မြေအောက်လောကမှ သရဲတစ္ဆေများအားလုံး၏ အသနားခံလွှာ(1)
Vol. 35 Ch. 344
အငြိုးကြီးတစ္ဆေတွင် အမုန်းတရားများပြည့်နေသော်လည်း သူမက ကြောက်ရွံ့နေသေးပေ၏။
ခန့်မှန်းမရအောင်နက်နဲပုံရသည့် ဤအမျိုးသမီးငယ်ကို သူမ ကြောက်သည်။
မတိုင်ခင်တုန်းကသစ်သားဓားဖြင့် ဖြတ်တောက်ခံလိုက်ရသည့် သူမ၏ခေါင်းမှ နာကျင်မှုနှင့် သူမဝိညာဉ်မှ ရရှိခဲ့သည့် ဒဏ်ရာမှ နာကျင်မှုကို သူမ မှတ်မိနေသေးသည်။
သူမ မုန်းတီးသည့်အရာမှာ ဤပုဂ္ဂိုလ်က သူမ၏ အမုန်းတရားများကို ထုတ်လွှင့်ခြင်းမှ ထပ်ကာတလဲလဲတားဆီးနေခြင်းကိုပင်။
ကုကျစ်စုန့် ပြောလာသည်။
“ပြဿနာရှာတာ တော်လောက်ပြီ”
အငြိုးကြီးတစ္ဆေက ပျက်ယွင်းနေသောမျက်နှာနှင့် နှာမှုတ်သည်။
‘ဤကြောင်သူတော် တောက်ကျန့်က ကြီးကျယ်သော အမှန်တရားဘက်တော်သားများဟု နာမည်တပ်ထားသည့်လူများပြောတတ်သော အကြောင်းအရာများကို ထပ်ပြောတော့မည်’ဟု သူမ တွေးလိုက်လေသည်။
သို့သော်လည်း သူမ စကားပြောမည့်အချိန်တွင် သူမ၏ဝိညာဉ်မှာ လေထဲသို့ အဆွဲခံလိုက်ရပြီး ကုကျစ်စုန့်၏ဘေးတွင် မည်သည့်အချိန်ကပေါ်လာမှန်းမသိသည့် အမှောင်တစ္ဆေတံခါးထဲ တိုက်ရိုက်ပစ်သွင်းခံလိုက်ရသည်။
ရှင်းမိသားစုချွေးမ : “???”
ကုကျစ်စုန့်က လက်မြှောက်ပြီး အငြိုးကြီးတစ္ဆေကို ပစ်လိုက်ခြင်းပင်။
သူမ လက်တစ်ချက်အဝှေ့တွင် တစ္ဆေတံခါးပိတ်သွားပြီး နေရာမှာတင် ပျောက်သွားသည်။
သူမက ဒေါသကြီးတစ္ဆေများကို မြေအောက်လောကကို ဖမ်းကူပေးပြီး သူမ စွမ်းဆောင်ရည်မြှင့်တင်နေခြင်းပင်။
ရှင်းမိသားစုချွေးမကို မည်သို့ စီရင်မည်ဆိုသည်ကိုတော့ မြေအောက်လောကမှ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သွားလေပြီ။
သူမနှင့် ပတ်သက်ခြင်းမရှိတော့။ သူမကလည်း စိတ်မဝင်စားပါချေ။
ကုကျစ်စုန့်က ‘ဝိညာဉ်ဖမ်းကြိုး’ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။
ထို့နောက် သူမ၏ နားတွင် ထွက်ပေါ်လာခဲ့သည့် ကျိန်စာကလွင့်ပြယ်သွားသည်ကို ခံစားလိုက်ရပြီး စိတ်ကျေနပ်စွာဖြင့် နေရာမှ ထွက်လာခဲ့တော့သည်။
*
နောက်တစ်နေ့တွင် ရှင်းမိသားစုခြံထဲမှ အော်သံများထွက်လာသည်။
ရဲအရာရှိများက ရှင်းလော့အာ၏ထွက်ဆိုချက်ကို ယူရန်ရောက်လာခြင်းဖြစ်ပြီး တံခါးခေါက်၍ ဝင်လာခဲ့ကြသည်။
သူတို့အထဲကို ရောက်ပြီးနောက်တွင် မစ္စရှင်းနှင့် ရှင်းလော့အာတို့မှာ အိပ်ရာပေါ်တွင် ဆိုးရွားစွာ သေဆုံးနေကြောင်း တွေ့လိုက်ရလေ၏။
ညဝက်အတွင်းမှာတင် နောက်ထပ်ထူးဆန်းသည့်လူသတ်မှုက ဖြစ်လာလိမ့်မည်ဟု မည်သူတွေးထားပါအံ့နည်း။
သို့သော် သူတို့ ‘ဝိညာဉ်ရေးရာ’အစီအစဉ်အဖွဲ့၏ ယှဉ်ပြိုင်သူများနှင့် ကုကျစ်စုန့်တို့ကို မေးသည့်အချိန်တွင် ဤရုပ်လွန်ပညာရှင်များအားလုံးကလည်း ဇဝေဇဝါဖြစ်နေခဲ့ကြကာ မည်သည့်အရာမှ သိမနေကြပါချေ။
ရဲများထွက်ခွာသွားပြီးနောက်တွင် ယှဉ်ပြိုင်သူများက ကုကျစ်စုန့်ဘက်သို့ အဓိပ္ပာယ်ရှိသည့်အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ပိုင်စစ်က ဖြည်းဖြည်းချင်းပြောလာသည်။
“နောက်ဆုံးတော့လည်း.. ကျွန်တော်တို့ ဒီရွာက ထွက်လို့ရပြီပဲ..”
ကုကျစ်စုန့်က ခေါင်းအသာငြိမ့်သည်။
ဟဲမီထူကတော့ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေခဲ့ပါချေ။
“ထွက်လို့ရတာ ဘာကောင်းလို့လဲ.. ငါတို့ တခြားအမှုနေရာတွေကို သွားရအုံးမှာပဲ”
ကုကျစ်စုန့် : “.....”
*
မြေအောက်လောကတွင်ဖြစ်သည်။
‘ဝိညာဉ်ဖမ်းကြိုး’ဖြင့် အဖမ်းခံလိုက်ရပြီး ငရဲပေါက်ဝသို့ အပစ်ခံလိုက်ရသည့် အငြိုးကြီးတစ္ဆေမှာ သူမ မြေအောက်လောကသို့ ဤမျှရိုးရှင်းကြမ်းတမ်းစွာ ရောက်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့ဖူးပါချေ။
သူမ ပြန်လည်ထွက်ခွာရန် နည်းလမ်းတစ်ခုကို ကြိုးစားနေဆဲမှာပင် အနက်ရောင်ဝတ်ရုံနှင့် ဦးထုပ်ကို ဝတ်ထားသည့် ဟေးပိုင်ဝူချန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
မြေအောက်လောကပို့ဆောင်သူများမှာ သရဲများကို ဖိနှိပ်ရာတွင် နဂိုအားဖြင့် ထူးချွန်ကြသောကြောင့် အကျိုးမရှိခုခံနေခဲ့သည့် အငြိုးကြီးတစ္ဆေမှာ မကြာမီတွင် တင်းကြပ်စွာ အချည်တုပ်ခံလိုက်ရပြီး ငရဲဘုရင်၏ခန်းမဆီသို့ အပို့ခံလိုက်ရသည်။
လေးနက်မှန်ကန်သည့် အပြစ်မှတ်တိုင်က ရုတ်ခြည်းနိုးထလာသည်။
သူမ ခေါင်းမော့ကြည့်လိုက်လျှင် သူမက လုံးဝရှင်းလင်းနေသော ခန်းမရှေ့တွင် ဖမ်းချုပ်ခံနေရကြောင်းကို တွေ့လိုက်ရသည်။
အဝေးမှ ခန်းမ၏ ထိပ်က တက်လိုက်ကျလိုက်ဖြစ်နေသည်ကို မှိန်ဖျဖျမြင်နေရ၏။
သူမ၏ ရှေ့မှ သတ္တုပြားပေါ်တွင် စာလုံးကြီးလေးလုံးကို ထွင်းထားသည်။
‘ချင်ကွမ်းဝမ် ခန်းမ’
ဤသည်က ငရဲခန်းမ ၁၀ ခုအနက်မှ ပထမဆုံးခန်းမဖြစ်သည်။
ခန်းမအရှင်မှာ ငရဲခန်းမ ၁၀ခု၏ ခေါင်းဆောင်ဖြစ်သည့် ယမမင်း ချင်ကွမ်းကျန်းကျီဝမ်ဖြစ်ပေ၏။
ဤအချိန်တွင် သူက ကျက်သရေရှိသည့် ဝတ်ရုံနှင့် ထီးနန်းသရဖူကို ဆောင်းထားကာ ခန်းမ၏ ပထမနေရာတွင် ထိုင်နေသည်။
“အောက်မှာရှိနေသူက သိုင့်ယွင်ဖြစ်ပြီး အသက် ၃၀ ရှိတဲ့လူပဲ.. မင်းက လွန်ခဲ့တဲ့ ၁၈ ရက်က ကြိုးဆွဲချစီရင်ခဲ့တယ်
အငြိုးကြီးတစ္ဆေဖြစ်ပြီးတဲ့နောက် မြေအောက်လောကရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ ထွက်ပြေးသွားပြီး အဖမ်းခံဖို့ ငြင်းဆန်ခဲ့တယ်
သက်ရှိလောကမှာ နေပြီးတော့ တားမြစ်နည်းတွေသုံးပြီး လူသားကမ္ဘာကို ဘေးဒုက္ခတွေဖြစ်စေခဲ့တယ်.. မင်း ကိုယ့်အပြစ်ကို ကိုယ် သိပြီလား?!”ရှင်းမိသားစု၏ ချွေးမဖြစ်သည့် သိုင့်ယွင်က ငရဲမင်း၏ ထုချေအရှိန်ကို ခံစားမိလိုက်သည်။ သူမ၏ဝိညာဉ်က တင်းအားနှင့် ကြောက်ရွံ့မှုကြောင့် အနည်းငယ်တုန်ရီသွားရ၏။
သို့သော် ထိုသို့ဆိုလျှင်ပင် သူမက အံ့ကြိတ်နေသေးကာ အမုန်းတရားများကို ထုတ်ဖော်နေပြီး နောင်တလည်း စိုးစဉ်းမျှရှိပုံမပေါ်ပါချေ။
ဤသည်ကိုမြင်လျှင် ငရဲမင်း ချင်ကွမ်းက သူ့၏အင်္ကျီလက်များကို ဆတ်ခနဲခါလိုက်လေ၏။
အောက်မှ အငြိုးကြီးတစ္ဆေသိုင့်ယွင်က ထိန်းချုပ်မရနိုင်စွာ မြှောက်တက်လာပြီး ခန်းမအပြင်ဘက်မှ ညာဘက် ခုံအမြင့်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုခုံမြင့်က ၁၀ ပေမြင့်ပြီး မှန်မျက်နှာပြင်က ၁၀ ပေ ပတ်လည်ရှိမည်။ ယင်းက အလွန်အမင်းကြီးမားသည့် မှန်ကြီးဖြစ်၏။
၎င်းက ငရဲမင်း ချင်ကွမ်း၏ခန်းမတွင် ပထမရတနာဖြစ်ပေ၏။
မိစ္ဆာကြေးမုံစင်မြင့်ပင်။
မိစ္ဆာအတားအဆီးများနှင့် သရဲတစ်ကောင်က စင်မြင့်ရှေ့တွင် ရပ်နေသရွေ့ သူ သို့မဟုတ် သူမ၏ဘဝတွင် ပြုခဲ့သော မကောင်းမှုများနှင့် မကောင်းသည့်လုပ်ရပ်များ
ထင်ဟပ်နိုင်ပြီး တစ်ချက်ဖြင့်ပင် မြင်နိုင်သည်။
သိုင့်ယွင်က သူမ မသေခင်က ရွာကို ကျိန်စာတိုက်ခဲ့ပြီး ရွာသားများကို ဆန့်ကျင်ပေးဆပ်ရန် ရက်စက်သည့်နည်းလမ်းများကို အသုံးပြုခဲ့သည်။
သူတို့သေဆုံးသွားကြချိန်တွင် သူမက ဝမ်လင်း၏ဝိညာဉ်အပြင် သူတို့ဝိညာဉ်များကိုပါ ဆွဲဖြဲခဲ့သည်။
ဤရက်စက်သည့်နည်းလမ်းအားလုံးက ကြေးမုံထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့လေ၏။
အကယ်၍ ကုကျစ်စုန့်ကသာ ကျိန်စာအစီအရင်ကို ဖျက်ဆီးရန် ကြားမဝင်ခဲ့ပါလျှင် ဝါးထော်တစ်ရွာလုံးက ကမ္ဘာမြေပေါ်တွင် တစပြင်ဖြစ်သွားပေလိမ့်မည်။
မိစ္ဆာကြေးမုံမှ ပြစ်မှုများအရ သိုင့်ယွင်က ၁၈ ထပ်မြောက် ငရဲကို ဦးဆုံးသွားရမည်ဖြစ်ကာ မီးနှင့် ဓားများ၏ လောင်ကျွမ်းခြင်းကို ခံရမည့်အပြင် နှစ်တစ်ရာမျှ ကြာပွတ်အကျဉ်းထောင်တွင် နောင်တဖြင့် သုံးသပ်ရမည်ဖြစ်လေသည်။
ထို့အပြင် ကြာပွတ်အကျဉ်းထောင်က သရဲတစ္ဆေများအတွက် အလွန်အမင်းနာကျင်ရသည့်နှိပ်စက်မှုတစ်ခုဖြစ်သည်။
အပြစ်ပေးခံရသည့် မိစ္ဆာတစ္ဆေများက နှစ်များစွာကြာအောင် တောင့်မခံနိုင်ကာ သူတို့ဝိညာဉ်များက လွင့်ပျံသွားကြသည်ချည်းသာ။
ကျန်းကျီဝမ်က ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစာအုပ်ကို အမှုရှေ့တွင် အချောသတ်နေပြီး ရေးဆွဲရန် ဖောင်တိန်ကို ကိုင်လိုက်တော့မည့်ဆဲဆဲ အမည်းရောင်ဝတ်ထားသည့် ဖန်းဝူကျို့က ခန်းမအဆုံးတွင် ရုတ်ခြည်း ပေါ်လာသည်။
သူက လက်နှစ်ဖက်လုံးဖြင့် ဦးညွတ်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
“အရှင်ငရဲမင်း ချင်ကွမ်းကို သတင်းပို့ပါတယ်.. သရဲတွေက နန်းတော်အပြင်ဘက်မှာ စုဝေးနေပြီး မိစ္ဆာတစ္ဆေ သိုင့်ယွင်အတွက် အသနားခံနေကြောင်းပါ”
ကျန်းကျီဝမ်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူက အင်္ကျီလက်ကို ခါရမ်းလိုက်လျှင် နန်းတော်ရှေ့မှ ကန့်လန့်ကာမှာ မ,ခံလိုက်ရသည်။
ထို့နောက်တွင်တော့ ထောင်ဂဏန်းမျှရှိသော သရဲအုပ်စုကြီးက ပထမနန်းတော်အပြင်ဘက်တွင် စုဝေးနေသည်ကို မြင်လိုက်ရသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် နန်းတော်ရှေ့တွင် မြူခိုးများရစ်သိုင်းနေသည်။
အများစုမှာ အမျိုးသမီးသရဲများဖြစ်ကြပေ၏။ ပထမနန်းတော်၏ ကန့်လန့်ကာ ပွင့်လာသည်ကို မြင်သည့်အခါ သူတို့အားလုံးက ငရဲမင်းချင်ကွမ်းကို ဂါရဝပြုလိုက်ကြသည်။
ကျန်းကျီဝမ်က ဆိုသည်။
“မင်းတို့အားလုံး ဒီသရဲအတွက် အသနားခံချင်ကြတာလား”
ခဏကြာပြီးနောက် ခေတ်ဟောင်းစကတ်ရှည်ကို ဝတ်ထားပြီး ဆံထုံးတစ်ခုနှင့် ပုလဲပန်းပန်ထားသည့် အမျိုးသမီးသရဲက ခန်းမ၏ရှေ့သို့ မျောလွင့်လာကာ လေးနက်စွာ ဂါရဝပြုလိုက်သည်။
“ငရဲအရှင် ချင်ကွမ်းကို နှုတ်ဆက်ပါတယ်”
“ကျွန်တော်မျိုးမရဲ့ နာမည်က ချင်လျန်းပါ.. ကျွန်တော်မျိုးမက မင်းဆက်တစ်ခုမှ စိစစ်ရေးလူကြီးမင်းတစ်ဦးရဲ့ သမီးဖြစ်ခဲ့ဖူးပါတယ်
သဘောထားကွဲလွဲမှုတစ်ခုမှာ ကျွန်တော်မျိုးမရဲ့အဖေက အသတ်ခံခဲ့ရတဲ့အတွက် တစ်မိသားစုလုံးလည်း ပြည်နှက်ဒဏ်ခံခဲ့ရပါတယ်
ငယ်စဉ်အခါကတည်းက ကျွန်တော်မျိုးမက ဆောင်ကြာမြိုင်ကို ရောက်သွားခဲ့ပြီး အနုပညာကိုပဲ ရောင်းပြီး ခန္ဓာကိုယ်ကို မရောင်းတဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်လာခဲ့တယ်
ဒါပေမဲ့လည်း ကျွန်တော်မျိုးမက နယ်ခံလူပေါ်ကြော့လူဆိုးတစ်ယောက်ရဲ့ သေတဲ့အထိ အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရတယ်
အလောင်းကို တံတားအောက် လွှင့်ပစ်ပြီး ခွေးရိုင်းတွေနဲ့ ပိုးမွှားတွေဆီမှာ စားသောက်ခံခဲ့ရတယ်.. အဆုံးမှာတော့ အရိုးတွေပဲ ကျန်ခဲ့ပါတယ်..”
အမျိုးသမီးသရဲ ချင်လျန်းက အတိတ်ကို အောက်မေ့နေသည့်အချိန်တွင် သူမအသံက အမုန်းတရားများအပြည့်ဖြစ်နေဆဲပင်။
“ဒါပေမဲ့ အဖေဖြစ်သူ ရာဇဝတ်တရားသူကြီးရဲ့ အထောက်အပံ့ရတဲ့ အဲဒီလူပေါ်ကြော့ကောင်လေးက အပြစ်ပေးမခံရရုံတင်မဟုတ်ဘူး၊
ဝိုင်တွေ သောက်စားပျော်ပါးပြီး သူ့ကိုယ်သူတောင် ကျေနပ်နေသေးတယ်..
ရာမန်အရာရှိတွေနဲ့ အနီးနားက လူတွေက ကျွန်မရဲ့သေဆုံးမှုအကြောင်းကို ပြောကြတတဲ့အချိန်မှာ သူတို့က ဆောင်ကြာမြိုင်ကိုရောက်နေတယ်ဆိုတဲ့ ကျွန်မရဲ့အဖြစ်ကို အကြောင်းပြချက်အနေနဲ့ သုံးပြီး သေတဲ့အထိ အစော်ကားခံရသင့်တယ်လို့ ယုံကြည်လာအောင် လုပ်ခဲ့တယ်
ဒီတော့ ကျွန်မ လက်စားပြန်ချေဖို့အတွက်နဲ့ အရိုးစုမိန်းကလေးတစ်ယောက်ဖြစ်လာခဲ့တယ်..”ငရဲမင်း ချင်ကွမ်းဖြစ်သည့် ကျန်းကျီဝမ်က မျက်စိကို အသာစောင်းကြည့်လိုက်ပြီး ရုတ်တရက် ဤသရဲက မည်သူဖြစ်ကြောင်းကို သတိရလိုက်သည်။