အခန်း (၈၄)
Vol. 9 Ch. 84
မြို့တော်Zထဲမှ လူများက သန္ဓေပြောင်းအပင်များအပေါ် ဆေးအများအပြား ပက်ဖြန်းခဲ့သောကြောင့် ပတ်ဝန်းကျင်မှ အပင်များက မြို့အစွန်ပိုင်းသို့ ပြောင်းရွှေ့သွားခဲ့ပုံရသည်။
ထို့ကြောင့် ဤအစွန်အဖျားနေရာမှ အပင်များက အလွန်ပင်စိမ်းလန်းစိုပြည်ကာ မြို့တောMမှ အပင်များနှင့် နှိုင်းယှဥ်နိုင်လုနီးပါးပင်။
သူ့နားထဲ အသံတိုးတိုးတစ်ခု ကြားလိုက်ရသဖြင့် ကျင်းယန် ချက်ချင်းပင် ရပ်တန့်ရန် လက်ဟန်ကို ပြုလုပ်ပြီး ပတ်လည်ကိုတစ်ချက်ကြည့်လိုက်သည်။
သူ မလှုပ်ရှားခဲ့သကဲ့သို့ တခြားနှစ်ယောက်လည်း မလှုပ်ချေ။ သူတို့က မည်သည်ကိုမှ မကြားနိုင်သော်လည်း သူတို့၏သတိမြှင့်ထားဆဲဖြစ်သည်။
ဝံပုလွေလေးမှာမူ အလွန်ငယ်သေးသည့် အချက်မှလွဲ၍ ၎င်းသည်က အလွန်ထူးချွန်သော မုဆိုးတစ်ကောင်ဖြစ်သည်။
၎င်း၏ခြောက်ခြားဖွယ် အစိမ်းရောင်မျက်လုံးများက အနည်းငယ် အရောင်လက်သွားကာ သစ်ပင်ပင်စည်၏ နောက်ဘက်ဦးတည်၍ ဖြည်းညှင်းစွာ တွားသွားလိုက်သည်။
ထို့နောက်တွင် လေထဲဖြတ်သန်း၍ ပျံသန်းလာသော တစ်စုံတစ်ခုကို သူတို့အားလုံး ကြားလိုက်ရပြီး ယင်ရိလျို၏နားရွက်များပင် တုန်ရီသွားသည်။
*
ထို့နောက် ဘက်စကတ်ဘောလုံးထက် အရွယ်အစားကြီးသော သစ်သီးတစ်ခုက သစ်ပင်အလွှာဆီမှ သူတို့ဆီဦးတည်၍ ရုတ်တရက်ပစ်ဝင်လာလေသည်။
ကျောင်းချီယန်မှာ လေးဘက်ထောက်နေသောကြောင့် ဘေးဘက်ကို မခုန်နိုင်ပါချေ။ သူသည်က ဘေးဘက်ကိုသာ အလျှင်အမြန် ရွေ့လျားနိုင်ခဲ့လိုက်သဖြင့် ထိုအရာဝတ္ထုက သူ၏ပုခုံးဆီသို့ ထိမှန်သွားဆဲဖြစ်သည်။
သူ့အနေဖြင့် သူ၏ပုခုံးပေါ်တွင် ပေါက်ကွဲသွားသော မာကြောသောအရာဝတ္ထုတစ်ခုကို ခံစားနိုင်ပြီး ချိုချိုချဥ်ချဥ် အရည်များကလည်း သူ၏မျက်နှာနှင့်ခန္ဓာကိုယ်အနှံ့ ဖိတ်စင်သွားခဲ့သည်။
သူ၏မျက်လုံးများပင် ထုံကျဥ်လာခဲ့သည်။
အိမ်မြှောင်ကြီးက သူ၏မျက်လုံးများကို ကြမ်းတမ်းသောလက်သည်းများဖြင့် အပြင်းအတန် ပွတ်သပ်လိုက်ကာ ထောက်ချောက်ထဲသို့ကျသွားသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။
သူ၏ဘေးတွင်ရှိသော ကျောင်းစီဟွေ့ကို ကျင်းယန်မှ တွန်းလိုက်သဖြင့် သူမက ဒယိမ်းဒယိုင်ဖြင့် ဘေးကို ရွေ့သွားခဲ့ရသည်။
နောက်တစ်စက္ကန့်၌ သူမ၏ခေါင်းရှိခဲ့သည့်နေရာ အပေါ်ဘက် သစ်ကိုင်းနှင့်သစ်ရွက်များကြားမှ တုတ်ခိုင်ပြီး အမွှေးထူသည့်လက်ကြီးက ဂရုဏာမဲ့စွာ ဆန့်ထွက်လာခဲ့သည်။
၎င်း၏ပစ်မှတ်ကို လွဲသွားကြောင်း သတိထားမိချိန်တွင် ထိုသတ္တဝါက သစ်ပင်များထဲသို့ ပြန်ဆုတ်သွားခဲ့သည်။
ကျောင်းစီဟွေ့၏ နှလုံးသားက အပြင်းအထန် ခုန်လှုပ်နေခဲ့သည်။ ကျင်းယန်က သူမကို ထပ်မံကယ်ခဲ့ခြင်းဖြစ်လေသည်။ မတိုင်ခင်က ထိုသတ္တဝါ၏အသံတစ်သံကိုမှ သူမ မကြားခဲ့ချေ။
ယခုလေးတင် ၎င်းနေရာမှ မရှောင်ခဲ့လျှင် သူမ၏ဦးနှောက်က တိုက်ရိုက်ပင်ပွင့်ထွက်သွားမည်ဖြစ်သည်။
ယခုတိုက်ခိုက်မှုတွင် ခြုံပုတ်များကြားမှ ဆန့်ထွက်လာသော လက်မောင်းက လူသားလက်မောင်းနှင့် အလွန်ဆင်တူသော်လည်း ၎င်းသည်က ပိုတုတ်ပြီး အညိုရောင်အမွှေးများနှင့် ဖုံးလွှမ်းနေကြောင်းကို ယင်ရိလျို သတိထားမိခဲ့သည်။
သူမ၏ အနည်းငယ်စူးရှနေသော မျက်လုံးနီနီများက တောအုပ်ထဲမှ လျှင်မြန်စွာရွေ့လျားနေသော ပုံရိပ်ပေါ်တွက် မလွတ်မတမ်းကြည့်နေခဲ့သည်။
ဤအချိန်တွင် ကျင်းယန်သည်လည်း သူ၏အသုံးများသော သေနတ်ကို ခါးမှထုတ်ယူလိုက်ပြီဖြစ်ကာ သူ၏မျက်စံများတွင်တော့ ရွှေအိုရောင်မျဥ်ကြောင်းများ စီးဆင်းနေခဲ့သည်။
ခဏအကြာ အညိုရင့်ရောင် ပုံရိပ်က သူ၏မြင်ကွင်းတွင် ပေါ်လာလျှင်ပေါ်လာချင်း သူ၏လက်ကိုမြှောက်လိုက်လေ၏။
တောအုပ်ထဲ သေနတ်သံတစ်ချက်မြည်ဟိန်းသွားကာ အက်ကွဲသော အော်သံအရှည်ကြီးတစ်ခုက ထွက်လာခဲ့သည်။
ဤအသံကိုကြားရပြီးနောက် ယင်ရိလျိုတစ်ယောက် အလွန်သက်တောင့်သက်သာမရှိဖြစ်သွားရသည်။ သူမက ကျင်းယန်၏လက်မောင်းကို ပုတ်ပြီး ရှဥ့်လေးတစ်ကောင်ကဲ့သို့ သူ၏ပုခုံးပေါ်သို့ ပျော့ပြောင်းစွာ တွားတက်ပြီး တစ်ဖက်လူ၏အဝတ်အစားများကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။
ဤသတ္တဝါက တောအုပ်ထဲတွင် ပုန်း၍မြန်ဆန်စွာ ရွေ့လျားနိုင်ပြီး သူ၏သေစေနိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းတိာ့က သူတို့တွေ့ဖူးသမျှသော သားရဲများကြား အကောင်းဆုံးဖြစ်နေခဲ့သည်။
ကျင်းယန်သာ သူမကို လက်တစ်ဖက်ဖြင့် ကိုင်ထားရပါက သူ၏လှုပ်ရှားမှုများကို ကန့်သတ်လိုက်သကဲ့သိာ့ ဖြစ်သွားပေလိမ့်မည်။
ကျင်းယန်၏ပစ်ချက်က ခြုံပုတ်ထဲမှသားရဲကို မှန်သွားပုံရပြီး အနီးနားမှ ဖြောင့်တန်းမြင့်မားသော သစ်ပင်၏ထိပ်ဖျားကလည်း ပြင်းထန်စွာ လှုပ်ယမ်းသွားကာ သတ္တဝါ၏အနည်းငယ်လောက်သော ခန္ဓာကိုယ်တစ်ဝက်အား ပြသခဲ့လေသည်။
ယင်ရိလျိုအနေဖြင်် ၎င်း၏ပုံစံက ရင်းနှီးနေသကဲ့သို့ ထင်မိပြီး သူမ၏နှလုံးသားထဲတွင် ခန့်မှန်းမှုများကိုပြုလုပ်လိုက်သည်။
ကျင်းယန်က လုံလောက်စွာဖြင့် နောက်တစ်ချက်ကို ပစ်ခတ်လိုက်ပြီး သတ္တဝါ၏ထူးထဲသော သားမွှေးထဲကို တိကျစွာထိုးဖောက်ဝင်သွားခဲ့သည်။ နောက်ထပ်တစ်ကြိမ် စူးဝါးပြီးစူးရှသည့် အော်သံထွက်လာခဲ့လေ၏။
ဤအကြိမ်၌ ထိုတိရစ္ဆာန်၏မျက်နှာကို ယင်ရိလျို ရှင်းလင်းစွာ မြင်နိုင်သွားခဲ့သည်။
၎င်းသည်က ချွန်ထက်သောပါးစပ်နှင့် သန္ဓေပြောင်းမျောက်တစ်ကောင်ဖြစ်ပြီး ကျဥ်းမြောင်းသော မျက်နှာပေါ်မှ ပါးစပ်အပြည့်ရှိနေသော လွှသွားပုံသွားများကြားထံမှ အော်ဟစ်နေခဲ့သည်။အပေါက်သေးသေးလေးများက ၎င်း၏လက်မောင်းနှင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်နေခဲ့ပြီး ထိုအပေါက်များ တစ်ဝိုက်ရှိသားမွှေးများသည်က သွေးနီရောင် ပြောင်းနေခဲ့သည်။
သန္ဓေပြောင်းမျောက်ကို ယင်ရိလျို မြင်လိုက်ရသည့်အခိုက် သူမ၏ နှလုံးသွေးကြောများပင် တင်းကြပ်သွားခဲ့၏။
အကြောင်းမှာ ထိုသန္ဓေပြောင်းတိရစ္ဆာန်ဆီမှ အလွန်သန်မာပြီး ခါးသီးသော ဦးနှောက်လှိုင်းများကို ခံစားလိုက်ရသောကြောင့်ဖြစ်က ၎င်းက နောက်တစ်စက္ကန့်တွင် သူတို့ကိုတစ်စစီဆွဲဖြဲချင်နေခဲ့ကြောင်း တွေ့မြင်ခဲ့ရသောကြောင့်ပင်။
မျောက်က ဉာဏ်ရည်ဉာဏ်သွေးရရှိခဲ့သည့် သတ္တဝါတစ်ကောင်ဖြစ်ပြီး သန္ဓေပြောင်းတိရစ္ဆာန်များကြားတွင် အဆင့်ငါးအဖြစ် သတ်မှတ်နိုင်လေသည်။
ယင်ရိလျိုအနေဖြင့် မျောက်နှင့်ဆက်သွယ်ရန်အတွက် သူမ၏ဦးနှောက်လှိုင်းများကို အသုံးပြုခဲ့သော်လည်း မျောက်က အာရုံမစိုက်နေခဲ့သောကြာင့် ထိုဆက်သွယ်ချက်က အလုပ်မလုပ်ကြောင်းကို သူမရှာတွေ့လိုက်ရသည်။
၎င်းထံတွင် လူသားများဆီသို့ဦးတည်နေသည့် အလွန်သန်မာလှသောသော ခါးခါးသီးသီးခံစားချက်တစ်ခု ရှိပုံပေါ်ကာ ၎င်း၏အမွှေးထူထူမျက်နှာကို အပြည့်အဝပုံပျက်သွားသည့် အခြေအနေသို့ရောက်သည်အထိ ၎င်း၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး ချွန်ထက်သော သန္ဓေပြောင်းသွားများကို ဖော်ပြနေခဲ့သည်။
ဉာဏ်ရည်ရသတ္တဝါများနှင့် ပက်သက်၍ ကြောက်စရာကောင်းသည့်အရာမှာ သူတို့က တွေးတောနိုင်ပြီး နည်းပရိယာယ်များကိုပင် အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် ၏သန္ဓေပြောင်းမျောက်သည်က ခြုံပုတ်များထဲ ပုန်းနေလျှင် လူသားများက ၎င်းကိုရှာမတွေ့နိုင်ကြောင်းကို သိထားလေသည်။ ထိုအခိုက်အတန့်တွင် တိတ်ဆိတ်မှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိတွင် ၎င်းက ဤလူများမောပန်းသွားပြီး သတိလျှော့ချသွားစေရန် စောင့်ဆိုင်းနေခဲ့ပြီးနောက် သေစေနိုင်သည့် တိုက်ခိုက်မှုကို ပြုလုပ်လာခဲ့သည်။
ကျောင်းစီဟွေ့၏ ခန္ဓာကိုယ်အနှံ့မှ ဆံပင်ဖြင့် ပြုလုပ်ထားသည့် ချွန်ထက်ရှည်လျားသော ဆူးချွန်များ ပေါ်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ဆူးချွန်ဘောလုံးတစ်ခုနှင့် ဆင်တူနေခဲ့သည်။
ဤကဲ့သို့ လှုပ်ရှားမှုမြန်ဆန်သည့် သတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင် ထိုဆူးချွန်များက အကူအညီများ မဖြစ်နိုင်ပါချေ။
သူမအနေဖြင့် ကျင်းယန်နှင့်အခြားသူများမှ သူမကိုကာကွယ်ရန်အတွက် စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် သူမကိုယ်သူမသာ ကာကွယ်ထားခဲ့ရသည်။
ကျောင်းချီယန်က သူ၏မျက်လုံးများကို တင်းကြပ်စွာမှိတ်ထားခဲ့ရပြီး မဖွင့်ရဲသေးပါချေ။
ထိုသန္ဓေပြောင်းမျောက် ပစ်လိုက်သည့် အသီးထဲမှ အရည်များတွင် အဆိပ်ရှိနေခဲ့ပြီး သူ၏မျက်လုံးများကို လောင်ကျွမ်းနေခဲ့သည်။
ယခုပင်လျှင် သူ၏မျက်လုံးမှ မျက်ရည်များက အလိုမရှိစွာ ရွာသွန်းနေခဲ့သည်။ သို့သော်လည်း သူ၏အနံ့ခံအာရုံကတော့ အဆင်ပြေပြေဖြင့် အလုပ်လုပ်နေဆဲဖြစ်သည်။
အစိမ်းရောင်အိမ်မြှောင်ကြီးက အစိမ်းရောင်သစ်ကိုင်းများနှင့် သစ်ရွက်စိမ်းများဖြင့်ညဖုံးလွှမ်းနေပြီး ၎င်း၏အဖုအတစ်များပါသော မျက်ခွံများကို မှိတ်ထားကာ နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံရသည်။
သို့သော် တစ်ခဏကြာပြီးနောက် သူ၏ကြီးမားသော အမြီးက သစ်ပင်ပင်စည်တစ်ခုဆီသို့ ဦးတည်၍ ပေါ့ပါးစွာ ရိုက်ချလိုက်သည်။
ကျင်းယန်လည်း သူ၏လုပ်ရပ်ကို တိထားမိသောကြောင့် သူ၏လက်ကို ပင့်မပြီး ကျောင်းချီယန်ညွှန်ပြသည့် အရပ်မျက်နှာသို့ ပစ်လိုက်သည်။
ကျည်ဆန်က မျောက်၏အမွှေးကို ပွတ်ရှပ်သွားကာ မနှစ်မြို့ဖွယ်ထိတ်လန့်တကြားအော်ဟစ်သံ ထွက်လာခဲ့လေသည်။
ခဏအကြာတွင် ၎င်းက ပုန်းနေရာမှ ထွက်လာပြီးနောက် သစ်ပင်တစ်ပင်မှ ခုန်ချကာ ၎င်း၏ကြီးမားသောပါးစပ်ကို ဖွင့်လျက် ကျင်းယန်ဆီသို့ တဟုန်ထိုးဝင်လာပြီး လူငယ်၏ခေါင်းကို ချွန်ထက်သောသွားများဖြင့် ကိုက်ဖြတ်တော့မည့်ဟန်ပြင်လိုက်သည်။
၎င်း၏လက်သည်းများမှာ အလွန်အမင်းရှည်လျားပြီး ချွန်ထက်ကာ ယင်ရိလျိုအား အလွန်ကြောက်စရာကောင်းသည့် ခံစားချက်တစ်ခုကို ပေးနေခဲ့လေသည်။
မျောက်က လူသားတစ်ယောက်နှင့်တူသည်။ သို့မဟုတ် လူသားတစ်ယောက်၏ အနေအထားသို့ ဆင့်ကဲပြောင်းလဲနေသည်ဟု သူမထင်မြင်မိ၏။
အထူးသဖြင့် ၎င်း၏ လက်မောင်းများနှင့် သန်မာသောပေါင်များပင်။
သစ်တောထဲတွင် ပုန်းအောင်းနေသော အနက်ရောင်ဝံပုလွေပေါက်က ဤအခိုက်အတန့်ကို စောင့်နေခြင်းပင်ဖြစ်သည်။
သူက သစ်ပင်နောက်ဘက်မှ မြှားတံရှည်တစ်ခုကဲ့သို့ ခုန်ထွက်၍ အသံနက်ဖြင့် အူလိုက်ပြီး သန္ဓေပြောင်းမျောက်၏ နောက်ကျောပေါ် ခုန်တက်ကာ ၎င်း၏ချွန်ထက်သော သွားများနှင့် မျောက်၏နောက်ကျောကို ဖြဲဖွင့်လာခဲ့သည်။
မျောက်မှာ ရုတ်တရက်ပေါ်လာသော ဝံပုလွေ၏ကိုက်ခြင်းကို ခံလိုက်ရသောကြောင့် ၎င်း၏ခန္ဓာကိုယ်က ထောင့်တစ်ခုဆီသို့ ခုန်သွားခဲ့သည်။
ဤအကြိမ်တွင် ၎င်း၏ပါးစပ်က ကျင်းယန်နှင့် တစ်မီတာလောက်သာ ဝေးကွာပေပြီ။
လူငယ်၏ပုခုံးပေါ်တွင် ရပ်နေသော ယင်ရိလျိုတစ်ယောက် အနံ့အသက်ဆိုး ဖျော့ဖျော့နှင့်အတူ ၎င်း၏သွားထိပ်များနှင့် လည်ချောင်း၏အနက်ကိုပင် မြင်လိုက်သည်။
သူမ မထိန်းချုပ်နိုင်စွာဖြင့်ည နှာခေါင်းကို ဖုံးအုပ်လိုက်သည်။ကျင်းယန်၏ တုံ့ပြန်မှုက အလွန်ပင် လျှင်မြန်နေခဲ့သည်။ အနက်ရောင်ဝံပုလွေက မျောက်ပေါ်သို့ ခုန်ဝင်သည့် အခိုက်အတန့်တွင် သူက မျောက်၏ခေါင်းကို ပစ်ခတ်လိုက်လေသည်။
မျောက်၏မျက်နှာတစ်ခုလုံးက ကွဲကြေသွားပြီး အန်ချင်စဖွယ်ချိုမြိန်သော သွေးနွေးနွေးများက ကျင်းယန်၏ခန္ဓာကိုယ်အနှံ့ ပက်ဖြန်းသွားခဲ့သည်။
ကျင်းယန်တစ်ယောက် ယင်ရိလျိုဆီသို့ ပူနွေးသည့်အရည်များ ကျရောက်လာခြင်းမှကာကွယ်ရန် နောက်သို့လှည့်ပြီး သူ၏ပုခုံးပေါ်မှ ယုန်ကိုဆွဲချကာ မြေပြင်ပေါ်သို့ ခုန်ချရန်အချက်ပြလိုက်သည်။
သန္ဓေပြောင်းမျောက်ကတော့ ဝံပုလွေနှင့်ကျောင်းချီယန်နှင့်အတူ လုံးထွေးနေကာ ၎င်း၏စူးဝါးသောအော်သံက တော့အုပ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
တခဏကြာပြီးနောက် သွေးများက နေရာအနှံ့သို့ ပက်ဖြန်းသွားပြီး ယင်ရိလျိုတစ်ယောက် လှုပ်ပင်မလှုပ်နိုင်ခဲ့ချေ။