← Chapters

သင်္ချိုင်းဂူတွင် ဗီဒီယိုရိုက်ကူးခြင်း (1)

Vol. 36 Ch. 354

သင်္ချိုင်းဂူတွင် ဗီဒီယိုရိုက်ကူးခြင်း (1)

Vol. 36 Ch. 354

မိုးမခသားများက ဝိဉာဉ်များအား ချုပ်နှောင်ရာတွင် အင်မတန်ထိရောက်မှုရှိသည်။

ရှေးယခင်အချိန်များမှပင် အိမ်တံခါးဝအား မိုးမခပင်အခက်များဖြင့် ရိုက်နှက်၍ သရဲတစ္ဆေများနှင်တတ်သည့် ဓလေ့ရှိခဲ့သည်။

ထို့အပြင် ယခုဓာတ်ပုံဘောင်အဖြစ် အသုံးပြုထားသော မိုးမခသားသည်က နှစ်အနည်းငယ်သက်တမ်းရှိပြီး ထူးခြားပညာရှင်တစ်ဦး စီရင်ထားသော အသားဖြစ်သည့်အတွက် စွမ်းအင်သည် ပို၍ပင် အားကောင်းနေခဲ့သည်။

ဖခင်ရှု့၏ ဝိဉာဉ်က မိုးမခသားထဲတွင် ပိတ်မိနေခဲ့ပြီး ဝိဉာဉ်ပျက်စီးတော့မည့် ဝေဒနာအား နာကျင်စွာ ခံစားနေခဲ့ရကာ ပျောက်ကွယ်လုနီးနီးပင် ဖြစ်နေခဲ့သည်။

ကုကျစ်စုန့်က ထိုဝိဉာဉ်ဖြင့် အတင်းအကြပ် မဆက်သွယ်ခဲ့ပေ။

သူမ၏ လက်ချောင်းထိပ်များတွင် စွမ်းအင်ကို အာရုံစိုက်၍ မိုးမခဓာတ်ပုံဘောင်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ဘောင်အတွင်းမှ ဓာတ်ပုံအား သူမ၏ ဝိဉာဉ်စွမ်းအင်ဖြင့် ဖုံးလွှမ်းလိုက်ပြီးနောက် ဖခင်ရှု့၏ ဝိဉာဉ်စွမ်းအင်အနည်းငယ်အား ခွဲထုတ်လိုက်သည်။

ထိုဝိဉာဉ်စွမ်းအင်အနည်းငယ်အား သူမ၏ စွမ်းအင်ဖြင့် ရောယှက်လိုက်ပြီးချိန်တွင် ဖခင်ရှု့၏ ဝိဉာဉ် မိုးမခသား ဓာတ်ပုံဘောင်တွင်းသို့ ဆွဲထည့်မခံလိုက်ရခင်အချိန်၌ ဖြစ်ပျက်ခဲ့သည်များအား မြင်တွေ့လိုက်ရသည်။

သူမ မျက်လွှာချလိုက်လေ၏။

ကုကျစ်စုန့်မှာ ‘မျှဝေခံစားပေးသော’ အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သည်။

မှတ်ဉာဏ်အစိတ်အပိုင်းများအား စုပေါင်းပြီးချိန်တွင် ကုကျစ်စုန့်၏ မျက်ဝန်းအစုံက ပြန်ပွင့်လာခဲ့သည်။

သူမ၏ မျက်နှာက ဖတ်ရန် ခက်ခဲလှပြီး ရှောင်ဟဲအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် ဒေါသယှက်နေသော အသံဖြင့် ပြောလာလေ၏။

“နင့်ရဲ့ အောက်တန်းကျမှုက ငါထင်ထားတာထက်ကို အများကြီး ဆိုးဝါးတာပဲ”

“သေသွားတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ အုတ်ဂူရှေ့မှာ ဒါမျိုးတွေ လုပ်ရဲတဲ့ တိရိစ္ဆာန်ထက်တောင် ဆိုးတဲ့အကောင်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

မစ်စတာရှု့၏ အားလျော့နေသော ဝိဉာဉ်အား ကုကျစ်စုန့် ထိတွေ့လိုက်ချိန်တွင် ပထမဆုံးရလိုက်သည့် ခံစားချက်မှာ ဒေါသနှင့် အမုန်းတရားများပင်ဖြစ်သည်။

ထိုအမုန်းတရားများသည်က မစ်စတာရှု့၏ ဝိဉာဉ်မချုပ်နှောင်ခံရစဉ်အချိန်မှ မှတ်ဉာဏ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

မစ်စတာရှု့မှာ အသက်အရွယ်ကြီး၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။

သူသည် အသက် ၇၀ကျော်ဖြစ်ကာ သက်တမ်းစေ့၍ မီးစာကုန်၊ဆီခမ်းချိန်သို့ ရောက်ရှိလာခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းမှ အင်္ဂါများသည်လည်း အားလျော့၍ အိုမင်းလာပြီဖြစ်သည်။

သူ မကွယ်လွန်ခင် ရက်အနည်းငယ်မှာပင် မစ်စတာရှု့က သူ၏ နေဝင်ချိန်ရောက်လာတော့မည်ဖြစ်ကြောင်း ရိပ်မိနေခဲ့သည်။

ဇနီးဖြစ်သူက သူ့ထက်အရင်ကွယ်လွန်ခဲ့သောကြောင့် ယခုအချိန်တွင် သူ စိတ်မချနိုင်သူမှာ သမီးတစ်ဦးသာ ကျန်ရစ်တော့သည်။

သမီးဖြစ်သူသည်က အသက်၅၀ကျော်ပြီဖြစ်သော်ငြား အားနည်း၍ အိမ်ထောင်မရှိ၊ ကလေးမရှိ။ တစ်ကိုယ်တည်းဖြစ်ကာ သူမ၏ စိတ်နေစိတ်ထားမှာလည်း သနားကြင်နာတတ်၍ အနည်းငယ်ကြောက်ရွံ့တတ်သည်။

သူ သေဆုံးချိန်တွင် ဤသမီးက ကမ္ဘာထဲတွင် ဆွေမဲ့မျိုးမဲ့ ကျန်ရစ်ခဲ့ပေတော့မည်။

မစ်စတာရှု့ မကွယ်လွန်ခင် သမီးဖြစ်သူအား အမျိုးများ၏ ငြင်းခုန်သံများ၊ အတင်းအဖျင်းများကို နားမယောင်ရန် တွင်တွင် မှာကြားခဲ့သည်။

သို့သော် သူသေဆုံးချိန်တွင် သမီးဖြစ်သူက အသုဘအခမ်းအနားကြီးကျယ်စေရန် ထိုဆွေမျိုးများအား ဖိတ်ကြား၍ ငွေအမြောက်အမြားအသုံးပြုကာ ခမ်းခမ်းနားနား ပြုလုပ်ပေးခဲ့သည်။

စိတ်မချနိုင်သော ဖခင်ရှု့မီာ မြေအောက်ကမ္ဘာသို့ ချက်ချင်းမသွားဘဲ သရဲတစ်ကောင်အဖြစ် အသုဘအခမ်းအနား ကျင်းပသည့် နေရာတွင် ခေတ္တနေထိုင်နေခဲ့သည်။

မွေးစားသမီးက အိမ်နီးနားချင်းနှင့် အမျိုးများ၏ အတင်းအဖျင်းစကားများကြောင့် စိတ်ညစ်ညူးနေရသည်ကို မြင်တွေ့ခဲ့ရပြီး ဝိဉာဉ်လမ်းပြပေးမည့်လူတစ်ဦးအား ငွေအများအပြားသုံး၍ ငှားရမ်းခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မြှုပ်နှံခြင်းအခမ်းအနားကျင်းပမည့်နေ့တွင် ဖခင်ရှု့က မြေအောက်ကမ္ဘာသို့ သွားရောက်ရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း မည်သူက ကြိုသိနိုင်မည်နည်း? သူ့ရှေ့တွင် ရပ်နေသော ဝိဉာဉ်လမ်းပြသည့် အလံအား ကိုင်ဆောင်ထားသူထံမှ ညစ်ညမ်းသည့် စွမ်းအင်များဖြင့် ရိုက်ခတ်ခံလိုက်ရသည်။

ထိုအလံအား ကိုင်ဆောင်ရသူက သေဆုံးသူ၏ မျိုးဆက်ဖြစ်ကြောင်း လူတိုင်းသိထားပြီးဖြစ်သည်။

သွေးရင်းသားရင်းမှသာလျှင် သေဆုံးသူ၏ ဝိဉာဉ်အား မြေအောက်ကမ္ဘာသို့ လမ်းပြနိုင်ပေမည်။

အကယ်၍ အလံကိုင်ဆောင်ထားသူသာ မျိုးဆက်မဟုတ်ပါက ထိုလူနှင့် သေဆုံးသူ၏ ကြားတွင် မည်သို့သော ဆက်ဆံရေးမှ ရှိမည်မဟုတ်ပေ။

ထို’ဝိဉာဉ်လမ်းပြပေးသည့်သူ’က ယောင်္ကျားလေးဖြစ်ရမည်ဆိုသော လိုအပ်ချက်မှာ ယောင်္ကျားလေးတစ်ယောက်၏ ခန္ဓာကိုယ်သည် မိန်းကလေးနှင့်ယှဉ်လျှင် ယန်မီးတောက် ပို၍ အားကောင်းသောကြောင့်သာဖြစ်ပေ၏။

ထိုသို့သော လူတစ်ယောက်ကသာ ဝိဉာဉ်လမ်းပြသည့်အလံအား လွှင့်ထူ၍ သွားမည်ဆိုပါက သူ့ကိုယ်တွင်းမှ ယန်စွမ်းအင်က မြေအောက်ကမ္ဘာသို့ သွားရောက်မည့်လမ်းမှ မကောင်းဆိုးဝါးဝိဉာဉ်များအား ခြောက်လှန့်နိုင်ပေလိမ့်မည်။

သေဆုံးပြီးကာစ ဝိဉာဉ်များသည်လည်း ယန်မီးတောက်နောက်မှ လိုက်ပါသောကြောင့် လမ်းမပျောက်နိုင်ပေ။သို့သော် ယန်စွမ်းအင်သန့်စင်သည်ဟု ပြောဆိုထားသော ရှောင်ဟဲက လူပျိုတစ်ဦးမဟုတ်သည့်အပြင် အမျိုးသမီးများအား ဆေးခတ်၍ ယုတ်မာတတ်သော လူ့အမှိုက်တစ်ကောင်ဖြစ်နေခဲ့သည်။

သူ၏ ကံကြမ္မာအား ချုပ်နှောင်ထားသည့် ဝဍ်ကြွေးစွမ်းအင်မည်မျှ အားကောင်းလှသည်ကို သူကိုယ်တိုင်ပင်မသိပေ။

ထို့အပြင် ရှောင်ဟဲက လိင်ပိုင်းဆိုင်ရာ အပျော်ကျူးခြင်းကြောင့် မပြောသင့်သော ရောဂါပင် စွဲကပ်နေခဲ့သည်။ ထိုအရာနှစ်ခုပေါင်းစပ်လိုက်ချိန်တွင် သူ၏ ဝိဉာဉ်က တချို့သော မကောင်းမှုစွမ်းအင်များထက်ပင် ပို၍ ပုတ်သိုးနံဟောင်နေခဲ့သည်။

သူက မစ်စတာရှု့၏ မွေးသက္ကရာဇ်အား ရေးသားထားသည့် ဝိဉာဉ်လမ်းပြအလံအား ကိုင်ဆောင်၍ သူသည် တစ်မြို့လုံး လှည့်ပတ်ခဲ့ပြီးပေပြီ။

သူ့ကိုယ်ပေါ်မှ ညစ်ညမ်းသော အငွေ့အသက်များက မစ်စတာရှု့၏ ဝိဉာဉ်တင်သာမက အခေါင်းတလားတွင်းမှ အလောင်းကိုပင် သက်ရောက်မှုရှိခဲ့သည်။

သူက လမ်းတစ်လျှောက်မှ ဝိဉာဉ်များ၊ အညစ်အကြေးများကို မဖယ်ရှားနိုင်သည့်အပြင် ညစ်ညမ်းယုတ်မာသော စွမ်းအင်များအားပင် ဆွဲဆောင်စေခဲ့သည်။

ဤအရာက သာမန်လိမ်လည်မှုပင်မဟုတ်တော့။ ဝိဉာဉ်တစ္ဆေများကို ထိခိုက်စေခြင်းပင်။

ရှောင်ဟဲကိုယ်ပေါ်မှ မကောင်းသည့်အငွေ့အသက်များကြောင့် မစ်စတာဟဲ၏ အလောင်းသည်လည်း အနည်းငယ်ပြောင်းလဲသွားခဲ့ရပြီး အခေါင်းတလားထဲမှာပင် တုန်ခါသွားခဲ့သည်။

အခေါင်းအား သယ်ဆောင်လာကြသည့် အလုပ်သမားများမှာ အခေါင်းတွင်းမှ မူမမှန်ခြင်းအား သတိထားမိခဲ့ကြသောကြောင့် ခြေဟန်ပျက်သွားခဲ့ပြီး အခေါင်းတလားပင် လွတ်ကျသွားခဲ့ရသည်။

ထိုမျှပင် ဆိုပါက မစ်စတာရှု့ သည်းခံနိုင်သေးသည်။

မည်သို့ပင်ဖြစ်ပါစေ ဤကောင်လေးသည်က သူငယ်ချင်းဟောင်း၏ မြေးပင်မဟုတ်ပါလား။

ရှောင်ဟဲသည် အကျင့်ပျက်စွာ ကြီးပြင်းလာခဲ့ပြီးနောက် သေဆုံးပြီးသူ၊ သက်ကြီးရွယ်အိုများအား အရိုအသေမဲ့၍ ငွေလိမ်တတ်သည်။

ထိုသူက ထိန်းမနိုင်၊သိမ်းမနိုင်ကလေးတစ်ယောက်ဟုသာ တွေးခဲ့မိသည်။ သူ၏ ဒေါသကို ချုပ်တည်းထားခဲ့ပြီး လက်စားချေရန်လည်း မစဉ်းစားခဲ့ပေ။

မည်သူက ထင်ထားခဲ့မည်နည်း?

ညလယ်ခေါင်အချိန်တွင် အုတ်ဂူပေါ်၌ ပျံဝဲနေခဲ့သော မစ်စတာရှု့မှာ ရှောင်ဟဲတစ်ယောက် သူ၏ ယနေ့အတွေ့အကြုံများအား သူငယ်ချင်းများကို ကြွားဝါရန် တိုက်ရိုက်ထုတ်လွှင့်နေသည်ကို မြင်တွေ့လိုက်ရသည်။

‘ငါပြောပါတယ်.. ငါ အခု သင်္ချိုင်းထဲမှာ အိပ်နေတာလို့.. အုတ်ဂူတွေလည်း ဝိုင်းနေတာ.. စိတ်တော့ လှုပ်ရှားဖို့အကောင်းသားပဲ’

‘ငါက အဖိုးကြီးတစ်ယောက်အတွက် အလံကိုင်ပေးရတာပါကွာ.. ဒါလေးပဲ လုပ်ပေးတာကို ၂သောင်းခွဲရလိုက်တယ်လေ

အဲဒီလိုငွေမျိုးကိုမှ မယူရင် ငါစောက်ရူးဖြစ်မှာပေါ့..ဖုန်းအသစ်၊ ဂိမ်းစက်အသစ်ဝယ်ပြီး ကောင်မလေးတွေနဲ့ အိပ်စရာ အခန်းဖိုးပါ ရလိုက်ပြီ’

‘သေသွားတဲ့လူကို ဘာတွေကြောက်နေရဦးမှာလဲ? သူတို့လည်း အုတ်ဂူထဲကနေ ထွက်လာပြီး ငါ့ကို ရန်လုပ်လို့ ရနိုင်တာမှမဟုတ်တာ’

‘အမေပြောတာတော့ ဒီမိသားစုမှ ရောဂါနဲ့ မကြာခင်လျှောတော့မယ် ဘွားတော်တစ်ယောက်ပဲ ကျန်တော့တာတဲ့

သူမက တခြားအမျိုးတွေနဲ့လည်းမတည့်၊ ကလေးလည်းမရှိဘူးဆိုပဲ.. အမေကတော့ သူ့ရှေ့ဆို နည်းနည်းလောက်လေး လိမ္မာပြီး မွေးစားခံရအောင်လုပ်တဲ့လေ

အဲဒီဘွားတော်သာ ငါ့ကို မွေးစားလိုက်ရင် အိမ်တွေဘာတွေတောင် အလကားရနိုင်တယ်နော်

မဟုတ်လို့ကတော့ ငါက ဒီသင်္ချိုင်းကုန်းထဲလာပြီး ခြင်စာကျွေးနေပါ့မလား’

ရှောင်ဟဲ၏ ရိုင်းစိုင်းလှသော စကားလုံးများမှတဆင့် မစ်စတာရှု့သိခဲ့ရသည်မှာ‌ ဤကောင်လေးသည်က ‘အသုဘအခမ်းအနား’ဖြင့် ပတ်သတ်သော အပြုအမူ၊ အကျင့်စရိုက်များကို မသိဘဲ မှားခဲ့ခြင်းမဟုတ်ဘဲ သိရှိထားသော်လည်း ဂရုမစိုက်ဘဲ သိသိရက်နှင့် စော်ကားနေခြင်းသာဖြစ်နေခဲ့သည်။

ထို့အပြင် မစ်စ်ရှု့၏ အမွေကိုပါ မျက်စိကျနေသေးသည်။

မစ်စတာရှု့နှင့် ဟဲမိသားစုအဘိုးတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့သောကြောင့် ရှု့မိသားစုက ကလေးယူသင့်၊မယူသင့် စဉ်းစားခဲ့ချိန်မှစ၍ အကြောင်းစုံသိထားခဲ့ကြသည်။

ထိုအချိန်တွင် ဟဲမိသားစုမှအဘိုးသည်လည်း မကွယ်လွန်သေးသောကြောင့် ရှု့မိသားစု၏ အတွင်းရေးအချို့ကိုလည်း သိထားကြသည်။

ထို့ကြောင့် ဟဲမိသားစုလင်မယားက မစ်စ်ရှု့ မွေးစားသမီးဖြစ်ကြောင်းကိုသိထားသည့် အပြင်လူအနည်းစုထဲတွင် ပါဝင်နေပြီး ရှု့မိသားစု၏ သမီးဖြစ်သူက တခြားဆွေမျိုးများနှင့် မရင်းနှီးကြောင်းကိုလည်း ကောင်းကောင်းသိထားကြသည်။

သူတို့အရပ်တွင် ‘ဝိဉာဉ်လိုက်ပို့ပေးသူ’သည်က မွေးစားသား သို့မဟုတ် မြေးအရာရောက်သည်။

ထူးခြားပညာရှင်က ပူဇော်ပွဲအား ကျင်းပပြီးသည်နှင့်တပြိုင်နက် သေဆုံးသူနှင့် ဝိဉာဉ်လိုက်ပို့သူတို့ကြားတွင် ဆက်သွယ်ချက်ရှိသွားပြီ ဖြစ်ပေသည်။

‘ဝိဉာဉ်လိုက်ပို့ပေးသူ’နှင့် မိသားစုဝင်များသည် အသုဘအခမ်းအနားပြီးလျှင်တောင်မှ အဆက်အသွယ်ပြုတတ်ကြသည်။

နှစ်သစ်ကူးနှင့် အခြားသော ပွဲတော်များတွင်လည်း လက်ဆောင်များ ဖလှယ်တတ်ကြသည်။

ဟဲမိသားစု၏ မျက်လုံးထဲတွင်တော့ မစ်စ်ရှု့သည်က အဆုတ်ရောဂါသည် တစ်ကိုယ်တည်းအမျိုးသမီးသာဖြစ်ပေသည်။ သူမတွင် အိမ်တစ်လုံး၊ ကားတစ်စီးရှိသည့်အပြင် မစ်စတာရှု့၏ အမွေကိုပါ ပိုင်ဆိုင်ထားသေးသည်။ရှု့မိသားစု၏ ဆွေမျိုးသားချင်းများနှင့်လည်း အဆက်အသွယ်ဖြတ်ထားသည်မှာ အချိန်ကြာပေပြီ။ သို့ကြောင့် ရှု့မိသားစု၏ အမွေကိုလည်း ထိုဆွေမျိုးများလက်ထဲသို့ မအပ်ချင်လောက်ပေ။

ထို့ကြောင့် မိသားစုနှစ်စု ပြန်လည်ရင်းနှီးချိန်တွင် မျိုးဆက်သစ်အဖြစ် တစ်ဝက် သတ်မှတ်ထားခံရပြီးဖြစ်သော ရှောင်ဟဲက သူမကဲ့သို့ အထီးကျန်သော အမျိုးသမီး၏ မွေးစားသားဖြစ်လာလိမ့်မည်။

ချူချာလှသော မစ်စ်ရှု့သေဆုံးသည်နှင့် ရှောင်ဟဲက သူမ၏ အမွေအားလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်။

ဟဲမိသားစုက ထိုအချက်အား စိတ်ကူးယဉ်ရုံသာမက အမှန်တကယ်လည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

မစ်စ်ရှု့ကိုယ်တိုင်သည်လည်း မွေးစားသမီးပင် မဟုတ်ပါလော?

အချုပ်ပြောရပါက ရှောင်ဟဲမှာ အချင်းချင်းမရင်းနှီးသေးခင်မှာပင် မစ်စတာရှု့၏ အုတ်ဂူပေါ်ထိုင်၍ သမီးဖြစ်သူ၏ အမွေအား အပိုင်စီးရန် စိတ်ကူးနေခဲ့ခြင်းပင်ဖြစ်ပေသည်။

သူသည်က မကြာခင်မှာပင် ချမ်းသာသည့် သူဌေးသားတစ်ဦး ဖြစ်လာတော့မည့်အလား မြူးကြွနေခဲ့သည်။

All Chapters