အခန်း (၈၃)
Vol. 9 Ch. 83
ကျင်းယန်က အမှတ်ခန်းမအရှေ့တွင်ရပ်ရန် အလိုလျှောက်ဝှီးချဲကို တည်ငြိမ်စွာဖြင့် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်လိုက်သည်။
ယင်ရိလျိုကလည်း သူ၏ပေါင်ပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး ခန်းမ၏အနောက်ဘက်မှ သစ်သားဆိုင်းပုဒ်အတန်းများကို မြင်လိုက်ရလေ၏။
ထိုနေရာတွင် တာဝန်တစ်ခုချင်းစီအတွက် ကိုက်ညီသည့် နံပါတ်များပါရှိနေပြီး ၎င်းနံပါတ်များက ထိုတာဝန်အသီးသီးအတွက် ချီးမြှင့်သည့်အမှတ်များ ဖြစ်နိုင်သည်။
ယုန်လေးက ကျင်းယန်ပေါင်ပေါ်တွင် ခြေဖျားထောက်ရပ်ကာ စားပွဲကိုသူမ၏လက်တိုတိုများဖြင့် မှီလျက်မော့ကြည့်နေခဲ့သည်။
သူမ၏အကြည့်များက တာဝန်တစ်ခုပြီးတစ်ခု ရွေ့နေပြီး သူမ၏နှလုံးသားထဲတွင် စုတ်သပ်လိုက်မိသည်။
အမှတ်ကောင်းကောင်းရနိုင်သည့် တာဝန်များအားလုံးသည်က ကင်းလှည့်ခြင်းကဲ့သို့ ရိုးရှင်းသောတာဝန်များ မဟုတ်ကြပါချေ။
၎င်းတို့မှာ သန္ဓေပြောင်းတိရစ္ဆာန်များ၊ အပင်များနှင့် အမှန်တကယ်တိုက်ခိုက်ရသည့်တာဝန်များသာ ဖြစ်ပေသည်။
သူတို့အမဲလိုက်ခဲ့သည့် သားကောင်ကို အမှတ်ခန်းမသို့ လွှဲပြောင်းရမည်ဖြစ်ပြီး တာဝန်ပြီးမြောက်သည့်အတွက် အမှတ်များကိုတော့ သူတို့၏အမှတ်ကတ်ထဲသို့ ပေါင်းထည့်ပေးမည်ဖြစ်သည်။
ဘုတ်ပြားပေါ်မှ ဂဏန်းသုံးလုံးအမှတ် ထက်ပိုသော ဆုလာဒ်များနှင့် တာဝန်များမှာ အဆင့်နှစ်ထက်ပိုသော သန္ဓေပြောင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်း ၊ သို့မဟုတ်လျှင် အမျိုးမျိုးသော အန္တရာယ်ရှိ သန္ဓေပြောင်းအပင်များ၏ အစေ့များကိုစုဆောင်းခြင်းတို့ပင်ဖြစ်သည်။
အပင်တစ်ခုလုံးကို ပြန်လည်ယူဆောင်နိုင်လျှင် ချီးမြှင့်သည့်အမှတ်များက ပို၍ပင်မြင့်မားပေလိမ့်မည်။
ဤတာဝန်အမျိုးအစားများသည်က အများအားဖြင့် သုတေသနဌာနမှ ထုတ်ပြန်ခြင်းဖြစ်ပေသည်။
သူတို့က သန္ဓေပြောင်းအပင်၏ ပင်စည်များမှ အထူးအရာဝတ္ထုတစ်ခုကို နုတ်ယူစစ်ဆေးခဲ့ပြီး ၎င်းတို့က ကမ္ဘာပျက်ကပ်ဖြစ်ပွားခြင်းနှင့် ခွဲမရအောင် ချိတ်ဆက်နေခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောခဲ့ကြသည်။
ကျင်းယန်က အဆင့်နှစ် သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို အမဲလိုက်ရန် တာဝန်တစ်ခုနှင့် မြို့အပြင်မှ သန္ဓေပြောင်း ပရုတ်ပင်အစေ့များကို စုဆောင်းရန် တာဝန်တစ်ခုကို ရွေးချယ်ရန်လိုက်သည်။
•
သူတို့၏ဘေးတွင်တော့ အတော်လေးသန်မာပုံရသည့် ဆင့်ကဲပြောင်းလဲသူ အသင်းတစ်သင်းရှိနေခဲ့လေ၏။ အသင်းထဲမှ လူတိုင်းက တူညီသည့်မီးတောက်ပုံ တံဆိပ်များကို ဝတ်ဆင်ထားကြသည်။
သူတို့ထဲမှ တစ်ယောက်က ကျောင်းချီယန်ထက် နှစ်နှစ်ခန့်ပိုကြီးလောက်မည့် လူငယ်တစ်ယောက်ဖြစ်ပေသည်။
သူက ရှေ့ခုံကို မှီပြီး ကျင်းယန်ကို အထက်အောက်ကြည့်နေခဲ့သည်။ ထို့နောက် လှောင်ပြောင်ရယ်မော၍ သူ၏အသင်းဖော်များဆီသို့ ခေါင်းလှည့်ပြီး မှတ်ချက်ပြုခဲ့သည်။
“လူသစ်တွေက အတော်မောက်မာတာပဲ တစ်ချိန်တည်းနဲ့ တာဝန်နှစ်ခုယူရဲတယ်”
သူတို့၏ခေါင်းဆောင်ဖြစ်သူက သူ၏ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပေသည်။
သူက သူ၏အသင်းဖော်ဆီသို့ စိတ်ဆင်းရဲသည့် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ကျင်းယန်ဆီသို့ ချဥ်းကပ်ကာ လက်ဆန့်လိုက်သည်။
“ဟယ်လို ငါတို့က လင်းယုန်နီအသင်းကပါ .. ငါကတော့ အသင်းခေါင်းဆောင် လျိုဝေ့ဟုန်”
ကျင်းယန်လည်း လက်ကိုဆန့်ပြီး တစ်ဖက်လူ၏လက်ကိုဆွဲကာနှုတ်ဆက်လိုက်သည်။
ယင်ရိလျို သူ၏လက်အောက်မှ ခေါင်းလေးကို ထုတ်လိုက်ကာ သူမ၏ ယုန်မျက်လုံးနီနီများက လင်းယုန်နီအသင်း၏ အဖွဲ့ဝင်များကို သတိထားလျက် စိုက်ကြည့်နေခဲ့သည်။
သူတို့အသင်းတွင် ရှုးယန်ထက်ပို၍ အဖွဲ့ဝင်များပြီး သူတို့အားလုံးကလည်း ငယ်ရွယ်သောလူငယ်များနှင့်၊ သက်လတ်ပိုင်းအမျိုးသားများဖြစ်ပြီး အသင်းထဲတွင် ယင်(အမျိုးသမီး)ဓာတ် တစ်စွန်းတစ်စပင်မရှိချေ။
သူမ၏အကြည့်က အဆိုးရွားဆုံးသောကိုယ်နေဟန်ထားနှင့် မတ်တတ်ရပ်နေပြီး ရှေ့ခုံအား ပျင်းရိစွာမှီနေသော ကောင်လေးဆီ ရွေ့သွားချိန်တွင် တစ်ဖက်လူသည်လည်း သူမကိုကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
သူ့အနေဖြင့်ည ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် အရွယ်အစား သန္ဓေပြောင်းမသွားသည့် တိရိစ္ဆာန်တစ်ကောင်ကို မြင်ရအခွင့်အရေးက မည်မျှရှားပါးကြောင်း စဥ်းစားနေခဲ့ခြင်းဖြစ်ပုံရသည်။
လူငယ်လေးထံတွင် သူမ ယခင်က အင်တာနက်ပေါ်တွင် မြင်ခဲ့ဖူးသော ထိုကြက်ဥနို့ပေါင်းကောင်လေးများ ကဲ့သို့ မျက်လုံးကြီးများ ရှိလေသည်။
သူက ယင်ရိလျိုဆီ သူ့၏နှာခေါင်းကို ရှုံ့တွန့်ပြလိုက်လေ၏။
သူ၏အပြုအမူများကို ကျင်းယန်၏ထက်ရှသောစွာ ဖမ်းမိလိုက်သည်။
ကျင်းယန် လှမ်းကြည့်လိုက်သည်နှင့်ည ကောင်လေးတချို့က သူ၏ယုန်လေးအား စနောက်နေသည်ကို သတိထားမိလိုက်သည်။
သူက တစ်ဖက်လူနှင့် လက်ဆွဲနှုတ်ဆက်နေသော လက်ကိုပြန်ရုတ်ပြီးနောက် ယုန်လေးကိုသူ၏လက်မောင်းထဲသို့ အလွန်လွှမ်းမိုးသည့်အသွင်အပြင်နှင့် ပြန်လည်ပွေ့ဖက်လိုက်သည်။
ယင်ရိလျို၏ အမြင်အာရုံကလည်း မှောင်မည်းသွားပြီး သူမ၏ရှေ့ရှိကောင်လေးကို ထပ်မမြင်နိုင်တော့ချေ။
လူငယ်လေးက သူ့ကို ဦးတည်သော ကျင်းယန်၏ ရှင်းမပြနိုင်သော ရန်လိုစိတ်နှင့် မကျေနပ်ချက်ကို ခံစားမိပုံရပြီး သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။
လျိုဝေ့ဟုန်သည်ကတော့ သူတို့အသင်းအတွက် တာဝန်များကိုရွေးချယ်ပြီးနောက် သူ၏အသင်းဖော်များကို အမှတ်ခန်းမအပြင်ဘက်ဆီ ဦးဆောင်၍ခေါ်သွားလိုက်သည်။ကောင်လေးက မထွက်ခွာခင် ကျင်းယန်၏လက်မောင်းထဲ၌ ကြုံ့ဝင်နေဆဲဖြစ်သည့် နားရွက်လေးများကို တစ်ချက်ကြည့်ပြီး ပျင်းရိစွာပြောလိုက်သည်။
“ခင်ဗျားက ချစ်စရာလေးအပေါ် သေသေချာစောင့်ကြည့်နေဖို့ ကျွန်တော်သတိပေးချင်တယ်”
ကျင်းယန်က ချက်ချင်းပင် သူ့ဆီ စူးရှသည့် အကြည့်ကို ထိုလူငယ်လေးဆီသို့ ရွှေ့လိုက်သဖြင့် လူငယ်လေး၏ ကြွက်သားများက တင်းကြပ်သွားခဲ့ရသည်။
“ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဒီလောက်စိမ်းစိမ်းဝါးဝါးကြီး စိုက်ကြည့်နေရတာလဲ? ကျွန်တော်က ခင်ဗျားကို စိတ်ရင်းစေတနာနဲ့ သတိပေးတဲ့အနေနဲ့ ပြောတာနော်”
သူ၏ခေါင်းဆောင်က အဝေးသို့ရောက်နှင့်ပြီဖြစ်ကာ လူငယ်လေးကျန်ခဲ့သည်ကိုမြင်လျှင် မျက်မှောင်ကြုတ်လိုက်ပြီး ဝင်ပေါက်တွင်ရပ်ကာ သူ၏နာမည်ကို အော်ခေါ်လာခဲ့သည်။
လူငယာလေးကလည်း ခေါင်းကိုကုတ်၍ တခြားလူများ မကြားနိုင်လောက်သော တစ်စုံတစ်ရာကို တတွတ်တွတ်ရွယ်ရွက်ပြီး သူ၏ခေါင်းဆောင်နောက်မှလိုက်ကာ အမှတ်ခန်းမအပြင်သို့ ထွက်သွားခဲ့သည်။
ကျင်းယန်နှင့်သူ၏အသင်းဖော်များသည်လည်း သူတို့၏လက်မှတ်ကို လက်ခံရရှိပြီးနောက် မြို့တော်ဂိတ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။
ယင်ရိလျိုကတော့ အခြေစိုက်စခန်းထဲ လမ်းတစ်လျှောက်တွင် သာမာန်လူများကို လေ့လာနေခဲ့သည်။
လီကျန်ကျောင်း၏ မူဝါဒအောက်တွင် သူတို့သည်က ဆာလောင်ပြီး ဗိုက်တွင် ဗလာကျင်းသည်ဟု ပြောနိုင်သော်လည်း အနည်းဆုံးတော့ အသက်မသေနိုင်လောက်သည့် အစာပမာဏကိုတော့ အာမခံနိုင်လေသည်။
သို့သော်ငြား သာမာန်လူများတွင် သန္ဓေပြောင်းတိရစ္ဆာန်များကို အမဲလိုက်ရန် စွမ်းရည်မရှိသောကြောင့် သဘာဝအလျှောက် အာဟာရ ပိုမိုရရှိနိုင်သည့် အစားအစာများကို စားသောက်နိုင်ရန်အတွက် အမှတ်များ မစုဆောင်းနိုင်ကြချေ။
ထိုလူအများစုသည်က မျက်လုံးထဲတွင် အလင်းရောင်မရှိဘဲ အသားအရည်ကလည်း အဝါရောင်သန်းပြီး ပိန်လှီနေကြသည်။
လမ်းဘေးတွင် ဖောင်းထွက်နေသာ ဗိုက်နှင့်ထိုင်နေသည် ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ကိုလည်း ယင်ရိလျိုသတိထားမိခဲ့သည်။
သူမက အလွန်ပိန်လွန်းသဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်တွင် အသားရှိရုံမျှသာဟုပင် ပြောနိုင်ပေသည်။
သူမ၏ အဝတ်အစားများက လေညင်းကြောင့် လွင့်နေသော်ငြား ဗိုက်ကဖောင်းကားလျက် ကျန်နေသောကြောင့် အနည်းငယ် ကြောက်စရာကောင်းပုံပေါ်နေခဲ့သည်။
ကျင်းယန်နှင့် အဖွဲ့သားများက ဝံပုလွေလေးနှင့်အတူ မြို့တော်ဂိတ်မှ ထွက်လာချိန်တွင် သာမာန်လူများကတော့ အခြေစိုက်စခန်းအပြင်ဘက်ကို အကြောက်တရားနှင့် မနာဝန်တိုမှုများဖြင့် ကြည့်နေကြသည်။
သူတို့အနေဖြင့် အပြင်ဘက်၌ တည်ရှိသော အန္တရာယ်များကိုကြောက်ရွံ့သော်လည်း ဆင့်ကဲပြောင်းလဲသူများ ပိုင်ဆိုင်သည့်၊ အပြင်ထွက် အမဲလိုက်ပြီး ပိုမိုကောင်းမွန်သော ဘဝတွင်နေထိုင်နိုင်စေသည့် အထူးလူသားစွမ်းရည်များကိုလည်း မနာလိုဖြစ်ကြလေသည်။
ကျောင်းချီယန်သည်လည်း သူတို့အမဲလိုက်သွားရန် ဆုံးဖြတ်မှုမချမှီ အချိန်ကတည်းက ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။
သူသည်က သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်တွင် အားကစား အင်္ကျီတစ်ခုကိုသာ ဝတ်ဆင်ထားခဲ့သည်။
အပြင်ဘက်ကိုရောက်လျှင် ၎င်းကိုချွတ်ပြီး သူ သယ်ဆောင်ထားသော အိတ်တစ်ခုထဲတွင် သိုလှောင်လိုက်ပြီးနောက် အစိမ်းရောင်အရေပြားနှင့် အိမ်မြှောင်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းခဲ့သည်။
နှစ်မီတာထက်ပိုသော ခန္ဓာကိုယ်နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်က ကြည့်ရသည်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံရလေသည်။
သူသည်က ခြေလေးချောင်းတွားသွား သတ္တဝါဖြစ်သော်လည်း အလွန်လျှင်မြန်စွာ လှုပ်ရှားခဲ့သည်။
သူ၏တုတ်ခိုင်သောအမြီးကို အနည်းငယ်လွှဲယမ်းလိုက်လျှင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရှေ့သို့ နှစ်မီတာ သို့မဟုတ် သုံးမီတာခန့် လွှားခနဲသွားနိုင်ပြီး ပတ်ဝန်းကျင်လေထုထဲမှ အနံ့ကို ဖမ်းယူနေသဖြင့် သူ၏နှာခေါင်းသည်လည်း ရှုံ့တွန့်နေခဲ့သည်။
အိမ်မြှောင်က သူ၏အဝတ်အစားများပါဝင်သည့် messenger(ဘေးလွယ်အိတ်တစ်မျိုး) အိတ်တစ်ခုကို သူ၏ပုပြီးဝသော ပုခုံးပေါ်တွင် သယ်ဆောင်ထားလေသည်။
ထိုအခြေအနေနှင့် ကျောင်းချီယန်က အနည်းငယ်ချစ်စရာကောင်းသည်ဟု ယင်ရိလျို တွေးလိုက်မိသည်။
မကြာမီ သူက လေထဲမှ ဖျော့တော့သော အနံ့ဆိုးတစ်ခုကို ထောက်လှမ်းမိပြီး အက်ကွဲသောအသံဖြင့် တီးတိုပြောလိုက်သည်။
“ကျင်းကော ရှေ့150 မီတာလောက်မှာ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် ရှိတယ်”
ဆိုရလျှင် ကျောင်းချီယန် အနံ့ကို ထောက်လှမ်းမိသည့်အခိုက်တွင် ကျင်းယန်၏မျက်လုံးများသည်လည်း သိပ်သည်းသည့် တောအုပ်အလွှာများကို ဖြတ်သန်း၍ သစ်ပင်များကြားမှ အရိပ်ထဲတွင် ပုံရိပ်တစ်ခုကို မြင်လိုက်သည်။
အညိုရင့်ရောင် သားမွှေးနှင့် တိရစ္ဆာန်တစ်ကောင်က အလွန်အမင်း လျှင်မြန်ပြီး ခြုံပုတ်များထဲ ဝင်သွားခဲ့သည်။
ကျင်းယန် သူ၏လက်မောင်းထဲတွင် ယုန်ကိုပိုက်၍ မတ်တတ်ရပ်လိုက်သောကြောင့် ယင်ရိလျိုသည်လည့် အသံမထွက်စေဘဲ သူ၏ဝှီးချဲကို သူမ၏နေရာလွတ်ထဲသို့ ထည့်ပေးလိုက်သည်။
ကျင်းယန်က သူ၏လက်ကို အနည်းငယ်ရမ်းလိုက်လေ၏ ။
သူ၏နောက်တွင် ရပ်နေသော ကျောင်းစီဟွေ့သည်လည့် ကျင်းယန်၏ လက်ဟန်ကိုတွေ့မြင်လျှင် ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်တွင် တောအုပ်ထဲတွင် အလွန်တိတ်ဆိတ်နေခဲ့ပြီး ပုစဥ်းရင်ကွဲများနှင့် ငှက်များ၏ မြည်သံကိုသာ ကြားနိုင်လေသည်။သစ်ပင်များက သူတို့၏ခေါင်းအထက်၌ အစိမ်းရောင်အလွှာစတစ်ခုရှိသည့်နှယ် အလွန်ထူထပ်နေသောကြောင့် နေလုံးကလည်း ပိတ်ဖုံးခံထားရပြီး အရွက်များ အကြား နေရာလပ်ထဲမှ ရွှေရောင်အလင်းများကသာ မြေပြင်ဆီသို့ ပြောက်တိပြောက်ကျား ရောင်ပြန်ဟပ်နေခဲ့သည်။