အခန်း (၈၈)
Vol. 9 Ch. 88
ဆရာဝန်က တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ကျောင်းစီဟွေ့ကို ကိုးယိုးကားယား တစ်ချက်ကြည့်လိုက်သည်။
ဝံပုလွေက ဤအမျိုးသမီးငယ်လေးနှင့်အတူ ပါလာခြင်းဖြစ်ပေ၏။
ယင်ရိလျိုသည် သူမ၏ရှေ့ရှိပွဲကို ကြည့်နေဆဲဖြစ်သော်လည်း ဆရာဝန်၏အကြည့်က သူတို့ဆီသို့ ရွေ့လာသည်အား မြင်လိုက်ရလျှင် သူမ၏နှလုံးသားထဲမှ နိမိတ်မကောင်းသော ခံစားချက်တစ်ခုကိုခံစားလိုက်သည်။
သေချာပေ၏။ နျိုရင်းက ကျောင်းစီဟွေ့အား မကျေနပ်သည့် အမူအရာနှင့်ကြည့်လိုက်ချိန်တွင် သူမ၏အကြည့်က ဘေးတွင်ရှိနေသော သားရဲအဖြူလေးဆီမှ ဆွဲဆောင်ခံလိုက်ရသည်။
သေးငယ်တဲ့ အဖြူရောင်ခန္ဓာကိုယ်၊ နူးညံ့တဲ့နားရွက်ရှည်တွေ၊ သေးငယ်တဲ့ လက်ဖဝါးနုနုတွေနဲ့ ယုန်လေးက သောက်ရမ်းချစ်စရာကောင်းတာပဲ!
ဤကဲ့သို့ ပုံမှန်အရွယ်အစား အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မြင်ခဲ့သည်မှာ မည်မျှကြာခဲ့ကြောင်းကိုပင် သူမ မသိနိုင်တော့ပေ။
သူမ မထိန်းချုပ်နိုင်ဘဲ အံ့အားတကြီးပြောလိုက်သည်။
“ယုန်လေး!!”
ယင်ရိလျို၏ခန္ဓာကိုယ်က တုန်ရီသွားခဲ့ရပြီး နျိုရင်း၏ တောက်ပနေသောမျက်လုံးများကို မြင်သးလိုက်ရချိန်တွင် မထိန်းချုပ်နိုင်ဘဲ နောက်ဘက်သို့ကျုံ့ဝင်လိုက်မိသည်။
ကျောင်းစီဟွေ့ မျက်မှောင်ကြုတ်ပြီး ယုန်လေးကို သူမ၏နောက်သို့ဆွဲသွင်းလိုက်သည်။
သူမ ကြိုက်နှစ်သက်သော တိရစ္ဆာန်လေးက အမြင်အာရုံမှ ပျောက်သွားသည်အား မြင်လိုက်ရလျှင် နျိုရင်းအနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သူမက မေးကို အနည်းငယ်မော့ပြီး ကျောင်းစီဟွေ့ကို အကဲဖြတ်လိုက်သည်။
ကျောင်းချီယန်၏ ဒဏ်ရာများကို စိတ်ပူနေသောကြောင့် ကျောင်းစီဟွေ့အနေဖြင့် သူမ၏အသွင်အပြင်ကို မသန့်ရှင်းရသေးသကဲ့သို့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လည်း မလုပ်ရသေးချေ။
သူမ၏ကုတ်အင်္ကျီတွင် စုတ်ပြဲနေသည့် အပေါက်တချို့ ရှိပြီး သူမ၏မျက်နှာသည်လည်း ညစ်ပတ်ပြီး သွေးများနှင့်စွန်းထင်နေသည်။
သူမကို ဤကဲ့သို့မြင်လျှင် နျိုရင်းက ကွေ့ပတ်ပြောရန်ပင် အလွန်ပျင်းရိသွားကာ တိုက်ရိုက်ပြောလိုက်သည်။
“ငါနင့်ရဲ့ ယုန်ကိုလိုချင်တယ်.. အရမ်းမများသရွေ့ နင် စျေးတစ်ခုပြောလို့ရတယ်.. စားစရာ၊ လက်နက်၊ ဒါမှမဟုတ် ငါ့အဖေရဲ့အကာအကွယ် ရှာချင်တာပဲဖြစ်ဖြစ်ပေါ့..”
ဤအမျိုးသမီးကို သူမ မရင်းနှီးပါချေ။ ထို့အပြင် ဤကဲ့သို့ အလွန်ဆိုးဝါးသော အခြေအနေတွင် ရှိနေကတည်းက သူမက စွမ်းအားကြီး လူတစ်ယောက်မဟုတ်ဟု သူမ တွေးခဲ့လေသည်။
အခြေစိုက်စခန်း၏ အရှင်သခင် နျိုမိသားစု၏အကာအကွယ်ကို လက်ခံရရှိနိုင်ကြောင်း သိသွားပါက တစ်ဖက်မှ အပျော်လွန်ပြီး ဝမ်းမြောက်သင့်သည်။
သို့သော် သူမ၏မျှော်လင့်ထားမှုနှင့် ဆန့်ကျင်ဘက်ပင် ကျောင်းစီဟွေ့က အနည်းငယ်သာ မျက်မှောင်ကြုတ်ပြီး ယင်ရိလျိုကို အနည်းငယ်တင်းကြပ်၍ ဖက်လိုက်သည်။
“ကျွန်မတောင်းပန်ပါတယ် .. ဒါပေမဲ့ ဒီအတွက် ဆုံးဖြတ်ချက်ချဖို့က ကျွန်မ လုပာနိုင်တာမျိုးမဟုတ်ဘူး”
နျိုရင်း၏မျက်လုံးများက မယုံကြည်မှုနှင့် ပြူးကျယ်သွား၏။
ဒီအမျိုးသမီးက သူမကိုဘယ်သူလဲဆိုတာတောင် မသိဘူးလား? သူမကို စော်ကားရင် ရမယ့်အကျိုးဆက်တွေကို သတိမထားမိဘူးလား?
ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်း နျိုရင်းက ချမ်းသာပြီး အသုံးအဖြုန်းကြီးသည်ဟု ဆိုနိုင်ပြီး ယခုအချိန်တွင် သူမက အခြေစိုက်စခန်း၏ မင်းသမီးလေးဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်းဖြစ်မည်မဟုတ်ချေ။
သူမ တစ်စုံတစ်ခုကို လိုချင်သရွေ့ ထိုအရာကို သူမဆီသို့ ဆက်သမည့် ဆင့်ကဲပြောင်းလဲသူများက လိုသည်ထက်ပင် ပို၍ရှိနေတတ်သည်။
သူမက သေးငယ်သည့်တိရစ္ဆာန်တစ်ကောင်ကို အလိုရှိသည်ဟု ပြောလိုက်သည့်အတွက် မရေမတွက်နိုင်သော လူများက သူမအတွက် ထိုသေးငယ်သောသတ္တဝါတစ်ကောင်ကို ရှာပေးရန် စုရုံးခဲ့ကြသည်။
အခု သူမက ဒီအမျိုးသမီးကို ဆုပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပေမဲ့ အငြင်းခံလိုက်ရတယ်ပေါ့လေ!
သူမ၏မျက်နှာက လောင်ကျွမ်းနေသည်ဟုပင် နျိုရင်းခံစားရ၏။ သူမက အဖေဖြစ်သူ၏ နောက်လိုက်များဖြစ်ကြသည့် သူမ၏လုံခြုံရေးကို တာဝန်ယူထားသော သူမ၏ဘေးမှ အလယ်လတ်အဆင့် ဆင့်ကဲပြောင်းလဲသူနှစ်ယောက်ကို ကြည့်လိုက်သည်။
ထို့နောက် ဒေါသထွက်စွာ ခြေဆောင့်ပြီး ကျောင်းစီဟွေ့ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ဝမ်ကော ကျောင်းကော.. ကျွန်မ အဲဒီအိမ်မွေးအကောင်လေးကို လိုချင်တယ်”
ဆင့်ကဲပြောင်းလဲသူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့သည့်အကြည့် ကြည့်လိုက်သည်။
သူတို့၏ရှေ့မှ အမျိုးသမီးက ရှုးယန်အသင်း – လက်ရှိနာမည်ကြီး ဆင့်ကဲပြောင်းလဲသူအသင်းထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း သူတို့ မသိဘဲ မနေပါချေ။
ဘော့စ်နျိုမှ ဤအဖွဲ့အား သူတို့ဘက် စည်းရုံးရန် သေသေချာချာ ညွှန်ကြားခဲ့သော်လည်း တစ်ဖက်မှ ယုန်တစ်ကောင်ကြောင့် သူတို့၏ သခင်မလေးနှင့် တိုက်ခိုက်လာမည်ဟု မည်သူကသိပါမည်နည်း?
အမျိုးသားနှစ်ယောက်ထဲမှ အစိမ်းရောင်ပျောက်ပျားယူနီဖောင်းနှင့် တစ်ယောက်က မျက်မှောင်ကြုတ်ပြီး အနီးသို့ တိုးလာခဲ့သည်။
ကျောင်းစီဟွေ့၏ သတိထားသော အမူအရာကိုတွေ့လျှင် သူ တီးတိုးပြောလိုက်သည်။
“သူမကိုပေးလိုက်.. ဒါကယုန်လေးတစ်ကောင်ပဲလေ”
ကျောင်းစီဟွေ့တစ်ယောက် နှလုံးသားထဲတွင် ခါးသီးစွာ ပြုံးလိုက်၏။ ယင်ရိလျိုကသာ သာမာန်ယုန်တစ်ကောင်ဖြစ်လျှင် နျိုရင်းဆီပေးရန် ခက်ခဲမည်မဟုတ်ပါချေ။သို့သော်လည်း သူမက ကျင်းယန်၏နှလုံးသားထဲမှ အမြတ်နိုးဆုံးသော တည်ရှိမှုဖြစ်သည်။
သူမရဲ့လက်ထဲက ယုန်လေးသာပျောက်သွားရင် ကျင်းယန်က သူမကိုတစစီဆွဲဖြဲလိုက်လိမ့်မယ်!
ကျောင်းစီဟွေ့က သူမ၏မျက်ခုံးကိုတွန့်ချိုးလိုက်ပြီး သူမ၏လက်ဖဝါးထဲမှ နွယ်များနှင့်တူသော ဆူးချွန်များ ထွက်ပေါ်လာခဲ့သည်။
သူမ၏လုပ်ရပ်ကိုမြင်လျှင် အမျိုးသားနှစ်ယောက်လည်း မျက်မှောင်ကြုတ်လိုက်မိကြသည်။
သူမက ဘာလို့ ဒီလောက်တောင် ခေါင်းမာလွန်းနေရတာလဲ?
ဒါက တိရစ္ဆာန်တစ်ကောင်ပဲ မဟုတ်ဘူးလား။
သူတို့၏နောက်မှ သခင်မလေးက ဒေါသတကြီး အော်နေပြီဖြစ်သည်။
“ သူမနဲ့အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့.. ကျွန်မအတွက် အဲဒီယုန်ကို ကူဖမ်းပေး”
သူတို့နှစ်ယောက်လည်း ကျောင်းစီဟွေ့ကိုတစ်ချက်ကြည့်ပြီး တောင်းပန်ပါတယ်ဟု တီးတိုးပြောလိုက်ကြပြီးနောက် ယုန်ကိုဆွဲလာရန် ရှေ့သို့တိုးလိုက်ကြသည်။
ဘော့စ်က ဤလူများကို စုဆောင်းရန် ရည်ရွယ်ထားသော်လည်း သခင်မလေးက ဤကိစစတွင် ပါဝင်ပက်သက်လာလျှင် သခင်မလေးကသာ ပို၍အရေးကြီးပေလိမ့်မည်။
နှစ်ယောက်ထဲမှတစ်ယောက်က ဘိုးဘေးတို့၏စရိုက်လက္ခဏာထဲမှ ဆင့်ကဲပြောင်းလဲမှုကို ရရှိထားကာ သူ၏လက်မောင်းများကို သန်မာစေကာ ကြံ့ခိုင်သန်စွမ်းသော သားရဲလက်သည်းများအဖြစ် ပြောင်းလဲနိုင်သည်။
သူက ကျောင်းစီဟွေ့၏နောက်ကျောကို လှမ်းဆွဲလိုက်လေ၏။ ထိုအချိန်တွင် တခြားတစ်ယောက်ကတော့ မျိုးစပ်အမျိုးအစားဖြစ်ပုံရသည်။
သူ၏ပုခုံးအောက်ဘက်မှ လက်များသည် ပြားပြီးကျယ်ပြန့်သော လက်သည်းများအဖြစ် အသွင်ပြောင်းသွားခဲ့ကာ ရှောင်ရှားနေသော ကျောင်းစီဟွေ့၏ ပါးကိုဆွဲကုတ်လာခဲ့သည်။
ကျောင်းစီဟွေ့တစ်ယောက် ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
“ရွံစရာကောင်းလိုက်တာ!”
အရွယ်ရောက်သည့် အမျိုးသားနှစ်ယောက်က အမှန်တကယ်ပင် မိန်းကလေးတစ်ယောက်ကို တစ်ချိန်တည်း စတင်တိုက်ခိုက်နေကြသည်။
သူမ အံကြိတ်လိုက်ပြီး တိုက်ခိုက်မှုကို သီသီလေးရှောင်ရှားနိုင်ခဲ့ကာ သူမ၏ပါးပြင်ကျော့ ချွန်ထက်သော လက်သည်းများဖြင့် အကုတ်ခံလိုက်ရသည်။
ကျောင်းစီဟွေ့ ရှောင်တိမ်းလိုက်သည် ဘိုးဘေးတစရိုက် ဆင့်ကဲပြောင်းလဲမှုနှင့်အမျိုးသားကတွေ့လျှင် သူမ၏ဘေးမှ ယုန်ဖြူလေးကို လှမ်းဆွဲလိုက်သည်။
သို့သော်လည်း သူ၏တိုက်ခိုက်မှုကို စတင်လုပ်ဆောင်တော့မည့် အချိန်တွင် ဖက်ထုပ်ဖြူလေးက ရုတ်တရက်ရွေ့လျားသွားလေသည်။
နောက်တစ်စက္ကန့်၌ သူ၏လက်ဖဝါးမှ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရပြီး ဟိန်းဟောက်သံတို့က ကော်ရစ်တာအလွတ်တစ်လျှောက် ပဲ့တင်ထပ်ခဲ့သည်။
သူ သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး ကြည့်လိုက်လျှင် သူ၏လက်ဖဝါးက အမည်မသိအရာထံမှ ထိုးဖောက်ခံထားရပြီး သွေးများထွက်နေကြောင်းကို တွေ့လိုက်ရသည်။
သူ၏ဘေးတွင် ရပ်နေသော ပါတနာက အံ့အားသင့်သွားပုံရသည်။
“ဘာဖြစ်နေတာလဲ?”
သူက သွေးထွက်နေသော လက်ဖဝါးကိုဖုံးအုပ်လိုက်ပြီး နောက်ကိုလှည့်ကာ ထွက်ပြေးသွားသည့် အလွန်အမင်း ဖျတ်လတ်လျှင်မြန်သော ဖက်ထုတ်ဖြူလေးကို ကြည့်လိုက်သည်။
“ ငါတို့ တွက်ချက်မှုမှားသွားပြီ”
သူ အံကြိတ်၍ပြောလိုက်သည်။
“အဲဒါက သန္ဓေပြောင်းတိရစ္ဆာန်ပဲ”
ယုန်လေး အံ့အားသင့်ဖွယ် သေးငယ်ပြီး ထိုနေရာတွင် နာခံပြီးအပြစ်ကင်းစင်စွာ ထိုင်နေသည်ကို သူတို့မြင်ခဲ့ကြသည်။
ဤကဲ့သို့ လက်သည်းများနှင့် တိုက်ခိုက်နိုင်စွမ်းရှိသည့် ကြမ်းကြုတ်သောသားရဲဟု မည်သူက ခန့်မှန်းနိုင်မည်နည်း?
ဆင့်ကဲပြောင်းလဲသူနှစ်ယောက်နှင့် တိုက်ခိုက်ခြင်းက အကျိုးမရှိဘဲ ဆိုးကျိုးများသာ ဖြစ်လာနိုင်ကြောင်းကို ယင်ရိလျိုသိ၏။
ကျောင်းချီယန်က ခွဲစိတ်နေဆဲဖြစ်ပြီး ဝံပုလွေလေး၏ ဒဏ်ရာသည်လည်းအပြည့်အဝ မကုသရသေးချေ။ လူနာဆောင်၏အပြင်ဘက်၌ သူတို့ ထကြွသောင်းကျန်းခဲ့လျှင် အတွင်းဘက်မှ ကုသနေသူများကသေချာပေါက်သက်ရောက်ခံရပေလိမ့်မည်။
ထို့ကြောင့် တစ်ဖက်လူကို တစ်ချက်ရိုက်နှက်ပြီးနောက် အကွေ့အကောက်များသည့် ကော်ရစ်တာဆီသို့ တဟုန်ထိုးပြေးသွားခဲ့သည်။
သူမက ပြေးနေရင်းဖြင့် နောက်သို့လှည့်ကြည့်လိုက်လျှင် မျှော်လင့်ခားသည့်အတိုင်းပင် ဆင့်ကဲပြောင်းလဲသူနှစ်ယောက်က ကျောင်းစီဟွေ့ကို လက်လျော့ပြီး သူမ၏နောက်မှ တန်းတန်းမတ်မတ်လိုက်လာကြသည်ပို မြင်လိုက်ရသည်။
ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ!
ယင်ရိလျို မထိန်းချုပ်နိုင်စွာဖြင့် သူမ၏နှလုံးသားထဲတွင် ကျိန်ဆဲလိုက်၏။ သူမ၏ချစ်စရာကောင်းသည့်အသွင်အပြင်ကြောင့် ဤဦးနှောက်မဲ့သည့် အမျိုးသမီးက သူမကို မောက်မာစွာတောင်းဆိုခဲ့သည်။
ဘာလို့လဲ?
ချစ်စရာကောင်းတာက အပြစ်ဒဏ်တစ်ခုဖြစ်နေတာလား?
သူမ၏အနောက်ဘက်ရှိ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်က အလွန်လျှင်မြန်ကြပေသည်။ အထူးသဖြင့် မျိုးစပ်လူပင်ဖြစ်သည်။
သူ၏ခြေထောက်များသည်လည်း တိရစ္ဆာန်ခြေထောက်များ၏ အသွင်ကိုပြောင်းလဲထားခဲ့ပြီး သူမ၏နောက်မှ ခြေလေးချောင်းဖြင့် လိုက်ဖမ့်နေခဲ့သည်။
ယင်ရိလျိုတစ်ယောက် ဆေးရုံကော်ရစ်တာတွင် အထက်အောက်ခုန်ကာ လွတ်မြောက်နိုင်သည့်ထွက်လမ်းတစ်ခုကို ရှာနေခဲ့သည်။
သူမ၏ရှေ့တွင် ထောင့်ချိုးတစ်ခုကို တွေ့လိုက်ရချိန်တွင်တော့ သူမကကွေ့ချလိုက်ပြီးနောက် သူမ၏ခြေလှမ်းများက ရုတ်ခြည်း ရပ်တန့်သွားသည်။
သူမ၏အရှေ့တွင် နံရံတစ်ခုရှိနေခဲ့ပြီး လမ်းအပိတ်(လမ်းဆုံး)ကြီးဖြစ်နေခဲ့သည်။ဘေးနှစ်ဘက်တွင်တော့ လူနာခန်းနှစ်ခုသာလျှင် ရှိလေသည်။ လူနာခန်းထဲတွင် လူများရှိမရှိကို သူမမသိချေ။
သူမ ဖောက်ဝင်သွားလျှင် အတွင်းဘက်မှ လူနာများကို ပြဿနာဖြစ်သွားစေလောက်မည်လားလည်း မသိရပေ။
သူမ၏နားရွက်ရှည်များက လှုပ်ရှားသွားခဲ့သည်။ သိပ်မဝေးသည့်နေရာမှ ဆင့်ကဲပြောင်းလဲသူများက သူမနှင့်နီးကပ်လာပြီဖြစ်ကြောင်းကို ခံစားနိုင်သည်။
သူမတွင် အခြားရွေးချယ်စရာမရှိတော့ချေ။ ယုန်လေး အံကြိတ်လိုက်သည်။
အမျိုးသားနှစ်ယောက်က ယုန် ထွက်ပြေးသွားသည့် လမ်းကြောင်းနောက်ကို လျှင်မြန်စွာလိုက်လာခဲ့ကြသည်။ ထောင်ကွေ့တစ်ခုသို့ရောက်ချိန်တွင် သူတို့ လိုက်ပါကွေ့လိုက်ပြီးနေုကာ သူတို့ရှေ့မှ မြင်ကွင်းကိုတွေ့ရချိန်တွင် ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်ကြသည်။
၎င်းက လမ်းဆုံးဖြစ်ကာ ကော်ရစ်တာလမ်းတိုလေးတွင် အရပ်ပုသည့် ကောင်မလေးတစ်ယောက်သာ ရပ်နေခဲ့လေသည်။