← Chapters

သင်္ချိုင်းဂူတွင် ဗီဒီယိုရိုက်ကူးခြင်း (2)

Vol. 36 Ch. 355

သင်္ချိုင်းဂူတွင် ဗီဒီယိုရိုက်ကူးခြင်း (2)

Vol. 36 Ch. 355

မစ်စတာရှု့ သူတို့၏စကားသံများကိုနားထောင်လေလေ၊ ဒေါသထွက်လာလေလေဖြစ်နေခဲ့ရသည်။ ဤအကျင့်စရိုက်ပျက်ပြားသော မြေးဖြစ်သူအား သူငယ်ချင်းဖြစ်သူအစား ဆုံးမပေးရန် စိတ်ကူးနေခဲ့မိသည်။

ထိုအချိန်တွင် တိတ်ဆိတ်၍ ခြောက်ကပ်နေသော သင်္ချိုင်းကုန်းထဲတွင် စပီကာအသံဖွင့်ထားသည့် ထိုကောင်လေး၏ ဖုန်းတွင်းမှ ညစ်ညမ်းသည့် အသံများ ထွက်ပေါ်လာခဲ့သည်။

သူက သင်္ချိုင်းကုန်းထဲ၌ ဂရုအတွင်းမျှဝေထားသော ဗီဒီယိုအား ဖွင့်ကြည့်နေခဲ့ခြင်းပင်။

မစ်စတာရှု့တစ်ယောက် အံ့ဩဒေါသထွက်လွန်း၍ မည်သို့ပင် ပြောရမှန်းမသိဖြစ်သွားခဲ့ရသည်။

သူ၏ စိတ်မသက်မသာဖြစ်မှုနှင့် အော်ဂလီဆန်မှုအား သည်းခံ၍ ရှောင်ဟဲ၏ ဖုန်းမျက်နှာပြင်အား ကြည့်လိုက်မိသည်။ ရလဒ်မှာတော့ သူ့ဘဝသက်တမ်း နှစ် ၇၀အတွင်း မမြင်ဖူး၊ မကြုံဖူးခဲ့သော အောက်တန်းစားများ၏ မက်ဆေ့ချ်များကို မြင်တွေ့လိုက်ရခြင်းပင်။

ထိုဗီဒီယိုအား ဖြန့်ဝေနေသူသည်က အရှက်မရှိသည့် နှာပူး၊ မုဒိမ်းကောင်တစ်ကောင်သာ ဖြစ်သည်။

ထိုလူက ပြင်ပကမ္ဘာတွင်တော့ အားနည်းအသုံးမကျဟန်ပေါ်သော်လည်း ကုမ္ပဏီညစာစားပွဲတွင် အခွင့်အရေးကောင်း ရလိုက်ပြီးနောက် လုပ်ဖော်ကိုင်ဖက်အမျိုးသမီး၏ ဖျော်ရည်ခွက်ထဲတွင် ဆေးခတ်ခဲ့သည်။

ထို့နောက် ထိုအမျိုးသမီးအား အိမ်သိာ့လိုက်ပို့မည်ဟု အကြောင်းပြ၍ မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းပင်။ သူ၏ ပြစ်မှုကိုလည်း ဗီဒီယိုမှတ်တမ်းရိုက်ကူး၍ ဂရုထဲမှာပင် မျှဝေခဲ့သေးသည်။

ဂရုချက်ထဲမှ လူများမှာ နစ်နာသူမိန်းကလေး၏ ခန္ဓာကိုယ်အား အကဲဖြတ်ပြောဆိုနေခဲ့ပြီးနောက် သူတို့လုပ်ဆောင်နိုင်ခဲ့သည့် ‘အမှု’များကိုလည်း ကြွားဝါပြောဆိုနေခဲ့ကြသေးသည်။

တချို့လူများမှာလည်း ငွေရှိသူဌေးသားဟန်ဆောင်၍ လူပေါင်းများစွာကို လိမ်လည်နေခဲ့ကြသည်။

တချို့လူများမှာတော့ ချစ်သူမိန်းကလေးများအား အတင်းဖိနှိပ်၍ စားသောက်ပျော်ပါးရန် ငွေညစ်ကြသည်။ နေရာတိုင်းတွင် ဖောက်ပြန်ကြပြီး ထိုမိန်းကလေးများ၏ စိတ်ဓာတ်အား ရိုက်ချိုးကြရင်း ပျော်မွေ့နေခဲ့ကြသည်။

ဦးတည်ခံရသည့် မိန်းမငယ်လေးများမှာ စိတ်ရော၊ကိုယ်ပါ နှိပ်စက်ခံရပြီး ကိုယ့်ကိုကိုယ်ပင် ထိခိုက်အောင် လုပ်လာတတ်ကြသည်။

တချို့က ဂရုချက်တွင်းမှ ‘လူသစ်လေးများ’အား အနီးအနားရှိ အမျိုးသမီးများ၏ ဓာတ်ပုံအား မည်သို့ ချောင်းမြောင်းရိုက်ရမည်၊ ကုမ္ပဏီ၏ အဝတ်လဲခန်းနှင့် နားနေခန်းများတွင် လျှို့ဝှက်ကင်မရာများ မည်သို့တပ်ဆင်ရမည် အစရှိသည်တို့အား သင်ကြားပေးနေကြသေးသည်။

အပြင်ဘက်ကမ္ဘာတွင်တော့ သူတို့သည် သားသမီးများကို မြတ်နိုးသည့် ဖခင်များ၊ သန့်ရှင်းဖြူစင်သည့် နာမည်ကျော်လူများ၊ ကြင်နာတတ်သည့် အိမ်နီးနားချင်းများသာလျှင်။

ရှောင်ဟဲသည်လည်း အပြင်ကမ္ဘာတွင်တော့ ကျောင်းတွင် ပြဿနာမရှာတတ်၊ အင်မတန် လိမ္မာရေးခြားရှိပြီး မိဘအား သိတတ်သော သားလိမ္မာလေးတစ်ဦးဖြစ်သည်။

သူသည်က မိဘနှစ်ပါးအား လူမှုဝန်ထမ်းစာမေးပွဲဖြေဆိုရန် အိမ်သို့ ပြန်လာ၍ ပြင်ဆင်သည်ဟု လိမ်လည်ထားခဲ့သည်။

အမှန်တကယ်တွင်တော့ ကျောင်းစာမေးပွဲတွင် ဘာသာရပ်တိုင်းအား အမှတ်နည်းနည်းဖြင့် အောင်သည်ဆိုရုံသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

သူ၏ အခန်းဖော်များ ဝင်ခွင့်စာမေးပွဲဖြေရန် အသည်းအသန် ကြိုးစားအားထုတ်နေကြချိန်တွင် သူသည်က ခပ်ပေါ့ပေါ့သာ အလေလိုက်နေခဲ့သည်။ နောက်ပိုင်းတွင် အလုပ်ရှာမရချိန်၌ သူ့ကိုယ်သူမှလွဲ၍ အရာအားလုံးကို အပြစ်တင်ရန်ရှာခဲ့သည်။

အခန်းဖော်များက အိမ်၌ အဆက်အသွယ်ကောင်းကောင်းရှိသောကြောင့်ဟုလည်း ဆိုတတ်သေးသည်။

နောက်ဆုံးတွင်တော့ သူက အိမ်သို့သာ ပြန်လာခဲ့ပြီး စာမေးပွဲဖြေရန် ပြင်ဆင်နေသည်ဟု လိမ်လည်၍ မိဘများထံမှ ခိုကပ်စားနေခဲ့ခြင်းပင်။

နောက်ထပ်အသစ်ရိုက်ကူးထားသော ဗီဒီယိုတက်လာသောကြောင့် ဂရုချက်ထဲမှ အဖွဲ့ဝင်များက အညှီနံ့ရသည့် ယင်ကောင်များအလား ထိုခိုးရိုက်ဗီဒီယိုအား ချီးမွမ်းခန်းဖွင့်နေခဲ့ကြပြီး သူ၏ ‘သင်္ချိုင်းကုန်းသို့ အလည်သွားခြင်း’ ဗီဒီယိုအား မည်သူမှ အဖတ်မလုပ်ကြတော့ပေ။

သူ၏ တောက်ပမှုအား ခိုးယူခံလိုက်ရသည်ဟု ခံစားလိုက်ရသည့် ရှောင်ဟဲလည်း မကျေမချမ်းဖြင့် ဂရုထဲတွင် ‘ရွဲ့စောင်း’ ပြောဆိုနေခဲ့သည်။

‘ဝိုင်စားပွဲမှာ အောင်မြင်လိုက်တာလေးများ ဘာတွေ ကြွားဝါနေဖို့လိုလို့လဲ? အဲဒါက လမ်းပေါ်မှာ လုပ်နေကျ ရိုးနေတဲ့ ကိစ္စတွေပဲကို.. ပျင်း စရာကောင်းပြီး ဘာမှ စိတ်လှုပ်ရှားစရာမရှိပါဘူးကွာ’

ဗီဒီယိုခိုးရိုက်ခဲ့သူမှာလည်း ရှောင်ဟဲ၏ ခနဲ့သော စကားကြောင့် မကျေမနပ်ဖြစ်ပြီး ရှောင်ဟဲအား အမှန်တကယ် ‘စိတ်လှုပ်ရှား’ စရာကောင်းသည့် အရာလုပ်ပြရန် စိန်ခေါ်လိုက်သည်။

မီးလောင်ရာလေပင့်တတ်သည့် အဖွဲ့ဝင်များကလည်း ရှောင်ဟဲအား မြှောက်ပင့်ပေးနေခဲ့ကြသည်။

ထိုအချိန်တွင် အဖွဲ့ဝင်တစ်ယောက်မှ နောက်ပြောင်လိုက်သည်။

“ငါအရင်က ဗီဒီယိုတစ်ပုဒ်မြင်ဖူးလိုက်တယ်.. စုံတွဲတစ်တွဲလေ သင်္ချိုင်းကုန်းထဲသွားပြီး ထန်ကြတာ..

ဒါပေမယ့် အုတ်ဂူတွေထဲက ဖုတ်ကောင်တွေနိုးလာပြီး ကမ္ဘာပျက်တာပဲ.. ဒီထက်စိတ်လှုပ်ရှားဖို့ကောင်းတာ ဘာရှိဦးမှာလဲ မဟုတ်ဘူးလား?”

‘ဂရုပိုင်ရှင်လည်း အုတ်ဂူပေါ်မှာ အဲ့လိုတွေလုပ်နိုင်မယ်ဆိုရင်တော့ ဘာမှ ထပ်ပြောစရာမလိုတော့ဘူး.. တစ်သက်လုံး လေးစားသွားမှာပဲ’ထိုစကားပြောလိုက်သည်နှင့် အဖွဲ့ထဲမှ လူတိုင်း ထောက်ခံ၍ ရှောင်ဟဲအား သင်္ချိုင်းကုန်းတွင် ဗီဒီယိုရိုက်ရန် ဝိုင်း၍ ပြောဆိုနေခဲ့ကြသည်။

‘ခုနက ဂရုခေါင်းဆောင်မပြောဖူးလား? သူက သင်္ချိုင်းမှာ အုတ်ဂူစောင့်နေတာဆို? ဒါက တိုက်ဆိုင်လွန်းသွားပြီ.. အချိန်ကိုက် နေရာကိုက်ပဲ!’

‘ငါလည်း သင်္ချိုင်းမှာ ရိုက်ထားတဲ့ ဗီဒီယိုကို တစ်ခါမှ မမြင်ဖူးဘူး.. ပြီးတော့ ဂရုခေါင်းဆောင်သာ အဲဒါကို ရိုက်လိုက်မယ်ဆိုရင်တော့ နိုင်ငံခြားတော့မပြောဘူး..တရုတ်နိုင်ငံမှာတော့ ပထမဆုံးဖြစ်မှာပဲ!’

‘အဲဒါက တော်တော်လေး ဆိုးမယ်ထင်တယ်နော်.. အဘိုးကြီးက ခုမှသေထားတာ၊ အလောင်းတောင် အနံ့ထွက်ဦးမှာ မဟုတ်သေးဘူး

အဲလို လုပ်တာာ မသင့်တော်လောက်ဘူး.. အဲဒီဝိဉာဉ်က ဒေါသထွက်ပြီးတော့ မြေထဲကနေ ထွက်ပြီး လက်စားချေရင် ဘယ်လိုလုပ်မလဲ?’

အတိုချုပ်ပြောရလျှင် ရှောင်ဟဲက ဂရုထဲမှ လူများက သင်္ချိုင်းကုန်းတွင် ဗီဒီယိုရိုက်ရန် ပြောဆိုနေကြသည်များကြောင့် အရှက်ရလာခဲ့သည်။

သင်္ချိုင်းဂူသည်လည်း အမှန်တကယ် မှောင်မိုက်၊ တိတ်ဆိတ်၍ ခြောက်ခြားဖွယ်ကောင်းလှသည်။

သူ ယာယီတဲမှ ခေါင်းပြူ၍ ကြည့်လိုက်ချိန်တွင် အုတ်ဂူများပေါ်မှ အဖြူအမည်းဓာတ်ပုံများအား ခပ်ရေးရေးမြင်တွေ့နေရသည်။

ရုတ်တရက်ဆိုပါက အင်မတန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

သို့သော် သူသည်က သူ့ကိုယ်သူ သတ္တိရှိသည်၊ သရဲတစ္ဆေများအား လုံးဝအယုံအကြည်မရှိဟု ကြွားဝါထားသောကြောင့် ဂရုတွင်းမှ လူများ၏ ချီးကျူးခံထားရသည်။

ဂရုထဲမှ လူများပြောသည့်အတိုင်းပင် တရုတ်နိုင်ငံတွင်းမှ မည်သူက သင်္ချိုင်းကုန်းတွင်း ညစ်ညမ်းဗီဒီယို ရိုက်ရဲပါသနည်း?

သူသာလျှင် ပထမဆုံးဖြစ်ပြီး ညစ်ညမ်းဗီဒီယိုနယ်ပယ်တွင်လည်း ဟိုးလေးတကျော် နာမည်ကြီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အတွေးများနယ်ချဲ့ပြီးနောက် ရှောင်ဟဲ အနည်းငယ်စိတ်လှုပ်ရှားသွားပြီးနောက် ဂရုထဲတွင် စာတစ်စောင် ပို့လိုက်သည်။

‘ဒီနေ့ ငါ သင်္ချိုင်းကုန်းမှာ ဗီဒီယိုအတိုရိုက်မယ်!’

ထိုစာတစ်စောင်ကြောင့်ပင် ဂရုထဲတွင် ပွက်လောရိုက်သွားခဲ့သည်။

တချို့လူများက သူ့အား မြန်မြန်ရိုက်ကူးရန် အားပေးခဲ့ကြပြီး တချို့လူများကတော့ တိုက်ရိုက်လွှင့်ရန် ပြောဆိုနေခဲ့ကြသည်။

ရှောင်ဟဲလည်း အံကိုတင်းတင်းကြိတ်၍ ဖုန်း contact ထဲမှ သူ၏ ‘နယ်ခံချစ်သူ’ကောင်မလေးအား လှမ်းခေါ်လိုက်သည်။

သူသည်က ကွယ်လွန်သွားသော ဆွေမျိုးတစ်ဦး၏ သင်္ချိုင်းအား စောင့်ပေးနေခြင်းဖြစ်ကြောင်း၊ အနည်းငယ် အထီးကျန်၍ ထိတ်လန့်မိသောကြောင့် ချစ်သူကောင်မလေးအား လာ၍ အဖော်ပြုပေးစေချင်ကြောင်း လိမ်လည်ခဲ့သည်။

ထိုနယ်မြို့လေးမှ ချစ်သူကောင်မလေးသည်က ရှောင်ဟဲ ကောလိပ်ကျောင်းဆင်းပြီးနောက် အိမ်သို့ပြန်လာချိန်တွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။

ကောင်မလေးက သူ့ထက် ၄နှစ်ကြီး၍ အလုပ်လုပ်ကိုင်ရန် အထက်တန်းဖြင့် ကျောင်းထွက်ထားသော သူဖြစ်ပေ၏။

သူမက လက်သည်းအလှပြင်ဆိုင်ဖွင့်ထားပြီး ဤမြို့တွင် အောင်မြင်နေသူတစ်ဦးဖြစ်သည်။ အင်မတန်လည်း ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူတို့နှစ်ယောက်က မြို့ထဲမှ အရက်ဆိုင်တစ်ဆိုင်တွင် ဆုံခဲ့ကြခြင်းဖြစ်သည်။

ရှောင်ဟဲ၏ ရိုးသားဖြူစင်ဟန်ပေါ်သော ရုပ်ရည်၊ အသေးစိတ်ကစ၍ ဂရုစိုက်တတ်သောအကျင့်နှင့် ကိုယ့်ကိုကိုယ် ပညာတတ်ဟန်ဆောင်တတ်ကာ လူမှုဝန်ထမ်းစာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြောင်း ကြွားဝါတတ်ခြင်း၊ အနာဂတ်ကောင်းကောင်းရှိသော တစ်ဦးတည်းသော သားဖြစ်ခြင်းတို့ကြောင့် သူမက ရှောင်ဟဲအား သဘောကျချစ်ကျွမ်းဝင်ခဲ့သည်။

သူမကိုယ်သူမ ပညာနည်းပါးသည်ဟု အားငယ်စိတ်ဝင်နေသော ချစ်သူကောင်မလေးက သူတို့နှစ်ဦးကြားတွင် အဆင့်အတန်း ကွာခြားလှသည်ဟု ထင်နေခဲ့သည်။

ချစ်သူဖြစ်ချိန်မှစ၍ ရှောင်ဟဲက ဂရုထဲမှ သင်ယူလာသော နည်းလမ်းများကို အသုံးပြု၍ ချစ်သူဖြစ်သူ၏ စိတ်ဓာတ်အား စတင်ဖြိုခွဲတော့သည်။

သူမ၏ အကြိုက်၊ ဉာဏ်ရည်၊ ပညာအဆင့်အတန်း၊ သူငယ်ချင်းများ၊ ဝတ်ပုံစားပုံများအား ‘သူမကို ကောင်းစေချင်၍’ ဆိုသော ခေါင်းစဉ်ဖြင့် နှိမ့်ချဆက်ဆံခဲ့သည်။

ချစ်သူကောင်မလေးမှာလည်း သူမသည်က တစ်ဖက်လူနှင့် မတန်ဟု တွေး၍ ရှောင်ဟဲအတွက် ငွေအမြောက်အမြား သုံးပေးခဲ့သည်။

သို့သော် ရှောင်ဟဲက မတင်းတိမ်နိုင်ပေ။ မြို့တွင်းမှ တခြားမိန်းကလေးများနှင့် အကြိမ်များစွာ ဖောက်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတွင် အင်တာနက်ပေါ်တွင်လည်း အဝေးရောက်ချစ်သူများ ဗလပွ ရှိနေခဲ့သေးသည်။

ထိုမိန်းကလေးများထံမှလည်း ချူစားနေခဲ့ခြင်းပင်။

ကနဦးချစ်ခြင်း တည်ငြိမ်သွားပြီဖြစ်သောကြောင့် လက်သည်းအလှပြင်ဆိုင်ဖွင့်ထားသည့် ချစ်သူကောင်မလေးက သူ့အား ချစ်မြတ်နိုးဆဲ၊ သူလက်အောက်တွင် ထိန်းချုပ်ခံထားရဆဲ၊ ကိုယ့်ကိုကိုယ် အားငယ်နေဆဲဖြစ်သော်လည်း စည်းမကျော်၊ အခြေခံလူ့ကျင့်ဝတ်အား ထိန်းထားနိုင်ဆဲပင်။

ရှောင်ဟဲမည်သို့ပင် အစဖော်ပါစေ၊ မည်သို့ပင် အသနားခံပါစေ သူမသည် သူမ၏ ပိုင်ဆိုင်မှုများအား ပေါင်နှံခြင်း၊ လက်သည်းအလှပြင်ဆိုင်မှ အရင်းအနှီးငွေများကို ယူသုံးခြင်းမပြုခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ဟဲသည်က ဤချစ်သူကောင်မလေးထံမှ ‘ငွေနည်းနည်း’သာ ရနိုင်သည်ဟု ခံစားရပြီး အသံတိတ် လျစ်လျှူရှု့ခဲ့သည်။

ထိုချစ်သူနှင့် အမြန်ဆုံးလမ်းခွဲ၍ သူထိန်းချုပ်ရန် ပို၍ လွယ်ကူသော နောက်ထပ် ချစ်သူအသစ် ရှာချင်ခဲ့သည်။ထိုကောင်မလေးနှင့် လမ်းမခွဲနိုင်ခင်၊ ချစ်သူအသစ်မရှာနိုင်ခင်မှာပင် ဤ’သင်္ချိုင်းစောင့်ခြင်း’ကိစ္စ ဖြစ်လာခဲ့ခြင်းပင်။

ထို့ကြောင့် လက်သည်းအလှပြင်ဆိုင်ဖွင့်ထားသည့် ချစ်သူထံသို့ ဖုန်းဆက်အသနားခံ၍ လိမ်ညာပြောဆိုခဲ့သည်။

သူသည် ယခုအချိန်ပိုင်းအတွင်း မိသားစုအရေး၊ ပညာရေးတို့ကြောင့် စိတ်ရှုပ်နေရသောကြောင့် ချစ်သူအား လျစ်လျှူရှုခဲ့မိကြောင်း ပြောဆိုခဲ့သည်။

မိန်းကလေးမှာလည်း ချစ်သူ၏ လျစ်လျှူရှုခံရသောကြောင့် ဝမ်းနည်းနေခဲ့ချိန်တွင် ထိုချစ်သူထံမှ ဖုန်းလက်ခံခဲ့ရပြီး ချော့မြူသည့် စကားလုံးလှလှများကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။

သင်္ချိုင်းအကြောင်းကို ကြားလိုက်ရချိန်တွင် သူမကိုယ်တိုင် အနည်းငယ်ထိတ်လန့်သွားသော်ငြား ချစ်သူကောင်လေးကို အဖော်ပြုပေးပြီး အုတ်ဂူစောင့်ပေးရန် သူမ သဘောတူညီခဲ့သည်။

သို့သော် မိန်းကလေးက ထို’ချစ်သူ’ဆိုသော မိစ္ဆာကောင်က ယာယီတဲတွင်း၌ လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားခဲ့ခြင်းကိုတော့ မသိခဲ့ရှာပါချေ။

All Chapters