← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

ကျောင်းစီဟွေ့အနေဖြင့် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သော်ငြား မျက်ရည်များကို ထိန်းထားခဲ့ သူမ၏မောင်ဖြစ်သူရှေ့တွင် သူမ၏အားနည်းချက်ကို မပြသမိစေရန် ထိန်းထားခဲ့သည်။

ကျောင်းချီယန်၏ အသိစိတ်များ စတင်ဆုံးရှုံးလာသည်ကို သတိထားမိသည်အချိန်တိုင်းတိုင် သူမက တစ်ဖက်လူကို နိုးကြားနေစေရန်အတွက် သူ့၏ပါးကို ပုတ်ကာ နှိုးနေလိမ့်မည်။

ဆရာဝန်များက လိုအပ်သည့်အမှတ်များကို ဖြတ်တောက်ယူပြီးနောက် နှစ်သိမ့်သည့်စကား အနည်းငယ်ပြောလာခဲ့ခဲ့သည်။

“စိတ်မပူပါနဲ့ မစ္စတာနျိုနဲ့ ဗိုလ်ချုပ်ကြီးလီက မင်းတို့ကို အကောင်းဆုံးကုသမှုတွေပေးဖို့အတွက် ငါတို့ကို ညွှန်ကြားထားပြီးသားပါ.. မင်းရဲ့အသင်းဖော်တွေက လုံခြုံကြပါလိမ့်မယ်”

ကျောင်းစီဟွေ့ နှာရှုံ့ပြီး မျက်ရည်များကို ပြန်ထိန်းလိုက်ကာ မည်သည်ကိုမှမပြောဘဲ ရိုးရှင်းစွာပြုံးလိုက်သည်။

ဆရာဝန်က အမှတ်ကို အများအပြား ယူမသွားကြောင်း သတိထားမိလိုက်သည်။ တစ်စုံတစ်ယောက်က သူတို့ဆီသို့ စိတ်ကောင်းစေတနာကို ပြသနေခြင်းပင်ဖြစ်ပေအည်။

ယင်ရိလျိုက သူမ၏နူးညံ့သောလက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ကျောင်းစီဟွေ့မျက်နှာကို ညင်သာစွာဖက်လိုက်ကာ တစ်ဖက်လူ၏မျက်နှာကို နှာခေါင်းထိပ်ဖြင့် ပွတ်သပ်ရင် သူမ၏ခံစားချက်များကို နှစ်သိမ့်ရန် ကြိုးစားပေးခဲ့သည်။

ကျောင်းစီဟွေ့သည်လည်း သူငယ်ချင်းလေး၏ အသားထူသည့် လက်ဖဝါးလေးကို ညင်သာစွာဖြစ်ညစ်ပြီး ယင်ရိလျို၏ အမွှေးပွဖြူဖြူထဲတွင် မြှုပ်နှံကာ သူမ၏မောင်ဖြစ်သူ အဆင်ပြေသွားလိမ့်မည်ဟု သူမကိုယ်သူ မပြောနေခဲ့သည်။

သူမ၏မိဘများ ဆုံးပါးသွားပြီး သူမ၏မောင်လေးကသာ ဤလောကထဲတွင် ကျန်နေသည့် တစ်ဦးတည်းသော မိသားစုဖြစ်ပေသည်။

သူအဆင်ပြေမှ ဖြစ်မည်။

ကျောင်းချီယန်၏ ဒဏ်ရာက အတော်လေးနစ်သည်။ ထိို့အပြင်မျောက်၏လက်‌ချောင်းထိပ်များတွင်လည်း မြေကြီးနှင့်ဘက်တီးရီးယား အများအပြားရှိနေခဲ့သည်။

မျောက်က ကျောင်းချီယန်၏ အသားကို ကုတ်လိုက်ချိန်တွင် မြေကြီးထဲတွင် ရှိနေခဲ့သည် အညစ်အကြေးများနှင့် အင်းစက်ဥများက သူ၏နောက်ကျောမှ အသားနှင့်အသွေးထဲ အလျှင်အမြန်ဝင်သွားခဲ့ကာ ဒဏ်ရာကို ပိုးဝင်သွားစေသည်။

လူငယ်လေး၏ အမာရွတ်များနှင့် နောက်ကျောဘက်ရှိ ခရမ်းရောင်အသားပုပ်များကို ဆရာဝန်များကမြင်ခဲ့ကြပြီး ချက်ချင်းပင် သူ၏ဒဏ်ရာအား ပိုးသတ်ရန်စတင်လုပ်ဆောင်ခဲ့သည်။

သူတို့က ခွဲစိတ်ဓားကို ခဏလောက်မီးကင်ပြီးကျောင်းချီယန်၏နောက်ကျောမှ အသားပုပ်များကို လှီးထုတ်ခဲ့ကြသည်။

ဆယ်ကျော်သက်လေးမှာသတိလစ်တဝက် အခြေအနေတွင် ရှိနေခဲ့ပြီး သူ၏နောက်ကျောမှ နာကျင်မှုကိုခံစားရချိန်တွင် လည်ပင်းကိုကျုံ့ဝင်လိုက်မိသည်။

သူ၏မျက်ခုံးများက တင်းကြပ်စွာ ကုတ်ကျနေပြီး နှုတ်ခမ်းများကတော့ ဖြူဖပ်နေခဲ့သည်။

နောက်ထပ်ဆရာဝန်တစ်ယောက်က သူ၏မျက်နှာပေါ်မှ စေးကပ်ကပ် အသီး၏အရည်များကို သန့်ရှင်းပေးပြီး ထိုအရည်တချို့ကို ဓာတ်ခွဲစစ်ဆေးမှုအတွက် ယူထားခဲ့သည်။

အပြင်ဘက်တွင် ထိုင်နေသော ကျောင်းစီဟွေ့အနေဖြင့် စက္ကန့်တိုင်းက ညှင်းပန်းနှိပ်စက်မှုတစ်ခုဟု ခံစားရပြီး တံခါးမှမီးရောင်ကိုသာ မကြာခဏ ကြည့်နေမိပေသည်။

ယင်ရိလျို၏ ယုန်မျက်လုံးလေးများက ဆေးရုံကို ထောက်လှမ်းစစ်ဆေးပြီးနောက် နောင်တရမှု အနည်းငယ်ကို ခံစားလိုက်ရသည်။

မူလက သူမအနေဖြင့် ဤနေရာမှ အရောင်ကျဆေးဝါးများ၊ အရက်ပြန်အရည်များနှင့် ထိုကဲ့သို့ ဆေးပစ္စည်းတချို့ကို ထပ်ဖြည့်ရန် စီစဥ်ထားခဲ့သည်။

သို့သော် ဤနေရာတွင် လူအများအပြားရှိနေပြီး‌ နေရာတိုင်းတွင် နျိုဖေးဟောင်နှင့် လီကျန်ကျောင်း၏ သူလျှိုများ ရှိနေပေသည်။

သူမက လူသားအဖြစ် အသွင်းပြောင်းလျှင်ပင် ဆေးပမာဏအများအပြားကို ကလေးမလေးတစ်ယောက်မှ ဝယ်ယူသွားမည်ဆိုပါက အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်မိလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူမ၏နှလုံးသားထဲမှ စိတ်အားထက်သန်မှုကို ဖိနှိပ်ပြီး ကျောင်းစီဟွေ့နှင့်အတူ စောင့်နိုင်ရုံသာ တတ်နိုင်ပေသည်။

သူမ၏ရွှေပေါင်လုံးကြီး မထွက်ခွာသွားခင် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာကိုသန့်ရှင်းပြီးနောက် သူတို့နှင့်ပြန်တွေ့ကြမည်ဟု ပြောသွားခဲ့သည်။

သူ မည်သည့်အချိန်လောက်တွင် ရောက်လာနိုင်လောက်မည်နည်း။

ကျင်းယန်၏ဒဏ်ရာက ရောင်ယမ်းပြီး ပိုးဝင်သွားမည်ကို သူမ စိုးရိမ်နေဆဲပင်ဖြစ်သည်။

ဤအခိုက်တွင် ကြမ်းပြင်ပေါ်မှ ဒေါက်မြင့်ဖိနပ်သံကို အဝေးနေရာတစ်ခုမှကြားနိုင်ပြီး ဆေးရုံ၏ ရှင်းလင်းနေသောစင်္ကြလမ်းတွင် ထိုခြေသံက အထူးပင် ပေါ်လွင်ထင်ရှားနေခဲ့သည်။

ယင်ရိလျို သိချင်စိတ်ပြင်းပြစွာ လှမ်းကြည့်ပြီးလျှင် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ဝိုင်ခွက် လက်ကိုင်ထက် ပို၍သေးသွယ်သည့် stilettoဒေါက်ဖိနပ်ကို ဝတ်ထားသော အမျိုးသမီးကိုတွေ့လိုက်ရလေသည်။

(Stiletto heel- ဒေါက်က သေး၊ ရှည်တဲ့ ဒေါက်ဖိနပ်)

သူမ၏အသွင်အပြင်က ဆယ်မှတ်တွင် ငါးမှတ်လောက်သာဖြစ်သော်လည်း သူမ၏မျက်နှာမှ သိမ်မွေ့သော မိတ်ကပ်နှင့် နှုတ်ခမ်းနီတို့အပြင် ပျက်ကပ်အခြေစိုက်စခန်းနှင့် ကွဲထွက်နေသော အနီရောင်ဝတ်စုံနှင့် stiletto ဒေါက်ဖိနပ်တို့ကို ဆင်မြန်းထားခြင်းကြောင့် သူမ၏အသွင်အပြင်ကို ခုနှစ်မှတ်အထိ မြင့်တက်သွားစေသည်။

အမျိုးသမီး၏ဘေးတွင် သူမ၏သက်တော်စောင့်များ ဖြစ်ပုံရသော အမျိုးသားနှစ်ယောက်ရှိနေခဲ့၏။သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က အထက်အောက် တွန့်လိမ်လှုပ်ရှားနေသော သန္ဓေပြောင်းဟမ်းစတားတစ်ကောင်ကို ကိုင်ထားပြီး ထိုဟမ်းစတားမှာ ဘောလုံးတစ်လုံးစာ အရွယ်အစားနီးပါး ကြီးမားလေသည်။

သန္ဓေပြောင်းဟမ်းစတား၏ ပါးပြင်တို့က ဖောင်းထွက်နေပြီး အတွင်းဘက်တွင် ဖုံးနေသောအရာကိုတော့ မမြင်ရချေ။

ထိုအခိုက်တွင် ၎င်းကလိမ်တွန့်လှုပ်ရှားလိုက်သောကြောင့်ည ၎င်း၏ပါးစပ်က အနည်းငယ်ဟသွားပြီး ပါးစပ်အတွင်းဘက်ကို ယင်ရိလျို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဟမ်းစတား၏သွားများက အကုန်ကျိုးနေခဲ့ပြီးအတွင်းဘက်မှ အခွံမာသီးကြီးတစ်လုံးကို ထည့်ထားကြောင်းကို သူမ ရိပ်ခနဲမြင်လိုက်ရသည်။

ထို့အပြင် ထိုဟမ်းစတားက နေကောင်းနေပုံမရပါချေ။

ဤသည်က အနည်းငယ် ထူးဆန်းသည်ဟု ယင်ရိလျို တွေးလိုကာမိပြီး သူမ၏အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်သည်။

ဤကဲ့သို့ အလွန်အဆင့်အတန်းမြင့်သည့်ပုံရှိနေပြီး သုံးဖြုန်းနေနိုင်သည်ဆိုလျှင် ဤမိန်းကလေးက အံ့မခန်းစွမ်းရည်ရှိနေသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လျှင်ဖြစ် ၊ သို့မဟုတ် အခြေစိုက်စခန်းထဲတွင် အလွန်ကောင်းမွန်သောနောက်ခံရှိခြင်း ဖြစ်နိုင်သည်။

ထိုမိန်းကလေး ချဥ်းကပ်လာချိန်တွင် ဒေါက်ဖိနပ်၏ တဂွက်ဂွက် အသံက ပိုမို ကျယ်လောင်လာခဲ့ပြီး ထိုအသံမှာ လူတစ်ယောက်၏ နှလုံးသားကို တက်နင်းနေသကဲ့သို့ပင် ခံစားရစေသည်။

မိန်းကလေးကို မြင်လိုက်ရသည်နှင့်ည သိပ်မဝေးသည့်နေရာတွင် ရပ်နေသော ဆရာဝန်က အပြေးအလွှားရောက်လာပြီး မျက်နှာချိုသွေးစွာပြုံးပြလာခဲ့လေသည်။

“မစ်နျို.. ဒီနေ့ ဘာများဖြစ်လို့ပါလဲ?”

မစ်နျို?

ယင်ရိလျို၏ နားရွက်များက အနည်းငယ်လှုပ်သွားခဲ့၏။ ယခင်က သူတို့ကိုအခြေစိုက်စခန်း တစ်ဝိုက်ခေါ်သွားခဲ့သည့် ကောင်လေး ပြောခဲ့သောစကားများကို သူမ ပြန်လည်းသတိရလိုက်လေသည်။

နျိုဖေးဟောင်တွင် အလွန်ဆိုးသွမ်းသည့် နှလုံးသားရှိနေပုံရသော နျိုရင်းဟုအမည်ရသော သမီးတစ်ယောက်ရှိသည်ဟူ၏။

ထိုသူက သူမ၏ရှေ့မှ အမျိုးသမီးဖြစ်နိုင်မည်လား?

အခိုက်အတန့်တွင် ဆရာဝန်သည်လည်း အနည်းငယ်ပျာယာခတ်နေခဲ့သည်။

ဒီအမျိုးသမီးက ဘာလို့ထပ်ပြီးရောက်လာရတာလဲ?

သူမက နှစ်ရက်၊ သုံးရက်လောက်ကြာတိုင်း သူမရဲ့အိမ်မွေးတိရစ္ဆာန်အတွက် တိရစ္ဆာန်ဆရာဝန်နှင့် လာတွေ့ရန် လတ်လျားလတ်လျား အချိန်လ,ဖြုန်းနေတယ်ဆိုပေမဲ့ အဆုံးသတ်မှာ သူတို့လိုမျိုး အပြစ်ကင်းစင်တဲ့လူတွေကပဲ အမြဲတမ်း အဆူခံနေခဲ့ရတယ်။

နျိုဖေးဟောင်က သူတို့အား ကြွက်တစ်ကောင်ကိုပင် မကုသနိုင်သော အမှိုက်တစ်သိုက်ဟု ပြောကာ အကြိမ်ရေများစွာ အပြစ်တင်ခဲ့ဖူးသည်။

လက်ရှိတွင် နျိုရင်းရင်းက သူမကိုယ်သူမ လက်ဖြင့်ယပ်ခတ်လိုက်၏။

ဆေးရုံထဲမှ လေအေးပေးစက်က သူမ၏ဗီလာထဲမှ လေအေးပေးစက်များလောက် မကောင်းပါချေ။

ဗီလာထဲ၌ အချိန်ကြာမြင့်စွာနေခဲ့ပြီးနောက် သူမပြန်ထွက်လာချိန်တွင် အနည်းငယ်လောက် သက်တောင့်သက်သာမရှိသကဲ့သို့ ခံစားရပြီး သူမ၏နှလုံးသားထဲတွင်လည်း စိတ်ဆိုး‌ဒေါသထွက်လာခဲ့သည်။

“ချန်ချိုကျောင်းက ဘယ်မှာလဲ?”

ချန်ချိုကျောင်းသည်က ဆေးရုံထဲမှ တိရစ္ဆာန်ကုဆရာဝန်ဖြစ်၏။

အခြေစိုက်စခန်းထဲ၌ သန္ဓေပြောင်းတိရစ္ဆာန်များက အရေအတွက် အလွန်နည်းပါးသဖြင့် တိရစ္ဆာန်ဆရာဝန်အတွက် လိုအပ်ချက် အများအပြားမရှိပါချေ။ သူတစ်ယောက်တည်းဆိုလျှင် လုံလောက်ပေသည်။

ဆရာဝန် တွေးတောကာငြီးတွားလိုက်၏။

သေစမ်း! ချန်ချိုကျောင်းက အခုဝံပုလွေလေးရဲ့ ဒဏ်ရာကို ကုနေတာလေ။ ဒီအဘွားလေးကို ဖျော်ဖြေဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ?

သူ ခဏလောက် တုံ့ဆိုင်းသွားပြီး ချန်ချိုကျောင်းက လူနာတစ်ယောက်ကို ကုသနေသည်ဟုသာ အပြုံးတစ်ခုနှင့် ပြောလိုက်သော်လည်း နျိုရင်းက သူမ၏လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလာသည်။

“ကျွန်မ ဂရုမစိုက်ဘူး.. သူ့ကို ဒီခေါ်လာခဲ့.. ကျွန်မရဲ့ဝတုတ်လေးက ထပ်ပြီးနေမကောင်းပြန်ဘူး.. လွန်ခဲ့တဲ့နှစ်ရက်လုံး နေမကောင်းဖြစ်နေသလိုပဲ”

ဝတုတ်လေးသည်က နျိုရင်း၏ အိမ်မွေးဟမ်းစတားလေးဖြစ်၏။

ဤမစ်လေးက အမွှေးပွ တိရစ္ဆာန်ငယ်လေးများကို ကြိုက်သောကြောင့် သူဌေးကြီးနျိုကည အခြေစိုက်စခန်းတစ်ခုလုံးကို ဖြတ်သန်းရှာဖွေပြီးနောက် မွေးကင်းစ သန္ဓေပြောင်းဟမ်းစတားလေးများကို ရှာဖွေခဲ့သည်။

ထို့နောက် ၎င်းတို့ကို ကြီးထွားမှုကန့်သတ်ဆေးများ ထိုးသွင်းပြီး သွားများကိုလည်း ဖယ်ရှားခဲ့သည်။ ထို့အတွက်ကြောင် ဤအကောင်ကသာ အဆုံးသတ်အထိ ရှင်သန်နိုင်ခဲ့သည့် တစ်ကောင်ဖြစ်ပေသည်။

ဟမ်းစတားက မစ်နျို၏အချစ်လေးဖြစ်သည်။ သူမ၏ ဟမ်းစတားလေးက အမြဲစိတ်ဓာတ်ကျနေသောကြောင့် ဤနေရာသို့ ရက်အနည်းငယ်ကြာတိုင်း ရန်လာလုပ်လေ့ရှိသည်။

ဆရာဝန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိသော်လည်း သူ၏နှလုံးသားထဲတွင်တော့ တိတ်တဆိတ် မကျေမနပ်ညည်းညူးနေခဲ့သည်။

ဒါပေါ့ သနားစရာဟမ်းစတားလေးက စိတ်ဓာတ်ကျမှာပဲလေ။

၎င်းသည်က ကြီးထွားမှုဖိနှိပ်ဆေးများ ထိုးသွင်းခံရပြီး ၎င်း၏သွားများအားလုံးကိုလည်း မစ်နျို၏အဖိုးတန်လက်ချောင်းလေးများကို ထိခိုက်မိခြင်းမှ ကာကွယ်ရန်အတွက် အနုတ်ခံထားရသည်။

ဤဟမ်းစတားမှာ အစာအရည်များနှင့် ခြေမွထားသည့် အခွံမာသီးများကိုသာ စားနိုင်လေသည်။ပြောစရာစကားအမဲ့ဆုံး အပိုင်းသည်က မစ်နျိုမှာ လူသားတို့၏အကျိုးကို ဆောင်ရွက်လိုသော ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပြီး ဟမ်းစတား၏သဘာဝကို အမြစ်ပြတ်သုတ်သင်ရန်အတွက် အလိုမရှိဖြစ်နေခဲ့သည်။

သူမက နေ့တိုင်း သူမ၏ဟမ်းစတား၏ပါးစပ်ထဲသို့ အခွံမာသီးကြီးတစ်လုံးကို ထိုးသွတ်နေပေလိမ့်မည်။

ဟမ်းစတားကို ဖော်ပြရန်မလိုပေ။ ဤဆရာဝန်များပင် သူမကြောင့် စိတ်ဓာတ်ကျသည့်အခြေအနေဖြင့် နှိပ်စက်ခံလိုက်ရသည်။

All Chapters