ဝိညာဉ်များကို ပို့ဆောင်ခြင်း (4)
Vol. 35 Ch. 350
အခမ်းအနားက ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး တခြားသော အနှောင့်အယှက်မရှိတော့သောကြောင့် ပြန်လည်စတင်ခဲ့ကြသည်။
ယခုတကြိမ်တွင်တော့ အခေါင်းတလားမြှုပ်နှံပြီးချိန်ထိ ကိစ္စတစ်စုံတစ်ရာမရှိတော့ပေ။
သို့သော် အခေါင်းတလားမြေပေါ်သို့ ပြုတ်ကျခဲ့သည့် ဖြစ်ရပ်ကြောင့် လူတိုင်းက စိတ်ခုနေခဲ့ကြသည်။
ထိုအချိန်တွင် အသုဘစီစဉ်သူ ပညာရှင်မှ မစ်စ်ရှု့အား ဘေးသို့ခေါ်၍ တီးတိုးပြောလာခဲ့သည်။
“အခုအခမ်းအနားမှာ မင်းအဖေရဲ့ အခေါင်းက မြေထိသွားတာဆိုတော့ ကံဆိုးတတ်တယ်.. ဒီည ခင်များတို့မိသားစုထဲက ယောင်္ကျားလေးတစ်ယောက်ကို တစ်ညလုံး သင်္ချိုင်းဂူကို စောင့်ခိုင်းရမယ်
ဒါမှ အဲဒီမျိုးဆက်သစ်ရဲ့ သိတတ်တာဝန်ကျေမှုက အခေါင်းမြေပေါ်ကျလို့ ကံဆိုးသွားတာကို ဖြေပေးနိုင်မှာ”
ထိုတောင်းဆိုမှုကြောင့် မစ်စ်ရှု့ ခေါင်းခဲရပြန်သည်။
သူမ ဖခင်၏ ဆွေမျိုးများထဲတွင် ရင်းနှီးသူများမရှိသကဲ့သို့ ရှိလျှင်ပင် ဤတောင်းဆိုချက်အား လိုက်လျောကြမည်မဟုတ်ပေ။
“ကျွန်မပဲ စောင့်လိုက်လို့ မရဘူးလားဟင်?”
ပညာရှင်က ခေါင်းကို အသာရမ်းသည်။
“စည်းမျဉ်းကိုက ယောင်္ကျားလေးစောင့်မှရမှာ.. နောက်တစ်ခုက ယောင်္ကျားလေးတွေက မိန်းကလေးတွေထက် ပိုပြီး ယန်စွမ်းအင် အားကောင်းတယ်.. ဒီတော့ သူတို့အနေနဲ့ သင်္ချိုင်းဂူမှာ တစ်ညလုံးစောင့်ရလည်း သိပ်ပြီး အန္တရာယ်မရှိဘူး
ပြီးတော့ မစ်စ်ရှု့က ခန္ဓာကိုယ်လည်း အားနည်းတယ်.. မိန်းမတွေက ယောင်္ကျားတွေထက်လည်း ယင်စွမ်းအင် ပိုများတယ်ဆိုတော့ မကောင်းတဲ့အရာတွေကို ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာပဲ”
မစ်စ်ရှု့အကြပ်ရိုက်နေစဉ်မှာပင် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’အဖြစ် ကူညီပေးသော ကောင်လေးက အနီးတွင် ရှိနေသောကြောင့် ဖြစ်ကြောင်းကုန်စင် သိလိုက်ရပြီး ညစောင့်အိပ်ပေးရန် ကူညီပေးမည်ဟု စကားဆိုလာခဲ့သည်။
မစ်စ်ရှု့အနေဖြင့် ကျေးဇူးတင်၍ မဆုံးနိုင်ခဲ့ပေ။
ဤကောင်လေးက လူတော်လူကောင်းလေးဖြစ်သည်ဟု တွေးလိုက်ရင်း သူ ညစောင့်အိပ်နိုင်ရန် ယာယီတဲတစ်လုံး၊ မီးအိမ်တစ်လုံးနှင့် အခြားလိုအပ်သော ပစ္စည်းများ ပြင်ဆင်ပေးခဲ့သည်။
နောက်တစ်နေ့တွင် ကောင်လေးက သင်္ချိုင်းဂူမှ ထွက်လာစဉ်ထိ ပြုံးပြုံးရွှင်ရွှင် လန်းလန်းဆန်းဆန်းပင် ဖြစ်နေသေးသည်။
မည်သူ ထင်ထားခဲ့မည်နည်း?
ထိုကောင်လေးသည် အိမ်သို့ပြန်ရောက်လျှင်ရောက်ချင်းပင် အဖျားတက်၍ မူးမေ့လဲသွားခဲ့သည်။
အဖျားတက်နေချိန်တွင်လည်း အိပ်မက်ဆိုးများ ဆက်တိုက်မက်နေခဲ့သည်။
ကောင်လေး၏ မိသားစုသည်က နယ်ခံစုန်းမတစ်ဦးထံသို့ သားဖြစ်သူ၏ အနာဂတ်အား မေးမြန်းရန် သွားရောက်ခဲ့ကြသည်။
ထိုအမျိုးသမီး၏ စကားအရ သားဖြစ်သူ ရုတ်တရက် အဖျားကြီး၍ မေ့လဲရသည့် အကြောင်းရင်းမှာ ဖခင်ရှု့က သေဆုံးပြီးချိန်တွင် ကြမ်းကြုတ်သည့်တစ္ဆေတစ်ကောင်ဖြစ်လာခဲ့ပြီး ကောင်လေးအား အငြိုးထားနေသောကြောင့်ဖြစ်သည်။
ကောင်လေး၏ မိဘများလည်း အမျက်ခြောင်းခြောင်းထွက်၍ ရှု့မိသားစုမှ စေတနာအား စော်ကားကြောင်းပြောဆိုခဲ့သည်။
မစ်စ်ရှု့ကိုယ်တိုင်ကတော့ မယုံနိုင်ခဲ့ပေ။
ဖခင်ဖြစ်သူသည်က ခေါင်းမာ၍ တဇွတ်ထိုးဆန်သူတစ်ဦးဖြစ်သော်ငြား အသက်ရှိစဉ်တွင် မည်သူနှင့်မှ ရန်သူဖြစ်အောင် မနေခဲ့ဖူးပေ။
ပို၍ ထူးဆန်းသည်မှာ ဤကောင်လေးသည်က သူ့သူငယ်ချင်းဟောင်း၏ မြေးဖြစ်သကဲ့သို့ ဖခင်ဖြစ်သူအတွက် ‘ဝိဉာဉ်လိုက်ပို့ပေးသူ’အဖြစ် လာရောက်ကူညီခဲ့သူဖြစ်သည်။
ယခုကဲ့သို့ ကိစ္စရပ် ဖြစ်စရာအကြောင်းမရှိပေ။
ကောင်လေး၏ အခြေအနော နှစ်ရက်၊သုံးရက်ကြာသည်ထိ တိုးတက်မလာသည့်အပြင် ပို၍ပင် ပြင်းထန်လာခဲ့သည်။
တဖြည်းဖြည်း ပတ်ဝန်းကျင်မှလူများလည်း ထိုအဖြစ်ကို သိသွားကြပြီးနောက် ကောလဟာသတင်းများစွာ ပျံ့နှံ့သွားခဲ့ပြီး တစ်ခုထက်တစ်ခုသည်လည်း ပို၍ ဆိုးနေခဲ့သည်။
တချို့ကတော့ ဖခင်ရှု့ာ အသုဘအခမ်းအနားတွင် အခေါင်းမြေထိသွားသောကြောင့် မကျေနပ်၍ ဤကောင်လေးအား ပြဿနာရှာသည်ဟု ဆိုကြသည်။
တကချို့ကတော့ ဖခင်ရှု့သည် သားယောင်္ကျားလေးရော၊ မြေးယောင်္ကျားလေးပါ မရှိသောကြောင့် မနာလိုစိတ်ဝင်သည်ဟု ဆိုကြသည်။
အခြားလူများ၏ သားများ၊ မြေးယောင်္ကျားလေးများကို မြင်ပြီးနောက် ဤကောင်လေးအား ခေါ်သွားချင်စိတ် ပေါ်လာသည်ဟု ထင်ကြေးပေးကြပြန်သည်။
အတိုချုံးပြောရလျှင် ယခုအဖြစ်အပျက်ကြောင့် ဖခင်ရှု့သည်က အိမ်နီးချင်းများ၏ ပါးစပ်တွင်းတွင် ‘လူယုတ်မာ’ဖြစ်လာခဲ့ပြီး မစ်စ်ရှု့ကိုလည်း အပြင်ထွက်တိုင်း အပြစ်တင်ရှုံ့ချခဲ့ကြသည်။
ဖခင်ဖြစ်သူအကြောင်း ပြောကြသည့် အတင်းအဖျင်းများကို ကြားတိုင်း သူမ အလွန်ပင်စိတ်မသက်မသာဖြစ်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူက ထိုကဲ့သို့ ယုတ်ညံ့သူတစ်ဦးမဟုတ်ကြောင်း သူမ သိနေခဲ့သည်။
ယခုဖြစ်ရပ်တွင် ဖုံးကွယ်နေသော အရာတစ်ခုခု ရှိကိုရှိရမည်။
မစ်စ်ရှု့ကိုယ်တိုင်လည်း ကောင်လေး၏ အိမ်သို့ အာဟာရဖြည့်စွက်စာများ၊ သစ်သီးဝလံများဖြင့် အကြိမ်များစွာ သွားရောက်ခဲ့သော်လည်း တစ်ဖက်မိသားစုကတော့ သူမအား ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။
သူမ အိမ်ထဲသို့ ခြေချလိုက်သည်နှင့် ကောင်လေး၏ မိဘနှစ်ပါးက သူမ ယူလာသည့် ပစ္စည်းများအား လွှင့်ပစ်၍ အော်ဟစ်ကြသည်။“အဲဒီအဖိုးကြီးက သားလည်းမရှိ. မြေးလည်းမရှိ၊ ဘယ်သူမှလည်း သူ့အတွက် ဝိဉာဉ်လမ်းညွှန်လုပ်မပေးချင်လို့ သနားစရာကောင်းပါတယ်လေဆိုပြီး ငါတို့သားလေးကို လွှတ်ပေးခဲ့တာ
ဒါက နင်တို့ရဲ့ ကျေးဇူးပြန်ဆပ်တဲ့နည်းလား?”
“ငါ့သားက အခုထိ ဖျားနာပြီး တစ်နေကုန် ခေါင်းကိုက်နေတုန်းပဲ.. ငါတို့သာ ပညာတတ်တွေမဟုတ်ဘူးဆိုရင် နင့်ကို မြင်တာနဲ့ ဝိုင်းရိုက်တယ်!”
နှင်ထုတ်ခံလိုက်ရသည့် မစ်စ်ရှု့တစ်ယောက် စိတ်လည်းမကောင်းသကဲ့သို့ အပြစ်ရှိသလိုလည်း ခံစားခဲ့ရသည်။
သူမ၏ ကောင်းစေချင်သောစိတ်ကြောင့် တစ်ပါးလူအား ဒုက္ခရောက်စေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဖခင်ဖြစ်သူ၏ အသုဘအခမ်းအနားက မပြည့်စုံသောကြောင့် အမျက်ရှစေခဲ့ဟန်ပေါ်သည်။
‘ဝိဉာဉ်လိုက်ပို့ပေးသည့်သူ’ဖြစ်သော ကောင်လေးပင် ဒုက္ခရောက်ခဲ့ရသည်။
ထို့ကြောင့်ပင် မစ်စ်ရှု့တစ်ယောက် ဖခင်ဖြစ်သူ၏ သင်္ချိုင်းဂူသို့ သွား၍ စက္ကူများ မီးရှို့ပေးခဲ့သည်။ ဖခင်ဖြစ်သူ သူမ၏ အိပ်မက်ထဲသို့ လာကာ မကျေနပ်ရသော အကြောင်းရင်းအား ပြောပြပေးရန် မျှော်လင့်ထားခဲ့မိသည်။
သို့သော် ဖခင်သည်က သူမ၏ အိပ်မက်တွင်းသို့ တစ်ကြိမ်တစ်ခါမျှပင် မလာရောက်ခဲ့ပေ။
သို့နှင့် ယခုပြဿနာအား ဖြေရှင်းနိုင်ရန် သူမ ပရိုဂရမ်အဖွဲ့ထံသို့ စာရေးပို့ခဲ့ပြီး ဝိဉာဉ်ရေးရာအစီအစဉ်မှ ပြိုင်ပွဲဝင်များသည် ဖခင်၏ မဖြည့်စည်းနိုင်ခဲ့သော အလိုဆန္ဒများအား ဖြည့်စည်းပေးနိုင်ရန် မျှော်လင့်ခဲ့မိသည်။
အဘယ်ကြောင့် ‘ဝိဉာဉ်လိုက်ပို့ပေးသည့်ကောင်လေး’အား ဒုက္ခပေးခဲ့ရပါသနည်း?
မစ်စ်ရှု့၏ တောင်းဆိုချက်အား နားထောင်ပြီးနောက် ကြည့်ရှု့သူများလည်း တစ်ယောက်တစ်မျိုး အထင်အမြင်များ မှတ်ချက်ပေးနေခဲ့ကြသည်။
ဒေစီလည်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖခင်ရှု့၏ ဝိဉာဉ်အား အနောက်တိုင်းစုန်းပညာဖြင့် ဆင့်ခေါ်ရန် ကြိုးစားကြည့်ခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ ဒေစီလည်း သူ့အား မဆင့်ခေါ်နိုင်ခဲ့ပေ။
“ဒေစီရော အဖေရှု့ရဲ့ အုတ်ဂူဆီကို သွားပြီး အဲဒီရှေ့မှာ ဆင့်ခေါ်ကြည့်ချင်သေးလား?”
ဒေစီ ဖြည်းဖြည်းချင်း ခေါင်းခါသည်။
“ရနိုင်မယ်မထင်ဘူး.. ဒီပိုင်ရှင်ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမှ အာရုံခံလို့ မရဘူး.. သူ့ရဲ့ အုတ်ဂူကို သွားရင်တောင် ဘာမှ အကူအညီဖြစ်မှာမဟုတ်ဘူး”
“တောင်းပန်ပါတယ်၊ မစ်စ်ရှု့.. စိတ်ပျက်စေမိပါပြီ”
မစ်စ်ရှု့လည်း အသက်မပါစွာ ပြုံးလိုက်မိသည်။
“ရပါတယ်.. ပြောရရင် ကျွန်မလည်း စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ.. ကျွန်မထင်တာတော့ အဖေက ကျွန်မကို အပြစ်တင်နေတာပဲ ဖြစ်ပါလိမ့်မယ်.. မမြင်ချင်တာမျိုးနေမှာပဲ”
“အဲဒီလို မတွေးပါနဲ့။ ပြဿနာကို ဖြေရှင်းနိုင်မှာပါ”
တင်ဆက်သူလျှို့လည်း သက်ပြင်းချလိုက်ပြီးနောက် မိုက်ကရိုဖုန်းကိုင်ကာ ကင်မရာကို ကြည့်၍ ပြောလိုက်သည်။
“ကြည့်ရှု့သူများပရိသတ်များ ခင်ဗျား၊ ဒေစီကလည်း သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ ဒီကိစ္စကို စစ်ဆေးပြီးပါပြီ
သူ အာရုံခံစားလိုက်နိုင်တာကတော့ မစ်စ်ရှု့က ကောင်လေးတစ်ယောက်အတွက်နဲ့ အပြစ်ရှိသလို ခံစားနေခဲ့ရတာကိုပါပဲ
ဒီကောင်လေးကို အားနာပြီးကူညီချင်တဲ့ စိတ်ကြောင့် မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့ရပြီး ကျန်းမာရေးလည်း ထိခိုက်ခဲ့ရပါတယ်”
“ကျွန်တော်တို့သိထားရတာကတော့ မစ်စ်ရှု့ရဲ့ အဖေကို မြှုပ်နှံချိန်မှာ သူ့ရဲ့ အခေါင်းက မြေထိသွားခဲ့ပြီး အဲဒီနောက်မှာတော့ ဒီကောင်လေးက အငြိုးထားခံလိုက်ရတော့တယ်ဆိုတာကိုပါပဲ”
“မစ်စတာရှု့က မသေဆုံးခင်မှာ ဘာတွေများ မကျေနပ်တာတွေ ရှိနေခဲ့တာလဲ? မသေဆုံးခင်မှာ လုပ်ချင်ခဲ့တဲ့ ဆန္ဒတွေများ ရှိနေတာလား?
ပြီးတော့ ဒီအစီအစဉ်ပြီးတဲ့အချိန်မှာ မစ်စ်ရှု့ကို ကူညီပေးနိုင်မလား? ဒါတွေသိရဖို့အတွက် နောက်ဆုံးပြိုင်ပွဲဝင် ကုကျစ်စုန့်ကို ဖိတ်ခေါ်လိုက်ရအောင်ပါ!”
မကြာခင်မှာပင် ကုကျစ်စုန့်က ပရိုဂရမ်အဖွဲ့သားများအချို့နှင့်အတူ ရောက်ရှိလာခဲ့သည်။
သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် ချက်ချင်း ခေါင်းမော့၍ လှည့်ပတ်ကြည့်လိုက်သည်။
သူမ၏ အပြုအမူကိုမြင်ရပြီးနောက် တင်ဆက်သူလျှို့ မေးလိုက်မိသည်။
“စုန့်စုန့် ဘာတွေမြင်လိုက်ရလို့လဲ?”
ကုကျစ်စုန့် အကြည့်လွှဲလိုက်ပြီးနောက် လေသံခပ်အေးအေးပြောလိုက်သည်။
“ဒီအိမ်ရဲ့ ပိုင်ရှင်က အခု ငြိမ်းချမ်းတဲ့အခြေအနေမှာ ရှိမနေသေးဘူး”
တင်ဆက်သူလျှို့: “!!!”
မစ်စ်ရှု့: “!!!”
တင်ဆက်သူလျှူ: “ဘယ်အချက်ကြောင့် အဲဒီလိုပြောရတာလဲ?”
“ဒီအိမ်ထဲကို ဝင်လိုက်တာနဲ့ အိမ်မှာအနေကြာလို့ စိတ်ကျဉ်းကြပ်၊ ပျင်းရိတဲ့ ခံစားချက်မျိုး ခံစားမိလိုက်လား?
ဒီအိမ်ထဲမှာ ရှိနေတဲ့ လေထုက လည်ပတ်မနေဘူးလေ.. အဲလိုမဟုတ်ရင်တော့ ဒီမှာရှိတဲ့ လေထုက မကောင်းတဲ့အငွေ့အသက် ရှိနေတာပဲ
ဒီလိုနေရာမျိုးမှာ ကြာကြာနေရင် လူတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တယ်”
“ဒါပေမဲ့ အဲဒီမကောင်းတဲ့လေတွေက အပြင်က လာတာမဟုတ်ဘူး.. ဒီအိမ်ထဲမှာကို သူ့ဘာသာသူ စီးဆင်းနေတာပဲ
ဒီအိမ်ရဲ့ ပိုင်ရှင်က သေသွားပြီ ပြီးတော့ ပိုင်ဆိုင်မှုပြောင်းလဲတာကလည်း အချိန်မှီ ပိုင်ရှင်အသစ်ရဲ့ နာမည်ပြောင်းလိုက်နိုင်ပုံ မပေါ်ဘူး
ဒါကြောင့်လည်း ဒီအိမ်က ယန်အိမ် အပြည့်အဝမဖြစ်သေးတာပဲ”