← Chapters

ဝိဥာဥ်သုံးခု၊ စိတ်ဝိဥာဥ် ခုနှစ်ခု(3)

Vol. 35 Ch. 342

ဝိဥာဥ်သုံးခု၊ စိတ်ဝိဥာဥ် ခုနှစ်ခု(3)

Vol. 35 Ch. 342

အတွင်းစိတ်ထဲမှ မုန်းတီးသည့် ရည်ရွယ်ချက်ဖြင့် တမင်သက်သက်လှောင်ပြောင်စော်ကားခဲ့ပြီး ရှင်းမိသားစုချွေးမကို ရိုက်နှက်သည်အထိ အခွင့်ကောင်းယူခဲ့ကြသော အချို့ရွာသားများအတွက်မူ သူတို့ ‘ဝစီကံ’မှာ ပို၍ပင် ကြီးလေးပေမည်။

အနာများကုသပြီးသည့်တိုင်အောင် အမာရွတ်များ ကျန်ခဲ့မည်ဖြစ်ပြီး အနာဂတ်တွင် ပလတ်စတစ်ဆာဂျရီမလုပ်သရွေ့ ထိုအမာရွတ်များကို ဖယ်ရှားရန် ခက်ခဲပေမည်။

မျက်နှာပေါ်က အနာများက နောက်ဆုံးတွင် ကုသနိုင်ကြောင်း ကြားသိလိုက်ရသည့်အခိုက်တွင် ရွာသားများမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ကြပြီး ကြိမ်ဖန်များစွာ ကျေးဇူးတင်လာကြတော့သည်။

ကုကျစ်စုန့်က ထပ်ပေါင်းပြောသည်။

“ရွာထဲက ရှင်လျက်မြုပ်ခံလိုက်တဲ့ ပျောက်ဆုံးနေတဲ့ ဝမ်လင်းအတွက်ကတော့ ကျွန်မတို့ အနီးဆုံးမြို့ကရဲဌာနကို အသိပေးရမယ်..

ရဲတွေက အမှုကိုဖြေရှင်းဖို့အတွက် မကြာခင်ရောက်လာမှာပါ.. ရှင်တို့က စုံစမ်းစစ်ဆေးရေးနဲ့ အကြောင်းကြားရေးအတွက် စောင့်နေရုံပဲ”

“ကျွန်မသာ မမှားဘူးဆိုရင် အဲဒီအမှုမှာပါတဲ့ရွာသားတွေရဲ့အိမ်မှာ ပိုက်ဆံတွေအများကြီးနဲ့ လက်ဝတ်လက်စားတချို့ရှိနေအုံးမှာပဲ”

ရွာသားများက လူအုပ်ထဲမှ သေဆုံးသူများ၏မိသားစုဝင်များကို ချက်ချင်းပင် ‌ကြည့်လိုက်ကြသည်။

တစ်ယောက်က ရုတ်တရက်ပြောလာ၏။

“လောင်စွင်းရဲ့မိန်းမ၊ ရှင် တရုတ်နှစ်သစ်ကူးတုန်းက ရွှေဘယက်တစ်ကုံးဝတ်ခဲ့တယ်၊ ဟုတ်တယ်မလား.. ရှင် အဲဒီပိုက်ဆံနဲ့ ဝယ်ခဲ့တာဖြစ်မှာစိုးရတယ်”

“ပြီးတော့ ဦးလေးချန်းနဲ့ ဒေါ်လေးချန်း၊ ခင်ဗျားတို့ရဲ့ အစ်ကိုချန်းကလဲ ကျုပ်တို့လိုပဲ လုပ်အားခတစ်ပြားမှ မရခဲ့ဘူးလေ.. ခင်ဗျားတို့မိသားစုက ဝိုင်နဲ့အသားတွေကို နေ့တိုင်း ဝယ်လာနိုင်ပြီး ဘယ်လိုများကောင်းကောင်း နေထိုင်နိုင်နေတာလဲ!”

“ကျစ် ကျစ်၊ ရှင်လျက်နဲ့မြေမြှုပ်ပစ်တယ်! ဝမ်လင်းက ကောင်းကျိုးမပေးတာ မဟုတ်တော့ဘူး၊ ဒါ တော်တော်ရက်စက်လွန်းတာပဲ!”

စိုက်ကြည့်ခံနေရသည့် သေဆုံးသူများ၏မိသားစုဝင်များက လွန်စွာမသက်မသာဖြစ်လာကာ အော် ဟစ်လာကြသည်။

“ဘာလို့ ငါတို့ကိုကြည့်နေတာလဲ.. အဲဒါတွေက အစကတည်းက ငါ့ယောကျာ်း အလုပ်ကြိုးစားခဲ့လို့ရလာတဲ့ ငွေတွေပဲလေ.. ဝမ်လင်းက ငါတို့မိသားစုရှင်သန်ရမဲ့ ပိုက်ဆံတွေကို ယူပြေးသွားတာ.. သူက အဲဒါနဲ့ပဲ တန်တယ်!”

“ငါတို့က ကိစ္စရဲ့အဖြစ်မှန်ကို မသိရသေးဘူးလေ.. အဲဒီနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာလည်း ဘယ်သူမှမြင်ကြတာမဟုတ်ဘူး၊ သူစိမ်းတစ်ယောက်က ပြောတဲ့အရာတွေကို နင်တို့ ဒီအတိုင်း ယုံလိုက်လို့မရဘူး.. ငါ့ယောကျာ်းက မြေမြုပ်တဲ့ကိစ္စမှာ လုံးဝမပါခဲ့တာလည်း ဖြစ်နိုင်တာပဲ...”

ကုကျစ်စုန့်က ရယ်သွမ်းသွေး၏။

“ဒီအန်တီပြောတာလဲ မှန်ပါတယ်.. ကျွန်မက မတောက်တခေါက်တတ်ရုံလေးပါ.. ပြီးတော့ ကျွန်မပြောခဲ့တာတွေက‌လည်း တွက်ချက်လို့ရလာတဲ့ဟာတွေပဲလေ”

“ဒီကိစ္စတွေ ဘယ်လိုတွေဖြစ်ခဲ့ပြီး ၊ ဝမ်လင်းက ဘယ်လိုသေခဲ့တယ်ဆိုတာကတော့ ရဲတွေ စုံစမ်းဖို့လာတဲ့အချိန်မှ် သိရပါလိမ့်မယ်”

“ရှင် ဘာမှမသိဘူးဆိုရင်တောင် ရှင့်အမျိုးသားနဲ့ သားတွေက အိမ်ကို ပိုက်ဆံတွေအများကြီးယူပြီး ပြန်လကြတာမလား.. ဘယ်လို သိချင်စိတ်မှမဖြစ်ခဲ့ဘူးပေါ့? ဘာတစ်ခုမှမသိခဲ့ဘူးပေါ့လေ?”

မတိုင်ခင်က မေးခွန်းထုတ်လိုက်သည့် အမျိုးသမီးင အရှက်ရသွားပြီး နောက်ဆုံးတွင်တော့ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူမယောကျာ်းက ဝမ်းနည်းစရာကောင်းစွာ သေသွားခဲ့ရပြီး ကုကျစ်စုန့်ကို မပြောချင်ကြောင်း ရေရွတ်လာသည်။

ကုကျစ်စုန့်ပြောခဲ့သလိုပင်။ သေဆုံးသူများ၏မိသားစုဝင်များသည်က အမှန်တရားအကြောင်းကို အနည်းနှင့်အများ သိကြသည်ပင်။

အနည်းဆုံးတော့ သူတို့က ဝမ်လင်း၏ သေဆုံးမှုအကြောင်းနှင့် မိသားစုငွေများစွာက မည်သည့်နေရာမှ ရလာခဲ့သည်ကို သိကြသည်။

ပိုက်ဆံခွဲယူကြသူမှာ လူ ၇ ယောက်သာရှိသည်။ သို့သော် အစပိုင်းတွင် ပိုက်ဆံမရလိုက်သည့် ရွာသားတစ်ဒါဇင်မျှလည်း ရှိသေး၏။

မည်သည်ကိုမှ မသိလိုက်သည့် ရွာသားများ၏လုပ်အားခ ခွဲဝေမှုသည်က ဤလူ ၇ ယောက်၏ ပြောစရာမလိုဘဲ အလိုလိုသိစိတ်အောက်တွင် ကွယ်ဝှက်ခံထားခဲ့ရခြင်းပင်။

အတိုင်းအတာတစ်ခုထိ ထိုရွာသားများက ဝမ်လင်း၏ သေဆုံးမှုအကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ သူတို့လုပ်ရပ်များမှာ ဝမ်လင်းနှင့်တစ်ထေရာတည်းပင်။

မကြာမီ ရဲတပ်ဖွဲ့က ဝါးထော်ရွာကို ညတွင်းချင်း အမြန်ရောက်လာခဲ့ကြလေသည်။

သူတို့က ရှင်းမိသားစုနှင့် အခြားသေဆုံးသူများ၏ နေအိမ်တွင် ယွမ်ထောင်ပေါင်းများစွာကို ရှာတွေ့ခဲ့ကြသည်။

တခြားရဲတပ်ဖွဲ့အရာရှိအုပ်စုက ကုကျစ်စုန့်တွက်ချက်ခဲ့သည့်တည်နေရာ၏ အနီးစပ်ဆုံးဖြစ်သည့် တစ်ဖက်ရွာမှအမှိုက်ပုံတွင် ဝမ်လင်းကိုရှာရန် သွားခဲ့ကြသည်။

မကြာခင် ရဲအရာရှိများမှာ ဒေသတွင်းသစ်တောအနီးတွင် ၂ နှစ်ကြာမျှ မြုပ်ခံထားရသည့် ပုပ်သိုးနေသည့်အလောင်းကို တူးဖော်ခဲ့နိုင်သည်။

ဝါးထော်ရွာမှာ ညလယ်ကြီးတွင် လွန်စွာသက်ဝင်နေတော့၏။

ရွာသားများက ကွင်းပြင်ကြီးတွင် စုဝေးနေကြပြီး အသံချဲ့စက်ကိုင်ထားသည့် ရဲသားများနှင့် လူထုလုံခြုံရေးနှင့် သက်ဆိုင်သည့်အသိပညာများကို အလေးပေးနေသည်ကို နားထောင်နေကြသည်။”ဒီတော့ လူတွေအများကြီး သေသွားပြီ၊ ဘာလို့ ခင်ဗျားတို့က ရဲမခေါ်တာလဲ.. ခင်ဗျားတို့ကိုယ်တိုင် ဖြေရှင်းနိုင်မယ်လို့ ထင်နေကြတာလား. ဖြေရှင်းနိုင်ခဲ့ကြရဲ့လား..”

ကုကျစ်စုန့်နှင့်တခြားသူများက ရှင်းမိသားစုအိမ်တွင် ရှိနေဆဲပင်။ မနက်စောစောတွင် ရှင်းမိသားစု၏ အကြီးဆုံးသမီးနိုးလာခဲ့သည်။

ဤနေရာကို ရောက်နေသည်မှာ ကြာပြီဖြစ်ပြီး မှတ်စုယူရန်စောင့်နေသော ရဲအရာရှိက သူမ နာမည်ကို ခေါ်သည်။

သူမက ခေါင်းမလှည့်ခင် စက္ကန့်အနည်းငယ်လောက် မိန်းမောနေခဲ့၏။ သူမမှာ ပိန်းပါးလွန်းသောကြောင့် ပါးနှစ်ဖက်မှာ ချိုင့်ဝင်နေပြီး စကားတစ်ခွန်းမှ မဆိုပါဘဲ ကြည့်နေလေသည်။

ရဲအရာရှိက ကုကျစ်စုန့်ကို ကြည့်လိုက်သည်။

“မစ္စကု၊ သူမက..?”

ကုကျစ်စုန့်က ပြောသည်။

“ရှင် ဘာကိုမဆို တိုက်ရိုက်မေးလို့ရပါတယ်.. တကယ်တော့ သူမက ဝိညာဉ်တစ်ခုနဲ့ စိတ်ဝိညာဉ်နှစ်ခု ပျောက်နေတာ

ဆုံးရှုံးမှုက သူမရဲ့တုံ့ပြန်မှုအရည်အချင်းကို အတော်လေးအားနည်းနေစေတာ

ရှင်းရှင်းပြောရရင်တော့ သူမက ပုံမှန်လူတွေက ပိုပြီးတုံးအနေလိမ့်မယ်၊ ဒါပေမဲ့ သူမရဲ့ သတိနဲ့ တွေးနိုင်မှုကတော့ ပုံမှန်ပါပဲ”

ရဲအရာရှိက ဝိညာဉ်နှင့် စိတ်ဝိညာဉ်များကို နားမလည်သည့်တိုင် ခေါင်းငြိမ့်ကာ မေးလိုက်သည်။

“မစ္စရှင်း၊ ခင်ဗျားအမေ ခင်ဗျားကို မချုပ်နှောင်ထားခင်နဲ့ ချုပ်နှောင်ပြီးအချိန်က အသေးစိတ်အချက်တချို့ကို ပြောပြနိုင်မလား

ပြီးတော့ ခင်ဗျားအပေါ် သူမရဲ့ တွန်းအားပေးတဲ့အပြုအမူတွေကိုရော၊ သူမက ခင်ဗျားမောင်ကို ရုပ်လွန်ပညာနဲ့ သဘာဝအတိုင်းမဟုတ်တဲ့နည်းလမ်းတွေနဲ့ ကယ်တင်တာကို ကတိပေးဖို့ တွန်းအားပေးခဲ့လားဆိုတာမျိုးပေါ့ “

ရဲအရာရှိ၏မေးခွန်းများကို နားထောင်ပြီးနောက် အစ်မရှင်းက ခေတ္တမျှခေါင်းခါလိုက်ပြီး မရေမရာပြောလာခဲ့သည်။

“ဘယ်သူမှ ကျွန်မကို တွန်းအားမပေးခဲ့ပါဘူး”

ရှီဟိုင်ဟုန်၊ ဒေစီ၊ ရဲအရာရှိ : “???”

ထို့နောက် ‌ရှင်းမိသားစု အကြီးဆုံးသမီးက ဆက်ပြောလာသည်။

“ကျွန်မက ဆန္ဒရှိတာပါ၊ ပြီးတော့ အဲဒါက ချုပ်နှောင်ထားတာလည်း မဟုတ်ပါဘူး”

ဒေစီက မျက်မှောင်ကြုတ်လိုက်သည်။

“မစ္စရှင်း၊ ရှင်ကြောက်နေဖို့မလိုပါဘူး ရှင့်အမေရဲ့ မကောင်းတဲ့လုပ်ရပ်တွေကလဲ ပေါ်သွားပြီ.. သူမ ရှင့်ကို ထပ်ပြီးထိန်းချုပ်လို့မရတော့ပါဘူး”

“သူမက ရှင့်ကို သတ်မိတော့မလို့လေ!”

သို့သော် လူတိုင်းက မည်သို့ပင်မေးနေသော်ငြား အကြီးဆုံးသမီးရှင်းကတော့ တိတ်တဆိတ်သာနေကာ သူမ၏ အမေနှင့်မောင်လေးကို စွပ်စွဲခြင်းမပြုခဲ့၏။

ရဲသားများပင် မဆိုထားနှင့်၊ ယှဉ်ပြိုင်သူများပင် ရှုပ်ထွေးကုန်ကြသည်။

အစကတည်းက မည်သည်ကိုမှ မပြောခဲ့သည့် ကုကျစ်စုန့်က နှာခေါင်းရှုံ့ကာ ပြောသည်။

“မေးဖို့မလိုတော့ဘူး၊ သူမက ရှင်းလော့အာအတွက် ကာကွယ်ဖို့ ဆန္ဒရှိခဲ့တာပဲ”

“ယောကျာ်းတွေက မိန်းမတွေထက် ပိုပြီးဦးစားပေးခံရတယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာကြာအောင် သူမ နေလာခဲ့တာ၊ ပြီးတော့ သူမအတွေးတွေကိုလည်း မစ္စရှင်းက မွေးမြူပေးခဲ့တာကြာပြီ”

“မောင်ဖြစ်သူအတွက် သတို့သမီးကြေးငကို ပေးလိုက်တယ်၊ မောင်ဖြစ်သူကို ပေးဖို့အတွက်နဲ့ ခင်ပွန်းဖြစ်သူရဲ့မိသားစုကို ဗလာဖြစ်စေတယ်တဲ့လား”

“အဲဒူ တွေအားလုံးက မောင်ဖြစ်သူက ယောကျာ်းလေးဖြစ်နေလို့ပဲ၊ ရှင်းမိသားစုရဲ့ ဖူးဖူးမှုတ်ခံ၊ အဓိကဖြစ်တဲ့ ယောကျာ်းလေးမလို့ပဲ!”

“မစ္စရှင်းက ရှင်းလော့အာကို ကာကွယ်ပေးဖို့ သူမကို ပြောတုန်းက သူမက ခဏလောက်ပဲ ဝမ်းနည်းခဲ့တာ၊ နောက်တော့လဲ အသာအယာပဲ လက်ခံခဲ့တယ်လေ”

မည်သူကများ သူမမောင်လေးကို မိသားစုထဲက တစ်ဦးတည်းသောယောကျာ်းလေးဖြစ်စေခဲ့လေသနည်း။

ကုကျစ်စုန့်က အေးစက်စွာ ပြောသည်။

“ဒါပေမဲ့ ရှင့်အမေက ရှင်းလော့အာကို ဘေးရန်ကနေ ကာကွယ်ပေးဖို့ တစ်ခါတည်းပဲပြောခဲ့တာတင် မဟုတ်ဘူး..

သူမအတွက် သေပေးဖို့ နှစ်ခါတောင် တောင်းဆိုလာတာ‌ကိုတော့ ရှင်မျှော်လင့်ထားမှာမဟုတ်ဘူး.. ဒီရက်ပိုင်းအတွင်း အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ရှင်လည်း သိမှာပဲ

ပြီးတော့ မြေအောက်ခန်းထဲမှာ ဘယ်လိုငရဲမျိုးရှိတယ်ဆိုတာလည်း ရှင်သိမှာပဲ”

“ရှင့်အမေက ရှင်းလော့အာအတွက် နေ့တိုင်း ကြက်သားစွပ်ပြုတ်လုပ်ပေးပြီး သန့်ရှင်းရေးလုပ်ပေးတယ်.. မြေအောက်ခန်းထဲမှာရှိနနေတဲ့ ရှင့်အတွက် သူမ နည်းနည်းလေးတောင် စိတ်မကောင်းဖြစ်ခဲ့ဖူးလိုလား”

“ရှင် တခြားသူတွေအတွက် ဘေးရန်ကို ကာကွယ်ပေးလိုက်ရင် နောက်ဆက်တွဲတွေကို မခံစားရဘူးလို့များ ရှင်တွေးနေတာလား ..

ရှင့်မှာ အခု ဝိညာဉ်တစ်ခုနဲ့ စိတ်ဝိညာဉ်နှစ်ခု ပျောက်နေတာနော်၊ ဒါက ရှင့်သက်တမ်း၊ လျင်မြန်သွက်လက်မှု နဲ့ ကျန်းမာရေးတွေကို သက်ရောက်စေလိမ့်မယ်

အနာဂတ်မှာ ရှင်က ထုံထိုင်းတဲ့လူတစ်ယောက်ဖြစ်လာရုံတင်မကဘူး၊ နေမကောင်းတာလေးတွေလည်း ဆက်တိုက် ကြုံတွေ့ရမယ်၊

ဘဝသက်တမ်းတောင် တိုသွားလိမ့်မယ်၊ ပြီးတော့ မိစ္ဆာစိတ်ဝိညာဉ်တွေနဲ့လဲ အလွယ်တကူကြုံတွေရမှာပဲ”

All Chapters