← Chapters

တောင်ပိုင်းတောင်တန်းကျောင်းတော်၏ ကျောင်းသားသစ်။

Vol. 2 Ch. 19

တောင်ပိုင်းတောင်တန်းကျောင်းတော်၏ ကျောင်းသားသစ်။

Vol. 2 Ch. 19

ရှုတောင်တည်ရှိရာ ဝေးလံခေါင်သီသော အနောက်တောင်ပိုင်းဒေသတွင် ကွန်ဖြူးရှပ်ဝါဒသည် သိပ်မထင်ရှားလှ။ သို့သော်၊ စည်ပင်ဝပြောသော မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင်မူ ဤအခြေအနေသည် လုံးဝ ကွဲပြားခြားနားချေသည်။

ကျယ်ပြောသော အနောက်တောင်ပိုင်းဒေသတွင် ကျော်ကြားသော ကွန်ဖြူးရှပ်ကျောင်းတော် အနည်းငယ်သာ ရှိပြီး၊ တောင်ပိုင်းတောင်တန်းကျောင်းတော်သည် ထိုအထဲမှ တစ်ခု ဖြစ်လေသည်။

သမိုင်းကြောင်းအရ၊ ဤကျောင်းတော်သည် နန်းတွင်းစာမေးပွဲတွင် ပထမ သို့မဟုတ် ဒုတိယနေရာ ရရှိသော အလောင်းလျာများကို ဘယ်သောအခါမျှ မွေးထုတ်မပေးနိုင်ခဲ့ပေ။

သို့သော်၊ တတိယနေရာ ရရှိခဲ့သော အလောင်းလျာတစ်ဦး ရှိခဲ့ဖူးသည်။

ကံဆိုးစွာဖြင့်၊ ထိုသူသည် နောက်ပိုင်းတွင် အဖမ်းခံရကာ ထောင်ချခံလိုက်ရသဖြင့်၊ တောင်ပိုင်းတောင်တန်းကျောင်းတော်၏ ဂုဏ်သတင်း အနည်းငယ် ကျဆင်းသွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ၊ ယန်ကျိုးမြို့ရှိ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များအတွက်မူ၊ တောင်ပိုင်းတောင်တန်းကျောင်းတော်သည် သူတို့၏ သားသမီးများအတွက် အကောင်းဆုံး ကျောင်းတော်အဖြစ် ရှုမြင်နေကြဆဲသာ ဖြစ်သည်။

ယခုအခါ၊ တောင်ပိုင်းတောင်တန်းကျောင်းတော်သည် ကျောင်းသားသစ်တစ်ဦးကို ကြိုဆိုနေလေ၏။

"ချစ်ခင်ရပါသော (၃၇)ကြိမ်မြောက်အတန်းမှ ကျောင်းသားကျောင်းသူများတို့... ချူလျန်ကို ကြိုဆိုလိုက်ကြရအောင်လား..."

စာသင်ခန်းရှေ့ရှိ စင်မြင့်ပေါ်တွင် ရပ်နေသော အသက်ကြီးကြီးဆရာသည် လက်ကို မြှောက်လိုက်သည်။

ထို့နောက်၊ သပ်ရပ်စွာ ဝတ်ဆင်ထားသော ကျက်သရေရှိသည့် လူငယ်တစ်ဦး စာသင်ခန်းထဲသို့ ဝင်ရောက်လာပြီး၊ ရှိနေသူအားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်တော့သည်။

လူငယ်လေးတွင် ထင်ရှားပြီး တောက်ပသော ရုပ်လက္ခဏာရှိသဖြင့်၊ သပ်ရပ်ပြီး ချောမောခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားလေသည်။ အမှန်စင်စစ်အားဖြင့်၊ သူသည် အခြား ကျောင်းသားများနှင့် တူညီသောဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ထင်ရှားပေါ်လွင်နေချေသည်။

ဆရာ၏ မိတ်ဆက်စကားကို တုံ့ပြန်သည့် အနေဖြင့်၊ ကျောင်းသားသစ်သည် စာသင်ခန်းထဲသို့ လျှောက်ဝင်လာပြီး၊ စင်မြင့်အောက်ရှိ ကျောင်းသားများကို အနည်းငယ် မေးဆတ်ပြလိုက်သည်။

သူ့နောက်တွင်မူ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် ကြေးညိုရောင်အသားအရေ ရှိသော စာအုပ်ကိုင်တစ်ဦး ပါလာချေသည်။ သူသည် အနက်ရောင် ဦးထုပ်အသေးလေးနှင့် အနက်ရောင် စာအုပ်ကိုင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

စာအုပ်ကိုင်သည် လေးလံသော စာအုပ်ခြင်းတောင်းကို ထမ်းထားရင်း အနည်းငယ် မကျေမနပ်ဖြစ်နေပုံ ရသည်။

"ချူလျန်... လွတ်နေတဲ့ နေရာတစ်နေရာ ရှာပြီး ထိုင်လိုက်ပါ... ဒီနေ့ သင်ခန်းစာ စတော့မယ်..." ဆရာက သူ့ကို အတန်းနှင့် မိတ်ဆက်ပေးပြီးနောက် ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ..." ချူလျန်သည် ဆရာကို ဦးညွှတ်ရင်း ပြောလိုက်သည်။

ထို့နောက် သူသည် စာသင်ခန်း၏ အနောက်ဘက်အကျဆုံးနေရာသို့ လျှောက်သွားလေသည်။

အတန်းထဲတွင် ကျောင်းသား (၂၀)ခန့်နှင့် ကျောင်းသူ (၁၀)ဦးခန့် ရှိပြီး၊ တစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်စားပွဲခုံများ ရှိကြသည်။

ဟိုဟိုဒီဒီ ကြည့်ရှုပြီးနောက်၊ သူသည် နောက်ဆုံးဘက်ရှိ လွတ်နေသော ခုံတစ်ခုံကို ရွေးချယ်လိုက်သည်။ သူ၏ ညာဘက်တွင် လီကျွယ် ထိုင်နေပြီး၊ အတွေးများ ပျံ့လွင့်နေပုံ ရသည်။

ချူလျန်နှင့် သူ၏စာအုပ်ကိုင် ထိုင်ရန် ပြင်လိုက်စဉ်မှာပင်၊ ဆရာက ဆူပူလိုက်သည်။ "စာအုပ်ကိုင်... မင်း စာသင်ခန်းထဲကို ဝင်လို့မရဘူး... အပြင်ထွက်စောင့်နေ... တကယ်လို့ စာသင်ချင်စိတ်ရှိရင် ပြတင်းပေါက်နားကနေ တိတ်တိတ်လေး နားထောင်လို့ ရတယ်... အတန်းကို မနှောင့်ယှက်နဲ့..."

ချူလျန်၏ အနောက်မှ စာအုပ်ကိုင်ခမျာ ခေတ္တမျှ ကြောင်သွားပြီးနောက်၊ စာအုပ်ခြင်းတောင်းကို ချလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ..." စာအုပ်ကိုင် ပြန်ဖြေလိုက်ပြီးနောက်၊ စိတ်ပျက်လက်ပျက်ဖြင့် စာသင်ခန်းထဲမှ ထွက်ခွာသွားရသည်။

ထိုစာအုပ်ကိုင်သည် လင်းပေ့မှလွဲ၍ အခြားသူ မဟုတ်ပေ။

လင်းပေ့သည် စာသင်ခန်း ပြတင်းပေါက်အနီးနား အပြင်ဘက်တွင် ရပ်နေပြီး အတွင်းသို့ ချောင်းကြည့်လိုက်သည်။ ချူလျန်နှင့် အကြည့်ချင်း ဆုံသွားပြီးသခိုက်၊ လင်းပေ့တစ်ယောက် အနည်းငယ် ဒေါသထွက်နေကြောင်း ချူလျန် သိလိုက်သည်။

'ငါတို့နှစ်ယောက်လုံး ဒီကို တာဝန်နဲ့ လာတာလေ... ဘာလို့ မင်းကကျ ကျောင်းသား ဖြစ်ပြီး... ငါကျ စာအုပ်ကိုင် ဖြစ်နေရတာလဲ..' လင်းပေ့သည် သူ၏ မျက်လုံးများမှတဆင့် သူ၏ စိတ်ပျက်အားငယ်မှုကို တိတ်တဆိတ် ပေးပို့လိုက်သည်။

'ငါတို့မှာ မတူညီတဲ့ စရိုက်လက္ခဏာတွေ ရှိနေလို့ ဖြစ်မှာပါ... လူမျိုးရေးခွဲခြားတာမျို မဟုတ်ပါဘူး...' ချူလျန် သူ၏မျက်လုံးများဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

လင်းပေ့ လက်မခံနိုင်သေး။ 'ငါ နားမလည်ဘူး...'

'ကောင်းပြီ... ဒီလိုကြည့်လိုက်... စာအုပ်ကိုင်တစ်ယောက်အနေနဲ့ဆို သတင်းအချက်အလက် စုဆောင်းရတာ မင်းအတွက် ပိုလွယ်ကူလိမ့်မယ်... ဒီတော့ စာအုပ်ကိုင်အသိုင်းအဝိုင်းထဲမှာ ဘာလို့ စုံစမ်းမမေးမြန်းကြည့်တာလဲ... ဒီထူးဆန်းတဲ့အမှုနဲ့ ပတ်သက်ပြီး သဲလွန်စတချို့ ရနိုင်လောက်တယ်...' ချူလျန် အကြံပြုလိုက်သည်။

ထိုအကြံပြုချက်ဖြင့်၊ လင်းပေ့တစ်ယောက် နောက်ဆုံးတွင် ထိုကိစ္စကို လက်လျော့လိုက်ရသည်။ သူ နောက်လှည့်ပြီး စာအုပ်ကိုင်အုပ်စုနှင့် သွားရောက် ရောနှောလိုက်တော့သည်။

တောင်ပိုင်းတောင်တန်းကျောင်းတော်မှ ကျောင်းသား အများစုသည် ကြွယ်ဝချမ်းသာသူများ၊ ဩဇာအာဏာရှိသူများ သို့မဟုတ် အစိုးရအရာရှိကြီးများ၏ သားသမီးများ ဖြစ်ကြသည်။

ဆိုလိုသည်မှာ သဘာဝကျစွာပင်၊ သူတို့နှင့်အတူ ပြုစုစောင့်ရှောက်ပေးမည့် စာအုပ်ကိုင်များ ပါလာတတ်ကြသည်။ သို့သော်၊ ကျောင်းသားများနှင့် သူတို့၏ စာအုပ်ကိုင်များအားလုံး စာသင်ခန်းထဲတွင် ဆံ့ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့်၊ သင်ခန်းစာ ပြီးဆုံးသည်အထိ အနားယူရန် စာအုပ်ကိုင်များအတွက် သီးခြားနေရာတစ်ခု ပေးထားရသည်။ ထို့အပြင်၊ သင်ခန်းစာကို စိတ်ဝင်စားပါက စာသင်ခန်း ပြတင်းပေါက်နားတွင် ရပ်ပြီး အပြင်မှ နားထောင်နိုင်သေးသည်။ ကျယ်လောင်သော ဆူညံသံများ မပြုလုပ်သရွေ့၊ သူတို့ကို မည်သည့်အရာမှ ကန့်သတ်ထားမည် မဟုတ်ပေ။

တောင်ပိုင်းတောင်တန်းကျောင်းတော်ရှိ သင်ခန်းစာများသည် အချိန်အတော်ကြာမြင့်ချေသည်။ ပထမဆုံးသင်ခန်းစာ ပြီးဆုံးချိန်တွင်၊ ကျောင်းသားအားလုံး အနည်းငယ် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။

ချူလျန် တစ်ဦးတည်းသာ စိတ်ဓာတ်တက်ကြွနေဆဲ ဖြစ်သည်။ သူသည် ကျောင်းသားဘဝတုန်းက ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်ခဲ့သဖြင့်၊ စာသင်ခန်းထဲတွင် ရှိနေရခြင်းက သူ့ကို အတိတ်အား ပြန်လည် လွမ်းဆွတ်စေတော့သည်။

သူ၏ ဆရာဟောင်းများ ပြောဖူးသည်မှာ၊ သူသည် ဇွဲလုံ့လ လိုအပ်သေးသည် ဟူ၍ ဖြစ်သည်။

အကယ်၍ သူသာ စာပေလေ့လာမှုအပေါ် အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပါက၊ မည်သူမျှ သူ့ကို ကျော်ဖြတ်နိုင်မည် မဟုတ်ဘဲ၊ အကန့်အသတ်မရှိသော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည် ဟူသတည်း။

ပြဿနာမှာ၊ သူသည် အကြောင်းအရာများစွာကို စိတ်ဝင်စားလွန်းတတ်ခြင်းပင် ဖြစ်သည်။ အားကစားအမျိုးမျိုး၊ စားပွဲတင်ဂိမ်းများနှင့် ဗီဒီယိုဂိမ်းများ အပါအဝင်… အရာရာတိုင်း….။

သို့သော်၊ သူ အချိန်နှင့်စွမ်းအား စိုက်ထုတ်သမျှ အရာတိုင်းတွင် သူ ထူးချွန်ခဲ့သည်။

ထို့ကြောင့်ပင်၊ သူသည် ပြည်နယ်အဆင့်တွင် တတိယသာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ချူလျန်ဘေးတွင် ထိုင်နေသော လီကျွယ်သည် မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ပုံရသည်။ သင်ခန်းစာစတင်ပြီး မကြာမီမှာပင် အိပ်ပျော်သွားခဲ့သည်။

ထို့ကြောင့်၊ ချူလျန်အနေဖြင့် သူ့အတွက် စိုးရိမ်နေရန် မလိုအပ်ဟု ခံစားလိုက်ရသည်။ သူသည် စကားပြောဖော်ရမည့် သူတစ်ယောက်ယောက်ကို ရှာဖွေရန် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်မိသည်။

ထိုအချိန်တွင်၊ သူ့ဘယ်ဘက်တွင် ထိုင်နေသော မျက်နှာပေါ်တွင် တင်းတိပ်အနည်းငယ် ရှိသည့် မိန်းကလေးက သူ့ဘက်သို့ လှည့်လာသည်။

သူမ၏ မျက်လုံးများ တောက်ပနေပြီး စူးစမ်းလိုစိတ်ဖြင့် "ချူလျန်... ရှင်က ဘယ်ကလဲ..."

ကျောင်းသားများသည် ဆွဲဆောင်မှုရှိသော ပြောင်းရွှေ့ကျောင်းသားများအကြောင်း အမြဲတမ်း စူးစမ်းချင်ကြသည် မဟုတ်လော။

"ကျွန်တော် ရှင်းကျိုးမြို့က လာတာပါ..." ချူလျန်သည် ကြိုတင် ပြင်ဆင်ထားသော ကိုယ်ရေးရာဇဝင်၏ တစ်စိတ်တစ်ပိုင်းကို မျှဝေလိုက်သည်။

"ရှင်းကျိုးမြို့... ဒါဆို ဘာလို့ ဒီမှာ လာကျောင်းအပ်တာလဲ..."

"မိသားစုကိစ္စပေါ့ဗျာ... ကျွန်တော့် မိသားစုတစ်ခုလုံး ဒီဒေသကို ပြောင်းရွှေ့လာကြလို့... ကျွန်တော်လည်း ဒီကျောင်းတော်ကို ပြောင်းလာရတော့တာပဲလေ..." ချူလျန် ပြုံးပြီး ပြန်ဖြေလိုက်သည်။

ချူလျန် ပြုံးလိုက်သည်ကို မြင်သောအခါ၊ မိန်းမငယ်လေး တခစ်ခစ် ရယ်မောလိုက်ပြီး "ခစ်ခစ်... တောင်ပိုင်းတောင်တန်းကျောင်းတော်က တော်တော်ကောင်းပါတယ်... ဒီအနောက်တောင်ပိုင်းတစ်ဝိုက်မှာ အကောင်းဆုံးကျောင်းတော်တွေထဲက တစ်ခုလေ..."

"ဒီမလာခင်တုန်းက ကျွန်တော်လည်း အဲဒီလိုပဲ တွေးခဲ့တာ... ဒီမှာကျောင်းအပ်တာ ကျွန်တော့်အတွက် ကောင်းလိမ့်မယ်လို့ပေါ့..." ချူလျန် အနည်းငယ် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အခုတော့... ကျွန်တော် နည်းနည်း စိတ်ပူနေမိတယ်..."

"ဘာကိုလဲ..." မိန်းမငယ်လေးက ချက်ချင်း မေးလိုက်သည်။

"ဒီမှာ သိပ်မကြာသေးခင်တုန်းက သရဲတွေဘာတွေ ခြောက်တယ်လို့ ကြားမိလို့လေ..." ချူလျန် တီးတိုး ပြောလိုက်သည်။

"အာ..." မိန်းမငယ်လေး ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာအမူအရာက လျင်မြန်စွာ တည်ငြိမ်လေးနက်သွားသည်။ သူမ ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်ကာပြောလိုက်သည်။ "ဟုတ်တယ်... အဲဒီလို ဖြစ်ရပ်တွေ ရှိခဲ့တယ်... ဒါပေမဲ့… ရှင် ကြောက်စရာ မလိုပါဘူး... အဲဒါက ပြဿနာရှာတဲ့ ကောင်တွေပဲ..."

"လီချွန်းရှ…" အနီးအနားမှ ကျယ်လောင်သော အော်ငေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ "နင် အတင်းအဖျင်း ထပ်ပြောနေပြန်ပြီလား.."

ချူလျန်နှင့် စကားပြောနေသော မိန်းမငယ်လေး လီချွန်းရှသည် ကြောက်လန့်တကြား တုန်လှုပ်သွားသည်။ သူမ ခေါင်းကို အလျင်အမြန် ခါလိုက်ပြီး၊ နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။

စကားပြောလိုက်သူမှာ ကြွက်သားအမြှောင်းမြှောင်းနှင့် ကြံ့ခိုင်သန်မာသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ခုံတွင် ရပ်နေပြီး၊ ချူလျန်နှင့် လီချွန်းရှတို့ကို ရန်လိုသော မျက်နှာထားဖြင့် စိုက်ကြည့်နေချေသည်။

သူ၏ ခုံသည် အတန်းအနည်းငယ် ကွာဝေးသော်လည်း၊ သူတို့ ပြောဆိုနေသည်များကို တစ်နည်းနည်းဖြင့် ကြားသွားခဲ့ပုံ ရသည်။ ဤအကြောင်းအရာသည် သူ့အတွက် အလွန်တရာ အကဲဆတ်သော ခေါင်းစဉ်တစ်ခု ဖြစ်ပုံရချေသည်။

ကြံ့ခိုင်သော လူငယ်သည် ချူလျန်ကို လက်ညှိုးထိုးကာ သတိပေးလိုက်သည်။ "လူသစ်ကောင်... မင်း ဒီမှာ အေးအေးဆေးဆေး စာသင်ချင်ရင်... အဲဒီအကြောင်း လိုက်မမေးနဲ့... ကြားလား..."

ဤ ရန်လိုသော သတိပေးမှုကို ရင်ဆိုင်ရသောအခါ၊ ချူလျန်သည် ပြုံးပြီး ခေါင်းညိတ်သာ ပြလိုက်သည်။ ဘာမှ မဖြစ်ခဲ့သကဲ့သို့ မည်သည့် တုံ့ပြန်စကားမျှ မပြောပေ။

ထိုအချိန်တွင်၊ သူတို့နောက်မှ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ "ယန်ရှောင်ဟူ... မင်းက ဘာလို့ ထပ်ပြီး ရန်လိုနေပြန်တာလဲ..."

"ဆရာမစုန့်..." ကြံ့ခိုင်သောလူငယ် ယန်ရှောင်ဟူ ရေရွတ်လိုက်သည်။

နူးညံ့သော အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်၊ သူသည် ချက်ချင်း ယဉ်ကျေးသိမ်မွေ့သွားပြီး နောက်လှည့်ကာ ပြန်ထိုင်လိုက်တော့သည်။

ထို့နောက်တွင်မူ၊ ထိုနူးညံ့သောအသံပိုင်ရှင် အမျိုးသမီးတစ်ဦး ဝင်ရောက်လာတော့သည်။

သူမ၏ အရပ်ရှည်ရှည်၊ ကျက်သရေရှိပြီး သွယ်လျသောကိုယ်ခန္ဓာကို ရိုးရှင်းသော အပြာရောင်ဂါဝန်၊ အစိမ်းရောင်အင်္ကျီတိုလေးဖြင့် ဖုံးအုပ်ထားချေသည်။ သူမသည် ဆံပင်ကို ရိုးရိုးရှင်းရှင်းပုံစံဖြင့် စည်းနှောင်ထားပြီး၊ ကြွေထည်ကဲ့သို့ ဖြူဝင်းသော နားရွက်များနှင့် လည်တိုင်ကို ဖော်ပြထားသည်။

သူမ၏ မျက်နှာသည် ထင်ရှားသော မျက်နှာကျနှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေတို့ကြောင့် လှပနေပြီး၊ တောက်ပသော အနက်ရောင်မျက်ဝန်းတစ်စုံဖြင့် ပြည့်စုံနေချေသည်။

အမျိုးသမီးသည် လေးနက်သော မျက်နှာထား ရှိပြီး၊ အသက်အရွယ်ထက် ပိုကြီးရင့်ပုံ ပေါက်အောင် ဂိုက်ဖမ်းထားသော်ငြား၊ အတော်လေးငယ်ရွယ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပင် သိသာထင်ရှားနေလေသည်။

"သူက ဒီကျောင်းတော်က ဆရာမလား..." ချူလျန် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

ဤအမျိုးသမီးသည် ဆရာမတစ်ဦး ဖြစ်ရန်အတွက် အလွန်တရာ ငယ်ရွယ်လွန်းနေသည်။

ဆရာမစုန့်သည် စာသင်ခန်းအတွင်းပိုင်းသို့ လျှောက်ဝင်လာပြီးနောက်၊ လီကျွယ်၏ ခုံအနီးတွင် ရပ်တန့်လိုက်ပြီး၊ သူ့ကို ညင်သာစွာ လှုပ်နှိုးလိုက်သည်။

လီကျွယ် နိုးလာသောအခါ၊ ဆရာမစုန့်သည် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းသွားသည်။

ထို့နောက်၊ သိမ့်မွေ့စွာ ပြောလိုက်သည်။ "သင်ခန်းစာ စလိုက်ကြရအောင်..."

လီကျွယ်သည် ဤအမျိုးသမီးဆရာမကို ငေးကြည့်ရင်း၊ ရှားပါးသော နိုးကြားမှု အခိုက်အတန့်တစ်ခုအား ရရှိနေချေသည်။

ယခင်အတန်းမှ အသက်ကြီးကြီးဆရာသည် ကျောင်းသားများကို နှိုးထစေရန် အသံကုန်ဟစ်ပြီး အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

သူနှင့် နှိုင်းယှဉ်လျှင်မူ...

ဆရာမစုန့်၏ အသံသည် ပျော့ပျောင်း၊ နူးညံ့ပြီး နှစ်သိမ့်မှုပေးစွမ်းနိုင်ကာ တိုးညှင်းသောအသံနှင့်သာ တူပေသည်။

သို့သော်၊ သူမ၏အသံသည် ကျောင်းသားအားလုံး ကျား၊မ မရွေးအား ပိုမို နိုးကြားလာစေသည်။ မည်သူမျှ ငိုက်မြည်းခြင်းပင် မရှိကြပေ။

"ဒီနေ့ ကျောင်းသားသစ်တစ်ယောက် ရှိတယ်လို့ ကြားတယ်..." ဆရာမစုန့် စကားစလိုက်သည်။

သူမသည် ချူလျန်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ "ဒါကြောင့်... ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ... ကျွန်မက စုန့်ချင်းရီပါ... တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ ကဗျာနဲ့စာပေ သင်ကြားပါတယ်..."

ချူလျန်သည် စုန့်ချင်းရီ၏ နူးညံ့သော မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သောအခါ၊ တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို ခံစားလိုက်ရသည်။

ငယ်ရွယ်သော်လည်း၊ စုန့်ချင်းရီသည် ကဗျာနှင့်စာပေတွင် နက်နဲသော ဗဟုသုတ ရှိလေသည်။ သူမသည် ရှုပ်ထွေးသော သဘောတရားများကို ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ခွဲခြမ်းစိတ်ဖြာပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ပြပို့ချနိုင်သည်။

သင်ခန်းစာပြီးဆုံးသောအခါ၊ နေ့လယ်စာစားချိန်သို့ ရောက်ရှိလာတော့သည်။

ချူလျန်သည်လည်း နေ့လယ်စာစားရန် သွားသောလမ်း၌ လင်းပေ့နှင့် တွေ့ဆုံလိုက်ရသည်။

"စုံစမ်းစစ်ဆေးမှု ဘယ်လိုနေလဲ..." ချူလျန် မေးလိုက်သည်။

"ငါ အားလုံး စုံစမ်းပြီးပြီ..." လင်းပေ့က စိတ်လှုပ်တရှား ပြန်ဖြေလိုက်သည်။

"အဲဒီဆရာမ စုန့်ချင်းရီက ကျန်းနန်ဒေသက ဒေသခံတစ်ယောက်... ငါတို့လိုပဲ သူက တောင်ပိုင်းတောင်တန်းကျောင်းတော်မှာ လူသစ်ဖြစ်သလို.. လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရောက်လာတာ... အသက် (၁၈)၊ (၁၉)လောက်ပဲ ရှိဦးမယ်... ဆိုတော့ကာ ငါတို့နဲ့ ရွယ်တူလောက်ပဲ... ပြီးတော့ အိမ်ထောင်မရှိသေးဘူး…"

ချူလျန် "..."

All Chapters