← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

ထုထုစားသောက်နေစဥ် ကျင်းယန်က သူမ၏ပါးစပ်ကိုသုတ်ပေး၊ ငရုတ်ကောင်းစေ့များကို ကောက်ဖယ်ပေးပြီး သူမ၏အတွက် အရိုးနွှင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။

ကျင်းယန်က ယုန်လေးကို သူ၏သမီးလေးကဲ့သို့ ဂရုစိုက်ပေးနေသည်ကို ကျောင်းမောင်နှမကြည့်ကာ အသာစုတ်သပ်လိုက်မိကြသည်။

ကျင်းယန်က သူ၏သွေးသားတော်စပ်သော ညီမထက် ဤယုန်လေးကို ပို၍မြတ်နိုးကြောင်း လွန်ခဲ့သည့်နေ့ရက်များမှ သူတို့ မြင်တွေ့နိုင်လေသည်။

ကျင်းကောက အချိန်တိုင်းတွင် အေးစက်ပြီး လျစ်လျူရှုသကဲ့သို့ဖြစ်နေသော်လည်း ယုန်လေးနှင့် အတူရှိနေချိန်များတွင်တော့ သူ၏စိတ်ရှည်မှုတို့က အဆတစ်သိန်းလောက် တိုးလာခဲ့သည်။

ကျောင်းစီဟွေ့ သူမ၏လက်ထဲမှ ဝိုင်ကိုသောက်ရင်း သက်ပြင်းချလိုက်သည်။

“အနာဂတ်မှာ ကျင်းကောရဲ့ဇနီးနဲ့ သမီးဖြစ်လာမယ့်သူတွေက တကယ်ကို ကောင်းချီပေးခံထားရတာပဲ”

ခင်ပွန်းဖြစ်သူက အလွန်ချောမောပြီး၊ နူးညံ့ညင်သာကာ၊ ခွန်အားအရလည်း သန်မာသည့်အပြင် အသေးစိတ်ကအစ အလွန်ဂရုစိုက်ပေးမည်ဆို ၎င်းက ချမ်းသာသုခနှင့် ပြည့်စုံခြင်းပင် မဟုတ်ပါလား?

ယင်ရိလျိုလည်း သူမ၏ပါးစပ်လေးထဲမှ အစားအစာကို ဝါးနေရင်းဖြင့် ခေါင်းငြိမ့်လိုက်သည်။

ကျောင်းစီဟွေ့ ပြောတာ အမှန်ပဲ။

ရွှေပေါင်လုံးကြီးရဲ့ ဇနီးနဲ့ သမီးက ချမ်းသာသုခနဲ့ အပြည့်စုံဆုံးပဲဖြစ်မှာ!

စားသောက်ပြီးနောက် လူတိုင်းစိတ်ကျေနပ်သွားခဲ့ကြသည်။

ပန်းကန်ဆေးရမည့် တစ်ယောက်က ပန်းကန်ဆေးနေစဥ် လက်နက်များကို သုတ်နေသည့်သူကလည်း သူ၏သေနတ်မှ လက်ကို မဖယ်နိုင်လောက်အောင် ဂရုစိုက်နေခဲ့သည်။

ကျင်းယန်ကတော့ လက်ကိုင်ပုဝါတစ်ထည်ဖြင့် ယင်ရိလျိုကို စနောက်နေကာ သူမကို လှုပ်ရှားရန် အချက်ပြနေခဲ့သည်။

သူငယ်ချင်းလေး၏ ဝမ်းဗိုက်က အလွန်လုံးဝန်းနေပေပြီ။

ဤကလေးက အစာမကျေဖြစ်မည်ကို သူ အလွန် စိုးရိမ်နေခဲ့သည်။

သူတွေးနေသည့်အရာကို ယင်ရလျို မသိပါချေ။

သူမက ကျင်းယန်မှ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စနောက်နေခြင်းဟုသာ တွေးနေလေ၏။

ဘယ်လိုလုပ်ရပ်လဲ!

သူက သူမကို ဂုဏ်သိက္ခာမရှိတဲ့ သာမာန်ယုန်တစ်ကောင်လို့ တကယ်ကြီးထင်နေတာလား..

သူမကိုယ်သူမ လက်ကိုင်ပုဝါတစ်ထည်ဆီကို ဘယ်တော့မှ ခုန်ဝင်မှာ မဟုတ်ဘူး..

မဖြစ်နိုင်တာ!

မိနစ်ဝက်ကြာပြီးနောက် ဆိုဖာပေါ်၌ ထိုင်နေသာ ရုပ်ရည်ချောမောသည့်နှင့် လူက လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားလျက် ရှိနေပြီး သူ၏အကြည့်က ပျင်းရိစွာ အောက်သို့ စိုက်ကြည့်နေခဲ့သည်။

ယုန်ဝတုတ်တစ်ကောင်ကတော့ သူ၏ခြေထောက်ပေါ်တွင် နားနေကာ သူ၏လက်ထဲမှ လက်ကိုင်ပုဝါပေါ်ကို သူမ၏လက်တိုတိုလေးများနှင့် ခုန်ရန် ကြိုးစားနေခဲ့သည်။

သို့သော် တစ်ဖက်မှ အမျိုးသား၏လှုပ်ရှားမှုက ပို၍လျှင်မြန်နေခဲ့၏။

ယုန်လေး၏လက်ဖဝါးက လက်ကိုင်ပုဝါအစွန်းကို ထိသည့်အချိန်တိုင်း ထိုသူက သူ၏လက်ကို တိကျစွာဖြင့် မြှောက်လိုက်လိမ့််မည်။

ယင်ရိလျို ပင့်သက်ရှိုက်ရှူလိုက်မိသည်။ သူမ၏အစာအိမ်မှ တင်းကားနေသော ခံစားချက်ကတော့ လျော့ပါးသွားခဲ့ပေပြီ။

သူမက ဆက်လက်မလှုပ်ချင်တော့ဘဲ ခြေထောက်များကို လေထဲတွင် တွဲလောင်းချလျက် သေချင်ယောင်ဆောင်ကာ ကျင်းယန်၏ဘေးမှ ဆိုဖာပေါ် ပလုတ်ခနဲမှောက်လိုက်လေသည်။

သူမက လက်ကိုင်ပုဝါဆီသို့ ရောက်အောင် မရွေ့လျားနိုင်သောက်ကြောင့် မဟုတ်ပါပေ!

ဤကဲ့သို့ ကလေးဆန်သောဂိမ်းကို သူမ၏ရွှေပေါင်လုံးကြီးနှင့် မကစားချင်ရုံသာဖြစ်သည်!

ယုန်လေးက ကိုယ်လက်လှုပ်ရှားမှုကို လုံလောက်လုနီးပါးလုပ်ဆောင်ပြီးကြောင်းကို မြင်လျှင် ကျင်းယန်က လက်ကိုင်ပုဝါကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ယင်ရိလျိုကို ကောက်ယူပြီးသူ၏ လက်ထဲတွင် ထည့်ထားလိုက်သည်။

အချိန်က နောက်ကျနေပေပြီ။

အိပ်ချိန်သို့ ရောက်ပြီပင်။

*

ကမ္ဘာပျက်ကပ်ဖြစ်ပြီးကတည်းက ကြီးမားနူးညံ့သည့် အိပ်ယာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းသည့်တစ်ညတာ အိပ်စက်ပြီးနောက် နောက်နေ့မနက်တွင် လူတိုင်း၏ စိတ်အခြေအနေ များစွာပိုကောင်းနေခဲ့ကြသည်။

ကျောင်းချီယန်က လက်မောင်းများကို အကြောဆန့်လျက် သီချင်းတစ်ပုဒ်ကိုပင် နူးညံ့စွာညည်းနေခဲ့သည်။

ယင်ရိလျိုက နေရာလွတ်ထဲမှ အသင့်စား စည်သွပ်အသားဆန်ပြုတ်တချို့ကို ထုတ်ယူလိုက်သည်။

ကျောင်းစီဟွေ့ကလည်း စားစရာများကို အလျှင်အမြန် အပူပေး၍ ချက်ပြုတ်လိုက်သည်။

ယခုအချိန်တွင် သူတို့တွင် ရေခဲသေတ္တာရှိနေပြီဖြစ်သဖြင့် ကျောင်းစီဟွေ့က ချက်ပြုတ်ထား အသားပိုင်းတစ်ခုကို မနေ့ညက ကြိုတင်အေးခဲထားခဲ့သည်။

သူမက မနက်ခင်း၌ ဝံပုလွေလေး စားသောက်နိုင်ရန်အတွက်ဟု ရည်ရွယ်ခဲ့လေသည်။

သို့သော်လည်း သူမ ၎င်းကိုထုတ်ယူပြီးနောက်တွင် အသား၏မျက်နှာပြင်ပေါ်ရှိ အခဲလွှာအောက်မှ အနံ့အသက်ဆိုးတစ်ခုကို အနံ့ရရှိခဲ့သည်။

သူမ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားရသည်။ သူမ၏ဘေးမှ မျှော်လင့်တကြီး စောင့်ဆိုင်းနေသော ဝံပုလွေပေါက်လေးကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ၎င်း၏ခေါင်းကြီးကို ပွတ်သပ်လိုက်သည်။

“ငါတောင်းပန်ပါတယ်.. နင့်အတွက် အသားတွေ ထပ်မရှိတော့ဘူး”

ယင်ရိလျိုလည်း အခြေအနေကိုမြင်လျှင် နေရာလွတ်ထဲမှ ကြက်ကင်နှစ်အိတ်ကို ထုတ်ယူလိုက်သည်။

ကျင်းယန် ကြက်ကင်တစ်ဝက်ကို သူတို့အတွက် ဆုတ်ဖြဲလိုက်ပြီး ကျန်သည့်အသားများကို ဝံပုလွေလေးဆီသို့ မနက်စာအနေနှင့် ပေးရန် ကျောင်းစီဟွေ့ကို ပြောလိုက်သည်။ရေခဲသေတ္တာ၏ တည်ရှိမှုနှင့်ပင် အသားများ၏ သန္ဓေပြောင်းမှုကို မရပ်တန့်နိုင်ဖြစ်‌နေ‌လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

လေထဲမှ သန္ဓေပြောင်းဘက်တီရီးယားများသည်လည်း ဆက်လက်၍ ဆင့်ကဲ‌ပြောင်းလဲနေပုံရသည်။

လူသားများတွင် သဘာဝကို ခုခံနိုင်သည့် သူတို့၏ကိုယ်ပိုင် စက်ကိရိယာများရှိနေချိန်တွင် အဆင်ပြေနေသေးသည်။

သို့သော်လည်း ယခုအချိန်တွင်တော့ ဒဏ်ရာအသေးလေးတစ်ခုကပင် အချိန်မှီ မကုသပါက လျှင်မြန်စွာယိုယွင်းလာပြီး အချိန်တိုတွင်း ပြည်တည်လာနိုင်ပေလိမ့်မည်။

ပြင်းထန်သော အခြေအနေများတွင် ၎င်းကပုပ်ပြီး သေစေသည်အထိ ဖြစ်လာပေလိမ့်မည်။

ဆန်ပြုတ်ကို အပြီးသတ်စားပြီးနောက် လူတိုင်းက ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်လိုက်ကြသည်။ ထို့နောက် လက်နက်ခဲယမ်းများကို ယူဆောင်၍ သူတို့၏အိမ်တံခါးကို သော့ခတ်လိုက်ပြီး အမှတ်ခန်းမဆီ ဦးမတည်လိုက်ကြလေသည်။

မနက်ရှစ်နာရီ၊ ကိုးနာရီဖြစ်၍ ဤအချိန်များတွင် အမှတ်ခန်းမသို့ တာဝန်များယူရန် လာရောက်သူ အများဆုံးအချိန်လည်းဖြစ်သည်။

ကျင်းယန်နှင့် သူ၏အသင်းဖော်များ ရောက်ရှိလာခြင်းက အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်ခဲ့သည်။

မြို့တော်Zမှ ဆင့်ကဲပြောင်းလဲသူ အများအပြားမှာ ယမန်နေ့တွင် ရောက်လာသည့် အလယ်လတ်အဆင့်နှစ်ယောက်နှင့် အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ပါဝင်သည့် ရှုးယန်ဟုခေါ်သော အသင်းအကြောင်းကို ကြားနှင့်ခဲ့ပြီးဖြစ်သည်။

သူတို့ထံတွင် အလွန်အမင်း ရှားပါးသော သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ပင် ရှိနေခဲ့သည်။

မြို့ထဲတွင် ပုန်းကွယ်နေသော စွမ်းအားကြီးသူအများအပြား ရှိသော်လည်း လူတိုင်းက ဆင့်ကဲပြောင်းလဲသူမဟုတ်ကြပေ။

ထို့အတူ ဆင့်ကဲပြောင်းလဲသူများထဲမှ အများစုသည်လည်း အဆင့်နိမ့်များသာ ဖြစ်ကြသည်။ အလယ်လတ်အဆင့်စာရင်းပင်လျှင် အယောက်နှစ်ဆယ်သာ မှတ်တမ်းတင်ထားခဲ့သည်။

ဤအချိန်တွင် အခြေစိုက်စခန်းမှ အင်အားစုများအားလုံးက ကျင်းယန်နှင့် သူ့အသင်းဖော်များကို လေ့လာနေခဲ့ကြသည်။

သူတို့၏အချက်အလက်များကို သူတို့ မြို့ထဲဝင်သည့် အခိုက်အတန့်မှစ၍ လီကျန်ကျောင်းနှင့် နျိုဖေးဟောင်ဆီသို့ တင်ပြခဲ့သည်။

သို့ဖြစ်၍ သူတို့၏လက်အောက်တွင်ရှိနေကြသော လူများကလည်း အခြေခံအားဖြင့် ကျင်းယန်နှင့်သူ့အသင်းဖော်များ၏ ဆက်ဆံရေးနှင့်စွမ်းရည်များကို နားလည်သဘောပေါက်ထားကြပြီး လူတိုင်းက လှုပ်ရှားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြသည်။

ထို့အပြင် ကျင်းယန်၏ခြေထောက်မှ ပြဿနာများနှင့်ပက်သက်၍ အချက်အလက်သည်လည်း သဘာဝအလျှောက် သူတို့၏လက်ထဲတွင် ရှိနေခဲ့လေသည်။

သူတို့ အမှတ်ခန်းမထဲသို့ ဝင်လာချိန်တွင် ကျင်းယန်က ဝှီးချဲပေါ်တွင် ထိုင်နေခဲ့သည်။

သူတို့ရောက်လာသည့် အခိုက်အတန့်တွင် လူများစုဝေးကာ ဆူညံနေသော ခန်းမက တိတ်ဆိတ်သွားခဲ့ပြီး မျက်လုံးအစုံများစွာက သူတို့ကို ပွင့်လင့်စွာ၊ သို့မဟုတ် လျို့ဝှက်စွာဖြင့် တိုင်းထွာစစ်ဆေးနေကြကာ ရေကြီးသကဲ့သို့ အကြည့်များဖြင့် သွန်းလောင်းနေကြသည်။

အနက်ရောင်ဝံပုလွေသားပေါက်၏ အာရုံခံစားမှုက အလွန်ထက်ရှပေ၏။

ဤလူများ၏အကြည့်တချို့က ဒွိဟဖြစ်စေပြီး ထိန်းသိမ်းခြင်းမရှိသဖြင့် သားပေါက်လကို အလွန်မသက်တောင့်မသက်သာ ခံစားရစေသည်။

သူက စိတ်အနှောင့်အယှက်ဖြစ်မှု‌ကြောင့် မြေပြင်ကို ကုတ်ခြစ်လိုက်ပြီး ၎င်း၏သွားများကို လှစ်ဟပြသလိုက်ကာ မျက်လုံးများက စူးရဲလာခဲ့သည်။

အမှတ်ခန်းမ၏ အပြင်ဘက်တွင် ထိုင်နေသူ အများအပြားမှာ သာမာန်လူများဖြစ်ကာ အစားအစာနှင့်လဲလှယ်ရန်အတွက် လက်လုပ်ပစ္စည်းများ၊ အပြင်ဘက်မှ စုဆောင်းထားသည့် အစေ့များ အစရှိသည်တို့ကို ယူဆောင်လာခဲ့ကြသည်။

ပထမအကြည့်၌ပင် သူတို့၏ ပစ္စည်းများအားလုံးက အသုံးမဝင်သကဲ့သို့ ထင်မြင်ရလေသည်။

ကျင်းယန်၏ လက်ချောင်းများက ဝံပုလွေလေး၏ နောက်ကျောပေါ်သို့ အသာအယာထိလိုက်သည်။

ထိုအချိန်မှသာ အနက်ရောင်ဝံပုလွေက တခြားလူများပေါ် ခုန်အုပ်ပြီး ဆုတ်ဖြဲပစ်ချင်စိတ်ကို ထိန်းသိမ်းလိုက်ကာ နှေးကွေးစွာဖြင့် နောက်သို့နှစ်လှမ်းဆုတ်လိုက်လေသည်။

သေချာပေ၏။ သူတို့၏လှုပ်ရှားမှုများက မသိသာလှသော်လည်း သူတို့ကို ချောင်းမြောင်းကြည့်နေသော မျက်လုံးများကတော့ ကောင်းစွာ သတိထားမိကြသည်။

ဤသန္ဓေပြောင်းတိရစ္ဆာန်၏ ပိုင်ရှင်မှာ ဝှီးချဲပေါ်မှအမျိုးသား ဖြစ်ပုံရသည်။

သူတို့က ခန်းမထဲသို့ အမှတ်များနှင့်လဲလှယ်ရန် လိုအပ်သည့် တာဝန်များရွေးချယ်ရန်အတွက် မနက်စောစောရောက်လာခဲ့ကြသည်။

လက်ရှိ၌ မြို့တော်Z အခြေစိုက်စခန်း၏ လုပ်ငန်းအားလုံးက အမှတ်များပေါ်တွင် မူတည်နေခဲ့သည်။

လျှပ်စစ်နှင့် signal များကို အောင်မြင်စွာ ဆက်သွယ်ပြီးနောက်တွင် သုတေသနဌာနက သံလိုက်ကတ်များကို အဆင့်မြင့်ခဲ့ကြသည်။

မြို့တော်Zထဲ ခိုင်မြဲစွာနေထိုင်ရန်အတိက် စာရင်းသွင်းခဲ့သူ အားလုံးက ထိုကဲ့သို့တစ်ကတ်စီ လက်ခံရရှိပေလိမ့်မည်။

ဤကတ်မှာ အခြေစိုက်စခန်းထဲမှ လူတစ်ယောက်ပိုင်ဆိုင်သည့် အမှတ်များကို မှတ်တမ်းတင်ရန် အသုံးပြုသည့် ကတ်ဖြစ်ပြီး တစ်ချိန်တည်းတွင် လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက် ကတ်အဖြစ်လည်း လုပ်ဆောင်သည်။

ဤကတ်ကို ပေးချေမှုများနှင့် လွှဲပြောင်းမှုအားလုံးအတွက် အသုံးပြုနိုင်သည်။သူတို့နေထိုင်သည့် အိမ်မှာ မသေးငယ်ဘဲ နေ့စဥ်နေရာထိုင်ခင်းကြေးအပြင် ထပ်ပေါင်းအနေဖြင့် ရေနှင့်လျှပ်စစ်ဘေလ်သည်လည်း ပါဝင်သောကြောင့် ပြီးမားသော ကုန်ကျစရိတ်တစ်ခုဖြစ်လာခဲ့သည်။

၎င်းအမှတ်များအတွက် လဲလှယ်ရန်အတွက် ယင်ရိလျို၏နေရာလွတ်ထဲတွင် အစားအစာများအလုံအလောက် ရှိနေသော်လည်း ထိုသည်က အလွန်ပင် သတိထားမိဖွယ်ရာ ဖြစ်နေခဲ့သည်။

ဆိုရလျှင် လောကကြီးကို သူမက ‘ငါကချမ်းသာတယ် မြန်မြန်င့ါဆီကိုလာလုယက်ကြ!’ ဟုကြော်ငြာနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

All Chapters