အခန်း (၈၁)
Vol. 9 Ch. 81
သူငယ်ချင်းလေးမှာ ရေချိုးခန်းထဲတွင် အချိန်အတော်လေးကြာနေပြီဖြစ်၍ ကျင်းယန် အနည်းငယ် စိုးရိမ်သွားခဲ့သည်။
သူက တံခါးတွင် ရပ်ပြီး တုံ့ဆိုင်းနေချိန်တွင် သီချင်းဆိုသံ ရပ်သွားသည်အား ကြားလိုက်ရလေ၏။ ထို့အတူ ရေစီးသံသည်လည်း ရပ်တန့်သွားခဲ့သည်။
သို့နှင့် ကျင်းယန်တစ်ယောက် မည်သည့်အရာမှ မဖြစ်ပျက်သွားသကဲ့သို့ အိပ်ခန်းထဲသို့ ခြေဖော့၍ ဝင်သွားလိုက်သည်။
လူများက သူမ၏လျို့ဝှက်ချက်အား ရှာတွေ့မသွားစေရန်အတွကာ သူငယ်ချင်းလေးက အလွန်ဂရုစိုက်နေခဲ့သည်။
သို့ဖြစ်၍ သူသည်လည်း ထုထုအား ရှက်ရွံ့သွားစေရန် မလုပ်ချင်ပေ။
ကျင်းယန်က တံခါးအပြင်ဘက်တွင် အချိန်တချို့ကြာအောင် နှေးကွေးစွာလှုပ်ရှားနေသည်အား ယင်ရိလျိုမသိချေ။
သူမက dryerဖြင့် အခြောက်ခံထားသည့် သူမ၏အတွင်းခံကို ပြန်ဝတ်ပြီးနောက် လောလောလတ်လတ်လျှော်ထားသည့် အင်္ကျီလေးနှင့် စကတ်လေးကို ဝတ်ဆင်ရန်ကြိုးစားလိုက်ပြီး ယုန်တစ်ကောင်အဖြစ် ပြန်ပြောင်းလိုက်သည်။
သူမ၏နေရာလွတ်ထဲမှ ထုတ်ယူခဲ့သောအဝတ်များသည် ကြက်သွေးရောင်ဖြစ်ပြီး လက်ရာမှာလည်း ကျွမ်းကျင်အဆင့်ဖြစ်၏။
ဤသည်မှာ ဒေါင်လိုက်ကြယ်သီးများနှင့် အင်္ကျီစကတ်လေးဖြစ်ပြီး စကတ်မှကြယ်သီးသည်က သူ၏ခြေကျင်းဝတ်ထိ ရောက်လေသည်။
ဤစကပ်လေးဖြင့်ဆိုပါက သူမ၏အမြီးလုံးဝိုင်းဝိုင်းလေးသည်လည်း အဖိခံရမည်မဟုတ်ချေ။
ယုန်တစ်ကောင်အဖြစ် ပြောင်းပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ထိကြည့်လိုက်ပြီး သူမ၏ခန့်မှန်းချက်က မှန်ကန်သည်ကို တွေ့လိုက်ရသဖြင့် ယင်ရိလျို အားရကျေနပ်စွာသွားခဲ့သည်။
သူမ ယုန်တစ်ကောင်အဖြစ် အသွင်ပြောင်းပြီးနောက်တွင် သူမ၏အဝတ်များက ကျွတ်မသွားချေ။ ထို့အစား ၎င်းတို့သည် သူမ၏လူသားအသွင် ပြန်မပြောင်းခင်အထိ ခန္ဓာကိုယ်ပေါ်တွင် ဖုန်းကွယ်ပြီး ကျန်နေခဲ့သည်။
ဤသည်မှာ အနာဂတ်၌ သူမ၏နေရာလွတ်ထဲမှ ချစ်စရာကောင်းသည့် ဝတ်စုံများအားလုံးကို ဝတ်နိုင်တော့မည်ဟု ဆိုလိုသည်လား?
ယင်ရိလျို အချိန်ကြာမြင့်စွာ မနှောင့်နှေးရဲပါချေ။
သူက တံခါးကို လျှင်မြန်စွာ လော့ခ်ဖွင့်ကာ သားမွှေးများကို ခါယမ်းပြီး ရေစိုလျက်အတိုင်း ရေချိုးခန်းထဲမှ ထွက်လာလိုက်ခဲ့သည်။
ကျောင်းချီယန်တစ်ယောက် အိပ်ခန်းထဲမှ ရုံးသုံးကွန်ပျူတာတစ်လုံးကို ရှာတွေ့သဖြင့် ပီတိဖြစ်နေပြီး ၎င်းကို သူ၏အခန်းထဲတွင် တပ်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။
အဝတ်လျှော်စက်ကတော့ အခန်းထဲတွင် တဂျုန်းဂျုန်းမြည်နေဆဲဖြစ်ပြီး ကျောင်းစီဟွေ့က မီးဖိုချောင်ထဲတွင် ညစာချက်နေခဲ့သည်။
ယုန်လေး၏နားရွက်များ အောက်ကိုင်းကျလျက်ရှိနေပြီး စိုစွတ်နေသော နှာခေါင်းလေးက တုန်ရီသွားခဲ့သည်။
သူမက နေရာအနှံ့လျှောက်ပတ်ကြည့်နေခဲ့သော်လည်း ကျင်းယန်ကို ရှာမတွေ့ခဲ့ပါချေ။ မြင်ကွင်းထဲတွင် အမြဲတမ်းရှိနေခဲ့သည့်လူက ရုတ်တရက်ပျောက်သွားချိန်တွင် အဘယ်ကြောင့်မှန်းမသိ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်လည်း သူမ ရေချိုးခန်းထဲမှ လှမ်းထွက်လျှင်ထွက်ချင်း နူးညံ့သည့်တိမ်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ သူမ၏နောက်ကျောဘက်မှ ခြောက်သွေ့သည့် အမွှေးပွတဘတ်ကြီး တစ်ထည်ဖြင့် ကောက်ယူခြင်းခံလိုက်ရပြီး သူမ၏ခန္ဓာကိုယ်သည်လည်း လေထဲသို့ မြှောက်တက်သွားခဲ့သည်။
ယင်ရိလျို သူမ၏ခြေထောက်လေးကို တဘတ်ထဲတွင် ရုန်းကန်ပြီးမှ နောက်ကို လှည့်ကြည့်လိုက်ချိန်တွက် တစ်ဖက်လူက ကျင်းယန်ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုသူ၏ ဆံပင်များက ကောင်းစွာခြောက်သွေ့သွားပြီဖြစ်ပြီး နောက်တစ်ဖန်ပြန်လည်၍ အေးစက်မှုတို့ဖြင့် ခြုံလွှမ်းနေလေသည်။
ကျင်းယန်က တဘတ်ထဲမှ စိုစွတ်နေသော သူငယ်ချင်းလေးကို သူ၏ရွှေရောင်ဖျော့ဖျော့ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမ၏ စိတ်ထင်လား ယင်ရလျို မသေချာသော်လည်း ကျင်းယန်၏မျက်လုံးထဲတွင် သဘောမကျသည့် အရိပ်အယောင်တချို့ကို မြင်လိုက်ရသည်ဟု ထင်မြင်မိသည်။
သူ၏မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသော်လည်း လက်လှုပ်ရှားမှုများကတော့ အလွန်ပင်ညင်သာနေခဲ့ပြီး သူမ၏ခန္ဓာကိုယ်ပေါ်မှ စိုစွတ်သည့် အမွှေးများကို သုတ်ပေးနေခဲ့သည်။
ကျင်းယန်က သူမအား အပြစ်တင်ချင်သော်လည်း ဤသူငယ်ချင်းလေးက လူသားအစစ်တစ်ယောက် မဟုတ်ကြောင်းကို အမှတ်ရသွားသည့်အတွက် သူ၏စကားလုံးများကို မြိုချလိုက်ရသည်။
ထုထုသည်က ယခုအချိန်တွင် ကလေးမလေးတစ်ယောက် ဖြစ်လာသောကြောင့် သူငယ်ချင်းလေးကို အအေးမိခွင့်မပြုရဲချေ။
သူ၏ထင်မြင်ချက်အရ ကလေးများက နူးညံ့ပြီး အားနည်းသော သတ္တဝါများဖြစ်သဖြင့် သူတို့သည်က လေပြင်းတိုက်ရုံဖြင့် အအေးမိပြီး ဖျားနာနိုင်သည်။ ထို့ကြောင့် ၎င်းသည် သတိကြီးစွာ ဂရုစိုက်ရန်လိုအပ်ပြီး ကိုင်တွယ်ရန်လည်း ခက်ခဲလေသည်။
သို့သော် ၎င်းက ထုထုဖြစ်နေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်သည်ဟု သူ မခံစားရချေ။
စိုစွတ်နေသည့်အတိုင်းထွက်လာခဲ့ပါက သူမ အအေးမိမည်ကို သူစိတ်ပူနေရုံမျှသာ ဖြစ်ပေသည်။
*
အိမ်အပြင်ဘက်တွင် အနက်ရောင် ဝံပုလွေပေါက်လေး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်မှ သားမွှေးက အလွန်နက်မှောင်သောကြောင့် ရှင်းလင်းစွာ မမြင်နိုင်ချေ။
သူက သန်စွမ်းသည့် သန္ဓေပြောင်းသစ်ပင်ကြီးကို ကုတ်ရန် ၎င်း၏ချွန်ထက်သော လက်သည်းများကို အသုံးပြုနေခဲ့ကာ အလွန်ပျော်ရွှင်နေခဲ့သည်။ခြံဝင်းက သူ လျှောက်ပတ်ဆော့ကစားရန်အတွက် လုံလောက်သည်အထိ ကြီးမားလေသည်။
၎င်းက အခန်းထဲမှ လူငယ်နှင့် ယုန်၏ သဟဇာတဖြစ်သည့် မြင်ကွင်းကိုမော့ကြည့်လိုက်ကာ ၎င်း၏နှလုံးသားထဲတွင် အနည်းငယ်ခါးသီးသော ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
၎င်း၏အမေသာ အသက်ရှင်သေးလျှင် သူ့ကို ညစ်ပတ်နေသည့်အတွက် သို့မဟုတ် အသားကို များစွာ စားသည့်အတွက် စိတ်မရှိလောက်ပါချေ။
သူမက ၎င်း၏ သားမွှေးများကိုလည်း ကျင်းယန် နည်းတူ ညင်ညင်သာသာ လျှက်ပေးမည်ဖြစ်သည်။
နေ့ရက်များ၏ အဆုံးသတ်တွင် ဝံပုလွေလေးသည်က သားပေါက်လေးတစ်ကောင်သာ ဖြစ်နေခဲ့သေးသည်။
၎င်းမွေးဖွားပြီးနောက် အချိန်တိုတွင်း ၎င်း၏ မျက်စိရှေ့မှောက်၌ အမေဖြစ်သူက သေသွားခဲ့ပြီး ၎င်း၏ နှလုံးသားထဲတွင် ကြင်နာမှုများကို တောင့်တနေဆဲဖြစ်သည်။
ဝံပုလွေပေါက်လေးက သစ်ပင်ပင်စည်အား ပြင်းပြင်းထန်ထန် ကုတ်ပြီး လည်ချောင်းထဲမှ အော်ညည်းလိုက်သည်။
ဟမ့် ငါဂရုမစိုက်ဘူးကွ!
၎င်းအမုန်းဆုံးအရာသည်က ရေချိုးရခြင်းပင်ဖြစ်၏။ သားမွှေးများ စိုသွားသည့်ခံစားချက်က အလွန်ပင် သက်တောင့်သက်သာမရှိပါချေ။
လူသားကလေးအဖြစ် ပြောင်းလဲနိုင်သည့် မကောင်းဆိုးဝါးယုန်လေးကသာ ရေချိုးရခြင်းပျော်နေပေမည်လေသည်။
သူက မကောင်းဆိုးဝါးလေး ဖြစ်နေလို့ သူရဲ့ပိုင်ရှင်ကို ကျေနပ်စေနိုင်တာပဲ!
အံ့သြစရာမဟုတ်ပါဘူး!
ယင်ရိလျို၏ အမွှေးများကို ခြောက်သွေ့သည်အထိ သုတ်ပြီးနောက် ပွယောင်းလာခဲ့ချိန်တွင် ကျောင်းစီဟွေ့သည်လည်း ဟင်းပွဲများကို တစ်စားပွဲစာ ချက်ပြုတ်ပြီးဖြစ်သည်။
အိပ်ခန်းထဲ၌ ကွန်ပျူတာနှင့် ကလိနေသည့် ကျောင်းချီယန်သည်လည်း အစားအသောက် ရနံ့များထံမှ ဆွဲဆောင်ခံရ၍ အခန်းထဲမှ ထွက်လာခဲ့သည်။
ကျောင်းစီဟွေ့ သူမ၏နောက်မှ မောင်ဖြစ်သူကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“ဘယ်လိုလဲ?”
သူတို့တွင် ကွန်ပျူတာများနှင့် အင်တာနက်ချိတ်ဆက်မှုရှိလာပါက သူတို့၏ဘဝက အလွန်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။
ကျောင်းချီယန် စိတ်မဝင်စားစွာ ပုခုံးတွန့်လိုက်၏။
“network မရှိဘူး.. signalတော့ရှိတယ်.. Spider Solitaire ကစားနိုင်ပြီး အဲဒါလောက်ပဲ”
ယင်ရိလျို၏ နေရာလွတ်ထဲတွင် ဝက်ကင်အိတ်ကြီး တစ်အိတ်ရှိသည်။
ကျောင်းစီဟွေ့က သူတို့အတွက် အသားများကို လုံလောက်အောင် လှီးပြီးနောက် ဝံပုလွေလေး၏ ထမင်းပန်ကန်အဖြစ် အသုံးပြုထားသည့် bathtub ထဲတွင် ကျန်ရှိသည့်အသားကို ထမင်းနှင့်ရောနယ်လိုက်သည်။
ဝံပုလွေပေါက်သည်လည်း ထပ်မံမစောင့်နိုင်တော့ဘဲ အလောတကြီးစားကာ အသားများကို စတင်ကိုက်ဝါး ခဲ့လေသည်။
၎င်း၏ခြေဖဝါးတစ်ခုလုံးက ဆီများရွှဲရွှဲစိုနေလျှင်ပင် သားသောက်ရန်ကိုသာ အာရုံစိုက်နေခဲ့ပြီး ၎င်း၏ခေါင်းကိုပင် မမနိုင်ချေ။
လူတိုင်းက သူတို့၏လက်များကို ဆေးကြောပြီးနောက် မြို့တော်Z အခြေစိုက်စခန်း၊ သူတို့ရှုးယန်အသင်း၏ အိမ်လေးတွင် အငွေ့တထောင်းထောင်းထနေသော ထမင်းနှင့်အတူ သူတို့၏ပထမဆုံးညစာကို စတင်စားခဲ့ကြသည်။
ဤသည်မှာ ရည်ရွယ်ချက်ကောင်းဖြစ်သည်။
ယင်ရိလျိုက နေရာလွတ်ထဲမှ ဝိုင်နီနှင့် ဖျော်ရည်များကို ထုတ်ယူခဲ့ပြီး ကျောင်းချီယန်က လူတိုင်းအတွက် ဖြည့်ပေးခဲ့သည်။
ယင်ရိလျိုကို အလွန်စိတ်မကျေနပ်စေသည့် အရာမှာ ကျင်းယန်က သူမကို ဖျော်ရည်သောက်ခွင့်မပြုပင်ခြင်းဖြစ်သည်။
ယုန်လေးက စိတ်အားထက်သန်မှုနှင့် ပြည့်နှက်နေသော မျက်နှာကို မော့လိုက်ကာ သူမ၏လက်တိုတိုလေးများသည် လေထဲတွင် ဝှေ့ယမ်းနေခဲ့သည်။
သူမက စိတ်ဆိုးစွာ အော်ညည်းနေခဲ့ပြီး ကျင်းယန်ကသာ သူမအား နည်းနည်းလောက် မပေးပါက ချက်ချင်းငိုတော့မယောင်ဖြစ်နေခဲ့သည်။
ကျင်းယန်မျက်နှာပေါ်တွင် လက်လျော့သည့် အကြည့်တစ်ခုပေါ်လာလေသည်။
သူက ယင်ရိလျိုအတွက် ရေဘူးအဖုံးတစ်ဖုံးစာသာ လောင်းထည့်လိုက်ပြီး သူ၏လက်ကောင်ဝတ်ကို တည်ငြိမ်စွာ ထိန်း၍ ကိုင်ပေးနေခဲ့သည်။
ဖျော်ရည်၏ အလွန်သေးငယ်သည့် ပမာဏက မည်သည်မှ အရသာမခံနိုင်ပါချေ။ သို့သော်လည်း ‘ရေဘူးဖုံးကို ထပ်ဖြည့်ပေးရန်’ဆိုသည့် သူမ၏တောင်းဆိုချက်ကို ကျင်းယန်က ခိုင်မာစွာ ငြင်းပယ်ခဲ့သည်။
ယင်ရိလျိုတစ်ယောက် မကျေမနပ် နှုတ်ခမ်းဆူလိုက်မိသည်။
ကျင်းယန်က သူမ၏တောင်းဆိုချက်ကို ပြတ်သားစွာငြင်းဆိုခြင်းမှာ ဤသည်က ပထမအကြိမ်ဖြစ်သည်။
သူမက ချစ်စရာကောင်းစွာ လျှောက်ပတ်လှိမ့်၍ မည်မျှပင် ကလူ၏မြူ၏ပြုမူပါစေ ကျင်းယန်သည် သူမကိုထပ်မမပေးတော့ချေ။
ယင်ရိလျို ဒေါသထွက်စွာဖြင့် သူမ၏တင်ပါးလေးကို လှည့်လိုက်ပြီး သူမ၏ နူးညံ့သည့်နောက်ကျောဖြူဖြူကိုသာ သူဆီသို့ မျက်နှာမူလိုက်သည်။
ဒေါသထွက်နေသော ရှောင်ထုထုကို မြင်လျှင် ကျင်းယန်အနည်းငယ်လောက် ကူကယ်ရာမဲ့သကဲ့သို့ခံစားလိုက်သည်။ သူက ကပ်စေးနှဲခြင်းမဟုတ်ဘဲ ကလေးများ၏ ခန္ဓာကိုယ်များနှင့် အစာအိမ်များက ထိခိုက်လွယ်ပြီး ဤသောက်စရာများက ဆိုးဆေးများနှင့် ပြည့်နှက်နေသောကြောင့်ဖြစ်လေသည်။
ကျင်းရူမန် ကလေးအရွယ်တုန်းက သူ၏မိသားစုက သူမကို ပေးသည့် သောက်စရာများမှာ သဘာဝနွားနို့နှင့် ထပ်ခါထပ်ခါ စစ်ထားသည့် ရေသန့်သာဖြစ်သည်။
ဆိုရလျှင် သူမအား စားခွင့်မပြုသည့် စားစရာ အများအပြားရှိလေသည်။ယခင်က သူမ၏ဖောင်းကားနေသော ဗိုက်နှင့် ထိုအသင့်စား သရေစာမု့န်များကို ယုန်လေးက မည်သို့ဖက်တွယ်နေခဲ့ပြီး သူမ၏ပွင့်ချပ်သုံးချပ် နှုတ်ခမ်းများတွင် ဆော့စ်အစပ်များ နီနီရဲရဲ စွန်းထင်းနေသည်အား စဥ်းစားကြည့်လျှင် ကျင်းယန်တစ်ယောက် အကြောက်တရားနှင့် တုံ့ဆိုင်းသွားဝးရသည်။
သူငယ်ချင်းလေးအား ဤအရာများကို ထပ်မံ၍ စားခွင့်မပြုသင့်တော့ချေ။