← Chapters

မြေအောက်လောကမှ သရဲတစ္ဆေများအားလုံး၏ အသနားခံလွှာ(2)

Vol. 35 Ch. 345

မြေအောက်လောကမှ သရဲတစ္ဆေများအားလုံး၏ အသနားခံလွှာ(2)

Vol. 35 Ch. 345

‘အရိုးစုမိန်းကလေး’ချင်လျန်းက သေဆုံးပြီးသည်မှာ နှစ်ပေါင်း ၁၃၀၀ ကြာခဲ့ပြီး ဖြစ်ကာ နှစ်ပေါင်း ၁၀၀၀ လောက်က ငရဲအပြစ်ပေးမှုတွင် ကုန်ဆုံးခဲ့ရပြီးဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမ သေပြီးနောက်တွင် ထိုဒေသတွင် ကြီးစွာမွှေနှောက်မှုဖြစ်စေခဲ့၍ပင်။

သူမ၏ လှပသော စကတ်အောက်တွင် အရိုးခြောက်များရှိနေပြီး နယ်ခံမြို့ရာဇဝတ်တရားသူကြီး၏ မိသားစုအပြင် ကြံရာပါများနှင့် အကာအကွယ်ပေးခဲ့သူများအားလုံး ကြိုးဆွဲချခံလိုက်ရသည်။

ထို့အပြင် အနီးနားက ရွာနှင့် မြို့များတွင် ယောကျာ်းဒါဇင်ပေါင်းများစွာကိုလည်း သတ်ခဲ့သည်။

ထိုသူတို့က ဇနီးများ၊ သားသမီးများနှင့် မိဘများကို အနိုင်ကျင့်သည့် မကောင်းသည့်လူများ ဖြစ်နေခဲ့သော်လည်း ဒေါသကြီး တစ္ဆေတစ်ကောင်အနေနှင့် သူမက တခြားသူများကို အပြစ်ပေးရန် မပြည့်မီပါချေ။

သူမ အဖမ်းခံရပြီး မြေအောက်လောကသို့ ပြန်ရောက်လာချိန်တွင် သူမက ဝတ်ရုံနီတစ္တေပင် ဖြစ်နေလေပြီ။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် သူမက မြေအောက်လောက၏ နယ်ပယ်တစ်ခုကို ကြီးမှူးရသော တစ္ဆေအကြီးအကဲဖြစ်လာသည်။

ချင်လျန်းအသံက တိမ်ဝင်သွားသည်။

“ကျွန်တော်မျိုးမက ကိုယ်လုပ်ရပ်တွေကိုယ် အကြောင်းပြနေတာမဟုတ်ပါဘူး.. ပြီးတော့ ကျွန်တော်မျိုးမရဲ့ဆုံးဖြတ်ချက်တွေကြောင့်လည်း နောင်တမရဘူး

ဒါပေမဲ့ ကျွန်တော်မျိုးမရဲ့နောက်က ညီအစ်မတော်တော်များများက သူတို့ရဲ့ဘဝမှာ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရတယ်၊

သေပြီးသွားချိန်မှာ မြေအောက်လောကဆိုတာ နတ်သမီးနယ်မြေမဟုတ်ဘူးဆိုတာ သူတို့ရှာတွေ့သွားလိမ့်မယ်”

ချင်လျန်း၏နောက်ကို လိုက်လာသော သရဲများမှာ သရဲကြီးများ မဟုတ်ကြချေ။

သရဲအများအပြားက ငရဲမင်း၏ ဖိအားအောင်တွင် တုန်ရီနေပြီး မျက်လုံးများပင် မော်မဖူးဝံ့ကြ။ ‌သို့သော် သူတို့က သည်းခံပြီး ရောက်လာကြသေး၏။

တချို့သရဲများမှာ သူတို့ခင်ပွန်းသည်၏ မိသားစုများမှ သေသည်အထိ နှိပ်စက်ခံခဲ့ရခြင်းမျိုးဖြစ်ပြီး တချို့မှာ အနိုင်ကျင့်ခံရပြီး လူထောင်ပေါင်းများစွာ၏ အထင်မြင်သေးခြင်းခံရကာ သေသည်အထိ ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချခံခဲ့ရခြင်းမျိုးပင်။

သူတို့က တရားသေမူဝါဒနှင့် ဖိနှိပ်မှုများစွာရှိသည့် ခေတ်တစ်ခုတွင် လွန်ခဲ့သည့် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာကပင် သေဆုံးခဲ့ကြခြင်းဖြစ်၏။

ထိုအချိန်က မြေအောက်လောကမှာ ကောင်းကင်နှင့်မြေကြီး၏ ညီမျှမှုဖြင့် ဘောင်ခတ်ခံရပြီး လူသားကမ္ဘာ၏ စည်းမျဉ်းများနှင့် ဆင်တူသည်။

မိစ္ဆာကြေးမုံရှေ့သို့ လမ်းလျှောက်သွားလိုကိသည့်အချိန်တွင် ယနေ့ခေတ်တွင် အူကြောင်ကြားနိုင်မည့် တချို့ပြစ်မှုများဖြင့်ပင် သရဲအများအပြားရောက်လာကြရသည်ကို သိမြင်နိုင်ပေမည်။

ယောက္ခမများကို သားသမီးဝတ္တရားမကျေပွန်ခြင်း၊ သားရတနာမထွန်းကားခြင်း၊ စကားအလွန်များခြင်း.. စသဖြင့်ပင်။

“ကွာရှင်းရန် အကြောင်းကြီး ၇ ပါး”ဟူ၍ပင် ရှိသေး၏။

ထိုသရဲများက မိစ္ဆာကြေးမုံကို အလွန်တည်ငြိမ်စွာ ဖြတ်လျှောက်သွားကြပြီး သူတို့၏ပြစ်မှုများကို နာခံစွာ လက်ခံခဲ့ကြသည်။

ယင်းက သူတို့၏ ‘အပြစ်’များဟုတ် မဟုတ် ဟူ၍ပင် မတွေးခဲ့ဖူးပါချေ။

ဤနှစ်များအတွင်း သက်ရှိလောကတွင် ပြန်လည်ပြင်ဆင်ပြီးသော အတွေးအမြင်သစ်ဖြင့် ပိုပိုများသော သရဲများ မြေအောက်ကမ္ဘာသို့ အစုအပြုံလိုက် ဝင်ရောက်မလာခင်အထိပင်။

သက်ရှိလောက၏ စည်းမျဉ်းများမှာ ဖြည်းဖြည်းချင်း ပြန်လှန်နေခဲ့ပြီးနောက်တွင် မြေအောက်လောက၏ စည်းမျဉ်းများလည်း စတင်ပြောင်းလဲလာခဲ့၏။

သို့သော် နှစ်ပေါင်းများစွာကြာအောင် သေဆုံးပြီးသော သရဲအိုကြီးများ သို့မဟုတ် ငရဲ၏ ထောင့်အမျိုးမျိုးတွင် ပျံ့နှံ့နေကြသော သရဲများကမူ ဤအပြောင်းအလဲများကို မခံစားရပါချေ။

မြေအောက်လောကတွင် ရုတ်တရက် ထွက်ပေါ်လာသော တိုက်ရိုက်ထုတ်လွှင့်မှု ‘ဝိညာဉ်ရေးရာ အပိုင်း ၃’ မလာခင်အထိပင်။

ကုကျစ်စုန့် အမည်ရသည့် လျှို့ဝှက်ဆန်းကြယ် တောက်ကျန့်တစ်ဦး ရှိုးတွင် ပေါ်မလာခင်အထိ..

အတိတ်ကနှင့် မတူညီစွာ လူနှင့် သရဲများမှာ ဆန့်ကျင်ဘက်များ ဖြစ်ကြပေသည်။ သူမက သရဲများကို အော်ဟစ်သတ်ဖြတ်ကာ မောင်းထုတ်နိုင်သည်။

ထို့အစား သူက မြေအောက်လောကမှ သရဲများဆီသို့ တစ်ခါမှမမြင်ဖူးကြသည့် အရာအသစ်များစွာကို ယူဆောင်လာကာ သရဲအများအပြားကို သူတို့ပူဆွေးမှုများ ပြေပျောက်အောင် ကူညီပေးခဲ့သည်။

တစ်ချိန်တည်းတွင်ပင် စိတ်ရှုပ်ထွေးပြီး အသေစောကြသည့် သရဲများကိုလည်း သူတို့က အပြစ်သားများဟုမခေါ်သင့်ကြောင်း သဘောပေါက်အောင် လုပ်ပေးခဲ့သည်။

ချင်လျန်းက ထပ်မံ ဦးညွတ်ကာ ပြောလိုက်သည်။

“မိစ္ဆာကြေးမုံရဲ့ရှေ့မှာတော့ ဘယ်သူကမှ ကောင်းမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်မျိုးမ ပြောဝံ့ပါတယ်.. လူသားဖြစ်နေသရွေ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ ရှိနေမှာပဲလေ”

“သိုင့်ယွင်က တကယ်ပဲ အပြစ်ရှိပါတယ်၊ ကျွန်တော်မျိုးမလည်းပဲ အပြစ်ရှိတာပါပဲ.. ဒါပေမဲ့ ကျွန်တော်မျိုးမတို့က အရှက်တကွဲ သေဆုံးသွားရတဲ့ အငြိုးကြီးဝိညာဉ်တွေအနေနဲ့ လက်စားချေဖို့အတွက် ကိုယ့်ဘာသာကိုယ်ပဲ လုပ်နိုင်ခဲ့တော့တာပါ””ကောင်းကင်ဘုံနဲ့ မြေအောက်လောကက ကျွန်တော်မျိုးမတို့လို သရဲလေးတွေကို ကိုယ့်လမ်းကို ကိုယ်ဖောက်ဖို့ ခွင့်ပြုလိုက်တယ်ဆိုကတည်းက ကျွန်တော်မျိုးမတို့ကိုယ်တိုင် လက်စားချေဖို့ ခွင့်ပြုလိုက်တာပဲမဟုတ်ဘူးလား”

“ဒီနေ့ခေတ်မှာ လူသားကမ္ဘာရဲ့စည်းမျဉ်းတွေ. တရားဝင်ဥပဒေတွေထဲမှာ လူသားတွေရဲ့ ခံစားချက်တွေကိုပါ ပေါင်းထည့်ထားပြီး ပြောင်းလဲပြင်ဆင်ထားခဲ့တာလည်း ရှိလာတယ်

ကျွန်တော်မျိုးမတို့ရဲ့ နှစ်သန်းဆယ်ဂဏန်းချီ သက်ဆင်းလာတဲ့ မြေအောက်လောကမှာရော..

ဒီအချက်တွေရဲ့ နောက်ကွယ်မှာပဲ ရှိနေပြီး ကောင်းမှုနဲ့ ဆုပေးဒဏ်ပေးစနစ်တွေအားလုံး ဒီအုပ်စိုးလို့ မရနိုင်တဲ့ကြေးမုံတစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်လို့ ရနိုင်ပါရဲ့လား အရှင်”

“ကျွန်တော်မျိုးမ အရှင့်ကို သနားညှာတာပေးဖို့ တောင်းဆိုပါတယ်.. သိုင့်ယွင်ရဲ့ပြစ်မှုက ခန္ဓာနဲ့ဝိညာဉ်ကို ဖျက်ဆီးရလောက်တဲ့ထိ မပြင်းထန်ပါဘူး အရှင်!”

ဤသည်ကို ပြောပြီးနောက် အရိုးစုမိန်းကလေးချင်လျန်းမှာ ချွေးအေးတို့ထွက်လာတော့သည်။

သေချာပေ၏။

နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော သရဲကြီးတစ်ယောက်အနေဖြင့်ပင် ငရဲဘုရင်ကဲ့သို့သော သူမျိုးကို ရင်ဆိုင်ရသည့်အချိန်တွင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ရသည်။

တစ်ဖက်လူက လက်လေးလှည့်လိုက်ရုံမျှနှင့် သူမကိုဖျက်ဆီးလိုက်နိုင်ပေသည်။

သူမ ယခုပြောခဲ့သည်မှာ အလွန်ရဲတင်းလွန်းသည့်အတွက် ငရဲဘုရင်ဆယ်ပါး၏အာဏာကို စိန်ခေါ်သကဲ့သို့ဖြစ်နေပြီး ငရဲခန်းမအရှင်ကိုလည်း မေးခွန်းထုတ်ရာရောက်၏။

သို့သော် အရိုးစုမိန်းကလေးက အရာအားလုံးကို လောင်းကြေးထပ်ထားခြင်းဖြစ်၏။ သူမ ကြောက်နေသည့်တိုင် နောင်တတော့မရပါချေ။

သူမ၏ အမြင်တွင် သူမ သရဲအဖြစ်ပြောင်းသွားပြီးဖြစ်သည်။

သ‌ရဲတစ်ကောင်အနေဖြင့် သူမက ပြစ်မှုကျူးလွန်ခဲ့သူကို လက်စားချေလို့ မရနိုင်ပေလား။

အဆုံးမရှိသည့် ပြန်လည်ဝင်စားခြင်းတွင် ထိုသို့သာ ဆက်ဖြစ်နေပါလျှင် မည်သို့ အကျိုးရှိမည်နည်း။

ခန်းမရှေ့တွင် သေလောက်အောင်တိတ်ဆိတ်မှု ကြီးစိုးနေသည်။

အကြာကြီးတိတ်ဆိတ်နေပြီးနောက် ခန်းမထဲမှ ငရဲဘုရင်ချင်ကွမ်းက မေးကို လက်ပေါ်တွင် တင်လိုက်ပြီး အချိန်အတော်ကြာအောင် စဉ်းစားလိုက်သည်။

သူက အောက်ဘက်မှ အရိုးစုမိန်းကလေးကို အတန်ကြာအောင်စိုက်ကြည့်နေပြီး အသနားခံနေကြသည့် သရဲအုပ်ကြီးကို ကြည့်လိုက်ပြန်ကာ တည်ငြိမ်စွာ ပြောလာခဲ့၏။

“မင်းတို့ အရင်ဆုံး နောက်ဆုတ်သင့်တယ်”

“သရဲ သိုင့်ယွင်အတွက်တော့ ငရဲခန်းမက နောက်ပိုင်းမှာ ပြန်ပြီးဆုံးဖြတ်လိမ့်မယ်”

ဤသည်ကို ကြားလိုက်ရလျှင် သရဲများက အံ့သြတကြီး ခေါင်းမော့လာကြပြီး ခန်းမရှေ့တွင် အံ့ဩ ပျော်မြူးသည့်အသံများ ထွက်ပေါ်လာခဲ့သည်။

ခန်းမသည်က ဆွေးနွေးမှုတို့ဖြင့် ပြည့်နေတော့၏။

အဘယ်ကြောင့်ဆိုသော် သိုင့်ယွင်၏အတွေ့အကြုံနှင့် လက်စားချေအပြုအမူတို့များက မြေအောက်လောကမှ သရဲအများအပြား၏ အကျဉ်းချုပ်သဘောမျိုး ဖြစ်နေခဲ့သည်ပင်။

သူတို့အနိုင်ကျင့်ခံခဲ့ရသည်၊ ဖိနှိပ်ခံခဲ့ရသည်၊ မတရားခံခဲ့ရသည်၊ စသည်ဖြင့် သူတို့ဘဝတွင် ခံစားခဲ့ရသည်။

သေလွန်ပြီးနောက် သူတို့က နှလုံးသားထဲမှ အာဃာတတို့ကြောင့် အငြိုးကြီးတစ္ဆေများဖြစ်လာသည်။

သူတို့မှာ ခံစားချက်များ၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး အချို့သော ထူးခြားသည့် လက်စားချေလုပ်ရပ်များ လုပ်ခဲ့ကြ၏။

သူတို့ မြေအောက်လောကသို့ ဝိဥာဥ်လမ်းပြများနှင့် လိုက်ပါမသွားရဲချေ။

သူတို့မှာ လေလွင့်တစ္ဆေများသာဖြစ်လာကာ လောကကြီးထဲ လှည့်ပတ်သွားနေရ၏။

မြေအောက်လောကသို့ ပြန်လာသရွေ့ သူတို့မှာ တရားစီရင်ခံရမည်ဖြစ်ပြီး ငရဲကြီး ၁၈ ထပ်တွင် အပြစ်ပေးခံရမည်ဖြစ်၏။

အကယ်၍ သိုင့်ယွင်၏ ပြစ်မှုစည်းမျဉ်းက စိတ်ခံစားချက်ဆိုင်ရာ ထည့်သွင်းစဉ်းစားခြင်းတွင် အကျုံးဝင်ပြီး နစ်နာသူစိတ်အခြေအနေနှင့် သင့်တင့်စွာ စာနာလိုက်မည်ဆိုလျှင် မြေအောက်လောကမှ မမျှတစွာ သေဆုံးခဲ့ရပြီး မတရားခံခဲ့ရသော ဝိညာဉ်များအားလုံးအတွက် ပျော်စရာကိစသတစ်ခု‌ဖြစ်လာပေလိမ့်မည်။

ခန်းမရှေ့တွင် မျောလွင့်နေကြသည့် သရဲများကို ကြည့်ကာ ငရဲဘုရင်ချင်ကွမ်းက နှာမှုတ်သည်။

“လောင်ချီ၊ လောင်ပါး၊ မင်းတို့ရော ဘယ်လိုထင်လဲ”

အဖြူနဲ့အမည်း မတည်မြဲမှုပုံရိပ်နှစ်ခုက ခန်းမထဲတွင် ပေါ်ပေါက်လာသည်။

အမည်းရောင်ဝတ်ထားသော ဖန်းဝူကျို့က လက်များဖြင့် ဦးညွတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“အရှင်မင်းကြီး .. ဆွေးနွေးပြီးတဲ့နောက် မြေအောက်လောကစည်းမျဉ်းတွေကို တချို့ထည့်သွင်းစဉ်းစားရမဲ့အချက်လေးတွေ ထပ်ထည့်ပေးမယ်ဆိုရင်တော့ ကောင်းတဲ့အရာပဲလို့ ကျွန်တော်မျိုး ထင်မြင်မိကြောင်းပါ”

“တကယ်တော့လည်း ကျွန်တော်မျိုးသာ ဒီအပြစ်ကင်းတဲ့ သရဲတွေနေရာမှာဆိုရင် ကျွန်တော်မျိုးကို ဘေးဖြစ်စေခဲ့တဲ့လူတွေအားလုံးကို အစိမ်းစားပစ်မှာပါ အရှင်!

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပါ”

ရှဲ့ပြန့် : “....”

သူက အနည်းငယ်ကူကယ်ရာမဲ့နေခဲ့သည်။ သို့သော် သူသည်လည်း အေးဆေးတည်ငြိမ်စွာပြောလိုက်၏။

“ကျွန်တော်မျိုးလဲ ထပ်တူပါပဲ အရှင်”

ကျန်းကျီဝမ် :”မင်းတို့လို ယင်အရာရှိတွေနဲ့ အဲဒီသရဲလေးတွေက အခုနောက်ပိုင်း ကုကျစ်စုန့်ကို လေးစားနေကြတယ်ဆိုတာ ငါကိုယ်တော် သိတယ်!”

ရှဲ့ပြန့်က ပြောသည်။”ကျွန်တော်မျိုး ပြန်ဖြေကြောင်းပါ အရှင်..”

“မေ့လိုက်တော့.. မင်းတို့ သူမအတွက် အကြောင်းပြချက်ပေးနေစရာမလိုဘူး.. တကယ်လို့ ဒီလူသာ ဘာမှဂရုမစိုက်ဘူးဆို အမှုကို ပိတ်သိမ်းလိုက်မယ်

ပြီးရင် သူမက မြေအောက်လောကရဲ့ ဝိဥာဥ်လမ်းပြအနေနဲ့ အမှုထွက်ဆိုချက်ကိုလည်း ရေးမှာမဟုတ်ဘူး၊

မြေအောက်လောကက သရဲတွေအားလုံး မြင်နိုင်အောင်လုပ်ပေးမယ်.. ဒါကပဲ သိုင့်ယွင်အတွက် ဖုံးကွယ်ထားပေးတဲ့အသနားခံမှုပဲ ဖြစ်လိမ့်မယ်”

All Chapters