သင်္ချိုင်းဂူတွင် ဗီဒီယိုရိုက်ကူးခြင်း (3)
Vol. 36 Ch. 356
(TN: Non-consent, r*pe. Read at your own warning!
မဖတ်တဲ့သူတွေက ပြီးသွားတဲ့အောက်မှာ❗နဲ့ပြပေးမယ်နော် အဲဒီကစဖတ်ပေးပါ)
သူမ သင်္ချိုင်းကုန်းသို့ ကြောက်ကြောက်လန့်လန့်နှင့် ရောက်လာချိန်တွင် ချစ်သူဖြစ်သူနှင့် စကားပင်မပြောရသေး၊ ရှောင်ဟဲမှ သူမအား အတင်းအကြပ် ထိတွေ့တော့သည်။
ယာယီတဲအပြင်မှ သင်္ချိုင်းဂူများအကြောင်းကို တွေးလိုက်ရင်း မိန်းကလေးသည် အကြောက်အကန် ငြင်းဆန်ခဲ့သည်။
သူမ ဤကဲ့သို့အရာများကို ဤနေရာတွင် မလုပ်နိုင်ကြောင်း၊ သေဆုံးသူများအား စော်ကားခြင်းဖြစ်ကြောင်း၊ သူမ ကြောက်လန့်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် ဗီဒီယိုရိုက်၍ ဂရုထဲမှ လူများကိုသာ သက်သေပြချင်စိတ်ရှိနေခဲ့သော ရှောင်ဟဲက ချစ်သူမိန်းကလေးအား နည်းနည်းမျှပင် သနားကြင်နာပေးမည်မဟုတ်ပေ။
ကောင်မလေး၏ ရုန်းကန်မှုများ၊ ငြင်းဆိုသံများကို မမြင် ၊ မကြားဟန်ဆောင်၍ မစ်စတာရှု့၏ သင်္ချိုင်းဂူပေါ်တွင် အတင်းအဓမ္မပြုကျင့်ခဲ့သည်။
ကောင်မလေး၏ ခွင့်ပြုချက်မရှိ၊ ခိုးရိုက်ဗီဒီယိုများ ရိုက်ကူးနေခဲ့သည်။
ချစ်သူကောင်မလေးက အဓမ္မပြုခံနေရစဉ်နှင့် သူမ၏ ဝဋ်ဆင်းရဲ ပြီးဆုံးသွားချိန်ထိ အားမတန်၍ မာန်လျှော့ထားရသော်လည်း တစ်ကိုယ်လုံး တုန်ရီ၍ ငိုကြွေးနေခဲ့ရှာသည်။
(❗စဖတ်လို့ရပြီနော်)
သူမ၏ချစ်သူက သူမအား လေးစားမှုမရှိဟု တွေးလိုက်မိပြီး အရှက်သိက္ခာမရှိ၊ စာနာစိတ်မရှိသော လူ့တိရိစ္ဆာန်တစ်ကောင်ဖြစ်ကြောင်းကိုလည်း သဘောပေါက်လာခဲ့သည်။
သူမ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ခဲ့ရသည်။
ရှောင်ဟဲကတော့ သူ့အနေဖြင့် ချစ်သူကောင်မလေးနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် လွမ်းဆွတ်လွန်း၍ စိတ်မထိန်းနိုင်ဖြစ်သွားရကြောင်း အကြောင်းပြချက်ပေး၍ ပြန်လည်ချော့မြူရန် ကြိုးစားခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ ကောင်မလေးက သူ့အား ရွံမုန်း,မုန်းသွားခဲ့ပြီး မည်သို့မျှ သည်းမခံနိုင်တော့ချေ။
သူမက ရှောင်ဟဲနှင့် လမ်းခွဲရန် စကားစခဲ့သည်။
သူမ ဤနေရာတွင် ဆက်၍ မနေနိုင်တော့။ ထိုညက သင်္ချိုင်းကုန်းအတွင်းမှ မိန်းကလေးတစ်ဦးက ဆုံးရှုံးခဲ့ရသော အရှက်နှင့် သိက္ခာတရား၊ ကွဲကြေသွားသော နှလုံးသားငယ်အား ပိုက်၍ တစ်ကိုယ်တည်း အထီးကျန်စွာ အိမ်ပြန်သွားခဲ့သည်။
သင်္ချိုင်းဂူများဘေးမှ လျှောက်လာချိန်တွင် ဓာတ်ပုံများမှ မျက်လုံးတိုင်းသည်က သူမအား စိုက်ကြည့်နေသကဲ့သို့ပင် ခံစားနေမိသည်။
သူမအနေဖြင့် ရှိုက်ငိုနေရင်း ‘တောင်းပန်ပါတယ်’ ‘တောင်းပန်ပါတယ်’ ဆိုသော စကားများသာ ပြောနိုင်တော့သည်။
ရှောင်ဟဲကတော့ ယခုရည်းစားဟောင်းဖြစ်သွားပြီဖြစ်သည့် ကောင်မလေးက အပိုတွေလုပ်လွန်းသည်ဟု တွေးနေဆဲပင်။ သူ့အား ကောင်မလေးမှ အရင်ဖြတ်သွားသည်ကိုလည်း မကျေနပ်ခဲ့။
သို့သော် အင်မတန် စိတ်လှုပ်ရှားစရာကောင်းသည့် ‘သင်္ချိုင်းတွင်းမှ ညစ်ညမ်းဗီဒီယို’အား ရိုက်ကူးထားပြီးဖြစ်ကြောင်း သတိရလိုက်ချိန်တွင် ပြန်လည် စိတ်ဓာတ်တက်ကြွလာခဲ့သည်။
ဂရုထဲသို့ ထိုဗီဒီယိုအား ပို့၍ သူ၏ လုပ်ဆောင်နိုင်စွမ်းနှင့် စွမ်းရည်တို့အား ကြွားဝါနေခဲ့သည်။
ဂရုပေါင်းမြောက်များစွာတွင် နာမည်ကျော်သွားသော ဗီဒီယိုအး ကြည့်၍ ညစ်ညမ်းနယ်ပယ်အတွင်းမှ လူများက သူ့အား လေးစားခြင်း၊ အံ့ဩခြင်းနှင့် ချီးကျူးခြင်းစကားများသာ ပြောဆိုနေခဲ့ကြသောကြောင့် ရှောင်ဟဲတစ်ယောက် ဂုဏ်ယူ၍ မဆုံးဖြစ်ခဲ့သည်။
ရှောင်ဟဲတစ်ယောက် ရှုပ်ပွနေသော ယာယီတဲထဲတွင် ကြက်သီးမွေးညင်းများ ထသွားခဲ့ရသော်လည်း ယနေ့ အနည်းငယ် အေးသည်ဟု တွေးလိုက်မိသည်။
သို့သော် သူ အများကြီးမတွေးနေခဲ့ပေ။ ဂရုချက်ထဲတွင် ကြွားဝါဂုဏ်ဆာနေရ၍ တစ်ညလုံး အိပ်၍ပင် မပျော်ခဲ့။
ထိုညက သူ့ရှေ့တွင် ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေခဲ့သော ဝိဉာဉ်တစ်ခုက သူ့ရှေ့တွင် ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သူ မသိခဲ့ပေ။
ဂရုချက်တွင်းမှ စာသားများ၊ ဗီဒီယိုများ၊ ယာယီတဲတွင်းမှ ငိုယို၍ တောင်းပန်နေသော မိန်းမငယ်လေး၏ အသံများကို ကြားရပြီးချိန်တွင် မစ်စတာရှု့တစ်ယောက် ဒေါသထွက်လွန်း၍ ဝိဉာဉ်များပင် တုန်ရီလာခဲ့သည်။
သူ ရှောင်ဟဲကို တားဆီးချင်ခဲ့သော်လည်း သူသည်က သာမန် ဝိဉာဉ်တစ်ကောင်သာဖြစ်နေခဲ့သည်။
အသက်ရှိစဉ်က စစ်သားတစ်ဦးဖြစ်ခဲ့သောကြောင့် သူ၏ စိတ်နေစိတ်ထားက အလွန် ဖြောင့်မတ်သည်။ တခြားလူများ ၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများအား အနိုင်မကျင့်ရဆိုသော ခံယူချက်က နှလုံးသားထဲအထိ အမြစ်တွယ်နေခဲ့သည်။
သို့သော် သာမန်ဝိဉာဉ်တစ်ကောင်အနေဖြင့် သူက ယာယီတဲထဲသို့ ပြေးဝင်လာခဲ့သော်လည်း ရှောင်ဟဲ၏ လူမဆန်မှုကို တားဆီးနိုင်စွမ်းမရှိခဲ့ပေ။
သူ လုပ်နိုင်သည်မှာ ရှောင်ဟဲ၏ အင်္ကျီစများ လွင့်သွားစေရုံခောက် ဖြစ်ပြီး မျက်စိရှေ့မှ မတရားမှုကို မဖြစ်အောင် တားဆီးမပေးနိုင်ခဲ့ပေ။
မစ်စတာရှု့တစ်ယောက် ကူကယ်ရာမဲ့သကဲ့သို့ ခံစားခဲ့ရပြီး ဒေါသလည်းထွက်ကာ ရင်လည်း နာခဲ့ရသည်။
တချို့လူများက တခြားလူများကို အရှက်ခွဲရသည်ကို အရသာခံ၍သဘောကျသည်၊ အောက်တန်းကျသော အရာများကို မျှဝေ၍ မည်သို့များ ဂုဏ်ယူနိုင်ကြသည်ကို သူဘယ်လိုမှ နားမလည်နိုင်ပေ။
ထိုကဲ့သို့သော လူများကိုလည်း အင်မတန် ရွံရှာမုန်းတီးသည်။ယခုတစ်ကြိမ်တွင်တော့ ရှောင်ဟဲ၏ တိရိစ္ဆာန်ကဲ့သို့သော အပြုအမူများကို မည်သို့မျှ သည်းမခံနိုင်တော့။
သူ့ရင်ထဲမှ ဒေါသကို အားကောင်းစေခဲ့ပြီး သူ၏ ဝိဉာဉ်အား တိုက်စားစေခဲ့သောကြောင့် ဖြူစင်သည့် သာမန်ဝိဉာဉ်မှတဆင့် တဖြည်းဖြည်း အမျက်ကြီး၍ အစွဲအလမ်းကြီးသော သရဲ၊တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲစေခဲ့သည်။
ထိုမှသာလျှင် ဤခွေးတိရစ္ဆာန်ကောင်အား အပြစ်ပေးနိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပါလော။
ကုကျစ်စုန့်လည်း ‘မျှဝေခံစားခြင်း’အခြေအနေမှ ထွက်လာခဲ့ပြီးနောက် ပိတ်ထားသည့် မျက်ဝန်းတစ်စုံသည်လည်း ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
သူမ ‘မြင်တွေ့’ခဲ့ရသမျှ အရာများကို ပြန်ပြောင်းပြောပြနေသည့် သူမ၏ အသံနှင့် စူးစိုက်ကြည့်နေသော သူမ၏ မျက်ဝန်းတို့မှာလည်း ရေခဲရုပ်ထုအလား အေးစက်လွန်းလှသည်။
သူမ ပြောခဲ့သမျှ အရာအားလုံးက မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ဆိုးရွားလွန်းလှသည်။
မစ်စ်ရှု့၏ လက်များမှာ သူမအား တွဲထားသော ပရိုဂရမ်အဖွဲ့သား၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး ဒေါသနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ကြောင့် နှလုံးခုန်မြန်ကာ အသက်ရှူသံများလည်း ပြင်းထန်နေခဲ့သည်။
မစ်စ်ဟဲသည်လည်း ကုကျစ်စုန့်နှုတ်မှ ထွက်လာသော လုပ်ရပ်များအား လုပ်ဆောင်ခဲ့သူက သူမ၏ အဖိုးတန်သားဖြစ်သည်ဟု လုံးဝ မယုံကြည်ချင်ခဲ့ပေ။
သူမ ခေါင်းကို တွင်တွင်ခါလိုက်ပြီးနောက် ကုကျစ်စုန့်သည် သတင်းမှားများ ဖြန့်နေသည်ဟုသာ ပြောဆိုနေခဲ့သည်။
မစ်စ်ဟဲသည်လည်း သားဖြစ်သူက လူပျိုမဟုတ်ကြောင်းကို သိမထားခဲ့ပေ။
ရှောင်ဟဲသည်က အိမ်တွင်နေထိုင်စဉ်အချိန်၌ အင်မတန် လိမ္မာရေးခြားရှိဟန်ဆောင်တတ်သည်။
တစ်မိသားစုလုံးပင် သူ့အား တာဝန်သိတတ်ကာ လိမ္မာသော သားအဖြစ် တွေးထားခဲ့ပြီး သူ့တွင် ချစ်သူရည်းစားရှိသည်ဟုလည်း တစ်ခါမျှ မကြားခဲ့ဖူးခဲ့။
မစ်စ်ရှု့က ‘ဝိဉာဉ်လမ်းပြပေးရန်လူ’ရှာနေကြောင်း ကြားရပြီးနောက် မစ်စ်ဟဲ သားဖြစ်သူအား ချစ်သူရှိ၊မရှိ မေးမြန်းခဲ့ဖူးသည်။ သူ၏ အဖြေမှာ အငြင်းစကားသာဖြစ်သည်။
မစ်စ်ဟဲလည်း သားဖြစ်သူအား သံသယမဝင်ခဲ့ပေ။
သူမ မသိထားသည်မှာ သားဖြစ်သူသည်က မည်သူ့ကိုမျှ ‘မချစ်ဖူး’ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လိမ္မာယောင်ဆောင်နေခဲ့သော်လည်း ထည်လဲတွဲနေသော ရည်းစားများရှိနေသည်ကို သိပါက မိခင်ဖြစ်သူ၏ မေးခွန်းထုတ်ခြင်း ခံရပေလိမ့်မည်။
ထို့ကြောင့်သာလျှင် သူက ‘မည်သူ့ကိုမျှ မချစ်ခဲ့ဖူး’ဟုသာ ဆိုခဲ့ခြင်းပင်။
ကုကျစ်စုန့်မှ မျက်မြင်သက်သေအား မစ်စ်ဟဲ၏ ရှေ့တွင်ချပြခဲ့လျှင်တောင်မှ သားဖြစ်သူက ဆန်ကုန်မြေဖြစ်ကြောင်း လက်ခံမည်မဟုတ်။
သူမက သားဖြစ်သူ၏ လက်ကို ဆွဲရမ်း၍ အတင်းအဖျင်းစကားများအား ငြင်းဆန်ရန် ပြောဆိုခဲ့သည်။
သို့သော် ရှောင်ဟဲ၏ နှုတ်ခမ်းများ တုန်ရီ၍ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးစေးများ စိုရွှဲနေခဲ့သည်။
ဤကမ္ဘာတွင် သရဲ၊တစ္ဆေများ အမှန်တကယ်ရှိနေခဲ့သည်။
သို့သော် သူ့ရှေ့မှ ကုကျစ်စုန့်သည်က ထိုသရဲ၊တစ္ဆေများထက် အဆပေါင်းများစွာ ထိတ်လန့်ဖွယ်ကောင်းလှသည်!
ထိုနေ့ညက သူမက ယာယီတဲအတွင်း ရပ်နေ၍ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေခဲ့သည့်အလား အသေးစိတ်မှစ၍ အတိအကျ ပြောဆိုနိုင်သည်။
ထိုအချက်ကြောင့်ပင် ရှောင်ဟဲတစ်ယောက် စကားလည်းမပြောနိုင်၊ ပြန်လည်း မငြင်းနိုင်ခဲ့ပေ။
သူ ကြောက်ရွံ့လာခဲ့သည်။
အရာအားလုံးကို သိနေခဲ့သော ကုကျစ်စုန့်သာလျှင် အမှန်တကယ် သက်သေကို ထုတ်ပြနိုင်ခဲ့ပါလျှင် သူ့၏ဘဝ ပြီးဆုံးသွားပေလိမ့်မည်။
သူ၏ တုန်လှုပ်နေသော မျက်နှာကြောင့် ကြည့်ရှု့သူများကလည်း အဖြစ်မှန်ကို သိလိုက်ပေပြီ။
လူမဆန်သော လုပ်ရပ်များအကြောင်းကို ကြားရသူများပင် ကြောက်ချွေးပြန်လာကြသည်။
ရှောင်ဟဲ၏ သရုပ်ဆောင်စွမ်းရည်သည်က ညံ့ဖျင်းလွန်းလှပြီး စိတ်ဓာတ်မှာလည်း အောက်တန်းကျလွန်းသောကြောင့် ဟန်ပင်မဆောင်နိုင်တော့ပေ။
[ဒီနှစ်အတွက် အဆိုးရွားဆုံးအသီးပုတ်ကောင်ပဲ… ငါ အန်တောင် အန်ချင်တယ်.. ဒီလိုမျိုး အပုတ်အသိုးကောင်က ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ
ဆေးဖြန့်တယ်၊ ချောင်းရိုက်ဗီဒီယိုတွေ ရိုက်တယ် ..ကောင်မလေးတွေကို အတင်းအဓမ္မဖိအားပေးပြီး သေပြီးသားလူတွေရဲ့ သင်္ချိုင်းကိုတောင် သွားပြီး မခန့်လေးစားလုပ်တယ်.. ငါးပုတ်တောင် သူ့လောက်အပုတ်နံ့ နံမှာမဟုတ်ဘူး!]
[အလိမ်ခံရတဲ့ ကောင်မလေးတွေအတွက် တော်တော်လေး စိတ်မကောင်းဘူး
အထူးသဖြင့် သင်္ချိုင်းကုန်းမှာ ဖိအားပေးခံရတဲ့ ရည်းစားဟောင်းလေးပဲ.. အဲဒါကြီးက သူ့တဘဝလုံး အရိပ်မည်းဖြစ်သွားတော့မှာ!]
[ဒီကောင့်ရဲ့ နောက်ကွယ်က ဂရုချက်ကိုလည်း ဖော်ထုတ်သင့်တယ်..အဲဒီအထဲက လူတိုင်းကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးသင့်တယ်
ပြီးတော့ ဒီကောင်က မဟုတ်တရုတ် ရောဂါတွေ ရှိသေးတယ်မဟုတ်ဘူးလား? အကာအကွယ်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဒီအကောင်နဲ့ ဆက်ဆံဖူးတဲ့ မိန်းကလေးတွေကတော့ ဆေးစစ်ကြည့်သင့်တယ်ထင်တာပဲ]
[အစတုန်းကတော့ ဒီမိသားစုက လိမ်လည်ရုံလောက်ပဲ.. နောက်တော့ လိမ်လည်တာနဲ့ မကျေနပ်တော့ဘူး
မစ်စ်ရှု့ရဲ့ စည်းစိမ်ကိုပါ သိမ်းချင်နေတာ ရက်စက်လွန်းတယ်!]
[ဒီရှောင်ဟဲက တော်တော်လေးကို ယုတ်မာပြီး ဟန်ဆောင်လည်း ကောင်းတာပဲ.. ကုကျစ်စုန့်သာ သူ့ကို မဖော်ခဲ့ဘူးဆိုရင်တော့ မစ်စ်ရှု့လည်း သေချာပေါက် အလိမ်ခံရမှာပဲမစ်စ်ရှု့က ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး.. ဒီကောင် မဟုတ်တဲ့ နည်းလမ်းသုံးပြီး အမွေကို မြန်မြန်ရအောင် လုပ်မှာပဲ တွေးကြည့်ရင်ကို ကြက်သီးထတယ်!]
[……]
မစ်စ်ရှု့ ဒေါသထွက်လွန်း၍ အသက်ရှူပင် ကြပ်လာခဲ့သည်။
သူမ၏ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေခဲ့သည်။
ဘေးမှ လူများသာ သူမအား အသက်ရှူရန် ကူညီမပေးခဲ့ပါက ယခုအချိန်တွင် မူးမေ့လဲနေလောက်ပြီဖြစ်သည်။
သူမ၏ ခြေထောက်များက အားပျော့၍ သေသေချာပင် မရပ်နိုင်၊ မျက်နှာတွင်လည်း မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
“တောင်းပန်ပါတယ် အဖေ.. ကျွန်မ မျက်လုံးကန်းနေပြီး လူတွေကို ကောင်းကောင်းမကြည့်တတ်လို့ဖြစ်ရတာပါ.. အဖေ ကွယ်လွန်ပြီးတာတောင် ဒုက္ခခံနေခဲ့ရတယ်”