← Chapters

အခန်း (၁၇၄)

Vol. 17 Ch. 174

အခန်း (၁၇၄)

Vol. 17 Ch. 174

တုံ့ဆိုင်းနေသော အချိန်အတောအတွင်းမှာပင် ယွင်ရှန်းသည် အဆိပ်မိနေသော အသားစများအားလုံးကို သန့်စင်ဖယ်ရှားပြီးသွားသည်။

သွေးတိတ်ဆေးမှုန့်များကို ဖြူးလိုက်ပြီးနောက် ယွင်ရှန်းသည် ကုသမှု၏ နောက်ဆုံးအဆင့်

ဖြစ်သော ဒဏ်ရာကို လေးရာသီ ဖန်အပ်ဖြင့် ချုပ်ရန် ပြင်ဆင်လိုက်သည်။ သူမသည် ခေါင်းပင်မဖော်ဘဲ ဖန်အပ်ကို ထုတ်ယူကာ လက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရာ ကျွမ်းကျင်လှသော အပ်ဖျားမှာ အရေပြားကို ထိုးဖောက်ဖြတ်သန်းသွားပြီး ဒဏ်ရာကို လျင်မြန်စွာ ပိတ်ဆို့ချုပ်နှောင်ပေးလိုက်တော့သည်။

ဤမှောင်မိုက်အိမ်ရှေ့မင်းသားသည် အမှန်တကယ်ပင် သန်မာသော အမျိုးသားတစ်ဦး ဖြစ်သည်။ အသားကို လှီးဖြတ်ချုပ်နှောင်နေသော နာကျင်မှုကို တစ်ချက်ကလေးမျှ ညည်းညူခြင်းမရှိဘဲ တောင့်ခံထားနိုင်သည်။

နောက်ဆုံးချုပ်ရိုးကို အပြီးသတ်လိုက်ချိန်တွင် ယွင်ရှန်းမှာ ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ ယနေ့တွင် အန္တရာယ်ရှိသော အခိုက်အတန့်များစွာကို ရင်ဆိုင်ခဲ့ရပြီး မီးလျှံပေါက်ကွဲမှုမှော်ပညာများကိုလည်း အမြောက်အမြား အသုံးပြုခဲ့ရသဖြင့် သူမ၏ ကိုယ်ခန္ဓာစွမ်းအားမှာ အလွန်အမင်း ကုန်ခန်းနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူမ အလိုချင်ဆုံးအရာမှာ ဤကုသမှုကို အမြန်ဆုံး အဆုံးသတ်ကာ တရားထိုင်လျက် အားအင်ပြန်လည် ဖြည့်တင်းရန်သာ ဖြစ်သည်။

ဘာမှမစဉ်းစားဘဲ ယွင်ရှန်းသည် နဖူးပေါ်မှ ချွေးများကို သုတ်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် လည်ပင်း၌ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။ မှောင်မိုက်အိမ်ရှေ့မင်းသား၏ ညာလက်က သူမ၏ နူးညံ့လှသော လည်ပင်းကို ဆုပ်ကိုင်လိုက်ကာ သားကောင်ကို ဖမ်းဆုပ်လိုက်သော လင်းယုန်တစ်ကောင်ကဲ့သို့ ယွင်ရှန်းကို အပေါ်သို့ မြှောက်မတင်လိုက်သည်။

သူတို့နှစ်ဦးလုံးမှာ ရေကန်ထဲမှ တက်လာကာစဖြစ်၍ တစ်ကိုယ်လုံး ရေစိုရွှဲနေကြသည်။ တူကူးရှို့၏ ဆုပ်ကိုင်မှုမှာ ကြောက်မက်ဖွယ်ကောင်းသော အားအင်များကို ဖော်ပြနေသည်။ သူ၏ ရေစိုနေသော ဆံနွယ်များသည် ရင်ဘတ်အထိ တွဲလောင်းကျနေပြီး သူ့အား ကြမ်းတမ်းပြီး အန္တရာယ်ရှိသော အသွင်အပြင်ကို ပေးစွမ်းနေသည်။

တူကူးရှို့၏ ဘယ်လက်သည် ယွင်ရှန်း၏ နားရွက်ဆီသို့ ဦးတည်သွားသည်။ ယွင်ရှန်း၏ ရုပ်ဖျက်မှော်ပညာမှာ လွန်ခဲ့သော နာရီများစွာကတည်းက ပျယ်ပြယ်သွားခဲ့ပြီဖြစ်ရာ သူမ၏ ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောအရာမှာ နားတွင် ဝတ်ဆင်ထားသော ပုံရိပ်ယောင်စွမ်းအင် နားကပ်သာ ဖြစ်သည်။

တူကူးရှို့၏ အနည်းငယ် ကြမ်းတမ်းသော လက်ချောင်းများသည် ယွင်ရှန်း၏ နားသားပေါ်သို့ ပွတ်တိုက်သွားပြီး ပုံရိပ်ယောင်နားကပ်ကို တိကျစွာ ထိတွေ့လိုက်ရာ ထိုနားကပ်မှာ ထိတွေ့မှုနှင့်အတူ အက်ကွဲသွားတော့သည်။

ထိုအခါ ယွင်ရှန်း၏ စစ်မှန်သော မျက်နှာမှာ သူ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။

ယွင်ရှန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ တူကူးရှို့မှာ ခဏတာ မှင်သက်သွားတော့သည်။ တိဖုန်းက သူမကို အဘယ်ကြောင့် လော်လီမလေးဟု ခေါ်နေသည်ကို သူ အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ အလွန်နုပျိုသော မျက်နှာလေးဖြစ်ပြီး အသက် ခုနစ်နှစ်၊ ရှစ်နှစ်ထက် မပိုပုံရသည်။ သူမ၏ ရုပ်သွင်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း သူမ၏ သိမ်မွေ့သော အလှတရားကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူမ၏ အသားအရေမှာ ဖြူစင်ဝင်းပနေသော်လည်း ဟောက်

ချင်နန်းတော်ရှိ မိဖုရားငယ်များကဲ့သို့ ဖျော့တော့သော အဖြူရောင်မျိုး မဟုတ်ဘဲ ပန်းရောင်သန်းနေသော ကျန်းမာသန့်ရှင်းသည့် အဖြူရောင်မျိုး ဖြစ်သည်။

ယွင်ရှန်း၏ ဤကဲ့သို့ စင်ကြယ်ဝင်းပမှုမှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးသည့် ကျောက်စိမ်းခြည်မျှင် ကျင့်စဉ်ကို အချိန်ကြာမြင့်စွာ လေ့ကျင့်ထားခြင်းကြောင့် ဖြစ်သည်။ သူမ၏ နှာတံမှာ စနစ်တကျ ရှိလှပြီး နှုတ်ခမ်းလွှာလေးမှာလည်း လတ်ဆတ်သော ပန်းငုံလေးတစ်ပွင့်ကဲ့သို့ စိုပြေနေရာ ဤမျက်နှာလေးမှာ သူမ၏ တောက်ပသော မျက်ဝန်းများနှင့် အမှန်တကယ် လိုက်ဖက်လှပေသည်။

ခဏတာမျှ တူကူးရှို့၏ စိတ်ထဲတွင် ဤမိန်းကလေးမှာ အပြစ်ပြောစရာမရှိသော အလှတရား၏ ပြယုဂ်ဟု ထင်မှတ်လိုက်မိပြီး မည်သည့်အစွန်းအထင်းမျှမရှိသော ကျောက်စိမ်းတုံးလေးတစ်တုံးကဲ့သို့ သူမကို မိမိတစ်ဦးတည်းအတွက် သိမ်းဆည်းထားချင်စရာပင်။ သို့သော် သူသည် ဟောက်ချင်နိုင်ငံ၏ အိမ်ရှေ့မင်းသားတစ်ဦး ဖြစ်သည်မဟုတ်ပါလား။ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးအပေါ် ဤကဲ့သို့သော အတွေးမျိုး ဝင်လာမိသည်မှာ ရယ်စရာကောင်းလှသည်ဟု သူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ တူကူးရှို့သည် သတိပြန်ဝင်လာခဲ့သည်။ ယွင်ရှန်း၏ မျက်ဝန်းများအတွင်းမှ ပါးနပ်သော အရိပ်အယောင်များကို သူ မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ စိုးရိမ်စရာကောင်းသော အခြေအနေမျိုး၌ပင် သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပိုအလျှံ မရှိပေ။

တူကူးရှို့သည် သူ၏ဒဏ်ရာကို တစ်ဖန်ပြန်ကြည့်လိုက်ရာ အဆိပ်အများစုမှာ သန့်စင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယွင်ရှန်း၏ ဆေးကုသမှုအတတ်မှာ ထူးချွန်ပြောင်မြောက်လှကြောင်း သူ မငြင်းနိုင်ပေ။ သူမ၏ ချုပ်ရိုးချုပ်ကွက်များမှာ တိကျသေသပ်လှပြီး ဟောက်ချင်နန်းတော်ရှိ တော်ဝင်သမားတော်များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

လည်ပင်းကို တင်းကျပ်စွာ အဆုပ်ကိုင်ခံထားရသော်လည်း ယွင်ရှန်းမှာ ပျာယာခတ်ခြင်းမရှိဘဲ ရုတ်တရက် ပြုံးလိုက်သည်။ သူမသည် အပ်ကိုကိုင်ထားသော သူမ၏လက်ချောင်းများဖြင့် မှောင်မိုက်အိမ်ရှေ့မင်းသား၏ မျက်လုံးများကို ရည်ရွယ်ကာ ထိုးနှက်ရန် ဟန်ပြင်လိုက်သည်။ ထိုအခါ တူကူးရှို့သည် မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ဗီဇအရ နောက်သို့ ရှောင်တိမ်းလိုက်ရတော့သည်။

သို့သော် ယွင်ရှန်း၏ တံတောင်ဆစ်မှာ ဝိညာဉ်မီးလျှံကဲ့သို့ လျင်မြန်လှသည်။ သူမသည် လမ်းကြောင်းကို ချက်ချင်းပြောင်းလဲလိုက်ပြီး မှောင်မိုက်အိမ်ရှေ့မင်းသား၏ ခုနကတင် ချုပ်ထားသော ဒဏ်ရာပေါ်သို့ မဆိုင်းမတွပင် အားကုန်ဆောင့်လိုက်တော့သည်။

ဒဏ်ရာမှာ ပြန်ပွင့်သွားပြီး သွေးများမှာ မိုးပေါက်များကဲ့သို့ ပန်းထွက်လာသည်။ တစ်ချိန်တည်းမှာပင် ယွင်ရှန်း၏ သေးငယ်သော ခန္ဓာကိုယ်မှာ ရှေ့သို့ တိုးဝင်သွားပြီး အိမ်ရှေ့မင်းသား၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားသကဲ့သို့ အနီးကပ် ကပ်သွားတော့သည်။

အဝေးမှကြည့်လျှင် သူတို့နှစ်ဦး၏ ပုံစံမှာ အမျိုးသားနှင့် အမျိုးသမီး အလွန်ရင်းနှီးစွာ ဖက်တွယ်ထားသကဲ့သို့ ထင်မှတ်ရပေလိမ့်မည်။ နှစ်ဦးလုံး၏ အဝတ်အစားများမှာ ရေစိုရွှဲနေသဖြင့် အဝတ်လွှာများကြားမှ တစ်ဦး၏ ကိုယ်အပူရှိန်ကို တစ်ဦးက ပြင်းထန်စွာ ခံစားနေရသည်။

သို့သော် ထိုနွေးထွေးမှုနှင့်အတူ ပါလာသည်မှာ အရိုးထဲအထိ စိမ့်တက်သွားစေသော သတ်ဖြတ်လိုသည့် အရှိန်အဝါပင်။

ယွင်ရှန်း၏ အပ်ကိုင်ထားသော လက်မှာ အိမ်ရှေ့မင်းသား၏ မျက်လုံးနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့ပြီး အိမ်ရှေ့မင်းသား၏ လက်မှာလည်း ယွင်ရှန်း၏ လည်ပင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အကယ်၍ ယွင်ရှန်း၏ အပ်သာ တစ်လက်မမျှ တိုးသွားပါက အိမ်ရှေ့မင်းသားက သူမ၏လည်ပင်းကို ချိုးပစ်ပေလိမ့်မည်။ ထို့အတူ အိမ်ရှေ့မင်းသားသာ လက်ကိုလှုပ်ရှားလိုက်လျှင် ယွင်ရှန်း၏အပ်က သူ၏မျက်လုံးကို ဖောက်ထွက်သွားပေလိမ့်မည်။

သူမ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ မည်သူနှင့်မျှမခြား ပြင်းထန်လှသဖြင့် မှောင်မိုက်အိမ်ရှေ့မင်းသား၏ နှလုံးသားပင် တုန်လှုပ်သွားရသည်။

"မင်း ရှုံးသွားပြီ။ အဆိုးဆုံးဖြစ်လှရင် ငါ မျက်စိတစ်ဖက် ကန်းသွားရုံပဲ ဒါပေမဲ့ မင်းကတော့ အသက်ဆုံးရှုံးရလိမ့်မယ်"

အိမ်ရှေ့မင်းသားသည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သူပီပီ မာန်ပါပါ ပြောလိုက်သည်။ သူ၏အောက်တွင် သွေးများ မြစ်ရေသဖွယ် စီးကျနေပြီး မျက်လုံးရှေ့တွင် အပ်တစ်ချောင်း အန္တရာယ်ရှိစွာ ရှိနေသော်လည်း သူ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာက အပြည့်ရှိနေဆဲ ဖြစ်သည်။

ဤအမျိုးသားသည် အလွန်အမင်း သတ္တိကောင်းသူမဟုတ်လျှင် အလွန်အမင်း မာနကြီးသူ ဖြစ်ရပေလိမ့်မည်။ သို့သော် သူ၏မာနမှာ အရာထင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယွင်ရှန်းနှင့် ဆုံတွေ့ခဲ့ရပြီ ဖြစ်သောကြောင့်တည်း။

"ရှင် မှားနေပြီ... ရှုံးတဲ့သူက ရှင်ပဲ။ တစ်... နှစ်... သုံး..."

ယွင်ရှန်း ရေတွက်ရုံသာ ရှိသေးသည်။ အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားပြီး အမြင်အာရုံများ ဝေဝါးလာကာ ယွင်ရှန်း၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်မှာလည်း ပြေလျော့သွားတော့သည်။ ထို့နောက် သူသည် နောက်သို့ ပက်လက်လန်ကာ လဲကျသွားပါတော့သည်။

ပြင်းထန်လှသော လဲကျသံနှင့်အတူ ယွင်ရှန်းသည် သူမ၏ အရိုးအပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

"တကယ်ပဲ နွားသိုးကြီးလို သန်မာတဲ့သူပဲ။ ရှင့်ကိုလဲအောင် သာမန်ထက် ဆယ်ဆလောက် ပိုများတဲ့ ထုံဆေးပမာဏ သုံးလိုက်ရတယ်"

ယွင်ရှန်းက မောပန်းစွာဖြင့် ညည်းညူလိုက်သည်။ မှောင်မိုက်အိမ်ရှေ့မင်းသားသည် ထုံဆေးကို အသေအလဲ ငြင်းဆန်ခဲ့သော်လည်း ယွင်ရှန်းက သူသတိမထားမိသည့် အချိန်တွင် ဒဏ်ရာချုပ်

ရန်သုံးသော ဖန်အပ်ပေါ်၌ မင်ဒဲလားဆေးရည်အမြောက်အမြားကို သုတ်လိမ်းထားခဲ့ခြင်း ဖြစ်သည်။ ထိုပမာဏမှာ ပြီးခဲ့သည့်အကြိမ်က ယီပိုင်မင်းကို မေ့လဲအောင် လုပ်ခဲ့စဉ်ကထက် ဆယ်ဆမျှ ပိုများသည်။

အိမ်ရှေ့မင်းသား သတိမေ့သွားပြီဖြစ်ရာ ယွင်ရှန်းအနေဖြင့် သူမစိတ်ကြိုက် လုပ်ပိုင်ခွင့်ရသွားလေပြီ။ သူမသည် သူ၏ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရာ အမည်မပေါက်သော အနီရောင်ရွှေကတ်တစ်ခုကို တွေ့ရှိခဲ့သည်။ ဟောက်ချင်နိုင်ငံသည် အင်အားကြီးနိုင်ငံဖြစ်ပြီး တူကူးရှို့မှာ အိမ်ရှေ့မင်းသားဖြစ်ရာ သူ၏ကိုယ်တွင် ငွေအမြောက်အမြားနှင့် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေသည်မှာ မဆန်းပေ။ ဘိုဘိုသည် မှော်အတားအဆီးများကို ဖျက်ဆီးနိုင်စွမ်းရှိသဖြင့် ယွင်ရှန်းသည် ထိုသိုလှောင်လက်စွပ်ကို အားမနာတမ်း သိမ်းယူလိုက်တော့သည်။

တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ရှာဖွေပြီးနောက် ယွင်ရှန်း၏ မျက်ဝန်းများတွင် ပါးနပ်သော အရိပ်အယောင်များ ပေါ်လာပြန်သည်။ သူမသည် မှောင်မိုက်အိမ်ရှေ့မင်းသားအပေါ် မည်

သည့်ခံစားချက်ကောင်းမျှ မရှိပေ။ သူ၏အမိန့်အောက်တွင် ဟေးဟူမုဆိုးများက တောက်ယဲ့တောင်မှ မုဆိုးများစွာကို သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပါလား။ အမှန်ဆိုလျှင် သူမသည် သူ၏လည်ပင်းကို လှီးဖြတ်ပစ်သင့်သည်။ သို့သော် လွန်ခဲ့သော မိနစ်ပိုင်းက ပုရွက်ဆိတ်ဘုရင်ရှေ့တွင် သူက သူမအသက်ကို ကယ်တင်ခဲ့သည်ကိုလည်း သူမ သတိရနေမိသည်။

သူ့ကို အသက်သေအောင် မသတ်သော်လည်း အပြစ်ဒဏ်မပေးဘဲ လွှတ်ပေးရန်မှာမူ မဖြစ်နိုင်ပေ။ ထိုအမျိုးသား၏ သန်မာလှသော ခန္ဓာကိုယ်ကြီးကို ကြည့်ရင်း ယွင်ရှန်းက ယုတ်မာစွာ ပြုံးလိုက်သည်။

တူကူးရှို့ သတိရလာသောအခါ ဒေါသထွက်လွန်း၍ နှာခေါင်းပင် ရွဲ့သွားတော့မတတ် ဖြစ်သွားရသည်။ သူသည် အတွင်းခံဘောင်းဘီတစ်ထည်မှလွဲ၍ ကျန်အဝတ်အစားအားလုံး အချွတ်

ခံထားရပြီး သူ၏လက်နှင့်ခြေများကိုလည်း ရေဓာတ်ချည်နှောင်ခြင်းမှော်ဖြင့် ပူးချည်ခံထားရကာ တောက်ယဲ့တောင်သို့ ဦးတည်သော လမ်းမပေါ်တွင် ပစ်ထားခြင်းခံရကြောင်း သိလိုက်ရသည်။

သူ၏အရှေ့ မနီးမဝေးတွင် သူတစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်သော စာတန်းတစ်ခု ရှိနေသည်။

"တူကူးရှို့... ရှင့်ရဲ့ခြေထောက်ဒဏ်ရာကို ကျွန်မ ဒုတိယအကြိမ် ပြန်ချုပ်ပေးထားတယ်။ ဆေးကုသခနဲ့ ဒဏ်ရာချုပ်ခတွေကိုတော့ ရှင့်ရဲ့ အနီရောင်ရွှေကတ်ထဲကနေ ဖြတ်ယူလိုက်ပြီ။ ရေဓာတ်ချည်နှောင်ခြင်းမှော်ကတော့ နောက်နှစ်နာရီလောက်ဆိုရင် ပျယ်သွားလိမ့်မယ်"

စာအဆုံးတွင် မဟာကျိုး ယန်ယွင်ဟူသော လက်မှတ်ကြီး လေးလုံးကို ရေးထိုးရန်လည်း သူမ မမေ့ခဲ့ပေ။

"ယန်ယွင် ငါ ဒါကို ဒီအတိုင်း လွှတ်မထားဘူး"

တူကူးရှို့၏ ဒေါသတကြီး အော်ဟစ်သံမှာ တောအုပ်အတွင်း ဟိန်းထွက်သွားတော့သည်။ တစ်

ရက်အတွင်းမှာပင် ယွင်ရှန်းသည် တိဖုန်းကို ကျော်တက်ကာ ဟောက်ချင်အိမ်ရှေ့မင်းသား တစ်တိုက်ကြီးလုံးအနှံ့ လိုက်လံရှာဖွေ သတ်ဖြတ်ရမည့် နံပါတ် ၁ ရန်သူတော်ကြီး ဖြစ်လာခဲ့သည်။

တောအုပ်၏ တစ်နေရာတွင် ယွင်ရှန်းသည် ထိုအမျိုးသား၏ သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်သံကို ကြားလိုက်ရသော်လည်း သူမက ဂရုမစိုက်စွာဖြင့် ပခုံးတွန့်လိုက်ရုံသာ။

ဟောင်တဲ့ခွေးက လူမကိုက်ပါဘူး။ ငါတို့ နောက်တစ်ခါ ထပ်ဆုံဖို့လည်း မရှိတော့ဘူး... နှုတ်ဆက်ခဲ့ပါတယ် တူကူးရှို့။

ယွင်ရှန်းသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရာ ရှေ့တွင် မြေတောင်ကုန်းတစ်ခု ပေါ်လာသည်။ ထိုတောင်ကုန်းကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး နက်မှောင်သော မျက်သူငယ်များအတွင်း၌ ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

All Chapters