← Chapters

လူမှုကွန်ယက်တွင် သေဆုံးခြင်း (4)

Vol. 36 Ch. 360

လူမှုကွန်ယက်တွင် သေဆုံးခြင်း (4)

Vol. 36 Ch. 360

မစ်စတာရှု့၏ အသုဘအခမ်းအနားတွင် ဖြစ်ပျက်ခဲ့သော ထူးခြားဆန်းကြယ်ကိစ္စ ဖြေရှင်းပြီးချိန်တွင် ပရိုဂရမ်၏ ခုနစ်ကြိမ်မြောက် တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ ပြိုင်ပွဲများ ပြီးဆုံးခဲ့ပြီဖြစ်သည်။

ကြည့်ရှု့သူများက မဲပေးပြီးချိန်တွင် အမှတ်ပေးချန်နယ်အား ယာယီပိတ်ထားလိုက်သည်။

တင်ဆက်သူလျှို့က မိုက်ကရိုဖုန်းကို ကိုင်ကာ ကင်မရာဘက်သို့ လှည့်ကာ စကားစသည်။

“ဘာလိုလိုနဲ့ ကျွန်တော်တို့ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ရဲ့ တတိယရာသီတောင် ပြီးဆုံးဖို့နီးကပာလာခဲ့ပြန်ပြီ.. ဒီနေ့ပြီးရင်တော့ နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်က ပရိုဂရမ်ကို နှုတ်ဆက်ရမှာဖြစ်ပါတယ်

ပြီးရင် တတိယရာသီရဲ့ ထိပ်တန်း ပြိုင်ပွဲဝင်လေးဦးကို ကြေငြာပေးမှာဖြစ်ပါတယ်”

“ကျွန်တော်တို့ စုဆောင်းထားတဲ့ ရလဒ်တွေအရ အခုထိ အဆင့်သတ်မှတ်ချက်တွေရဲ့ အဖြေက ကျွန်တော့်ရဲ့လက်ထဲမှာ ရှိနေပါတယ်..

ဒါဆိုရင် ဒီအပိုင်းရဲ့ အဆင့်ကို အရင်ကြေငြာလိုက်ပါမယ်နော်.. ပြိုင်ပွဲဝင် နံပါတ်(၇) ကုကျစ်စုန့်၊ ဒီအပိုင်းအတွက် အတော်ဆုံး ထူးခြားပညာရှင်နေရာကို ပိုင်ဆိုင်ရလို့ ဂုဏ်ယူပါတယ်!”

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များမှာတော့ တစ်လေသံတည်းပင်။

“မအံ့ဩတော့ပါဘူး”

ဒုတိယနေရာသည်လည်း ကြည့်ရှု့သူများ ခန့်မှန်းထားသည့်အတိုင်း ဒေစီဖြစ်သည်။

သတ္ထမမြောက်အပိုင်း၏ တတိယနေရာမှ ပြိုင်ပွဲဝင်က ထိုင်းလူမျိုးပညာရှင် ဟဲမီတူပင်။

သူသည်က အဖွဲ့လိုက်ပြိုင်ပွဲများတွင် အစွမ်းမပြနိုင်ခဲ့သော်လည်း ယမန်နေ့မနက်ခင်းမှ တစ်ဦးချင်း ပြိုင်ပွဲတွင် သူ၏ စွမ်းအားကောင်းလှသော ထိုင်းစုန်းပညာကို ပြသနိုင်ခဲ့သည်။

ထိုပညာရပ်သည်လည်း ဝိဉာဉ်စွမ်းအင်ရော၊ အမှောင်စွမ်းအင်များပါ ရောယှက်နေခဲ့ပြီး လက်ရာမြောက်လွန်းလှသည်။

ထိပ်တန်းသုံးဦးအား ကြေငြာပြီးချိန်တွင် တင်ဆက်သူလျှို့ ရပ်တန့်လိုက်သည်။

“ဒီအပိုင်းကို တိုက်ရိုက်ကြည့်ရှုပေးလို့ ကျေုးဇူးတင်ပါတယ်..ဘယ်ပြိုင်ပွဲဝင်က ထိပ်တန်းလေးဦးကို ဝင်ရောက်ပြီး ဘယ်ပြိုင်ပွဲဝင်က အစီအစဉ်ကနေ စိတ်မကောင်းစွာနဲ့ ထွက်ခွာရမလဲဆိုတာကို ပရိုဂရမ်ရဲ့ တရားဝင်ဗားရှင်းမှာ ဖော်ထုတ်ပေးမှာဖြစ်ပါတယ်.. ဒီတော့ စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦးနော်”

“ဒါ့အပြင် ပြိုင်ပွဲအစီအစဉ်ကို ပြန်လည်စီစဉ်ပြီးချိန်မှာ တစ်ပိုင်းချင်းစီရဲ့ အတော်ဆုံးထူးခြားပညာရှင်က သီးသန့်ပရိုဂရမ်ချယ်နယ်တစ်ခု ထပ်ပြီး စတင်ပေးမှာဖြစ်ပါတယ်..

အဲဒါကလည်း ပရိတ်သတ်တွေအတွက် အကျိုးရှိစေပြီး ပြိုင်ပွဲဝင်တွေနဲ့ ပရိတ်သတ်တွေလည်း တစ်ဦးနဲ့တစ်ဦး ပိုပြီး နားလည်ရင်းနှီးလာအောင် ကူညီပေးမှာဖြစ်ပါတယ်”

“အဲဒီသီးသန့်ပရိုဂရမ်က ပြိုင်ပွဲဝင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာပဲ စီစဉ်ပြီးတော့ နောက်နာရီဝက်အကြာမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်.. ဒီတော့ စိတ်ပါဝင်စားတဲ့ ပရိတ်သတ်တွေလည်း စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦး

အားလုံးပဲ နောက်မှ တွေ့ကြမယ်!”

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးစီးသွားချိန်တွင် ဝေဖန်သူများကတော့ ပရိုဂရမ်အဖွဲ့မှ ရလဒ်အဖြေများအား အဆုံးထိ မကြေငြာသွားသည့်အတွက် စိတ်ရှုပ်စရာကောင်းသည်ဟု တွေးမိကြသည်။

အထူးသဖြင့် နောက်ဆုံးကျန်သော ပြိုင်ပွဲဝင်နှစ်ဦး၏ ပရိတ်သတ်များမှာ အင်မတန် စိတ်ပူနေခဲ့ကြသည်။

တစ်ဖက်တွင်လည်း အတော်ဆုံးပြိုင်ပွဲဝင်၏ ပရိတ်သတ်များမှာ သီးသန့်ပရိုဂရမ်တစ်ခု ထုတ်လွှင့်မည်ဟု ကြားရသောကြောင့် စိတ်လှုပ်ရှားနေခဲ့ကြပြီး ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စောင့်ဆိုင်းနေခဲ့ကြသည်။

နာရီဝက်အကြာခန့်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်း ပြန်လည်စတင်သည်နှင့် ကြည့်ရှုသူများ အလုံးအရင်းလိုက် ဝင်ရောက်လာခဲ့ကြသည်။

[မှိုရတယ်ပဲ ပြောရမလား? အလုပ်ကနေ အရင်ဆုံးသိမ်းပြီး ပြန်ချင်တဲ့သူက ပရိတ်သတ်တွေအတွက် သီးသန့်တိုက်ရိုက်ထုတ်လွှင့်ရတယ်လို့.. ဟားဟားဟား စုန့်စုန့်အတွက်တော့ မကောင်းဘူးပေါ့လေ]

[ကုကျစ်စုန့်: ပရိုဂရမ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်!]

မှတ်ချက်ထဲတွင် နောက်ပြောင်နေသော ကောမန့်များကို မြင်ရပြီးနောက် ကုကျစ်စုန့် စကားစလိုက်သည်။

“ကျွန်မကို သဘောကျပြီး ပထမရနိုင်အောင် အမြဲတမ်း vote ပေးနေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်

အမြဲလိုလို ကျွန်မမှာ ရှင်တို့သဘောကျလောက်တဲ့အထိ ထူးခြားတဲ့ အကျင့်စရိုက်တွေ၊ character တွေ မရှိဘူးလို့ တွေးမိခဲ့တယ်

ဒါပေမယ့် နေရာတော်တော်များများမှာ ကျွန်မကို ပထမရအောင် မဲပေးထားတာတွေ မြင်ရတော့ ဒီလူတွေက ကျွန်မအပေါ်ထားတဲ့ အချစ်အတွက် သူတို့ရဲ့ အချိန်တွေ၊ စွမ်းအင်တွေကို သုံးထားတယ်ဆိုတာ သိသာနေပါတယ်

အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”

“ဒီသီးသန့်အချိန်လေးက ‘ပိုးစာရွက်’တွေအတွက်ဖြစ်တာကြောင့် ကျွန်မ‌ သေချာပေါက်တန်ဖိုးထားမှာပါ”

စကားပြောနေချိန်တွင် အမြဲလိုလို အေးစက်တည်ငြိမ်သော ကုကျစ်စုန့်၏ မျက်နှာတွင် နူးညံ့သည့် အပြုံးငယ်တစ်ခု နေရာယူထားခဲ့သည်။

မှတ်ချက်ဧရိယာထဲတွင် စနောက်နေကြသော ‘ပိုးစာရွက်’များသည်လည်း ရင်ထဲထိသွားရပြီး မှတ်ချက်များလည်း ဒီရေအလား ထိုးတက်လာခဲ့သည်။

ကုကျစ်စုန့် ချောင်းဟန့်လိုက်သည်။“အားလုံး မေးချင်တာရှိရင်ဖြစ်ဖြစ်၊ ထူးခြားတာတစ်ခုခု ကြုံရတာဖြစ်ဖြစ် မေးလို့ရပါတယ်.. သဘာဝလွန်ပညာနဲ့ ပတ်သတ်တာတွေကိုတော့ ဖြေပေးပါမယ်.. အဲဒါနဲ့ မပတ်သတ်တဲ့ မေးခွန်းတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားပြီး ဖြေပေးပါမယ်”

[ဝိုး၊ ဇနီးလေးက ဒီနေ့ အရမ်းကို နူးညံ့နေတာပဲ.. ကိုယ့်နှလုံးသားလေး အရည်ပျော်ကျသွားပြီ]

[စုန့်စုန့်က အားလုံးကို ထူးခြားပညာနဲ့ ပတ်သတ်တဲ့ ပဟေဠိကို ဖြေနိုင်တဲ့အတွက် ဆုပေးမယ်လို့ ပြောတာကြားရတော့ ငါ အရမ်းကို သဘောကျပြီး ရင်ထဲ ထိသွားတာနော်]

မှတ်ချက်နေရာမှ ပရိတ်သတ်များက သူမအား ရိုက်ကူးရေးအကြောင်း၊ ပရိုမိုးရှင်းအကြောင်း၊ နောက်လာမည့် ဒရာမာ ဇာတ်လမ်းတွဲများအကြောင်း၊ အလုပ်ကိစ္စအကြောင်းများ မေးခဲ့ကြသည်။

ကုကျစ်စုန့် အတတ်နိုင်ဆုံးကြိုးစား၍ ဖြေဆိုပေးနေချိန်တွင် ထူးဆန်းသော မှတ်ချက်တစ်ခုတက်လာသည်ကို မြင်လိုက်ရသည်။

[အားလုံးကို အခုအချိန် နှောင့်ယှက်လို့ စိတာမကောင်းဘူးဆိုပေမယ့် စုန့်စုန့်ကို ဒါလေး မြင်စေချင်လို့ပါ.. ကျွန်တော့်ရဲ့ အစ်မက အခု ကျန်းမာရေးအရမ်းဆိုးနေလို့ပါ..

သူက ညစ်ပတ်တဲ့အရာတစ်ခုခုရဲ့ ဖမ်းစားခံနေရသလိုဖြစ်နေတယ်လို့ထင်မိတယ်.. စုန့်စုန့် ကူညီပေးလို့ ရမလားဟင် QAQ]

ထိုမှတ်ချက်၏ အပေါ်တွင် ဝဲပျံနေသော မီးခိုးဖျော့ရောင်အရိပ်အငွေ့ကြောင့် ကုကျစ်စုန့် ရပ်တန့်သွားခဲ့သည်။

ထိုအငွေ့တစ်ခုတည်းနှင့်ပင် ဤမှတ်ချက်ရေးသားသူသည်က ကံဆိုးနေကြောင်း သိနိုင်သည်။

သို့မဟုတ်ပါက မိသားစုဝင်တစ်ဦးက ကံဆိုးခြင်း၊ အခြေအနေတစ်ခုခု ဆိုးဝါးနေခြင်းတို့ ကြုံတွေ့နေရကြောင်း သိနိုင်ပေသည်။

ကုကျစ်စုန့် ထိုမှတ်ချက်ရေးသူ၏ နာမည်ကို နှိပ်၍ ပြောလိုက်သည်။

“ဒီပရိတ်သတ်ထဲက ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ဆိုတဲ့ အကောင့်ပိုင်ရှင်.. တကယ်လို့ ဝိဉာဉ်ဆိုင်ရာ အကူအညီတစ်ခုခု လိုအပ်တာဆိုရင် အခြေအနေကို အကြမ်းဖျင်း ပြောပြပေးလို့ရမလား? အဆင်ပြေတဲ့ နည်းနဲ့ ပြောလို့ရပါတယ်”

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ လည်း သူ၏ အကူအညီတောင်းသည့်မှတ်ချက်အား ကုကျစ်စုန့် မြင်သွားသောကြောင့် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။

မှတ်ချက်ဧရိယာထဲတွင် မည်သည့်အချိန်ဖြစ်ဖြစ် ပြောပြပေးရန် အချိန်အားကြောင်း အကြောင်းပြန်ပေးခဲ့သည်။

ဗီဒီယိုနှစ်ခုချိတ်ဆက်ပြီးချိန်တွင် မီးခိုးပြာရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦး၏ မျက်နှာပေါ်လာခဲ့သည်။

“မင်္ဂလာပါ စုန့်စုန့် .. အကူအညီပေးလို့လည်း ကျေးဇူးတင်ပါတယ်”

လူငယ်လေး၏ မျက်နှာအရ သူသည်က အသက် ၂၄နှစ်ခန့်သာ ရှိသေးပြီး ယခုနှစ်မှ ကောလိပ်ကျောင်းပြီးကာစ ဖြစ်ဟန်ပေါ်သည်။

သူ၏ မေဂျာသည် ဂီတမေဂျာဖြစ်သောကြောင့် လက်ရှိအလုပ်အကိုင်မှာလည်း အနုပညာနယ်ပယ်ထဲတွင်ဖြစ်ပေသည်။

ယခုအချိန်ပိုင်းအတွင်း၌ သူ၏ ကံကြမ္မာက အမှန်တကယ်ပင် နိမ့်ကျနေခဲ့သည်။ သို့သော် ပြဿနာသည် သူ့ထံမှမဟုတ်ပါချေ။ သူနှင့် နီးစပ်သော မိသားစုဝင်တစ်ဦး၏ ပြဿနာဖြစ်ကာ ထိုပြဿနာကြောင့်ပင် ကောင်လေး၏ ကံကြမ္မာနိမ့်ကျနေခြင်း ဖြစ်သည်။

ကုကျစ်စုန့် သူ၏ အချက်အလက်နှင့် အခြေအနေတို့အား အကြမ်းဖျင်းရှင်းပြလိုက်ပြီးနောက် နှုတ်ဆက်စကားဆိုပြီးချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’မှ သူ၏ အကူအညီလိုအပ်သော ကိစ္စအကြောင်း ပြောလာခဲ့သည်။

သူ့တွင် သွေးရင်းအစ်မတစ်ဦးရှိသည်။

နှစ်ယောက်သား အသက်အရွယ်က အတောာလေး ကွာခြားပြီး အရွယ်ရောက်လာချိန်တွင် ကိုယ်ပိုင်ဘဝဖြင့် အလုပ်ရှုပ်နေခဲ့ကြသောကြောင့် စကားပြောဆက်ဆံမှုနည်းပါးလှသည်။

သို့သော် မောင်နှမနှစ်ဦးက တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးကြသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အစ်မဖြစ်သူ၏ ကျန်းမာရေးက တဖြည်းဖြည်းဆိုးရွားလာခဲ့ပြီး ရှင်းမပြနိုင်အောင် ဆုတ်ယုတ်လာခဲ့သည်။

နှစ်သစ်ကူးနှင့် မိဘများ၏ မွေးနေ့တိုင်းတွင် အစ်မဖြစ်သူက အိမ်သို့ပြန်လာတတ်သည်။ ထိုပြန်လာသည့် အချိန်ခဏလေးအတွင်းမှာပင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’နှင့် မိဘနှစ်ပါးလုံးက သမီးဖြစ်သူ၏ စိတ်ကျန်းမာရေး အခြေအနေက အင်မတန် အားလျော့နေကြောင်း သတိပြုမိခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကနှင့် ယှဉ်လိုက်ပါက အစ်မဖြစ်သူမှာ အင်မတန် ပိန်ချုံးသွားခဲ့သည်။

သူမက အရပ် ၁၇၀စင်တီမီတာခန့်ရှိပါသော်လည်း ကိုယ်အလေးချိန်မှာ ပေါင် ၉၀သာ ရှိသည်။

တစ်နေ့တစ်ခြား ပိန်ချုံးလာသော သမီးဖြစ်သူကို ကြည့်၍ စိတ်ပူပန်နေသော မိဘနှစ်ပါးလည်း သမီးအား ဆေးရုံသို့ ခေါ်၍ တစ်ကိုယ်လုံး စစ်ဆေးမှုခံယူစေခဲ့သည်။

စစ်ဆေးမှုရလဒ်ထွက်လာချိန်တွင် စိတ်ပိုင်းဆိုင်ရာဖိအား၊ စိတ်ကျရောဂါနှင့် အသေးအမွှားကိစ္စတစ်ချို့မှလွဲ၍ သူမတွင် ကြီးကြီးမားမား ရောဂါမရှိပေ။

ရောဂါသည်လည်း အဖြေမပေါ်သောကြောင့် မိသားစုဝင်များက သမီးဖြစ်သူမှ ခင်ပွန်းသည်ဘက်မှ မိသားစုဝင်များ၏ အသေးအဖွဲစိတ်ရှုပ်စရာများကြောင့် ဖိအားရ၍ ပိန်ချုံးသွားရသည်ဟု ထင်ကြေးပေးခဲ့ကြသည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ အနေဖြင့် အစ်မဖြစ်သူသည် မကောင်းသော အရာတစ်ခုခု၏ ဖမ်းစားခံထားရသည်ဟု တွေးမိရခြင်းမှာ မကြာသေးခင်ကမှ ပြီးဆုံးခဲ့သော ဆောင်းဦးလယ်ပွဲတော်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့်ပင်ဖြစ်ပေသည်။အစ်မဖြစ်သူက ပွဲတော်ရက်တွင် အိမ်သို့ ပြန်မလာခဲ့ပေ။ ထို့ကြောင့် မိဘများလည်း သမီးဖြစ်သူအား သတိရသောကြောင့် တွေ့ဆုံရန် နောက်တစ်ရက်တွင် ဖုန်းခေါ်ခဲ့ကြသည်။

သို့သော်လည်း ဖုန်းထဲမှ အစ်မဖြစ်သူ၏ လေသံသည် ရှင်းမပြနိုင်အောင် အေးစက်လွန်းလှသည်

သူမက ‘အချိန်မရှိဘူး’ဟုသာ တစ်ခွန်းတည်းသာပြော၍ ဖုန်းချသွားခဲ့သည်။

မိခင်ဖြစ်သူလည်း သမီးဖြစ်သူ၏ စကားကြောင့် စိတ်ထိခိုက်၍ ငိုကြွေးခဲ့ရသည်။

နောက်တစ်ရက်တွင် အစ်မဖြစ်သူက ကလေးငယ်နှင့်အတူ အိမ်ပြန်လာလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ပေ။

All Chapters