← Chapters

မြေအောက်လောကမှ သရဲတစ္ဆေများအားလုံး၏ အသနားခံလွှာ(3)

Vol. 35 Ch. 346

မြေအောက်လောကမှ သရဲတစ္ဆေများအားလုံး၏ အသနားခံလွှာ(3)

Vol. 35 Ch. 346

ကျန်းကျီဝမ် စကားဆက်သည်။

“ပြောရရင် အဲဒီသရဲလေးတွေပြောတာ အဓိပ္ပာယ်ရှိတာပဲ.. မြေအောက်ကမ္ဘာက ဥပဒေတွေ၊ စည်းမျဉ်းတွေ တော်တော်များများက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်းက တည်မြဲနေခဲ့တာ ကြာပြီ..

မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းတွေကလည်း ခေတ်နဲ့တပြေးညီ ဖြစ်နေသင့်တယ်”

“ဆုံးဖြတ်ချက်မချခင် အရင်ဆုံး အခြားနန်းဆောင်တွေနဲ့ တိုင်ပင်ဖို့လိုမယ်.. ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂နှစ်အတွင်း သေဆုံးခဲ့ပြီး ပြန်မဝင်စားရသေးတဲ့ သေဆုံး၊ ရှင်သန်ခြင်းစာအုပ်ထဲက သရဲအချို့ကို ရှာခဲ့ပေး..

သူတို့တွေက အသက်ရှိချိန်တုန်းက လူ့ပြည်မှာ တရားဥပဒေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေပဲ သူတို့ကို နန်းဆောင်က ဆင့်ခေါ်တာ စောင့်ဆိုင်းနေဖို့ ပြောထားပေးပါ”

အဖြူနှင့် အနက် မတည်မြဲခြင်းအရာရှိနှစ်ပါး : “ကောင်းပါပြီ”

နန်းဆောင်၏ အရှေ့တွင် သရဲငယ်လေးများ အော်ဟစ်သောင်းကျန်းပြီး အချိန်မကြာလိုက်။ မြေအောက်ကမ္ဘာသို့ ရောက်ရှိလာသည့် သရဲ၊တစ္ဆေဝိဉာဉ်များအား လမ်းပြပေးရသော တစ္ဆေတမန်တော်က သရဲအချို့အား အဝါရောင်နွေဦးလမ်းသို့ လမ်းညွှန်ပို့လိုက်သည်။

ပို့ဆောင်လာသော သရဲအမည်စာရင်းအား ပို့ပေးပြီးနောက် တစ္ဆေတမန်တော် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိုသရဲများတွင် ခါးကုန်းနေပြီဖြစ်သော အဘွားအိုတစ်ယောက်နှင့် တစ်ကိုယ်လုံးအနီရောင် အစက်အပြောက်များ ဖုံးနေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးလည်း ပါရှိသည်။

အဘွားအိုသည်က သေဆုံးပြီးဖြစ်သောကြောင့် မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး နှုတ်မှလည်း ကျိန်ဆဲနေခဲ့သည်။

“သနားဖို့ကောင်းလိုက်တဲ့ ငါ့သားလေး.. အမေတို့တွေ အနိုင်ကျင့်ခံရတာဟေ့

တိုင်မယ်၊ တိုင်မယ်! ငါ မြေအောက်ကမ္ဘာရဲ့ ယမမင်းနဲ့ပါ တိုင်ပြီး တရားစွဲမယ်!”

စာရင်းကိုင်ထားသော တစ္ဆေအရာရှိလည်း လက်ထဲမှ စာရင်းစာရွက်ကို ကြည့်လိုက်ပြီးနောက် သားအမိနှစ်ဦး၏ နာမည်များကို ကြည့်လိုက်သည်။

ထို့နောက် မျက်ခုံးပင့်လိုက်ပြီး မစ်စ်ရှင်းအား အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

“မင်းက မစ်စ်ရှင်းလား? ဘယ်သူ့ကို တရားစွဲမှာလဲ? ကုကျစ်စုန့်ကိုလား?”

အဘွားအိုရှင်းလည်း မင်သက်သွားသည်။

“နင်က ဘယ်လိုလုပ်သိတာလဲ? ငါ အဲ့ခွေးကောင်မကို တရားစွဲမယ်…”

သူစကားပင် မဆုံးသေး။ အဝေးမှ ကြည့်လျှင်ပင် အဆုံးအစ မမြင်နိုင်သော နိုင်ဟဲတံတားပေါ်မှ မီးခိုးရောင်သရဲ၊တစ္ဆေများ၏ ခေါင်းများကို တပြိုင်တည်းလှည့်လာကြသည်။

အနီရောင်၊ အစိမ်းရောင်မျက်ဝန်းပေါင်း သောင်းခြောက်ထောင်သည်က သူတို့သားအမိအား စူးစူးဝါးဝါးစိုက်ကြည့်နေသည်မှာ အစိမ်းလိုက် ဝါးစားတော့မည့်အလားပင်။

မစ်စ်ရှင်း: “?!!”

•

နောက်တစ်နေ့မနက်

တရားဝင်ဘလော့တွင် မနက်အစောပိုင်းကတည်းမှ စောင့်ဆိုင်းနေကြသော ပရိတ်သတ်များက တိုက်ရိုက်ထုတ်လွှင့်မှုအတိုလေးအား မျှော်နေခဲ့ကြသည်။

တင်ဆက်သူလျှို့ ပေါ်လာချိန်တွင် ယမန်နေ့ညက ဝါးထိုရွာသို့ ရဲများရောက်လာသည့် အဖြစ်အား ရှင်းပြခဲ့သည်။

ရှင်းလော့အာနှင့် သေဆုံးသွားသော ရွာသားများသည်က ဝမ်လင်အား သတ်ဖြတ်ခဲ့ပြီး ဇနီးဖြစ်သူနှင့် လက်ထပ်ထိမ်းမြားသည့် စာချုပ်ကိုလည်း သရဲတစ္ဆေများထံသို့ ရောင်းချခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။

မကြာခင်မှာပင် ဒေသခံရဲစခန်းမှလည်း သက်ဆိုင်ရာသတင်းများအား ထုတ်ပြန်ပေးခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ အဆုံးတွင် တင်ဆက်သူလျှို့ မှ ပရိတ်သတ်များအနေဖြင့် မျှမျှတတ မဲပေးရွေးချယ်နိုင်ရန် ပြိုင်ပွဲဝင်တစ်ဦးချင်းစီထံမှ ရရှိခဲ့သော သတင်းများကို ပြောပြပေးခဲ့သည်။

“ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေ တကယ်ရှိ၊ မရှိဆိုတာကိုလည်း အတပ်မပြောနိုင်ပါဘူး.. ဒီရွာက ရွာသားတွေနဲ့ ရှင်းမိသားစုက သားအမိနှစ်ဦး သေဆုံးရတာတွေက မတရားသေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ လက်စားချေတာအမှန် ဟုတ် ၊မဟုတ်ဆိုတာကိုလည်း သေချာမပြောနိုင်ပါဘူး”

“ဒါပေမယ့် ဒီအကူအညီတောင်းတဲ့အစီအစဉ်ပြီးချိန်မှာ ကျွန်တော်တို့ အားလုံးကို သတိပေးချင်တာတစ်ခုက ဘယ်လိုပဲဖြစ်ပါစေ၊ တရားမဝင်တဲ့အရာကို လုပ်လို့ မရပါဘူး

မကောင်းမှုတွေ အများကြီးကျုးလွန်ခဲ့ရင် ကျွန်တော်တို့ရဲ့ သွားရာလမ်းက ဖြောင့်မှာလည်း မဟုတ်ဘူး”

“နောက်တစ်ပိုင်းကျရင်တော့ ပရိုဂရမ်အဖွဲ့နဲ့ ပြိုင်ပွဲဝင်တွေက နောက်ထပ် အကူအညီတောင်းသူရဲ့ နေရာကို သွားကြမှာဖြစ်ပါတယ်

ခရီးက တော်တော်လေး ရှည်တာကြောင့် သွားမယ့်နေရာကို ညနေ သုံးနာရီလောက်မှာ ရောက်မှာဖြစ်ပြီး အဲဒီအချိန်မှပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်စတင်မှာဖြစ်ပါတယ်”

“နားလည်ပေးတဲ့အတွက်လည်း ကြည့်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ် အားလုံးပဲ ညနေကျမှ ပြန်ဆုံကြပါမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသွားချိန်တွင် ကျန်ရစ်ခဲ့သည့် ကြည့်ရှုသူများကတော့ အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ကာ ပြိုင်ပွဲဝင်များကို မဲပေးရန် ပြင်ဆင်နေကြသည်။

မကြာလိုက်ပါချေ။ ဝါးထိုကျေးရွာမှ ဖြစ်ရပ်နှင့်ပတ်သတ်သည့် သတင်းများက ထိပ်တန်းရှာဖွေမှုပေါ်သို့ ရောက်ရှိလာကြသည်။

ကြည့်ရှုသူအများစုမှာတော့ ရွာ၏ အကြောင်းစုံအား သိရပြီးချိန်တွင် သူတို့၏ အမြင်များ ပြောင်းလဲသွားကြောင်း ပြောလာခဲ့ကြသည်။[အဲဒီချွေးမလေးက တော်တော်လေးကို သနားဖို့ ကောင်းလွန်းပါတယ်

တစ်မိသားစုလုံးကလည်း ယောင်းမအကြီးဆုံးကလွဲလို့ ကျန်တာ လူကောင်းတစ်ယောက်မှမပါဘူး။။ ငါသာ အဲဒီလိုမျိုးတွေနဲ့ ကြုံရရင်လည်း တော်တော်လေး စိတ်ပျက်မိမှာပဲ!]

[သေချာတာကတော့ သရဲ၊တစ္ဆေတွေနဲ့ ယှဉ်ရင်တောင် လူတွေက ပိုကြောက်ဖို့‌ကောင်းတာပဲ…]

[ငါကတော့ အဲဒီရှင်းမိသားစုရဲ့ သမီးကြီးကို တကယ်ဒေါသထွက်မိတယ် သူ့အမေက သူ့ကို ဒီလောက် ဆိုးဆိုးဝါးဝါးဆက်ဆံတာတောင် ခွင့်လွှတ်ပေးနိုင်သေးတယ်

တော်တော်လေးကို ဦးနှောက်ဆေးခံထားရတာပဲ!!]

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး နေ့လည်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ပရိုဂရမ်က နာမည်ကြီးလွန်းသောကြောင့် ပရိုဂရမ်အဖွဲ့၏ ဖွဲ့စည်းမှုမှာလည်း ယခင်ကထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။

ပရိုဂရမ်အဖွဲ့က လေယာဉ်တစ်စီးအား စင်းလုံးငှား၍ ပြည်မ၏ အနောက်မြောက်ပိုင်းမှ မြို့ငယ်လေးတစ်မြို့သို့ သွားရောက်ခဲ့ကြသည်။

လေယာဉ်ဆိုက်ပြီးချိန်တွင် ပြိုင်ပွဲဝင်များပ ကြိုတင်၍ ပြင်ဆင်ထားသော ဟိုတယ်သို့ သွားရောက်ပြီးနောက် ခေတ္တအနားယူခဲ့ကြသည်။ ထို့နောက် အကူအညီတောင်းသူ၏ အိမ်သို့သွားရန် ကားပေါ်တက်ခဲ့ကြသည်။

ညနေသုံးနာရီတွင်

တိုက်ရိုက်ထုတ်လွှင့်ခန်းက အချိန်ကိုက် ပွင့်လာခဲ့ပြီးနောက် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြသော ကြည့်ရှုသူများလည်း အလုအယက် ဝင်ရောက်လာခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူဦးရေမှာလည်း ဒီရေအလား တက်နေခဲ့သည်။

တင်ဆက်သူလျှို့ မိုက်ကရိုဖုန်းကိုကိုင်၍ အပြုံးဖြင့် ကြိုဆိုလိုက်သည်။

“အားလုံးပဲ မင်္ဂလာညနေခင်းပါ.. ကျွန်တော်တို့တွေ အကူအညီတောင်းတဲ့ နေရာကိုတော့ ရောက်လာပါပြီ”

“အပိုတွေမပြောတော့ဘူး.. အကူအညီတောင်းသူဆီကို သွားပြီးတော့ ကျွန်တော်တို့တွေ ဒီတစ်ကြိမ်မှာရော ဘယ်လိုပြဿနာမျိုုးကို ဖြေရှင်းရမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ”

တင်ဆက်သူလျှို့ စကားဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ မျက်နှာပြင်တွင် ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုအတိုတစ်ပုဒ် ပွင့်လာခဲ့သည်။

ဗီဒီယိုတွင် အသက် ၅၀အရွယ်ခန့်ရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက ကင်မရာရှေ့တွင် ထိုင်နေခဲ့သည်။

သူမသည်က ကင်မရာရှေ့တွင် အနည်းငယ်ရှက်ရွံ့နေဟန်ပေါ်သည်။

အနည်းငယ်ချောင်းဟန့်လိုက်ပြီးနောက် အသက်ရှူရသည်မှာလည်း အနည်းငယ်ကြပ်တည်းနေသကဲ့သို့ပင်။

‘တောင်းပန်ပါတယ်.. ကျွန်မက ကျန်းမာရေးက သိပ်မကောင်းဘူးလေ.. ပရိုဂရမ်လည်း ပထမဆုံးရိုက်ဖူးတာဆိုတော့ သေသေချာချာမရိုက်နိုင်လောက်ဘူးထင်တယ်’

သူမအား အင်တာဗျူးနေသည့် ဝန်ထမ်းမှ စကားစလိုက်သည်။

‘ကိစ္စမရှိပါဘူး.. ကျွန်တော်တို့ ပရိုဂရမ်အဖွဲ့ကို တောင်းဆိုထားတဲ့အချက်က ဘာလဲဆိုတာ ပြောပြပေးလို့ရမလား? လတ်တလောမှာ မူမမှန်တာ၊ သဘာဝလွန်ကိစ္စတစ်ခုခုများ ကြုံခဲ့ရလို့လား?’

အမျိုးသမီးကြီး၏ မျက်နှာပျက်သွားခဲ့သည်။

‘ကျွန်မရဲ်အနီးအနားမှာ ထူးဆန်းတာတွေ ဖြစ်ပျက်နေတယ်.. ကျွန်မက အငြိုးခံရတဲ့ သူမဟုတ်ပါဘူး

ဒါပေမယ့် အဲဒီ ထူးဆန်းတဲ့ကိစ္စတွေက ကျွန်မတို့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ဖြစ်ခဲ့ရတာလေ

အဲဒါကို ဒုက္ခဖြစ်တဲ့အချိန်ကျတော့ ကျွန်မတို့ရဲ့ မိသားစုကို ကူညီခဲ့တဲ့ လူတွေမှာ သွားပြီး ဒုက္ခဖြစ်နေခဲ့တယ်’

‘အဲဒီကိစ္စကို သိနေပြီးတော့ ကျွန်မ ဘယ်လိုမှ မသိကျိုးကျွန်ပြုမထားနိုင်တော့ဘူးလေ.. ဒါကြောင့်ပဲ ပရိုဂရမ်အဖွဲ့ကများ တစ်ခုခု ကူညီနိုင်မလားဆိုပြီး သိချင်တာပါ’

အမျိုးသမီး၏ အသံတိုးဝင်သွားချိန်မှာပင် မျက်နှာပြင် ရပ်တန့်သွားခဲ့ပြီးနောက် နောက်ခံစကားပြောသံထွက်လာခဲ့သည်။

“အခု အကူအညီတောင်းသူကတော့ အသက် ၅၀အရွယ် မစ်စ်ရှု့ပဲ ဖြစ်ပါတယ်.. သူက လူကြောက်တတ်ပြီး ကျန်းမာရေးလည်း ချို့တဲ့နေတဲ့ သူတစ်ဦးပါ”

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ သူက ကျွန်တော်တို့ ပရိုဂရမ်အဖွဲ့ကို စာတွေ တစ်စောင်ပြီးတစ်စောင် ပို့ခဲ့ပါတယ်.. အဲဒီစာတွေကလည်း အမြဲတမ်း အရှည်ကြီးတွေပါပဲ..

သူ့ရဲ့ စာတွေကနေ တဆင့် ဒီအမျိုးသမီးရဲ့ ဘဝက အနိမ့်၊ အမြင့်တွေ၊ သူမ လတ်တလောကြုံတွေ့ခဲ့ရတဲ့ သိပ္ပံနည်းနဲ့ ရှင်းပြလို့တောင် မရနိုင်တဲ့ ထူးထူးခြားခြားကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ သိခဲ့ရပါတယ်”

“သူမရဲ့ စကားအရ ဒီအမျိုးသမီးက အိမ်မှာ တစ်ခုခု ထူးဆန်းနေတဲ့အတွက် ရင်းနှီးတဲ့ အိမ်နီးချင်းတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်

ဒါပေမယ့် အခုလို ဆက်တိုက်ဖြစ်နေတဲ့ ထူးဆန်းကိစ္စတွေကြောင့် အဲဒီလူက ထိခိုက်ခဲ့ရတယ်တဲ့”

“အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပရိုဂရမ်အဖွဲ့ဆီကနေ အကူအညီ ခဏခဏတောင်းခဲ့တာဖြစ်ပါတယ်

ဒါကြောင့်ပဲ ကျွန်တော်တို့နဲ့ ပြိုင်ပွဲဝင်တွေက သူမနေထိုင်ရာမြို့ကို လာရောက်ခဲ့တာပဲဖြစ်ပါတယ်”

ဗီဒီယိုမှတ်တမ်းပြီးဆုံးချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကင်မရာမျက်နှာပြင်သည်လည်း ပင်မကင်မရာသို့ ပြန်ပြောင်းသွားခဲ့သည်။

All Chapters