← Chapters

အခန်း (၁၇၇)

Vol. 17 Ch. 177

အခန်း (၁၇၇)

Vol. 17 Ch. 177

မုဆိုးအဖွဲ့ချုပ်မှ လူကြီးမင်းထံမှ စူးရှလှသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သူ၏ခြေထောက်အောက်တွင် မည်သူမျှ သတိမထားမိဘဲ ကျင်းအပေါက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုနေရာမှ တိုးထွက်လာသော ပုရွက်ဆိတ်ဗိုလ်ချုပ်သည် ထိုလူကြီးမင်းအား တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်တော့သည်။ ခဏအကြာတွင် မြေပြင်တစ်ခုလုံး၌ သွေးများနှင့် ခန္ဓာကိုယ်မှ ထွက်လာသော အရည်များဖြင့် ပြည့်နှက်သွားတော့သည်။

မုဆိုးအဖွဲ့ချုပ်မှ ဤလူကြီးမင်းမှာ အစွမ်းထက်လှသော သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ပုရွက်ဆိတ်ဗိုလ်ချုပ်ကို ခုခံရန် အင်အားမရှိခဲ့ပေ။ လူတစ်ယောက်ကို ဝါးမြိုပြီးနောက် ထိုသားရဲဗိုလ်ချုပ်၏ ခန္ဓာကိုယ်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် တစ်လက်မခန့် ပိုမိုကြီးထွားလာပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။

"မကောင်းတော့ဘူး... ဒီမိစ္ဆာသားရဲက လူတွေကို စားပြီး သူ့ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်

တယ်။ ချက်ချင်း လူစုခွဲကြ"

ခေါင်းဆောင်ဖြစ်သူ သေဆုံးသွားပြီးနောက် မြို့တစ်မြို့လုံးမှာ ဦးခေါင်းမရှိသော နဂါးကဲ့သို့ ဖရိုဖရဲ ဖြစ်ကုန်သည်။ မည်သူမျှ တာဝန်ယူမည့်သူမရှိသည်ကို မြင်သောအခါ ဖန်းကုက ချက်ချင်းပင် ရှေ့ထွက်၍ မှော်ဆရာများနှင့် သိုင်းပညာရှင်များကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ညွှန်ကြားလိုက်တော့သည်။

အဖွဲ့တစ်ဖွဲ့မှာ စစ်ဗိုလ်ချုပ်အောက် အဆင့်ရှိသူများဖြစ်ပြီး မြေပြင်မှ တက်လာသော ပုရွက်ဆိတ်များကို သုတ်သင်ရန်ဖြစ်ကာ ကျန်အဖွဲ့မှာ မဟာမှော်ညွှန်ကြားရေးမှူးအောက်ရှိ မှော်ဆရာများဖြစ်ပြီး ကောင်းကင်မှ ပျံလွှားပုရွက်ဆိတ်များကို တိုက်ခိုက်ရန် ဖြစ်သည်။ အဆင့်မြင့် သိုင်းပညာရှင်များနှင့် မှော်ဆရာများမှာမူ လူသားတံတိုင်းသဖွယ် ဝိုင်းရံလျက် ပုရွက်ဆိတ်ဗိုလ်ချုပ်ကို အလယ်တွင်ထားကာ နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

သို့သော် ထိုသားရဲဗိုလ်ချုပ်မှာ လူသားတို့ကဲ့သို့ပင် ပါးနပ်လှသည်။ ၎င်းသည် တိုက်ကွက်များကို ရှောင်တိမ်းရန် မြေအောက်သို့ ငုပ်လျှိုးသွားခဲ့သည်။ လူတိုင်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး မိမိတို့၏ ခြေဖဝါးအောက်ရှိ မြေပြင်ကို အစိုးရိမ်ကြီးစွာ စောင့်ကြည့်နေကြရသည်။ မည်သည့်နေရာမှ ရုတ်တရက် ပြန်ထွက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဖန်းကု၏ မျက်ဝန်းများမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး ရုတ်တရက် သူ၏ခြေအောက်တွင် ထူးဆန်းသော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ၏ မှော်တောင်ဝှေးဖြင့် မြေကြီးကို အားကုန်ထိုးစိုက်လိုက်ရာ အောက်ဘက်မှ ပိုးမွှားတို့၏ တောင်ပံခတ်သံများ ထွက်ပေါ်လာပြီးပုရွက်ဆိတ်ဗိုလ်ချုပ်မှာ ဒေါသတကြီး ဟိန်းဟောက်လျက် မြေပြင်ကို ဖောက်ထွက်လာတော့သည်။

နှစ်မီတာနီးပါး အရပ်ရှိသော ဖန်းကုမှာ ထိုသားရဲ၏ အရှိန်ကြောင့် လွင့်ထွက်သွားခဲ့သည်။ ဖန်းကု လဲကျသွားသည်ကို မြင်သောအခါ သားရဲဗိုလ်ချုပ်သည် ၎င်း၏ ကျာပွတ်ကဲ့သို့ ထူထဲလှသော အာရုံခံအင်တင်နာများဖြင့် ဝမ်ရန်ရွှီနှင့် မုနန်ယန့်တို့ကို ရိုက်ထုတ်လိုက်ပြီး ပါးစပ်မှ အစိမ်းရောင် အဆိပ်ရည်များကို မှုတ်ထုတ်လိုက်သည်။ ဖန်းကု၏ လက်ပေါ်သို့ ထိုအဆိပ်ရည်များ ကျရောက်သွားသည်နှင့် သူ၏ ချပ်ဝတ်တန်ဆာမှာ ချက်ချင်း အရည်ပျော်သွားပြီး အသားအရေမှာလည်း မီးလောင်သကဲ့သို့ ပြင်းထန်စွာ နာကျင်လာတော့သည်။

ဤကဲ့သို့ အသက်လုနေရသည့် အရေးကြီးသော အချိန်တွင် ကောင်းကင်ယံမှ ရုတ်တရက် ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။

တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ယခင်က ကြမ်းကြုတ်နေသော ပုရွက်ဆိတ်ဗိုလ်ချုပ်မှာ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ဆင့်ခေါ်ခြင်း အစီအရင်တစ်ခုအတွင်း ပိတ်မိသွားတော့သည်။

ကောင်းကင်ယံတွင် ပုံမှန်မဟုတ်သော အဘိုးအို မှော်ဆရာတစ်ဦး ပေါ်ထွက်လာပြီး လေထဲတွင် လွင့်မြောနေသည်။ အချို့သောသူများက ထိုအဘိုးအို၏ ကြီးမားလှသော မှော်ဝတ်ရုံနောက်ကွယ်တွင် တဖျတ်ဖျတ် လှုပ်ရှားနေသည့် တောင်ပံတစ်စုံကို သတိပြုမိလိုက်ကြသည်။

"ဒီကောင်စုတ်လေး... ငါမျက်စိတစ်မှိတ်အတွင်းမှာ ခိုးထွက်လာတယ်ပေါ့။ ကံကောင်းလို့ မင်း အမှားကြီးကြီးမားမား မလုပ်သေးခင် အချိန်မီတာ"

အစီအရင်အတွင်း ပိတ်မိနေသော ပုရွက်ဆိတ်ဗိုလ်ချုပ်မှာ ခဏတာ ရုန်းကန်နေသော်လည်း များမကြာမီမှာပင် မှော်ဟင်းလင်းပြင်အတွင်းသို့ ပြန်လည် ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။

၎င်းကို ဖမ်းဆီးလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်ရှိနေသော သားရဲပုရွက်ဆိတ်များနှင့် ပျံလွှားပုရွက်ဆိတ်များမှာလည်း တောက်ယဲ့တောင် မြို့တော်မှ စနစ်တကျ ပြန်လည်ဆုတ်ခွာသွားကြသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။

ဖန်းကုနှင့် ကျန်ရှိသော မုဆိုးများမှာ မှင်သက်လျက် ကျန်ရစ်ခဲ့ကြသည်။ ခဏအကြာတွင် ဖန်းကု သတိဝင်လာပြီး ကောင်းကင်မှ အဘိုးအိုအား အရိုအသေပေးကာ "လေးစားအပ်ပါသော ဆင့်ခေါ်သူကြီးခင်ဗျာ... တောက်ယဲ့တောင် မြို့တော်ကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဆရာကြီးရဲ့ ဘွဲ့နာမလေးကို သိခွင့်ပြုပါဦး။ ဒီကိစ္စကို မဟာကျိုးဧကရာဇ်မင်းမြတ်ဆီ သတင်းပို့ပြီး ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါရစေ"

ကောင်းကင်ယံ၌ ပျံသန်းနိုင်ခြင်းမှာ အနည်းဆုံး ကောင်းကင်အဆင့်မှော်ဆရာတစ်ဦး ဖြစ်ရပေမည်။ ထို့ပြင် တပ်မှူးအဆင့်ရှိသော ပုရွက်ဆိတ်ဗိုလ်ချုပ်ကို တစ်ကွက်တည်းဖြင့် ဖမ်းဆီးနိုင်

ခြင်းမှာ အနည်းဆုံး ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသူသာ ဖြစ်နိုင်သည်။

ဤမျှ မြင့်မားသော အဆင့်အတန်းရှိသူကို မဟာကျိုးတော်ဝင်မိသားစုကသာ ဖိတ်ကြားနိုင်မည် ဖြစ်သော်လည်း ယခုကဲ့သို့ ဝေးလံလှသော တောက်ယဲ့တောင် မြို့စောင့်တပ်တွင် ပေါ်လာသည်မှာ ထူးဆန်းလှသည်။ တော်ဝင်မိသားစုက လွှတ်လိုက်ခြင်းလောဟု တွေးတောစရာ ဖြစ်သော်လည်း သားရဲဒီရေလှိုင်း ဖြစ်ပွားသည်မှာ တစ်ညတာမျှသာ ရှိသေးရာ နေပြည်တော် ယွီကျင်းသို့ သတင်းရောက်ရန်မှာ မဖြစ်နိုင်သေးပေ။

"မလိုပါဘူး... ငါက တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် လာခဲ့တာပါ။ တကယ်ပဲ ကျေးဇူးတင်ချင်တယ်ဆိုရင် ငါ့ရဲ့တပည့် ယန်ယွင်ကိုသာ သွားပြီး ကျေးဇူးတင်လိုက်ကြ။ သူက အထပ်ထပ်အခါခါ တောင်းဆိုနေလို့သာ ငါက ကြားဝင်ပေးခဲ့တာ"

ထိုသို့ပြောပြီးနောက် အဘိုးအိုမှာ သူ၏ ခြောက်သွေ့နေသော လက်ကို မှော်ဝတ်ရုံအတွင်းသို့ ပြန်သွင်းလိုက်သည်။ ကျောဘက်ရှိ အတောင်ပံများမှာ တဖျတ်ဖျတ် လှုပ်ရှားသွားပြီး သူသည် ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။

"ဒီအဘိုးကြီးက ရှန့်အာရဲ့ ဆရာဖြစ်နေတာလား"

ဟွမ်ထိန်နှင့် သူ၏သူငယ်ချင်းများမှာ မှင်သက်သွားကြသည်။ ဤမျှ အစွမ်းထက်လှသော ဆင့်ခေါ်သူကြီးကို ရှန့်အာက လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်တဲ့လား။

ဘုရားရေ... အဲဒီကောင်မလေးက ဒီလောက် အစွမ်းထက်တဲ့ ဆရာတစ်ယောက်နဲ့ သိနေတာကိုး။ သူမရဲ့ ဆင့်ခေါ်သားရဲက ဘာလို့ ဒီလောက် ထူးခြားနေရလဲဆိုတာ မဆန်းတော့ဘူး။

ခဏအတွင်းမှာပင် ယန်ယွင်၏ ဂုဏ်သတင်းမှာ တောက်ယဲ့တောင် တစ်ခွင်၌ ပြန့်နှံ့သွားခဲ့ပြီး သွေးစွန်းသော လော်လီမလေး၏ နာမည်ကျော်ကြားမှုမှာ ပိုမိုမြင့်မားလာခဲ့သည်။

သားရဲဒီရေလှိုင်း ဆုတ်ခွာသွားသည်နှင့်တစ်ပြိုင်နက် တောက်ယဲ့တောင်တွင် ပြန်လည်ထူထောင်ရေးနှင့် သင်္ဂြိုဟ်ရေးလုပ်ငန်းများကို အလုပ်ရှုပ်စွာ စတင်ကြတော့သည်။

ယွင်ရှန်းသည် ဆင့်ခေါ်ခြင်း မိစ္ဆာလက်ကို အသုံးပြု၍ ပုရွက်ဆိတ်ဗိုလ်ချုပ်ကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သဖြင့် သူမကိုယ်သူမ အလွန်ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ သူမသည် ချက်ချင်းပင် ရုပ်ဖျက်မှော်ကို ဖျက်သိမ်းလိုက်ကာ နဖူးပေါ်မှ ချွေးအေးများကို သုတ်လျက် သက်ပြင်းချလိုက်တော့သည်။

ခန့်မှန်းရခက်သော အစွမ်းထက် အဘိုးအို ဆင့်ခေါ်သူကြီးအဖြစ် ရုပ်ဖျက်ရန်မှာ သူမ ကြိုတင်စီစဉ်ထားသော အစီအစဉ်တစ်ခု ဖြစ်သည်။ တောက်ယဲ့တောင် တိုက်ပွဲအပြီးတွင် သူမ၏ နာမည်မှာ ကျော်ကြားလာမည် ဖြစ်ရာ ဟွမ်ထိန်တို့က မည်မျှပင် ဖုံးကွယ်ပေးစေကာမူ ယွီကျင်းသို့ ပြန်ရောက်သည့်အခါ စူးစမ်းလိုသူများက သူမကို သံသယဝင်လာကြမည်မှာ အသေအချာပင်။

လက်ရှိတွင် သူမသည် မည်သည့်နောက်ခံမှမရှိသော မိဘမဲ့မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သို့သော် ယနေ့မှစ၍ သူမ၏ နောက်ကွယ်တွင် ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသော ဆရာတစ်ဦး ရှိနေပြီဟု လူအများက ထင်မှတ်သွားကြပေလိမ့်မည်။

သစ်ပင်ကြီးရင် အရိပ်ခိုရတာ ကောင်းတယ်ဆိုသကဲ့သို့ပင် နောင်တွင် တစ်စုံတစ်ယောက်က သူမကို ရန်ပြုလိုလျှင်ပင် သူမ၏ နောက်ကွယ်မှ ဆရာကို ထောက်ထား၍ နှစ်ကြိမ်တိုင်တိုင် စဉ်းစားရပေလိမ့်မည်။ ဤသည်မှာ ယွင်ရှန်း၏ မိမိကိုယ်မိမိ အကာအကွယ်ပေးသည့် ဗျူဟာတစ်ခုပင်။

ဤအရာအားလုံးမှာ သူမ မကြာသေးခင်ကမှ ရရှိခဲ့သော ရှစ်မျက်နှာအရပ်မှ နတ်ဘုရားလက်နက် ဆင့်ခေါ်ခြင်း မိစ္ဆာလက် ကြောင့်သာ ဖြစ်ပေသည်။

ဆင့်ခေါ်ခြင်း မိစ္ဆာလက်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ရခြင်းမှာ ယွင်ရှန်းကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။

တစ်ကြိမ်တည်းဖြင့် တပ်မှူးအဆင့်ရှိသော ပုရွက်ဆိတ်ဗိုလ်ချုပ်ကို နှိမ်နင်းနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဒဏ္ဍာရီများတွင် ဆိုထားသည့်အတိုင်းပင် ဤမိစ္ဆာလက်သည် ဒဏ္ဍာရီလာ ဆင့်ခေါ်သူတစ်ဦး၏ စွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဤမိစ္ဆာလက်၏ အကြီးမားဆုံးသော အသုံးဝင်ပုံမှာ သားရဲဟင်းလင်းပြင်တစ်ခုကို ဖန်တီးနိုင်

ခြင်းပင်။ ထိုဟင်းလင်းပြင်မှတစ်ဆင့် ယွင်ရှန်းသည် မိစ္ဆာသားရဲများကို ချုပ်နှောင်နိုင်ပြီး အမိန့်ပေးစေခိုင်းနိုင်သည်။ သို့သော် ကံမကောင်းစွာဖြင့် ယွင်ရှန်း၏ လက်ရှိအင်အားဖြင့်ဆိုလျှင် တစ်လလျှင် တစ်ကြိမ်သာ ဤဟင်းလင်းပြင်ကို ဖန်တီးနိုင်ပြီး ၎င်းကို ထိန်းသိမ်းထားရန်အတွက် သူမ၏ ကိုယ်ခန္ဓာစွမ်းအားများကို အမြောက်အမြား အသုံးပြုရသည်။

မိစ္ဆာလက်ကို အသုံးပြုပြီးနောက် ယွင်ရှန်းမှာ အားအင်ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဘိုဘိုရှိနေသောကြောင့်သာ သူမသည် မြို့ထဲမှ ချောချောမောမော ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

ခဏမျှ အနားယူကာ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် ယွင်ရှန်းသည် သားရဲဟင်းလင်းပြင်ကို ဖွင့်ထုတ်လိုက်သည်။ ဟင်းလင်းပြင်အတွင်း၌ ပုရွက်ဆိတ်ဗိုလ်ချုပ်မှာ လိမ္မာယဉ်ကျေးစွာဖြင့် ခွေလိပ်နေပြီး တစ်လက်မမျှပင် မလှုပ်ရှားရဲပေ။

ယွင်ရှန်း၏လက်ရှိ သားရဲဘာသာစကားလက်စွပ်မှာ လင်းလက်လာပြီး သူမသည် ရှေ့မှသားရဲဗိုလ်ချုပ်နှင့် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလိုက်သည်။ ယခင်ကဆိုလျှင် ယွင်ရှန်းသည် ဤသို့လုပ်ရန် မည်သည့်အခါမျှ သတ္တိရှိမည်မဟုတ်သော်လည်း ယခုဟင်းလင်းပြင်မှာ ပထမဆုံးသော ဝတ်ရုံနီဆင့်ခေါ်ဧကရာဇ်၏ စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်ရာ သားရဲဗိုလ်ချုပ်မှာ အညံ့ခံပြီးသား ဖြစ်နေသည်။ ယွင်ရှန်း လုပ်ဆောင်ရန်လိုအပ်သည်မှာ ၎င်းကို ယဉ်ပါးအောင်လုပ်ပြီး စာချုပ်ချုပ်ရန်သာ ဖြစ်သည်။

သူမ၏ လက်ချောင်းကို ဖောက်လိုက်ရာမှ ထွက်လာသော သွေးစက်များသည် မှော်

ဟင်းလင်းပြင်အတွင်းသို့ ပျံ့နှံ့သွားပြီးနောက် များမကြာမီမှာပင် ပုရွက်ဆိတ်ဗိုလ်ချုပ်နှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့တော့သည်။

ယွင်ရှန်းသည် ထိုသားရဲနှင့် အသိစိတ်ချင်း ဆက်သွယ်ရန် ပြင်ဆင်နေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ငါးရောင်ခြည်မှော်ဝိညာဉ်ထံမှ အလင်းတန်းများ ပန်းထွက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ မှော်ဓာတ်များမှာလည်း အလွန်အမင်း တက်ကြွလာခဲ့သည်။

၎င်းမှာ ကျင့်ကြံဆင့် တိုးတက်တော့မည့်လက္ခဏာပင်။

ယွင်ရှန်းသည် ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ နက်ရှိုင်းလှသော တရားထိုင်ခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။

All Chapters