← Chapters

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀)

Vol. 9 Ch. 90

ကျင်းယန် နောက်သို့ဆုတ်လိုက်သည့် အခိုက်အတန့်တွင် သူ၏လှုပ်ရှားမှုက ယင်ရိလျို၏ခေါင်းပေါ်မှ ချောင်ချိချိဦးထုပ်ကို မှုတ်ထုတ်လိုက်သကဲ့သို့ဖြစ်သွားခဲ့သည်။ သူမ၏ခေါင်းပေါ်မှ ပေါ့ပါးသွားသည့် အလေးချိန်ကို ခံစားလိုက်ရလျှင် ယင်ရိလျိုတစ်ယောက် ခေါင်းကိုဖုံးအုပ်ရန်အတွကာ လက်လေးကို ဆန့်လိုက်သော်လည်း နောက်ကျသွားလေသည်။

သူမ၏ခေါင်းထက် အနည်းငယ်ကြီးသော ဦးထုပ်မှာ မူလက ယုန်နားရွက်များကို ကောင်းကောင်း ဖုံးထားပေးသော်ငြား ယခုအချိန်တွင် ပန်းရောင်နားရွက်များ ပေါ်သွားစေခဲ့ပြီး ပါးပြင်နှစ်ဖက်တွင် တွဲလောင်းကျနေခဲ့သည်။

သူမ စိတ်လှုပ်ရှားစွာ ခေါင်းမော့ပြီး ကျင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။

ဤအကြိမ်တွင်တော့ သူမအတွက် အမှန်တကယ် ပြီးသွားပြီပင်။

ကျင်းယန် မျက်ခုံးတစ်ဖက်ကိုပင့်ပြီး သူငယ်ချင်းလေး၏ နားရွက်ကို လက်ချောင်းထိပ်ဖြင့် ထိလိုက်သည်။

သူ၏လက်မောင်းထဲမှ ရုန်းကန်နေသော ကလေး‌မလေးကို သတိထားမိသောအခါ သူ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“နားရွက်‌က အတော်လေးကောင်းတာပဲ”

သူ၏အသံသည် အေးစက်နေသော်လည်း သူ၏မျက်လုံးထဲတွင် မကွယ်ဝှက်နိုင်သော နောက်ပြောင်မှု တစ်ခုရှိနေကာ ယင်ရိလျို မည်မျှပင် နှေးကွေးပါစေ သို့မဟုတ် သူမကိုယ်သူမ မည်မျှပင် လှည့်ဖြားပါစေ ဤအခိုက်အတန့်တွင် ဟိုးအစကတည်းက သူမက သ‌န္ဓေပြောင်းယုန်တစ်ကောင်ဖြစ်ကြောင်းကို ရွှေ‌ပေါင်လုံးကြီး သတိထားမိခဲ့ကြောင်း သူမ သတိထားမိခဲ့သည်။

သူမရဲ့ကိုယ်ရေးအချက်အလက်ကို ရှာတွေ့ခဲ့ပေမဲ့ သူက တစ်ချိန်လုံး စနေ‌ခဲ့တာပေါ့!

ကလေးမလေး၏ မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်သွားကာ နှာခေါင်းကိုရှုံ့လိုက်ပြီး ကျင်းယန်ကို ကြည့်လိုက်သည်။ သူမ၏ခြေအိတ်အရုပ်လေး ပွင့်လင်းစွာထွက်လာပြီ ဖြစ်သည်အား ရှာတွေ့လိုက်လျှင် နှလုံးသားထဲမှ သတိကိုလျော့ချပြီး သိမ့်မွေ့သော နှာမှုတ်သံတိုးတိုးကိုသာ ထုတ်လွှတ်လိုက်သည်။

ယင်ရိလျို တစ်စုံတစ်ခုပြောတော့မည့်အချိန်တွင် ကျင်းယန်က သူမ၏ခေါင်းလေးကို ထပ်ပွတ်လိုက်လေ၏။

ဆင့်ကဲပြောင်းလဲသူနှစ်ယောက်ကို သူ နောက်တစ်ဖန်ပြန်ကြည့်ရန် လှည့်လိုက်ချိန်တွင်တော့ သူ၏မျက်လုံးများမှ ရေခဲများပေါ်ထွက်လာမည့်နှယ်ပင် ဖြစ်နေပေပြီ။

တိရစ္ဆာန်များ၏ ဘိုးဘေးစရိုက်ကိုရရှိပြီးနောက် ဆင့်ကဲပြောင်းလဲသူများ၏ အန္တရာယ်ခံစားနိုင်မှုသည်လည်း ကြီးမားစွာတိုးတက်လာခဲ့သည်။

သူတို့နှစ်ယောက်က ကျင်းယန်၏မျက်လုံးများကို မြင်ရသည့်အခိုက်တွင် သူတို့၏ခန္ဓာကိုယ်ထဲမှ ကြောက်စိတ်ကိုခံစားခဲ့ရပြီး မထိန်းချုပ်နိုင်ဘဲ သတိကိုမြှင့်တင်လိုက်မိသည်။

“မင်းကဘယ်သူလဲ? သူမနဲ့ဘယ်လိုပတ်သက်နေတာလဲ?”

ယင်ရိလျို၏ခေါင်းပေါ်မှ နားရွက်ရှည်များကို တွေ့လိုက်ရချိန်တွင် သူမက ယုန်ဖြစ်ကြောင်းကို သူတို့နှစ်ယောက် ချက်ချင်းအတည်ပြုလိုက်သည်။

အခြေစိုက်စခန်းမှ ထောက်ပံ့သော အချက်အလက်များနှင့်ပက်သက်၍ အမည်မသိရသော အကြောင်းပြချက်အချို့ကြောင့် ပြဿနာတစ်ခုရှိနေပုံရသည်။

သူတို့တွင်ရှိနေသော အချက်အလက်မျာ့ကိုကြည့်ပါက ရှုးယန်အသင်းတွင် ဤကဲ့သို့ကလေးမရှိချေ။

သူမ၏အရွယ်အစားကြောင့် အခြေစိုက်စခန်းဝင်ပေါက်မှ လူများက ယင်ရိလျိုသည် သန္ဓေမပြောင်းခဲ့သော သာမာန်အိမ်မွေးယုန်တစ်ကောင်ဟု ထင်ခဲ့ကြသဖြင့် သဘာဝအလျှောက် သူမသည်လည်း နာမည်စာရင်းထဲ အထည့်မခံခဲ့ရချေ။

ကျင်းယန်က သူ၏နာမည်ကိုအေးစက်သော အသံဖြင့်ပြောလိုက်သောကြောင့် သူတို့နှစ်ယောက် အနည်းငယ် အနေရခက်စွာခံစားလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်လူက ရှုယန်အသင်း၏ ခေါင်းဆောင်ဖြစ်နေ၏။

လူသုံးယောက်နှင့် တိရစ္ဆာန်တစ်ကောင်သာပါ‌သော အဖွဲ့လေးတစ်ခုနှင့် ရုပ်ပိုင်းဆိုင်ရာအရ အဆင့်သုံးထက်ပိုသော ဉာဏ်ကောင်းသည့် သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့လေသည်။

ထိုအမဲလိုက်ခြင်းဖြင့် မကြာသေးမီက အခြေစိုက်စခန်းတစ်ခုလုံးကို မွှေပစ်ခဲ့သည့် နာမည်ကြီးလူတစ်ယောက်က အကြောင်းပြချက်မရှိ သူတို့သွားရှုပ်နိုင်သည့် တစ်စုံတစ်ယောက်မဟုတ်ပေ။

ဘိုးဘေးစရိုက်နှင့်လူသည် သူ၏လက်မောင်းကို ခါပြီး နှလုံးသားထဲတွင် တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။

ဒီလူက ပိုအားကောင်းတဲ့ အမြင်အာရုံလေးပဲရှိတာ.. သူရဲ့ခန္ဓာကိုယ်ကတော့ ဖျားနာပြီးထိခိုက်လွယ်တယ်လို့ သူ့ကိုဘယ်တစ်ယောက် ပြောခဲ့တာလဲ?

ယခုလတင် သူ၏ထိုးချက်ကို အကဲဖြတ်ခြင်းအားဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာအင်အားသည် အလယ်လတ်အဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အဆင့်၏အထက်၌ သေချာပေါက်ရှိလေသည်။

ကျင်းယန်သည် ကလေးမလေး၏ ခေါင်းနောက်ကို လက်တစ်ဖက်ဖြင့် တစ်ချိန်လုံးကာကွယ်ထားခဲ့သည်။

“မင်းတို့ရဲ့ခေါင်းဆောင်ဆီကိုပြန်ပြီး ငါ့ရဲ့ကလေးကို မထိနဲ့လို့ပြောလိုက်”

သူ၏အသံသည်က ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

ထိုစကားပြောပြီးနောက် လက်မောင်းထဲမှ ယင်ရိလျိုနှင့်အတူ ဆေးရုံထဲမှထွက်သွားခဲ့၏ ။

ကလေးမလေး၏မျက်နှာကို အခြားသူများ လိုက်လံကြည့်ရှုနေမည်ကို သူ မလိုလားပါချေ။

ဆင့်ကဲပြောင်းလဲသူနှစ်ယောက်တွင် သံသယစိတ်များစွာရှိသော်လည်း သူတို့ကိုတားရန် ရှေ့မတက်ဝံ့ကြချေ။

ကျင်းယန်ထွက်သွားပြီးနောက် မျိုးစပ်လူက ခါးသီးစွာ သက်ပြင်းချလိုက်သည်။

သူတို့မှာ ဘယ်လိုကံဆိုးမှု ရှိနေတာလဲ။သူတို့ကိုပေးခဲ့သည့်တာဝန်ကို မပြီးမြောက်ခဲ့သည့်အတွက် သခင်မလေးက သူတို့ကိုဆူငေါက်တော့မည်ဖြစ်ပြီး သူတို့၏ဘော့စ်ပြန်လာသောအချိန်တွင်လည်း ထိုသူ အဖွဲ့ဝင်သစ်အဖြစ်ခေါ်ချင်သည့် လူများကို စော်ကားခဲ့ခြင်းအတွက် သူတို့ကို အပြစ်တင်လာလိမ့်မည်။

သူတို့ အချိန်မနှေးဘဲ အပေါ်ထပ်သို့ တက်သွားခဲ့ကြ၏။ ဤဆေးရုံထဲရှိ သခင်မလေးက မည်သည့်ပြဿနာနှင့်မှ မျက်နှာချင်းမဆိုင်ရလင့်ကစား မကြာခင် ပြဿနာဖြစ်မည့်သူသည်ကား သူတို့နှစ်ယောက်သာဖြစ်ပေသည်။

ကျင်းယန် ဆေးရုံထဲမှ ထွက်လာချိန်သည် နေ့လည်အချိန်ဖြစ်၏။ နေသည် ကောင်းကင်၌ တောက်ပစွာ လောင်ကျွမ်းနေခဲ့သည်။ ကျင်းယန်၏လည်ပင်းတွင် သူမ၏မျက်နှာကိုဝှက်ထားသော ယင်ရိလျိုမှာ သူ၏ဆံပင်ထိပ်မှ စိုစွတ်၍အေးစက်သော ရေငွေ့ကို ခံစားနိုင်သည်။

ကျင်းယန်၏လက်မောင်းထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်နေပြီး သူမ ပြောရမည့်အရာကို မသေမချာဖြစ်နေခဲ့သည်။

သူမ လမ်းပေါ်တွင် လူများသွားလာနေသည်ကို စောင့်ကြည့်လျက် တိတ်ဆိတ်စွာမေးလိုက်သည်။

“ကျောင်းကျဲနဲ့ ရှောင်ဟေးကို မစောင့်တော့ဘူးလား?”

ကျင်းယန် ကလေးမလေး၏ နူးညံ့ပြီး တိုးတိုးပြောနေသော အသံကို နားထောင်ပြီးနောက် ညင်သာစွာပြန်ဖြေခဲ့သည်။

“သူတို့ကို စောင့်စရာမလိုဘူး.. ပြီးကျရင် သူတို့ဘာသာ ပြန်လာလိမ့်မယ်”

သူက သူမ၏ ‘အသွင်အစစ်’ ကိုရှာတွေ့သွားသည့်အတွက် ယခုအချိန်တွင် ကလေးမလေးက စိတ်လှုပ်ရှားပြီး ပျာယာခတ်နေမည်ကို သူသိလေသည်။

သူ့အနေဖြင့် ကျောင်းမောင်နှမ မရှိသည်ကို အခွင့်ကောင်းယူပြီး သူမနှင့် ပွင့်ပွင့်လင်းလင်းစကားပြောချင်၏။

အနည်းဆုံးတော့ မည်သည့်အချိန်၊ မည်သည့်နေရာ သို့မဟုတ် မည်သည့်အခြေအနေမှာပဲဖြစ်ဖြစ် သူ့ကိုမကြောက်ရန် ပြောချင်လေသည်။

သူတို့၏အိမ်နား ပိုနီးလာလေလေ ယင်ရိလျိုမှာ ပို၍တုန်လှုပ်လာလေလေဖြစ်၏။ သူမ၏အဝတ်ထောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်က ဗလာဖြစ်နေခဲ့သည်။

ကျင်းယန်က သူမ၏ခြေအိတ်ရုပ်အကြောင်းကို ဘယ်လိုရှာတွေ့ခဲ့သလဲ သူမမသိသေးချေ။

သူ၏တုံ့ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် သူမက လူသားအဖြစ် ပြောင်းနိုင်ကြောင်း သူ သိနေသည်မှာ သိသာလေသည်။ ယခုလေးတင် ရှော့ရသွားသူမှာ သူမသာဖြစ်လေသည်။

သူ့အား ပြောခဲ့သည့် အလိမ်အညာများအကြောင်းကို စဥ်းစားလိုက်မိလျှင် အပေါက်တစ်ခုဖောက်ပြီး ထိုအထဲတွင်သာ ချက်ချင်းဝင်ပုန်းလိုက်ချင်၏။

အိမ်ထဲဝင်လိုက်ချိန်တွင် အလွန်ပူပြင်းပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသော နေရောင်သည် တခဏချင်းပိတ်ဆို့ခံလိုက်ရလေ၏။

တံခါးက ကလစ် ဟူသောအသံနှင့် ပိတ်သွားကာ ယင်ရိလျို၏နှလုံးသားမှာ ခုန်ပေါက်သွားခဲ့ပေသည်။

အခန်းထဲတွင် သူတို့နှစ်ယောက်သာ ရှိသဖြင့် အလွန်တိတ်ဆိတ်နေခဲ့သည်။

သူမဘယ်လိုရှင်းပြသင့်လဲ? သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဒီနေရာကို ကူးပြောင်းခဲ့တယ် ဆိုပြီးတော့လား?

သူမဆိုလျှင်လည်း ထိုအရာကို ယုံကြည်နိုင်လောက်မည် မဟုတ်ချေ။

စိတ်လှုပ်ရှားနေသော ကလေးမလေး၏ ဖောင်းကစ်ကစ် လက်လေးများသည် ကျင်းယန်၏ကော်လံကို မသိစိတ်အရ ဆုပ်ကိုင်မိလေသည်။

လူငယ်က ကလေးမလေး၏ လှုပ်ရှားမှုလေးကို သတိထားမိသဖြင့် ညင်သာစွာသက်ပြင်းချပြီး သူမကို ဆိုဖာပေါ်သို့ ဂရုတစိုက်တင်လိုက်လေ၏။

မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထိုင်၍ ယင်ရိလျိုနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေပုံမှာ သူ အောင်မြင်စွာအမဲလိုက်ခဲ့သည့် ယုန်ကို‌ ဝန်းရံနေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။

သူတို့ထဲက တစ်ယောက်မှ စကားမပြောကြသဖြင့် လေထုဖိအားသည် တခဏမျှ အနည်းငယ်အေးစက်နေခဲ့သည်။

ကျင်းယန်သည် ထိုညက သူငယ်ချင်းလေး၏ ကျောပြင်နှင့်အရိပ်ကို မြင်ခဲ့သော်ငြား သူမ၏မျက်နှာအသွင်အပြင်ကို အနီးကပ်မြင်ရသည်မှာတော့ ပထမဆုံးအကြိမ်ပင်။

ယင်ရိလျို၏ လူသားအသွင်သည်က လက်တံတိုတို ခြေတံတိုတိုများနှင့် အလွန်ချစ်စရာကောင်းပေ၏။

သူမ၏ပါးများက နူးညံ့ ဖောင်းကားနေပြီး မျက်နှာအမူအရာမှာ သိမ်မွေ့လျက်ရှိသည်။

ကြီးမားဝိုင်းစက်သည့် သမင်မျက်လုံးများဖြင့် အခြားသူများကို မဝံ့မရဲကြည့်လိုက်ချိန်တွင် သူမ၏ပုံစံမှာ အလွန်အပြစ်ကင်းစင်ပုံပေါ်လေသည်။ သူမကို ကြမ်းတမ်းစွာ ပြောဆိုရန်မှာပင် အပြစ်ရှိသလို ခံစားရစေသည်။

သူမ၏ဆံပင်က အိပ်မက်ဆန်သောအရောင်တမျိုးဖြင့် နူးညံ့ပြီး ရှည်လျားလေသည်။

ဤအခိုက်တွင် သူမသည် အပြစ်ရှိစိတ်နှင့်ကြောက်ရွံ့မှု နှစ်မျိုးစလုံးကို ခံစားနေရသောကြောင့် သူမ၏အမွှေးပွပွယုန်နားရွက်များမှာ တစ်ဝက်ကုပ်ကျနေလေသည်။

သူမ၏ဖောင်းကစ်ကစ်လက်ချောင်းများနှင့် နားရွက်ကို ကလိနေရင်း ဆော့ကစားနေခဲ့ပြီး ဟိုကြည့်ဒီကြည့်လုပ်နေသော်လည်း ကျင်းယန်ကို‌တော့ မကြည့်ရဲချေ။

ကျင်းယန် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအခါမှသာ ကလေးမလေးဝတ်ထားသော ဝတ်စုံကိုသတိပြုမိသည်။

ဤဝတ်စုံက အရောင်စိုပြီး ထူထဲနေကာ ယခင်နှစ်ကြိမ် တွေ့ဖူးချိန်က ဝတ်ဆင်ထားခဲ့သော ဝတ်စုံပါးပါးလေးများထက် များစွာ ပို၍စိတ်ချရလေသည်။ဆိုဖာပေါ်တွင် ထိုင်နေသဖြင့် သူမ၏ဖြူဖွေးပြီး ဖောင်းကစ်သော ခြေထောက်လေးများက ခြေဗလာဖြစ်နေကာ တွဲလောင်းကျနေလေသည်။

ယင်ရိလျိုသည် ယခုလေးတင် ကြမ်းပြင်ပေါ်မှာ ပြေးလွှားနေခဲ့သဖြင့် သူမ၏နူးညံ့သောခြေဖဝါးများသည် ဖုန်များပေကျံနေပြီး သဲအချို့က ခြေဖနောင့်ပေါ်တွင် ကပ်နေကာ နီရဲနေလေသည်။

ဤသည်ကိုမြင်လျှင် ကျင်းယန်မျက်မှောင်ကြုတ်လိုက်၏။

သူက ယင်ရိလျိုကို ငြိမ်ငြိမ်နေရန် ပြောပြီးနောက် ထရပ်ပြီး ရေချိုးခန်းဆီ သွားလိုက်လေသည်။

လူငယ်၏ပုံရိပ် အဝေးရောက်သွားသောအခါ ယင်ရိလျို သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပါးများကိုဖောင်းကာ ခြေထောက်လေးကို လွှဲယမ်းနေခဲ့သည်။

ဤအခြေအနေက အတော်လေးကောင်းသည်ဟုလည်းဆိုနိုင်သည်။

အဆုံးတွင် ကျင်းယန်၏ရှေ့မှောက်တွင် သူမ၏ခြေအိတ်ရုပ် မရှိတော့သောကြောင့် ယခုအချိန်မှစ၍ သူမ၏လျှို့ဝှက်ချက် ပေါ်သွားမည်အား စိတ်ပူနေရန်မလိုတော့ချေ။

သူမ မတုံ့ပြန်နိုင်ခင်မှာပင် ကျင်းယန်က အမှန်တရားကို ရှာတွေ့သွားခဲ့ပြီးဖြစ်‌လေသည်။

All Chapters