← Chapters

ဝိဥာဥ်များကို ပို့ဆောင်ခြင်း(1)

Vol. 35 Ch. 347

ဝိဥာဥ်များကို ပို့ဆောင်ခြင်း(1)

Vol. 35 Ch. 347

ကင်မရာမှ ရိုက်ကူးထားသော လမ်းဘေးဝဲယာ၏ ပုံစံအရ ယခုအကူအညီတောင်းသူ နေထိုင်သည့်နေရာမှာ မြို့ငယ်လေးတစ်မြို့ဖြစ်ဟန်ပေါ်သည်။

အထပ်နိမ့်အဆောက်အဦများ၊ အိုဟောင်းနေပြီဖြစ်သော အဆောက်အဦများနှင့် အင်မတန်စည်ကားမှုမရှိပေ။

လူနေအိမ်တစ်အိမ်သို့ ရောက်ရှိပြီးနောက် အောက်ထပ်မှ ကြိမ်ကုလားထိုင်များတွင် အပူရှောင်နေသည့် လူကြီးများ တွေ့လိုက်ရသည်။

ကင်မရာများကိုင်ထားသည့် ပရိုဂရမ်အဖွဲ့အား မြင်လိုက်ရပြီးနောက် သူတို့က မေးခွန်းထုတ်ကြသည်။

“ဘယ်သူ့ကို ရှာနေတာလဲ?”

တင်ဆက်သူလျှို့မှ အကူအညီတောင်းသူ၏ နာမည်ကို ပြောလိုက်ချိန်တွင် လူကြီးများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“အဲဒါသူပဲ!”

“မစ်စ်ရှု့ကို သိလို့လား?”

“ငါတို့က အိမ်နီးနားချင်းတွေပဲလေ.. သေချာပေါက်သိတာပေါ့.. သူ့ကို ဘာလို့ရှာနေကြတာလဲ? သူ့ကြောင့် အခြားမိသားစုရဲ့ ကလေးတစ်ယောက် ထိခိုက်သွားတာနော်”

[ဒီလူကြီးတွေရဲ့ လေယူလေသိမ်းအရဆိုရင် တစ်ခုခုကို သိနေပုံပဲ]

တင်ဆက်သူလျှို့က ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်မမေးတော့။

မစ်စ်ရှု့၏ လိပ်စာရပြီးနောက် ဒုတိယထပ်မှ အခန်းတံခါးကို ခေါက်လိုက်သည်။

တံခါးပွင့်လာချိန်တွင် အခန်းတွင်းမှ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ထွက်လာခဲ့ပြီး ပရိုဂရမ်အဖွဲ့အား မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့သည်။

“ဝိဉာဉ်ရေးရာ ပရိုဂရမ်အဖွဲ့က လာကြတာလား? မင်္ဂလာပါ.. ကျွန်မရဲ့အိမ်က နည်းနည်းတော့ ရှုပ်နေတယ်ရှင်..”

“ရပါတယ် မစ်စ်ရှု့.. ကင်မရာနောက်က ကြည့်နေတဲ့ ကြည့်ရှုသူတွေကို နှုတ်ဆက်ပေးပါဦး ပရိုဂရမ်ကတော့ ရိုက်ကူးမှုစနေပါပြီ..

မစ်စ်ရှု့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို့ အစီအစဉ်ကို စတင်တော့မှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေကိုလည်း လာရောက်စစ်ဆေးပေးနိုင်ဖို့ ခေါ်လိုက်မှာပါ”

ကင်မရာများက စတင်ရိုက်ကူးနေပြီဖြစ်ကြောင်းကိ ကြားရပြီးနောက် မစ်စ်ရှု့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သူမက အင်္ကျီစကို တင်းတင်းဆွဲထားလိုက်ပြီးနောက် ခေါင်းငြိမ့်သည်။

“ရပါတယ်.. စလို့ရပါပြီ”

မကြာခင်မှာပင် ပထမဆုံးပြိုင်ပွဲဝင် ပိုင်စစ်က ပရိုဂရမ်အဖွဲ့၏ လမ်းညွှန်ချက်အရ ရောက်ရှိလာခဲ့သည်။

ပိုင်စစ်အခန်းထဲသို့ ရောက်သည်နှင့် မစ်စ်ရှု့ မတ်တပ်ရပ်ကာ လက်ကို ဆန့်၍ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဆရာလေးပိုင်”

ပိုင်စစ်အသာခေါင်းငြိမ့်လိုက်ပြီးနောက် လက်ကို လွှတ်လိုက်ပြီးနောက် စကားစသည်။

“အန်တီရဲ့ ကျန်းမာရေးက တော်တော်လေး ဆိုးနေတာပဲ.. အဆုတ်မှာ ပြင်းထန်တဲ့ ပြဿနာရှိနေတယ်

အန်တီ ရှူသွင်း၊ ရှူထုတ်နေတဲ့ ဝင်သက်၊ထွက်သက်တိုင်းက စိတ်ဓာတ်ကျခြင်းတွေနဲ့ ပြည့်နေတယ်.. အဲဒါ အဆုတ်မှာ အနာဖြစ်တော့မယ်ဆိုတဲ့ လက္ခဏာပဲ”

မစ်စ်ရှု့သည်က အစီအစဉ်အား စောင့်ကြည့်သူဖြစ်သောကြောင့် ပိုင်စစ်က ကုသရေးတွင် ထူးချွန်သူဖြစ်ကြောင်း သိထားပြီးဖြစ်၍ သိပ်အံ့ဩဟန်မပေါ်ပေ။

သူမ ညင်သာစွာ ခေါင်းငြိမ့်သည်။

“အမှန်ပါပဲ.. ငယ်ငယ်တုန်းကတော့ ဂရုမစိုက်ခဲ့ဘူးလေ အခု အသက်အရွယ်ရလာတော့ အဆုတ်ရောဂါက ပြင်းထန်လာတာပါ”

ပိုင်စစ်ခေါင်းငြိမ့်သည်။

“ခုနက ကျွန်တော် သွေးခုန်နှုန်းကိုလည်း တိုင်းကြည့်လိုက်တယ်.. အကြမ်းဖျင်းခံစားလိုက်ရတာတော့ အန်တီက အခုတလော စိတ်ပူပန်မှုတွေ များနေပြီး ည,ညဆို အိပ်မပျော်ဘူး

ဒါက မကောင်းဘူး.. အဲလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်အပေါ်ကို ဖိအားတွေများပြီး နဂိုကမှ အားနည်းနေတဲ့ အခြေအနေက ပို,ဆိုးသွားလိမ့်မယ်”

“ပြီးတော့…”

ပိုင်ခီ မျက်မှောင်အသာကျုတ်လိုက်ပြီးနောက် နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သည်။

သူ၏ လုပ်ရပ်သည် လူသားများ လုပ်လေ့လုပ်ထရှိသည့် အပြုအမူမဟုတ်ဘဲ တိရိစ္ဆာန်များ အနံ့ခံရာတွင် ပြုတတ်သည့် အပြုအမူဖြစ်ကြောင်း သတိရလိုက်ပြီးနောက်တွင် သူက ချက်ချင်း ပြန်လည် ပြင်ဆင်လိုက်သည်။

ပိုင်စစ် အသာချောင်းဟန့်လိုက်ပြီးနောက် ဆက်ပြောသည်။

“အန်တီဆီကနေ သေခြင်းရဲ့အနံ့နဲ့ နံ့သာဖြူအနံ့ရေးရေး ရနေတယ်.. အဲဒါက အရမ်းကို ရှုပ်ထွေးနေပြီးတော့ လူတစ်ယောက်တည်း၊ အမွှေးတိုင်တစ်မျိုးတည်းက အနံ့လည်း မဟုတ်ဘူး”

“ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် နေအိမ်က မိသားစုဝင်တစ်ယောက် မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တာပဲ..

အဲဒီ ဆွေမျိုးအတွက် သင်္ချိုင်းနဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန်သွားပြီး အမွှေးတိုင်ထွန်းပေးနေခဲ့တာပဲ ဖြစ်ရမယ်

ဒါကြောင့် အန်တီရဲ့ ခန္ဓာကိုယ်ပေါ်ကနေ သေခြင်းရဲ့ အနံ့တွေ၊ အမွှေးတိုင်အနံ့တွေ ရနေတာပဲ”

သင်္ချိုင်းတွင် မြှုပ်နှံထားသော အလောင်းများက များပြားလွန်းသကဲ့သို့ တချို့သော အုတ်ဂူများသည် လတ်တလော သေဆုံးထားသူများ ဖြစ်ပြီး အချို့သည်က နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည်။

ထိုမြေကြီးထဲတွင် မြှုပ်နှံထားသော ခန္ဓာကိုယ်များမှ ကပ်ကျန်နေသည့် အလောင်းငွေ့များမှာ မြေကြီးမှ လျှံ၍ သင်္ချိုင်း၏ လေထုထဲတွင် ပျံ့နှံ့နေတတ်သည်။

ထို့အပြင် လူအများစုသည်က ဆုတောင်းမေတ္တာပို့ရန် သင်္ချိုင်းဂူသို့ သွားတတ်ကြပြီး အချို့လူများသည်လည်း ဆွေမျိုးများ၊ မိသားစုဝင်များအတွက် အမွှေးတိုင်ထွန်းရန် လာရောက်တတ်ကြသည်။ထိုအလောင်းငွေ့များနှင့် အမွှေးတိုင်နံ့များသည် ရောယှက်နေခဲ့ပြီး သင်္ချိုင်းသို့ မကြာခဏ သွားရောက်တတ်သော မစ်စ်ရှု့၏ ကိုယ်ပေါ်တွင်လည်း အနံ့အသက်များ စွဲကပ်နေခဲ့သည်။

သာမန်လူများအနေဖြင့် ထိုအနံ့ကို မရနိုင်သော်လည်း အနံ့ခံအာရုံ အင်မတန်စူးရှသည့် ပိုင်စစ်၏ နှာခေါင်းထဲတွင်တော့ အတိုင်းသား ရနေခဲ့သည်။

သို့သော် ထိုမျှစူးရှသည့် အာရုံခံနိုင်စွမ်းတွင်လည်း ဆိုးကျိုးများ ရှိနေခဲ့သည်။ ရောထွေးပြွမ်းယှက်နေသော အနံ့များသည် သူ၏ အာရုံခံနိုင်စွမ်းအား ထိခိုက်စေပြီး ခွဲခြမ်းစိတ်ဖြာရန်လည်း ပို၍ ခက်ခဲစေသည်။

ပိုင်စစ် အကူအညီမဲ့စွာဖြင့် တစ်ခုတည်းကိာသာ ပြောနိုင်ခဲ့သည်။

“အန်တီ စိတ်ပူပန်ပြီး ပရိုဂရမ်အဖွဲ့ကို အကူအညီတောင်းရတဲ့ အကြောင်းအရင်းက သေဆုံးသွားတဲ့သူနဲ့ ပတ်သတ်ပါလိမ့်မယ်”

မစ်စ်ရှု့ ခေါင်းငြိမ့်လိုက်သည်။

“ဆရာလေးပိုင် ပြောတာအမှန်ပါပဲ.. ကျွန်မရဲ့အဖေက လွန်ခဲ့တဲ့ လဝက်လောက်က ကွယ်လွန်သွားခဲ့တာလေ

ဒီအိမ်က အဖေမသေခင်တုန်းက နေခဲ့တဲ့ အိမ်ပါ.. ကျွန်မ ဒီမှာနေတာမဟုတ်ပါဘူး”

“ဒီအခန်းထဲမှာပဲဆိုရင်တော့ ဒါတွေက ကျွန်တော်မြင်နိုင်တာ အကုန်ပါပဲ..အများကြီး မကူညီပေးနိုင်လို့ စိတ်မကောင်းပါဘူး”

“မဟုတ်တာ.. အခုလို လာပြီးစစ်ဆေးပေးတာကိုပဲ ကျေးဇူးတင်လို့ မဆုံးပါဘူး”

ဘေးမှ စောင့်ဆိုင်းနေသော တင်ဆက်သူလျှို့က စကားစလိုက်သည်။

“ငါတို့ရဲ့ ပြိုင်ပွဲဝင်နံပါတ် ၂ ပိုင်စစ်ကတော့ မစ်စ်ရှု့ရဲ့ ကိုယ်ကျန်းမာရေး၊ တဖြည်းဖြည်းပြင်းထန်လာတဲ့ စိတ်ကျန်းမာရေးအခြေအနေကို ထောက်ပြပေးခဲ့ပါတယ်

အဲဒီ ပြဿနာတွေကလည်း ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ ပတ်သတ်နေပုံပါပဲ”

“မစ်စ်ရှု့အနေနဲ့ ပရိုဂရမ်အဖွဲ့ကို အကူအညီတောင်းရစေတဲ့ မစ်စတာရှု့ရဲ့ သေဆုံးခြင်းနောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ?

ဒုတိယမြောက်ပြိုင်ပွဲဝင် ရှီဟိုင်ဟုန်ကို ဖိတ်ခေါ်လိုက်ရအောင်ပါ”

ရှီဟိုင်ဟုန် အခန်းထဲသို့ ရောက်လာပြီးနောက် မစ်စ်ရှု့အား ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် ခဏရပ်သွားခဲ့ပြီး မျက်လုံးများကို မှေးစင်း၍ ကြည့်လိုက်သည်။

ထို့နောက် လက်အမူအယာတစ်ခု ပြုလိုက်ပြီး မစ်စ်ရှု့ထံသို့ မနှစ်မျို့သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အတိအကျပြောရလျှင် မစ်စ်ရှု့၏ ပုခုံးကို ကြည့်လိုက်ခြင်းဖြစ်ပြီး သူမ၏ အသံမှာလည်း ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

“ထွက်မသွားသေးဘူးလား!?”

သူမ၏ စကားဆုံးသည်နှင့် မစ်စ်ရှု့ အချိန်အကြာကြီး တောင့်တင်းနာကျင်နေခဲ့သော ပုခုံးနှင့် လည်ပင်းတို့မှာ တစ်စုံတစ်ခု လျော့သွားသည့်အလား ပေါ့ပါးသွားခဲ့သည်။

သူမ အံ့ဩသကဲ့သို့ အနည်းငယ်လည်း နားမလည်နိုင်ဖြစ်သွားသည်။

မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် ရှီဟိုင်ဟုန်၏ စကားသံကို ကြားလိုက်ရသည်။

“အန်တီရဲ့ ဆွေမျိုးတစ်ဦးက မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တာပဲ.. သူက မြေအောက်ကမ္ဘာကိုသွားပြီး ပြန်မဝင်စားချင်ဘူးလေ.. ဒါကြောင့် လူ့ကမ္ဘာမှာ ပေကပ်ပြီး နေ,နေခဲ့တာ”

မစ်စ်ရှု့ ဆက်တိုက် ခေါင်းငြိမ့်လိုက်သည်။

“တောက်ကျန့်ပြောတာ အမှန်ပါပဲ.. ကျွန်မ အဖေက မကြာသေးခင်ကမှ ကွယ်လွန်သွားတာလေ..သူဆုံးပြီး မကြာဘူး ထူးဆန်းတာတွေ ဖြစ်တော့တာပါပဲ”

ပြောနေရင်းပင် မစ်စ်ရှု့က တစ်ခုခုအား သတိရသွားသကဲ့သို့ ရပ်တန့်သွားခဲ့သည်။ သူမ မျက်ဝန်းများလည်း ပြူးကျယ်သွားခဲ့ပြီး ရှီဟိုင်ဟုန်အား မေးလိုက်သည်။

“တောက်ကျန့် ခုနက မြင်လိုက်တာ ကျွန်မအဖေလား? ကျွန်မရဲ့ဘေးမှာ ရှိနေခဲ့တာလားဟင်?”

ရှီဟိုင်ဟုန် ခေါင်းရမ်းသည်။

“ရှင့်ဘေးမှာ ကပ်လိုက်နေတဲ့ သရဲတစ်ကောင်ရှိတာတော့ အမှန်ပဲ.. ဒါပေမဲ့ ဆုံးသွားတဲ့ အဖေတော့မဟုတ်ဘူး.. ရှင်က ယင်စွမ်းအင် အားကောင်းတဲ့ နေရာတွေကို ခဏခဏ သွားပုံပဲ

ပြီးတော့ ခန္ဓာကိုယ်လည်း အားနည်း၊ ယန်မီးတောက်ကလည်း အားနည်းနေတယ်လေ

ဒါကြောင့် မကောင်းတဲ့ သရဲ၊တစ္ဆေရဲ့ ပစ်မှတ်ထားခံရတာ”

မစ်စ်ရှု့အနီးတွင် သူမ မြင်လိုက်ရသည်မှာ အသက်သုံးဆယ်အရွယ်၊ ဒေါသကြီးသည့် အကြည့်များဖြင့် အားနည်းသော သရဲတစ်ကောင်ပင်။

မစ်စ်ရှု့သည်က နှစ်ပတ်ကျော်ခန့် အိမ်နှင့် သင်္ချိုင်းအား ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့ကြောင်း သိရပြီးနောက် ရှီဟိုင်ဟုန် သူမ၏ ယူဆချက်အမှန်ဖြစ်ကြောင်း သိလိုက်သည်။

ထိုအမျိုးသမီးတစ္ဆေသည်က မစ်စ်ရှု့ သင်္ချိုင်း၌ နေ့စဉ် အမွှေးတိုင်ထွန်း၊ စက္ကူမီးရှို့နေသည်အား မြင်တွေ့ရပြီးနောက် သူမ၏ ခန္ဓာကိုယ်က အားနည်း၍ ပစ်မှတ်ထားရန် လွယ်ကူကြောင်း သိရှိခဲ့ခြင်းဖြစ်မည်။

ထို့ကြောင့် သင်္ချိုင်းမှ လိုက်ပါလာ၍ မစ်စ်ရှု့ ထွန်းညှိသော အမွှေးတိုင်များနှင့် သူမ၏ ယန်စွမ်းအင်တို့အား စုတ်ယူနေခဲ့ခြင်းပင်။

ထိုအချိန်များတွင် မစ်စ်ရှု့သည်က တစ်ကိုယ်လုံးနာကျင်၍ စိတ်ဓာတ်ကျနေခဲ့ရခြင်းမှာ ထိုသရဲ၏ စွမ်းအင်ကြောင့်ပင် ဖြစ်သည်။

ရှီဟိုင်ဟုန် ဆက်ပြောသည်။

“ဒါပေမယ့် အဲဒါက ဘာကိုလည်း ပြနေတာလဲဆိုတော့ ရှင့်ရဲ့ သေဆုံးသွားတဲ့ ဖခင်က မြေအောက်ကမ္ဘာကို ပြန်ဝင်စားဖို့အတွက် မသွားချင်ဘူးဆိုတာပဲ”

All Chapters