← Chapters

ဝိဥာဥ်များကို ပို့ဆောင်ခြင်း(2)

Vol. 35 Ch. 348

ဝိဥာဥ်များကို ပို့ဆောင်ခြင်း(2)

Vol. 35 Ch. 348

ရှီဟိုင်ဟုန်အနေဖြင့် သူမ ဤနေအိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်အိမ်လုံးသည် သရဲ၊တစ္ဆေစွမ်းအင် အကြွင်းအကျန်များနှင့် ပြည့်ကာ ထိုင်းမှိုင်းနေသည်ဟု ခံစားလိုက်ရသည်။

ထိုသရဲ၊တစ္ဆေများသည်က ဆုံးပါးသွားသော ပိုင်ရှင်၏ အသက်ရှင်ချိန်က ကျန်ရစ်ခဲ့သော အငွေ့အသက်များနှင့် တူညီနေသောကြောင့် အာရုံခံရန် ခက်ခဲလှသည်။

မစ်စ်ရှု့၏ ဖခင်ဖြစ်သူသည်က သေဆုံးပြီးချိန်တွင် စွဲလမ်းနေသည့် အရာများကျန်ရှိနေပြီး ဤနေအိမ်သို့ ပြန်လာခဲ့ကြောင်း ညွှန်ပြနေခဲ့သည်။

ဤနေအိမ်ပိုင်ရှင်၏ ကျန်ရစ်နေသော အငွေ့အသက်ကြောင့်ပင် မစ်စ်ရှု့ကိုယ်တွင် ကပ်တွယ်နေသော သရဲတစ္ဆေအား အာရုံခံ၍ မရနိုင်ခဲ့ခြင်းပင်။

ရှီဟိုင်ဟုန်သာလျှင် တစ်သက်လုံး သရဲ၊တစ္ဆေများအား ဖမ်းဆီးနေခဲ့ပြီး ဝိဉာဉ်တိုင်းကို ဖောက်ထွင်းမြင်နိုင်သည့် မျက်လုံးများအား ပိုင်ဆိုင်ထားသူမဟုတ်ပါလျှင် ဤသရဲအား မြင်နိုင်ရန် ခက်မည်ဖြစ်သည်။

သူမ၏နောက်သို့ လိုက်ကပ်နေသည့် သရဲသည်က ဖခင်ဖြစ်သူမဟုတ်ကြောင်း သိလိုက်ရချိန်တွင် မစ်စ်ရှု့ အနည်းငယ် စိတ်ပျက်သွားဟန်ပေါ်သည်။

“ဒါဆို ကျွန်မရဲ့အဖေ့ကို ပေါ်လာအောင် ခေါ်လို့ရလား?”

ရှီဟိုင်ဟုန်ပင် အနည်းငယ်အံ့ဩသွားသည်။

“သူ့ကို ရှာချင်တာလား?”

မစ်စ်ရှု့ထံမှ အတည်ပြုချက်ရရှိပြီးနောက် ရှီဟိုင်ဟုန် ခေတ္တမျှ တွေးလိုက်သည်။

“မဖြစ်နိုင်တာတော့မဟုတ်ဘူး.. ကျွန်မ ‘ဝိဉာဉ်ကို ဆင့်ခေါ်ဖို့’ ကူညီပေးပါမယ်”

သူမက ပူဇော်ပွဲတစ်ခုပြု၍ မစ်စတာရှု့၏ နက္ခတ်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အသုံးပြု၍ ‘ဝိဉာဉ်ဆင့်ခေါ်’ ခဲ့သည်။

သို့သော်လည်း မအောင်မြင်ခဲ့ပေ။

ထိုအချိန်တွင် မစ်စ်ရှု့မှ ပရိုဂရမ်အဖွဲ့အား ပြောပြခဲ့သည်။

သူမက ဖခင်ဖြစ်သူ၏ သင်္ချိုင်းဂူသည် ယခုနေအိမ်ဖြင့် မဝေးကွာလှပေ။ သုံးကီလိုမီတာခန့်သာ ကွာဝေးပြီး အချိန် အနည်းအတွင်း သွားနုင်သည်။

ထို့ကြောင့် ပရိုဂရမ်အဖွဲ့လည်း သူမနှင့် ရှီဟိုင်ဟုန်အား ခေါ်ဆောင်၍ ဖခင်ရှု့အား မြှုပ်နှံထားသည့် သင်္ချိုင်းဂူသို့ မောင်းနှင်လာခဲ့ကြသည်။

ဖခင်ရှု့၏ အုတ်ဂူသို့ ရောက်ရှိချိန်တွင် နောက်မှ လိုက်ပါလာသည့် ကင်မရာမန်းများက အုတ်ဂူအား ကင်မရာဖြင့် ရိုက်မပြခဲ့ပေ။ ထိုကဲ့သို့ ရိုက်ကူးခြင်းသည်က သေဆုံးသည်အား မလေးစားသည့် အမူအယာဟု ယူဆကြသောကြောင့် ဖြစ်ပေသည်။

အုတ်ဂူပေါ်တွင် မြင်တွေ့နိုင်သော အဖြူအမည်းပုံမှ မြင်နိုင်သည်မှာ ဖခင်ရှု့သည်က ကွယ်လွန်ချိန်တွင် အသက်အရွယ် အိုမင်းနေပြီဖြစ်၍ အနည်းငယ်လည်း တည်တံ့တင်းမာသော မျက်နှာရှိသည်။

ရှီဟိုင်ဟုန်က ‘ဝိဉာဉ်ဆင့်ခေါ်ခြင်း’အား နောက်တစ်ကြိမ်ပြုလုပ်ခဲ့သည်။

ယခုတကြိမ်တွင်တော့ သူမ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖခင်ရှု့၏ သင်္ချိုင်းဂူရှေ့မှ မြေပေါ်တွင် လက်တင်ထားလိုက်သည်။ သူမ၏ မျက်ခုံးများသည်လည်း တဖြည်းဖြည်း ပို၊ပို၍ တင်းလာခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် လက်ကို ပြန်ရုတ်လိုက်ပြီး မျက်နှာကလည်း ယခင်ထက်လည်း ပို၍ တည်တံ့နေခဲ့သည်။

“ဒါက နည်းနည်းထူးဆန်းနေတယ်.. ရှင့်အဖေရဲ့ ဝိဉာဉ်ကို ဘယ်လိုမှ ဆင့်ခေါ်လို့ မရဘူးဖြစ်နေတယ်”

“ပြောရရင် သေဆုံးသူရဲ့ အုတ်ဂူဆိုတာ သေပြီးရင် နေရတဲ့ သူ့အိမ်လိုပဲ.. အင်မတန်ကိုမှ ထူးခြားတဲ့အဖြစ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သင်္ချိုင်းဂူရှေ့မှာလုပ်တဲ့ ‘ဝိဉာဉ်ဆင့်ခေါ်ခြင်း’အစီအရင် ၁၀ခုမှာ ၈ခုကတော့ အောင်မြင်တာချည်းပဲ”

မစ်စ်ရှု့လည်း အနည်းငယ်တုန်လှုပ်သွားသည်။

“အခုကရော ဘယ်လိုများ ဖြစ်တာလဲ?”

“ဖြစ်နိုင်တာက နှစ်ခုပဲရှိတယ်.. ပထမအချက်က ရှင့်အဖေရဲ့ ဝိဉာဉ်က သက်ရှိကမ္ဘာကနေ ထွက်သွားပြီး မြေအောက်ကမ္ဘာကို ရောက်၊ ပြီးတော့ စစ်ဆေးခံနေရတာပဲ”

“ဒုတိယအချက်ကတော့ သူ့မှာ အင်မတန်ကို အားကောင်းတဲ့ အငြိုးတရားရှိနေပြီးတော့ ဆင့်ခေါ်တဲ့ နည်းလမ်းကို တောင့်ခံနိုင်နေတာပဲ.. ဆင့်ခေါ်တာကို သူလက်မခံတဲ့ သဘောပဲ”

ရှီဟိုင်ဟုန်က သူမ လက်ဖဝါးပေါ်တွင် ပေကျံသွားသော မြေကြီးများကို ဖယ်ရှားလိုက်ပြီးနောက် အသာခေါင်းရမ်းသည်။

“ကျွန်မအနေနဲ့ ဝိဉာဉ်ကို ဆင့်ခေါ်ပြီး မေးခွန်းထုတ်လို့ မရဘူးဆိုရင် .. မြင်နိုင်တာကလည်း ဘာမှ သိပ်မရှိပါဘူး.. နောက်ပြိုင်ပွဲဝင်တွေကတော့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်

ဒါပေမယ့် သေချာတာတစ်ခုကတော့ ရှင့်ရဲ့ သေဆုံးသွားတဲ့ ဖခင်က သေဆုံးပြီးချိန်မှာ အေးချမ်းသွားတာ မဖြစ်နိုင်ဘူး”

ရှီဟိုင်ဟုန်အား ကျေးဇူးတင်စကားဆိုပြီးချိန်တွင် ပရိုဂရမ်အဖွဲ့သားများ မစ်စ်ရှု့၏အိမ်သို့ ပြန်လာခဲ့ကြသည်။

မကြာမှီမှာပင် နောက်လာမည့် ပြိုင်ပွဲဝင်၏ အမည်အား ကြေငြာပေးခဲ့သည်။

“ဟဲမီတူ”

*

ထိုင်းနိုင်ငံသား ထူးခြားဆန်းကျယ်ပညာရှင် ဟဲမီတူ ရောက်ရှိလာချိန်တွင်လည်း သူတွေ့မြင်ခဲ့သည့် အကြောင်းအရာများသည်က ယခင်ပြိုင်ပွဲဝင်နှစ်ဦးနှင့် အတူတူပင်ဖြစ်သည်။

ရှု့မိသားစုထဲမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မြင်တွေ့ရသော်လည်း ဖခင်ရှု့၏ ဝိဉာဉ်ကိုတော့ မမြင်နိုင်ခဲ့ကြပေ။

မှတ်ချက်အတွင်းမှ လူများကတော့ ယခုပြိုင်ပွဲဝင်များသည်က စွမ်းအင်နည်းသည်ဟု ဝေဖန်ကြသူများရှိကြသကဲ့သို့ သေချသေချာာ တွေးတောစဉ်းစားတတ်သည့် ကြည့်ရှု့သူအချို့လည်း ရှိသည်။[အခုတစ်ခေါက် ပြဿနာဖြစ်တာက မစ်စ်ရှု့လည်းမဟုတ်၊ သူတို့ဆွေမျိုးထဲကတောင် မဟုတ်ဘူး.. အိမ်နီးနားချင်း ဒါမှမဟုတ် သူငယ်ချင်းရဲ့ ကလေးတဲ့လေ

ပရိုဂရမ်အဖွဲ့ကလည်း သဲလွန်စ နည်းနည်းလေးတောင် ပေးမထားဘူး ပြိုင်ပွဲဝင်တွေအတွက် တမင်ကို ခက်ခဲအောင် လုပ်ထားတာမဟုတ်ဘူးလား?]

[တကယ်တော့ တစ်ယောက်ယောက်က ပြဿနာကြုံရတယ်ဆိုရင် အဲဒီလူရဲ့ အိမ်ကို တိုက်ရိုက်သွားပြီးမှ နစ်နာသူနဲ့ ပြိုင်ပွဲဝင်တွေကို ဆုံခွင့်ပေးရမှာလို့ ထင်မိတာပဲ

အခုပြိုင်ပွဲဝင်သုံးယောက်ကလည်း ‘သရဲတွေကို မြင်နိုင်ပြီး လူတွေကို မြင်နိုင်တဲ့’ ပြိုင်ပွဲဝင်တွေ မဟုတ်ဘူးလေ]

[ခဏနေပါဦး.. လူတွေရဲ့ အာရုံကို ပြောင်းပြန်လှန်ပေးမယ့် ဘုရင်မနှစ်ပါး ပေါ်လာတော့မှာပါ]

•

နောက်ထပ်ပြိုင်ပွဲဝင်သည်က ဒေစီပင်။

သူမ အခန်းထဲသို့ ရောက်လာသည်နှင့် တင်ဆက်သူလျှို့ အား အရင်နှုတ်ဆက်လိုက်ပြီးနောက် ကင်မရာဘက်လှည့်ကာ ကြည့်ရှုသူများအား နှုတ်ဆက်လိုက်သည်။

ထို့နောက် မစ်စ်ရှု့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ကျွန်မကို အန်တီ့ရဲ့ လက် ခဏလောက်ပေးလို့ရမလား? လက်ကနေမှတစ်ဆင့် ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို အာရုံခံချင်လို့ပါ”

မစ်စ်ရှု့ အသာခေါင်းငြိမ့်ပြီးနောက် လက်ဆန့်ပေးလိုက်သည်။

“ရပါတယ်၊ ရပါတယ်”

မစ်စ်ရှု့၏ လက်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီးနောက် ဒေစီ အပြာရောင်မျက်ဝန်းများကို မှိတ်ကာ တစ်စုံတစ်ခုအား ရေရွတ်နေခဲ့သည်။

“အန်တီက တော်တော်လေးကို ဖော်ရွေတတ်တဲ့ အမျိုးသမီးပဲ.. အဲဒါက ရှင့်ရဲ့ အကျင့်စရိုက်နဲ့ရော၊ အလုပ်အကိုင်နဲ့ရော ဆိုင်လိမ့်မယ်

အန်တီက ကလေးတွေနဲ့ မကြာခဏပတ်သတ်ရပြီး ကလေးတွေကြားမှာလည်း လူချစ်လူခင်ပေါတယ်နော်..

ကျွန်မခန့်မှန်းတာတော့ ရှင်က ဆရာမတစ်ယောက်ပဲ ဖြစ်ရမယ်”

“ဒါပေမယ့် နှလုံးသားထဲမှာတော့ မကြာခဏ နာကျင်နေရတယ်.. ဘုရားရေ၊ ရှင်က ကလေးတစ်ယောက်မှ မမွေးဖူးဘူးပဲ”

မစ်စ်ရှု့၏မျက်လုံးတွင် အနည်းငယ် မျက်ရည်ဝဲလာခဲ့ပြီးနောက် ခေါင်းငြိမ့်သည်။

“အမှန်ပါပဲ.. ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကလေးယူလို့ မရခဲ့ဘူးလေ”

ဒေစီ၏ မျက်နှာအမူအယာက အနည်းငယ် တွေဝေသွားဟန်ပေါ်သည်။

သူမ၏အရှေ့တွင် ရပ်နေသော အမျိုးသမီးကြီးသည် က အင်မတန် နူးညံ့သိမ်မွေ့၍ မိသားစုအချစ်မေတ္တာတရား ငတ်မွတ်နေသူတစ်ဦးဖြစ်ကြောင်း ခံစားနေရသည်။

ကလေးချစ်တတ်သူတစ်ဦးက ကလေးမွေးရန် အခွင့်မရှိသူတစ်ဦးဖြစ်နေခဲ့သည်။

ဒေစီစကားဆက်သည်။

“ရှင်နဲ့ ဒီအိမ်ရဲ့ပိုင်ရှင်ကြားက ဆက်ဆံရေးက တော်တော်လေး အဆင်ပြေတာကိုလည်း ကျွန်မမြင်နေရတယ်

ပြီးတော့ ရှင် ဒီနေရာမှာလည်း တော်တော်ကြာကြာနေခဲ့ဖူးတယ်နော်.. သူက ရှင့်အတွက်တော့ အရေးအကြီးဆုံး မိသားစုဝင်ပဲ ဒါပေမဲ့ ရှင် သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက်‌ တော်တော်လေးလည်း စိတ်ထိခိုက်ခဲ့ရတာပဲ”

“ဒါ့အပြင် ရှင့်ရဲ့ စွမ်းအင်ကို အာရုံခံလိုက်တဲ့အချိန်မှာ မသိစိတ်ထဲမှာ ကောင်လေးတစ်ယောက်ကိုလည်း ခံစားနေခဲ့ရတယ်”

ဒေစီပြောနေရင်းပင် အနည်းငယ် နားမလည်နိုင်ဖြစ်နေဟန်ပေါ်သည်။

တစ်ဖက်လူ၏ စွမ်းအင်အား မစ်စ်ရှု့၏ အတွင်းစိတ်တွင်း၌ ထင်ထင်ရှားရှား မြင်တွေ့နိုင်ခဲ့သည်။

တစ်ချို့သော မှတ်ဉာဏ်များသည်က သူမ၏နှလုံးသားထဲတွင် ပုန်းကွယ်နေခဲ့သည်။

“ကောင်လေးက အသက်၂၀ကျော်လေးပဲ ရှိသေးတယ်…”

ဒေစီ ကောင်လေး၏ ပုံစံအား အကြမ်းဖျင်းပြောပြလိုက်သည်။

“ဘာလို့လဲတော့မသိဘူး.. ရှင်က ဒီကောင်လေးအတွက် ရှင့်ကိုယ်ရှင် အပြစ်ရှိတယ်လို့ ခံစားနေခဲ့ရတာပဲ

သူ့ကြောင့်နဲ့ပဲ ရှင်က ဒီရက်ပိုင်းတွေမှာ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေဖြစ်ပြီး ဝန်ပိနေခဲ့တာပဲ”

ဒေစီ၏ ဖော်ပြချက်အား နားထောင်ပြီးနောက် မစ်စ်ရှု့ နှုတ်ခမ်းကို တင်းတင်းစေ့၍ ခေါင်းငြိမ့်သည်။

“တောက်ကျန့်ပြောတာ အရမ်းကို တိကျလွန်းပါတယ်.. ရှင်ပြောတဲ့ ကောင်လေးက ကျွန်မ ပရိုဂရမ်အဖွဲ့ကနေ အကူအညီတောင်းရတဲ့ အဓိက အကြောင်းအရင်းပါပဲ

သူက ကျွန်မတို့ မိသားစုနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သားလေ.. အဖေ့ရဲ့ အသုဘတုန်းက သူတို့မိသားစုကပဲ အများကြီး ကူညီပေးခဲ့တာ

ဒါပေမယ့် အသုဘအခမ်းအနားလည်းပြီးရော အဲဒီကလေးက အပြင်းအထန် နေမကောင်းဖြစ်တော့တာပဲ.. အကုန်လုံးက ကျွန်မရဲ့အပြစ်တွေချည်းပါပဲ”

သူမ၏ မျက်နှာတွင် ပင်ပန်းမှု၊ အားနာမှုများကို အတိုင်းသား မြင်တွေ့နေရပြီး ပရိုဂရမ်အဖွဲ့မှ အကူအညီတောင်းခဲ့ရသည့် အကြောင်းအရာနှင့် သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ဖွင့်ဟလာခဲ့သည်။

“ရှင်တို့ရဲ့ မြို့တွေမှာ အသုဘအခမ်းအနားတွေနဲ့ ပတ်သတ်ပြီး အယူအဆတွေ၊ ရိုးရာတွေ ရှိကြလားတော့ မသိဘူး

ကျွန်မတို့ဆီမှာတော့ အဲဒီလိုမျိုးတွေ ရှိတယ်လေ.. အဖေလည်း ဆုံးပြီးရော အသုဘအခမ်းအနားကို စီစဉ်ဖို့ လူတစ်ယောက် ရှာရတယ်..

ပုံမှန် ‘အဝတ်ပတ်ခြင်း’နဲ့ ‘အခေါင်းတလားပိတ်နှံခြင်း’ တို့အပြင် ဒီမှာ အရေးကြီးဆုံး ရိုးရာက ‘ဝိဉာဉ်ခေါ်တဲ့ အလံ’ပါပဲ”

All Chapters