← Chapters

အခန်း (၃၄၃)

Vol. 35 Ch. 343

အခန်း (၃၄၃)

Vol. 35 Ch. 343

ကုကျစ်စုန့်က ချဲ့ကားပြောနေခြင်းမဟုတ်ပါချေ။

ဝိညာဉ်ဆိုသည်မှာ လူများအတွက် အရေးအကြီးဆုံးအရာများဖြစ်၏။ ဝိညာဉ်တစ်ခု ပျောက်ဆုံးသွားခြင်းက ခန္ဓာကိုယ်ကို အားနည်းစေပြီး အဖျားတက်စေသည်။

ဝိညာဉ်သုံးခုဆိုလျှင်တော့ ပြောစရာပင်မလိုတော့။

သူမက ထပ်မံအတည်ပြုလိုက်သည်။

“ဒီလိုဆိုရင်ရော သူမရဲ့ပြစ်မှုကို ဖုံးကွယ်ပေးချင်နေသေးလား”

သူမ၏အမေးကို ကြားသည့်အခိုက်တွင် ရှင်းမိသားစု၏ အကြီးဆုံးသမီးး၏မျက်နှာမှာ နာကျင်မှုနှင့် ရုန်းကန်မှုတို့ ထင်ဟပ်သွားသည်။

မစ္စရှင်းက ခေါင်းကိုင်အဘွားကို ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည့် စက္ကူရုပ်မှာ သူမနာမည်ကို ရေးထိုးထားသည့် အဝတ်ပတ်စကို ပတ်ထားသည်၊ သူမ၏ မွေးနေ့ကလည်း ရင်ဘတ်ပေါ်တွင် ရှိ၏။

အကြီးဆုံးသမီးမှာ သူမ၏ သမီးဖြစ်သည်။ နှစ်ယောက်သားကလည်း သွေးဖြင့်ဆက်နွယ်၏။ တချို့သော ဓလေ့များပြုလုပ်ပြီးသည့်နောက်တွင် သူမ၏ ဝိညာဉ်က စက္ကူရုပ်ထဲတွင် ပိတ်ထားခံလိုက်ရပြီး မိစ္ဆာ၏ အာရုံကို လွယ်ကူစွာ လှည့်စားလိုက်နိုင်သည်။

အစက ဗလာဖြစ်နေသော စက္ကူရုပ်က ရုတ်ခြည်းပြည့်သွားပြီး ကိုယ်ထည်တစ်ခုနှင့် ဝိညာဉ်ရှိလာကာ ဝင်သက်ထွက်သက်နှင့် အာရုံတို့က လူသားတစ်ဦးနှင့် မခြားတော့ချေ။

ထို့နောက် ရှင်းမိသားစု၏သမီး မြှုပ်နှံခံရပြီးသည့်အလား ခေါင်းတလားထဲတွင် အမြုပ်ခံလိုက်ရသည်။

ယင်းက မစ္စရှင်းကို သူမ၏ ချွေးမဖြစ်သူ၏ လက်စားချေမှုထံမှ လွတ်မြောက်သွားစေသည်။

သို့သော် အကြီးဆုံးသမီးရှင်းကတော့ အသက်ရှင်ဆဲဖြစ်၏။ သူမဝိညာဉ်က ခေါင်းတလားထဲ အပိတ်ခံထားရသော်လည်း သူမတွင် အသိစိတ်ရှိနေသေးသည်။

သူမ၏ ကိုယ်အစစ်အမှန်က မြေအောက်ခန်းထဲရောက်နေပြီး အရေပြားအနာများနှင့် လေထုပါးလေး၏ အနံ့ဆိုးများကို သည်းခံနေရချိန်တွင် မြေအောက်တွင် မွန်းလုမတတ်ပင်။

သူမ ထိုသို့သော နာကျင်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက်တွက် သူမ၏အမေက သမီးဖြစ်သူကို လျစ်လျူရှုခဲ့သည့် ရက်စက်သူတစ်ယောက်ဖြစ်နေသော်ငြား အကြီးဆုံးသမီးရှင်းက တုံ့ဆိုင်းနေကာ အချိန်ကြာကြာ ရုန်းကန်နေခဲ့ရသည်။

အဆုံးတွင်တော့ သူမမျက်နှာထက်မှ အမူအရာက ဖြည်းဖြည်းချင်းမှိန်ဖျော့သွားသည်။

အဆုံးထိ သူမက တိတ်ဆိတ်နေခဲ့ကာ သူမက စိတ်လိုလက်ရပါဝင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောနေခဲ့၏။

သူမအမေက သူမကို တွန်းအားမပေးခဲ့ချေ။

သူမ ထိုမျှထိ သတ္တိနည်းပြီး လုံးဝဦးနှောက်ဆေးခံထားရသည်ကိုမြင်သည့်အခါ ဒေစီနှင့် ရှီဟိုင်ဟုန်တို့က ဒေါသထွက်‌၍သေတော့မလိုပင်။

ရဲအရာရှိများလည်း အလွန်ပင် ကူကယ်ရာမဲ့ဖြစ်နေကြသည်။

အစ်မရှင်း၏ စွပ်စွဲချက်မပါဘဲနှင့် သူတို့က ရှင်းမိသားစု၏အဘွားအိုကို ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။

အဘွားရှင်း၏ မျက်နှာပေါ်မှ ရန်စသည့် အကြည့်ကို ကြည့်ပြီး ကုကျစ်စုန့်က ဥပေက္ခာပြုလိုက်သည်။

အဘွားရှင်း၏ မာနအပြည့်ပါဝင်နေသောပြက်ရယ်ပြုမှုက သူမကို သက်ရောက်မှုမရှိပေ။

သို့သော် သူမနှလုံးသားတွင်တော အမည်မဖော်နိုင်သော ဒေါသက အကြီးဆုံးသမီးရှင်းကြောင့် ထိုးတက်လာခဲ့၏။

ဝါးထော်ရွာ၏ စုံစမ်းရေးနှင့် ပညာပေးရေးတို့က မနက်တစ်နာရီထိတိုင်အောင် မပြီးဆုံးသေးချေ။

မနက်သုံးနာရီမှသာ ပင်ပန်းနေကြသည့်ရွာသားအများအပြားက အိမ်သို့ပြန်ပြီး အိပ်ပျော်သွားကြသည်။

ညဘက်သို့ရောက်လာချိန်တွင် ခန္ဓာကိုယ်၌ အနီပြောက်များရှိနေပြီး သက်လတ်ပိုင်းအရွယ် ပိန်ပါးသည့် လူတစ်ယောက်မှာ အိပ်ရာပေါ်တွင် လှဲလျောင်းနေခဲ့ကာ သူ၏ အသက်ရှူသံကလည်း အလွန်ပြင်းထန်နေခဲ့သည်။

သူက အိပ်မက်ကြောင့် ကြီးကြီးမားမားသက်ရောက်ခံနေရပြီး ရုတ်တရက်နိုးလာသည်။

သူ၏ ရီဝေနေသော မျက်လုံးများက အမှောင်ထဲတွင် တဖြည်းဖြည်းကျယ်လာပြီး သူ့မျက်နှာတွင်လည်း ကြောက်လန့်မှုအပြည့် ရှိနေပေ၏။

ရှင်းလော့အာက ပါးစပ်ကိုဖွင့်လိုက်သော်လည်း အသံတစ်စက်မှပင် မထွက်နိုင်ခင်ပင် တစ်ခုခုနှင့်ပိတ်ဆို့ခံထားရသည့်အလား အပိတ်ဆို့ခံလိုက်သည်။

သူ့မျက်နှာမှာ အမည်းရောင်အရာတစ်ခုဖြင့် ဖုံးအုပ်‌ခံထားရသည်။

၎င်းမှာ ပိန်ပါးပြီး တွန့်လိမ်နေသည့် ခြေလက်များ၊ တူးခြစ်‌နေသောအသားအရည်ဖြင့် လူပုံစံသရဲတစ်ကောင်သာ ဖြစ်နေခဲ့ပေ၏။

သွေးကဲ့သို့ချင်းချင်းနီကာ ဖုံးထားသည့်မျက်နှာက ရှင်းလော့အာမျက်နှာနှင့် နီးကပ်သည်အထိ တရွေးရွေ့ တိုးကပ်လာခဲ့သည်။

ထိုသရဲမှာ သူ့ဇနီးသည်ပင်ဖြစ်ပေသည်။

ဝိညာဉ်က အပြင်းအထန်ဒဏ်ရာရထားသည့်တိုင်အောင်၊ ရှင်းမိသားစုအနီးတွင် အလွန်စွမ်းအားကြီးသည့် တောက်ကျန့်တစ်ဦးရှိသည်ဟု သိနေသည့်တိုင်အောင် ရှင်းလော့အာအပေါ်ထားရှိသည့် သူမ၏နှလုံးသားထဲမှ နက်ရှိုင်းလှသည့် အမုန်းတရားက သူမကို ဤနေရာဆီသို့ ရောက်လာစေခဲ့၏။

အမျိုးသမီးတစ်ဦး၏ နာကျည်းချက်အပြည့်ပါဝင်သော ငိုသံကဲ့သို့‌သော စူးရှရှအသံတစ်ခု ထွက်ပေါ်လာသည်။

“ယောကျာ်းရယ်.. ကျွန်မက ရှင့်ကို ရှာလိုက်ရတာ အရမ်းကြာနေပြီ..”

“အခု ကလေးလည်း မရှိတော့ဘူးဆိုတော့... ကျွန်မ ဖြူစင်သွားပြီလေ.. ရှင်.. ကျေ နပ် ပြီ လား”

ရှင်းမိသားစုချွေးမ၏အသံက ရုတ်တရက်စူးရှလာပြီး အားကောင်းလှသည့်နာကျည်းမှုက ရှင်းလော့အာ၏မျက်လုံးများကို ဖောင်းကြွလာစေကာ သွေးများပင် စီးကျလာစေသည်။သူ့၏မျက်နှာက အလွန်အမင်းကြောက်ရွံ့မှုကြောင့် ပျက်ယွင်းနေပေပြီ။ သူ့၏သွားကြားမှ မရှင်းလင်းနိုင်သည့် အသံတစ်ခုက ဖျစ်ညစ်ထွက်လာခဲ့သည်။

“တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ချမ်းသာပေးပါ.. ငါ့ကို ချမ်းသာပေးပါ...”

သူနှင့် တစ်အိပ်ရာထဲတွင် အိပ်နေသည့် မစ္စရှင်းသည်လည်း ဆူညံသံများကြောင့် နိုးလာသည်။

သူမ မျက်လုံးကို ဖွင့်လိုက်ချိန်တွင် သူမ၏ အဖိုးတန်သားလေးမှာ သွေးများများ ရောထွေးနေခဲ့ကာ ပြင်းထန်စွာ တွန့်လိမ်ကောက်ကွေးနေပြီး သူ့မျက်နှာမှာလည်း ဖြူရော်နေသည်ကို မြင်လိုက်ရသည်။

သူမ အော်ဟစ်လိုက်ပြီး အိပ်ရာထဲမှပြေးဆင်းပြီး အံဆွဲထဲမှ အပနှင်‌အဆောင်စာရွက်များကို ထုတ်ယူ၍ သူမသား၏ခေါင်းထက်တွင် ဝှေ့ရမ်းပါလိုက်သည်။

သို့သော် ထိုစာရွက်များက ဤတစ်ကြိမ်တွင် အသုံးမဝင်တော့ချေ။

သူမ လက်ဝါးထဲတွင် ဖူးဖူးမှုတ်ထားခဲ့သည့် သူမ အန်မတန် ချစ်ရသော သားလေးမှာ သူမ၏ မျက်စိရှေ့တွင် အသေဆိုးနှင့်သေသွားရပြီး ကိုယ်စိတ်ပြင်းထန်စွာ သေဆုံးသွားခဲ့ပြီပင်။

သူမ၏ နှလုံးကွဲကြေနေသည့်အကြည့်တို့ကို မြင်သည့်အခါ လောင်ကျွမ်းခံထားရသော အငြိုးကြီးသရဲက အလွန်ပျော်ရွှင်သွားခဲ့ပုံရပြီး တောက်ပပြီး ရက်စက်သော အပြုံးတစ်ခုက သူမ၏ သွေးနီရောင်မျက်နှာတွင် ပေါ်လာခဲ့ပြီး နံရံမှ ဖောက်ထွက်သွားခဲ့လေသည်။

မစ္စရှင်း၏ ဝေဖန်ပြစ်တင် စော်ကားမှုတို့ကို နှစ်ပေါင်းများစွာ ခံလာရပြီးနောက် သူမအနေဖြင့် မစ္စရှင်းကို သတ်လိုက်ခြင်းထက် သားဖြစ်သူကို ရတနာကဲ့သို့ တန်ဖိုးထားသည့် ဤအဘွားကြီး၏ရှေ့တွင် သားဖြစ်သူကို သေစေလိုက်ခြင်းက အဘွားကြီးအတွက် အကြီးမားဆုံးနှိပ်စက်မှုပင်ဖြစ်ကြောင်းကို သူမချွေးမက ကောင်းကောင်းကြီး နားလည်နေခဲ့လေသည်။

မျှော်လင့်ထားသကဲ့သို့ပင် မစ္စရှင်းက ရှင်းလော့အာ၏အလောင်းကို ဖက်ပြီး အိပ်ရာကို ထိတ်ပြာစွာဖြင့် ထုရိုက်လိုက်သည်။

သူမက သေသွားသည့် ချွေးမ ၊ ကုကျစ်စုန့်နှင့် သူမ၏အကြီးဆုံးသမီးတို့ကိုပါ မကြားဝံ့မနာသာ အဖြစ်ဆိုးသောစကားလုံးများဖြင့် ကျိန်ဆဲတော့သည်။

ချွေးမဖြစ်သူကို အသက်တောင်းသည့်အတွက် အပြစ်တင်သည်၊ ကုကျစ်စုန့်ကို သူမချွေးမကို မသတ်ပေးသည့်အတွက် အပြစ်တင်သည်၊ သူမသမီးကိုတော့ အသုံးမကျဘဲ ဘေးရန်ကို ကာကွယ်ရန် ကျရှုံးခဲ့၍ သူမ ချစ်ရဆုံးသောသားကို သေစေသည့်အတွက် အပြစ်တင်သည်။

နာကျည်းမှုအပြည့်နှင့် မစ္စရှင်းက တုန်ရီနေခဲ့ကာ အံဆွဲထဲတွင် ထည့်ထားသည့် ကောက်ရိုးနှင့် သစ်သားတို့ဖြင့်လုပ်ထားသည့် အရုပ်များကို ထုတ်ပြီး ျချို့လူများ၏နာမည်ကို စိတ်ထဲတွင် တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်ကာ အပ်တစ်ချောင်းထုတ်၍ အရုပ်၏ ရင်ဘတ်၊ မျက်လုံး၊ နှာခေါင်းနှင့် ဗိုက်တို့ကို ကြိမ်ဖန်များစွာ ထိုးတော့သည်။

သူမ ကုကျစ်စုန့်၏ နာမည်ကို တိတ်တဆိတ်ဆိုလိုက်ချိန်တွင် ရှုံ့တွနေသည့် သူမမျက်နှာက တွန့်လိမ်သွားသည် ။

“ငရဲကိုသွားစမ်း! ငရဲကို သွားလိုက်စမ်း!”

ကျိန်ဆဲနေရင်း သူမက အပ်ဖြင့် အကြိမ်များစွာ ထိုးရန် လုပ်ခဲ့သည်။

သို့သော် အကြိမ်ရေအနည်းငယ်သာ ထိုးရသေးသည်။

မစ္စရှင်းတစ်ယောက် သူမ၏ခန္ဓာကိုယ်မှာလည်း အရုပ်ကိုထိုးလိုက်သည့် မျက်လုံး၊ နှလုံးနှင့် ဗိုက်နေရာတို့နှင့် ထပ်တူညီစွာဖြင့် အပ်နှင့်ထိုးသကဲ့သို့ ခံစားလိုက်ရကာ သည်းမခံနိုင်လောက်အောင် နာကြင်လာရသည်။

သူမက ပါးစပ်မှ ညှီစို့စို့ သွေးတစ်လုပ်ကိုအန်လိုက်ရပြီး မြေပေါ်လဲကျသွားကာ နှလုံးကိုအုပ်၍ နာကျင်စွာ ငိုကြွေးလေ၏။

တစ်ဖက်တွင်တော့ ယာယီအိမ်ရာမှ အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ကုကျစ်စုန့်က မျက်လုံးများကို ဖြည်းဖြည်းဖွင့်လိုက်ကာ သူမမျက်ဝန်းများမှာလည်း အေးစက်၍ အမူအရာကင်းမဲ့နေခဲ့သည်။

“ရူးမိုက်လိုက်တာ”

လူများက ရိုးသားဖြောင့်မတ်စွာမနေလျှင် ငရဲကို ဆင်းရမည်ဖြစ်၏။

မစ္စရှင်းသာ ရိုးသားခဲ့ပြီး ပြဿနာ ထပ်မရှာခဲ့လျှင်၊ သူမက စာရိတ္တ မကောင်းသည့် ပုံမှန်လူသာ ဖြစ်နေဦးမည်ပင်။

သူမက ဥပဒေသများကို အပြင်းအထန် ချိုးဖောက်ခဲ့ခြင်းမဟုတ်သောကြောင့် အပြစ်ပေးခံရမည်လည်း မဟုတ်ပါချေ။

အများဆုံးမှ သူမကို နှုတ်ဖြင့် အပြစ်တင်ခံရရုံသာ ဖြစ်ပေသည်။

သို့သော် သူမက တခြားလူများကိုပင် အဆုံးစီရင်ရင်အတွက် အပြစ်ကို ကျူးလွန်နေဆဲဖြစ်ကာ ကုကျစ်စုန့်ကိုလည်း ကျိန်စာတိုက်ခဲ့သည်။

ထိုအချိန်တွင် မစ္စရှင်းက ပုံမှန်လူတစ်ယောက်အဖြစ်မှ အောက်လမ်းပညာသုံးသူဖြစ်သွားခဲ့သည်။

သူမကို ဆန့်ကျင်တိုက်ခိုက်သည့်အရာများကို ကုကျစ်စုန့်က သာမန်တိုက်ခိုက်မှုအဖြစ်သာ မှတ်ယူပေ၏။

သို့သော် သူမ နိမ့်ကျသိမ်ငယ်သည့်စိတ်များဖြင့် သတ်ဖြတ်ရန် ကြံရွယ်ခဲ့သောကြောင့် သေဆုံးရန် ထိုက်တန်ပေသည်။

ကုကျစ်စုန့် မှောင်မည်းနေသည့်ပြတင်းအပြင်ဘက်ကို ကြည့်လိုက်သည်။

ထို့နောက် ခဏမျှတွေးပြီးနောက် အပြင်ထွက်ဖို့ ထရပ်လိုက်သည်။

ဝါးထော်ရွာ၏အပြင်ဘက်ရှိ တောအုပ်ထဲတွင် မှိန်ဖျော့နေသည့် အနက်ရောင်အရိပ်တစ်ခုက တွန့်လိမ်နေသည့် ပုံစံဖြင့် မြေပေါ်တွင် တွားသွားနေခဲ့သည်။

ပိုင်ဆိုင်သည့်အလောင်းမရှိတော့သည့် အငြိုးကြီးတစ္ဆေမှာ ထွင်းဖောက်မြင်ရသည့်အရာမျိုး ဖြစ်နေခဲ့ပေပြီ။

သို့သော် သူမက ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ရေရွတ်နေဆဲဖြစ်ကာ ခန္ဓာကိုယ်မှ နာကျည်းမှုများသည်လည်း တစ်ရွာလုံးကို ပျံ့နှံ့သွားခဲ့သည်။ရှင်းမိသားစု၏ချွေးမက အငြိုးကြီးတစ္ဆေဖြစ်လာကာ သူမ၏နာကျည်းမှုများမှာလည်း နက်ရှိုင်းလွန်းသောကြောင့် ဤတစ်ရွာလုံးကို လွှတ်ပေးလိုသည့်ရည်ရွယ်ချက်မရှိပါချေ။

သူမက ဝိညာဉ်ကို စတေး၍ ရွာကို ကျိန်စာတိုက်တော့မည့် ဆဲဆဲတွင် အဝေးမှ ပျံသန်းလာသည့် သံကွင်းတစ်ခုက တိကျအားကောင်းစွာဖြင့် ထိုဝိညာဉ်၏အပေါ်ပိုင်းကို ပတ်လိုက်ပြီး တိုက်ရိုက်ဆွဲချလိုက်သည်။

သူမက မြေပြင်ပေါ်သို့ ကျသွားပြီးနောက် အကြိမ်အနည်းငယ်မျှ လိမ့်သွားလေသည်။

အငြိုးကြီးတစ္ဆေက ကြောက်လန့်သွားခဲ့ကာ သူမ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်လေသည်။

သူမက ငုံ့ကြည့်လိုက်လျှင် ‘ဝိညာဉ်ဖမ်းကြိုး’ဖြင့် ရစ်ပတ်ခံထားရသည်ကို တွေ့လိုက်ရသည်။

သူမ ခေါင်းမော့ကြည့်လိုက်သည့်အခိုက်တွင်လည်း သူမ၏မျက်နှာပေါ်မှ အမူအရာတို့မှာလည်း အလွန်အကျည်းတန်နေသည်။

“နင်က မြေအောက်လောကရဲ့ ပို့ဆောင်သူလား?!”

All Chapters