ်ခုထံမှတကယ်ကျဆင်းလာခြင်း ဖြစ်သည်။

ယင်းမှာတိမ်တိုက်ကြီးကငိုနေသကဲ့သို့ပင်ဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

အားပေးကြသောစာဖတ်သူများကို ကျေးဇူးတင်ပါတယ် စာအုပ်ဝယ်ယူလိုပါက စာရေးသူရဲ့တယ်လီဂရမ် @aung1744 ကိုဆက်သွယ်ပေးပါနော်

All Chapters