← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

သူတို့၏ရှေ့မှ မိန်းကလေးက အလွန်ချစ်စရာကောင်းပေ၏။ သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်ရှိနေသော သံပုရာဦးထုပ်လေးကြောင့် တရုတ်နှစ်သစ်ကူးပုံထဲမှ ထွက်လာသည့် အောင်မြင်ဖြစ်ထွန်းခြင်းအရုပ်လေးတစ်ခုကဲ့သို့ ချစ်စဖွယ်ကောင်းနေခဲ့သည်။

ကလေးမလေးမှာ လူနာခန်းထဲမှ ထွက်လာပုံရပြီး ဤ‘ထူးဆန်းသည့်ပုံစံ’နှင့် အမျိုးသားနှစ်ယောက်ကိုတွေ့လျှင် ထိတ်လန့်သွားခဲ့လေသည်။ သူမ၏မျက်လုံးများက ချက်ချင်းပင်မျက်ရည်များနှင့် ပြည့်လျှံလာခဲ့သည်။ ထိုအမျိုးသားနှစ်ယောက်တွင် တစ်ယောက်မှာ တိရစ္ဆာန်လက်သည်းများရှိနေပြီး နောက်တစ်ယောက်တွင် ထူးဆန်းသည့်ခြေထောက်များကို ရှိနေသည်ကို တွေ့လိုက်ရပြီးနောက် သူမ၏မျက်နှာပေါ်မှ အကြောက်တရားများက ပို၍သိသာလာခဲ့သည်။

ထိုလူထွားကြီးနှစ်ယောက်က မသိစိတ်ဖြင့် သူတို့၏ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော အစိတ်အပိုင်းများကို ဖုံးကွယ်ပြီး အတတ်နိုင်ဆုံး နူးညံ့သည့်အသံဖြင့် မေးခဲ့သည်။

“မကြောက်ပါနဲ့ .. အန်ကယ်တို့က မကောင်းတဲ့သူတွေမဟုတ်ပါဘူး.. မင်း ခုနတုန်းက တစ်ခုခုကိုတွေ့လိုက်သေးလား?”

ကလေးမလေး၏ မျက်လုံးများက အလွန်ကြီးမားပြီး သူမ၏ဖြူဖွေးပြီး နူးညံ့သောမျက်နှာလေးကို မော့လိုက်ကာ နို့သံလေးဖြင့်ရှိုက်လိုက်သည်။

“ဝူး… နျိုနျိုမသိဘူး… သမီးက ရှူးပေါက်ချင်လို့ထွက်လာတာပါ…”

အမျိုးသားနှစ်ယောက်၏ မျက်နှာပေါ်တွင် ကိုးယိုးကားယားအမူအရာ ရှိနေသော်လည်း သူတို့၏မျက်လုံးများက ကလေးမလေး၏နောက်မှ လူနာဆောင်ကိုဆက်တိုက် စိုက်ကြည့်နေခဲ့ကြသည်။

ဤကလေးမလေး အပြင်သို့ထွက်လာသည့်အချိန်တွင် ထိုအသက်ရှင်သော သတ္တဝါအလုံးလေးက အတွင်းဘက်ပြေးဝင်ရန် အခွင့်အရေးယူခဲ့သည်ဟုတွေးတောခဲ့ကြသည်။

အနီရောင်ဝတ်စုံနှင့် ကလေးမလေးက နှုတ်ခမ်းဆူလိုက်ပြီး အမျိုးသားနှစ်ယောက်ကိုကြည့်ကာ ထောင့်မှထွက်ပြေးသွားခဲ့သည်။

သူမက အမှန် အမှန်တကယ်ကို ကြောက်ရွံ့ပြီး အပေါ့စွန့်ရန်လည်းလိုအပ်နေသကဲ့သို့ပင်။

ဘိုးဘေးတို့စရိုက်ကိုဆက်ခံထားသည့် ဆင့်ကဲပြောင်းလဲသူက ရှေ့သို့တက်၍ တံခါးဆီသို့လျှောက်သွားပြီး လျှင်မြန်စွာ ဖွင့်လိုက်၏။

သို့သော်လည်း အတွင်းဘက်တွင် တစ်ယောက်မှမရှိပါချေ။ မခန်းထဲတွင် အိပ်ယာကို သေ‌သေသပ်သပ်ပြင်ဆင် ထားပြီး စောင်ကလည်း သပ်ရပ်စွာ ခေါက်ထားခဲ့သည်။

နေမကောင်းသည့် မိဘများ၏ အရိပ်အယောင်ဟူ၍ မရှိချေ။

သူတို့နှစ်ယောက်၏ အမူအရာက မှောင်မည်းသွားပြီး မျိုးစပ်လူက တစ်ဖက်မှတံခါးကို ဆောင့်ဖွင့်လိုက်သည်။ သို့သော်လည်း ၎င်းသည်လည်း အလွတ်ဖြစ်နေခဲ့၏။

သူတို့ ယခုလေးတင် ကလေးမလေး၏ ထူးဆန်းသည့်အခြေအနေအကြောင်းကို ရုတ်တရက်တွေးလိုက်သည်။ သူမက အလွန်တိုက်ဆိုင်စွာ ပေါ်လာပြီး ဖိနပ်များကိုလည်း စီးမထားခဲ့ချေ။

“သူမရဲ့နောက်ကိုလိုက်! ငါတို့အရူးလုပ်ခံလိုက်ရပြီ!”

ယင်ရိလျို၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါကာနေခဲ့၏။ သူတို့နှစ်ယောက်ာ သူမကို’ယုန်မျိုးစပ်’ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားလောက်ပါချေ။ သို့သော်လည်း သူမအနေဖြင့်သူတို့ကို မည်မျှကြာကြာ လှည့်ဖြားနိုင်မည်၊ သို့မဟုတ် ဆေးရုံထဲမှထွက်ပြေးနိုင်မည်လားကို မသိပေ။

လူသားဖြစ်လာချိန်တွင် သူမ၏ခြေတံများက သေးငယ်တိုတောင်းလာသော်လည်း သူမ၏အရှိန်က မယုံနိုင်စရာပင်။

သူမ၏နားရွက်များက လေသံများနှင့် ပြည့်နှက်နေကာ သူမ၏အနီရောင်ဝတ်စုံသည် လေညှင်းဖြင့် တဖြတ်ဖြတ်လွင့်နေပြီး ဆံပင်ရှည်များက မျက်လုံးများကို ကွယ်နေခဲ့သည်။

သူမ ဆံပင်ကိုဖယ်တော့မည့် အချိန်တွင် ကျယ်ပြန့်သည့် ပွေ့ဖက်မှုထဲသို့ ဝင်တိုက်မိသွားလေသည်။ ထိုသူက သူမကိုကောက်ယူပြီး သူ၏လက်မောင်းထဲ တင်းကြပ်စွာ ချီထားခဲ့သည်။

မဖြစ်ဘူး!

နောက်ဆုံးကျတော့ အဖမ်းခံလိုက်ရတာပဲလား..

သို့သော် နှာခေါင်းထိပ်မှ သစ်ကတိုးသားရနံ့ ဖျော့ဖျော့ကို ရပြီးနောက်တွင် ကလေးမလေး၏ခန္ဓာကိုယ် တဖြည်းဖြည်းတောင့်တင်းသွားပြီး တစ်ဖက်လူ၏မျက်နှာကို မော့မကြည့်ဝံ့တော့ချေ။

မဖြစ်နိုင်တာ….

နောက်ဆုံးမျှော်လင့်ချက် အပိုင်းအစလေးကို ကိုင်လျက် ယင်ရိလျိုဖြည်းညှင်းစွာ ခေါင်းမော့လိုက်လျှင်လျှင် သူမ၏သမင်မျက်လုံးဝိုင်းဝိုင်းတို့က မျက်နှာပြင်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ အနေအထားရှိပြီး တည်ငြိမ်အေးချမ်းသော လင်းယုန်မျက်လုံးတစ်စုံဖြင့် ဆုံတွေ့လိုက်ရသည်။

သူမ၏ နှလုံးက အရှိန်ပြင်းစွာ ခုန်ပေါက်လာခဲ့သည်။ သူမ၏ခေါင်းကလညား နောက်စက္ကန့်တွင် ပေါက်ကွဲသွားလိမ့်မည်ဟုပင် ခံစားရသည်။

ထိုသူက သူ၏ပုံမှန်တောင်တက်ဝတ်စုံကို ပြောင်းလဲထားပြီးဖြစ်ကာ လက်ရှိတွင် အတန်အသင့် ထသွားထလား ရှပ်အင်္ကျီကိုသာ ဝတ်ထားခဲ့သည်။

သူ၏ဆံပင်များက စိုစွတ်နေဆဲဖြစ်ကာ သူ၏နဖူးပေါ်မှ ဆံမြိတ်များကို နောက်သို့လှန်တင်ထားပြီး ထက်ရှသည့်မျက်လုံးများက အနည်းငယ်အရည်လဲနေသဖြင့် သူ့ကို အလွန်အကဲဆွဲဆောင်နိုင်စွမ်းမြင့်သွားစေသည်။

ကျင်းယန်!!

ယင်ရိလျိုတစ်ယောက် လယ်ဗယ်100ရှိသော အလှတရားထံမှ တိုက်ခိုက်မှုဖြင့် ထိုးနှက်ခံရသည့်နှယ် နှလုံးသားက ဆတ်ခနဲကျုံ့သွားသည်ကို ခံစားရပြီး ရုတ်တရက် တုန်လှုပ်သွားရသည်။

အခု သူမ ဘယ်လိုလုပ်ရတော့မလဲ?

သူ သုံးနှစ်ကြာ ပျိုးထောင်ခဲ့တဲ့ယုန်က လူသားမျိုးနွယ်တစ်ယောက်အဖြစ် ပြောင်းသွားတဲ့အကြောင်းကို ရွှေပေါင်လုံးကြီးကို သူမ ဘယ်လိုရှင်းပြရမလဲ???စိတ်ငြိမ်ငြိမ်ထားရန် သူမကိုယ်သူမ ပြောလိုက်သည်။

အရာအားလုံး အဆင်ပြေသွားမှာပါ။

သူမရဲ့ရွှေပေါင်လုံးကြီးက သူမကို မမှတ်မိတာလည်းဖြစ်နိုင်တာပဲ။

သူမကိုယ်သူမ မဖော်ထုတ်သရွေ့ သူက သူမကိုဆိုးသွမ်းသည့်ကလေးတစ်ယောက်ဟုသာ ထင်လိမ့်မည်။

ကလေးမလေးက မျက်တောင် တဖျပ်ဖျပ်ခတ်ပြီး သူမ၏မျက်လုံးထဲမှ မျက်ရည်နှစ်စက်ညှစ်ထုတ်လိုက်သည်။ သူမ၏မျက်လုံးတစ်ဝိုက်မှ နီရဲမှုက ယုန်နတ်သမီးလေးကဲ့သို့ ချစ်စရာကောင်းသော အသွင်အပြင်ကို ဖြစ်စေခဲ့လေသည်။

သူမ၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သည့်အကြည့်တစ်ခုရှိနေခဲ့သည်။

သူမက သူ့အား ကောကောဟုခေါ်၍ တုံးအပြီးချစ်စရာကောင်းသကဲ့သို့ ဟန်ဆောင်ချင်သော်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သောကြောင့် ပါးစပ်ကိုဖွင့်ပြီးနောက်တွင် တစ်ဖက်လူကို ..

“အန်ကယ်” ဟုခေါ်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့လေသည်။

ကျင်းယန်: …..

‘အန်ကယ်’?

ကျင်းယန်တစ်ယောက် သူကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် သူမက သူ့ကိုခေါ်နေခြင်းဖြစ်ကြောင်း သတိဝင်သွားခဲ့သည်။

သူငယ်ချင်းလေးက သူ့ကို အန်ကယ်လို့ ခေါ်နေတယ်ပေါ့။

သူက အဲဒီလောက်တောင် အိုနေပြီလား?

သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကိစစမရှိပါ‌ချေ။

ဤကလေးလေးက သရုပ်ဆောင်ချင်လျှင် သူသည်လည်း အဆုံးသတ်ထိ သူမနှင့်အတူ သရုပ်ဆောင်မည်ဖြစ်ကာ မည်သည်ကိုမှ မသိဟု ဟန်ဆောင်ပေးထားပေမည်။

သူက ကလေးမလေးကို အထက်အောက်ကြည့်ပြီး အေးစက်စွာမေးလိုက်သည်။

“ဆေးရုံကော်ရစ်တာမှာ ဘာလို့လျှောက်ပြေးနေရတာလဲ?”

“သ.. သမီးက မားမားနဲ့ လူကွဲလာတာ”

ယင်ရိလျို မျက်လုံးကိုလှည့်ပတ်ကြည့်ရင် တွန့်လိမ်လိုက်၏။ ကျင်းယန်က အလွန်တိုက်ဆိုင်စွာ ပေါ်လာပြီး သူမ၏လူသားအသွင်ဖြင့် ပြေးဝင်သွားမိမည်ဟု သူမဘယ်တုန်းကမှ ထင်မထားချေ။

ကျင်းယန် မျက်ခုံးပင့်ပြီး နူးညံ့စွာ ‘အိုး’ ဟုတုံ့ပြန်လိုက်သည်။

သူ၏အသံက ပေါ့လည်းမပေါ့ပါး လေးလည်းလေးလံမနေခဲ့ဘဲ ကလေးမလေး၏ နှလုံးသားပေါ်သို့ တစ်ချက်ခေါက်လိုက်သည်နှင့် တူနေခဲ့သည်။

ဆိုရလျှင် ယင်ရိလျိုက အတခြားသူများနှင့်အတူ ဆေးရုံကို လိုက်သွားသည်နှင့် ပက်သက်၍ ကျင်းယန်စိတ်ပူနေခဲ့သည်။ သူမက သူ၏စောင့်ကြည့်မှုအောက်တွင် မရှိသည့် ကာလပတ်လုံး သူငယ်ချင်းလေးဆီ တစ်စုံတစ်ခု ဖြစ်ပျက်လိမ့်မည်ဟု သူအမြဲခံစားနေရသည်။

ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ သွေးများကိုဆေးချရန် အလောတကြီး ရေချိုးခဲ့သည်။ သူ၏လက်မောင်းပေါ်မှ ဒဏ်ရာကလည်း အများစုက ပျောက်ကင်းသွားကြောင်း တွေ့ခဲ့ပြီးနောက် ၎င်းကိုကတိုက်ကရိုက် ပတ်တီးစည်းလိုက်ပြီး ဆေးရုံဆီ အပြေးအလွှားလာခဲ့သည်။

သေချာပေသည်။ ကျောင်းစီဟွေ့၏မျက်နှာပေါ်မှ သောကရောက်သောအကြည့်ကို တွေ့ပြီးနောက် သူငယ်ချင်းလေးဆီတွင် တစ်စုံတစ်ရာ ထပ်ဖြစ်သွားကြောင်းကို သူသိလိုက်သည်။

သို့သော်လည်း တစ်နေ့နေ့တွင် လူသားအသွင်ထုထုနှင့် ဝင်တိုက်မိလိမ့်မည်ဟု မည်သည့်အချိန်ကမှ စိတ်မကူးမိခဲ့ချေ။

သူငယ်ချင်းလေးက သူ့ကိုမပြောပြချင်သဖြင့် သူလည်း မသိသည့်နှယ်သာ ဟန်ဆောင်ပြီး ကျန်ရှိသည့် သူ့၏တစ်ဘဝလုံးကို သာမာန်သန္ဓေပြောင်း တိရစ္ဆာန်ကဲ့သို့ ဆက်ဆံမည်ဟု အမြဲတွေးခဲ့လေသည်။

သို့သော် ထိတ်လန့်နေသော အမူအရာနှင့် အနီရောင်အင်္ကျီနှင့် ကလေးမလေးက သူ၏မြင်ကွင်းထဲသို့ လေပြင်းတစ်ခုနှယ် ဝင်ရောက်လာ‌သောအချိန်တွင်တော့ ကျင်းယန် ရှော့ရသွားပြီး သူမကိုချက်ချင်းမှတ်မိခဲ့သည်။

ထို့ကြောင့် ကလေးမလေးကို သူ၏လက်မောင်းထဲတွင် ပွေ့ဖက်ရန်ချက်ချင်း လက်လှမ်းလိုက်မိသည်။

ကျင်းယန်၏တုံ့ပြန်မှုကို ယင်ရိလျိုမြင်လျှင် သူမ၏စုတ်ပြဲနေသော ခြေအိတ်ရုပ်လေးကို အောင်မြင်စွာ ကွယ်ဝှက်နိုင်ခဲ့သည်ဟု ထင်နေခဲ့သည်။

ထို့ကြောင့် သက်သာရာရသည့် သက်ပြင်းတစ်ချက်ရှူလိုက်ပြီး မျက်တောင် တဖြတ်ဖြတ်ခတ်ကာ သူမကိုလိုက်ဖမ်းနေသော ဆင့်ကဲပြောင်းလဲသူနှစ်ယောက် ချဥ်းကပ်လာခဲ့လျှင် သူမ၏အလိမ်အညာကို အပြီးသတ်ရန် ကြိုးကြိုးစားစား စဥ်းစားနေခဲ့သည်။

သူမ၏အမူအရာတို့ ပြောင်းလဲသွားခဲ့၏။ ဤလူနှစ်ယောက်၏အကြောင်း သူမ မေ့လုနီးပါးပင်။

ဤသို့ဖြင့် ဘိုးဘေးတို့စရိုက်ကိုလိုက်သော ဆင့်ကဲပြောင်းလဲသူက နောက်ဆုံးတွင် ယုန်တစ်ကောင်ထံမှ အရူးလုပ်ခြင်းကိုခံရကြောင်း သတိထားမိသွားခဲ့သည်။

ယင်ရိလျိုကို သူမြင်သည့်အချိန်တွင် သူကအကြင်နာကင်းမဲ့စွာဖြင့် ကျင်းယန်၏လက်မောင်းထဲမှ ကလေးမလေးကို သူ၏ဒဏ်ရာမရှိသော လက်ဖဝါးဖြင့်လှမ်းဆွဲကာ သူမအားဖမ်းချင်ခဲ့သည်။

သူ၏ တခြားလက်ဖဝါးက ချွန်ထက်သောလက်နက်ဖြင့် ရက်စက်စွာ ထိုးဖောက်ခံထားရသည်။ ဒဏ်ရာက သွေးမထွက်တော့သော်လည်း နာကျင်မှုက သူ့ကိုအံကြိတ်မိစေပြီး သူ၏နဖူးမှ သွေးကြောစိမ်းများသည်လည်း တဒုတ်ဒုတ်ခုန်နေခဲ့သည်။

ယင်ရိလျို မသိစိတ်အရ ရင်းနှီးသည့်ပွေ့ဖက်မှုထဲ ကျုံ့ဝင်လိုက်သော်လည်း သူမအား အံ့သြစေသည်မှာ ကျင်းယန်က သူမကို သူ၏လက်မောင်းထဲတွက် နီးကပ်စွာကိုင်ထားပြီး သူမ၏နှာခေါင်းထိပ်ကလညား ကိုယ်သင်းရနံ့ဖျော့ဖျော့ဖြင့် ရုတ်တရက် နစ်မြှုပ်ခံလိုက်ရသည်။

လူသားများနှင့် ယုန်များတွင် ကွဲပြားသော အာရုံခံစားမှုများရှိ၏။

ယုန်များတွင် ထူထဲသော သားမွှေးအလွှာတစ်လွှာရှိကာ လူသားအရေပြားများမှာတော့ ၎င်းက လစ်လပ်နေခဲ့သည်။လူငယ်၏အင်္ကျီအလွှာပါးပါးမှ သူ၏စွမ်းအားကြီးသော ကြွက်သားများနှင့် သူ၏ခန္ဓာကိုယ်မှ နွေးထွေးမှုကိုပင် သူမ ခံစားနိုင်ခဲ့သည်။

ဆင့်ကဲပြောင်းလဲစွမ်းရည်ကို’သူ၏လက်မောင်းပေါ်တွင် အသုံးပြုလိုက်လျှင် အင်္ကျီလက်အောက်တွင် ပုန်းကွယ်နေသော လက်‌မောင်းပေါ်မှ အရေပြားများက တခဏချင်း မာကျောသွားခဲ့လေသည်။

သူ၏လက်သီးက အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ဦးခေါင်းခွံကိုပင် ခွဲခြေနိုင်သည်အထိ သန်မာသည်။ ထို့ကြောင့် သူ့၏ခွန်အားကို အသုံးပြုသောအချိန်တွင် ဘိုးဘေးတို့၏စရိုက်လိုက်သော ဆင့်ကဲပြောင်းလဲသူ၏ လက်မောင်းပင် ထုံကျင်သွားပြီး မီတာအအနည်းငယ် ပြန်ဆုတ်လိုက်ရလေသည်။

All Chapters