← Chapters

မင်းကိုတော့ မကျော်နိုင်ပါဘူး

Vol. 154 Ch. 2263

မင်းကိုတော့ မကျော်နိုင်ပါဘူး

Vol. 154 Ch. 2263

လီချင်းရှီ၏ ပြောစကားကို ကြားတော့ ဝူကျောင်းယိုက အနည်းငယ် မကျေမချမ်း ဖြစ်သွားသည့် မျက်နှာအမူအရာဖြင့် လှည့်ကြည့်လာခဲ့သည်။

“ ဒါရိုက်တာလင်း … မင်းက ဒီရောက်နေတယ်ဆိုတော့ တစ်ခုခု ဖြစ်လို့လား …”

“ အင်း … ကျုပ် ခရိုင်ငယ်လေးထဲက ကွန်ဒိုတိုက်ခန်းတွေ အကုန်လုံး ဝယ်ထားတဲ့ကိစ္စ သိတယ်မလား .. အခု စည်းရိုးမှာ အပေါက်ဖြစ်နေတာကို အိမ်ခြံမြေ စီမံထိန်းသိမ်းရေးရုံးက မပြင်ပေးဘဲ တစ်လကျော်လောက် အချိန်ဆွဲနေတာလေ … ကျုပ် အဖေနဲ့ ကျုပ်က သူတို့ကို အကျိုးသင့်အကြောင်းသင့် စကားပြောနေတာ … ဒါပေမယ့်လည်း သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက်တော့ ပြန်ရမလာပါဘူး …”

“ အဲ့ဟာတွေကို မင်း ဝယ်ထားတာ …”

လီချင်းရှီနှင့် ဝန်ထမ်းများအားလုံး ရှော့ခ်ရသွားခဲ့ကြသည်။

သူတို့ တွေးထင်ထားခဲ့သည်မှာ အဆိုပါ တိုက်ခန်းများက ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် ပရဟိတသမား တစ်ဦးဦးက ဈေးပေါပေါနှင့် ငှားထားပေးသည်ဟူ၍ပင်။ သို့ပေမယ့်လည်း ဂေဟာက အပြတ်ဝယ်ထားသည်များ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ဒါပေမယ့် … တိုက်ခန်းတွေ အားလုံးဆိုရင် အနည်းဆုံး ဘီလီယမ်ကျော်သွားမှာလေ … သူ့လို ထရပ်ကားဒရိုင်ဘာက ဝယ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …

“ နားလည်ပြီ … လက်စသတ်တော့ အဲ့လိုကိုး … သွားကြစို့ .. ငါ ဂရုစိုက်ထားပေးမယ် …”

“ ကျေးဇူးပါပဲ … အတွင်းရေးမှူးဝူကို အလုပ်ရှုပ်စေမိပြီ ….”

စကားအနည်းငယ် ပြောဆိုပြီးနောက် သုံးယောက်သား ထွက်ခွာလာခဲ့ကြသည်။ သို့သော် ဝူကျောင်းယို၏ ဒရိုင်ဘာကတော့ နောက်တွင် ကျန်နေရစ်ပြီး လီချင်းရှီကို အေးစက်စွာ တစ်ချက် ကြည့်၍ “ မင်းတို့နဲ့ စောနက စကားပြောသွားခဲ့တဲ့လူက ရန်မြို့ရဲ့ အတွင်းရေးမှူးဝူပဲ … ခဏနေကျရင် မင်းတို့နဲ့ စကားပြောဖို့ လူတစ်ချို့ ရောက်လာလိမ့်မယ် …. အသိပေးတာကို စောင့်နေလိုက် …”

ထိုစကားလုံးများ ချန်ထားရစ်ခဲ့ပြီးနောက် ဝူကျောင်းယို၏ ဒရိုင်ဘာက မည်သည့် စကားမျှ ထပ်မဆိုဘဲ လှည့်ထွက်သွားခဲ့တော့သည်။

လီချင်းရှီမှာ နေရာတွင် ငေးငိုင်စွာ မတ်တပ်ရပ်နေရင်း ရှုပ်ထွေးနေလျက် ရှိကာ အတွေးများအား စုစည်းရန်အတွက် အချိန်အတော်ကြာအောင် ကြိုးပမ်းလိုက်ရသည်။

“ သူ … သူ ပြောသွားတာ စောနကလူက … ရန်မြို့ရဲ့ ထိပ်ပိုင်း အစိုးရ အရာရှိ … ဟုတ်တယ်မလား …”

“ ငါ … ငါလည်း ဘယ်သိမှာ ….”

ဝန်ထမ်းများလည်း ကြက်သေသေနေကြ၏။ အကြောင်းမူကား ထိပ်ပိုင်း အစိုးရ အရာရှိကြီးများက မည်သူမည်ဝါ ဖြစ်သည်ကို သူတို့တွေ လုံးဝ မသိရှိကြသောကြောင့်ပင်။ သို့ပေမယ့် ထိုသူတို့က အပြစ်ပြု၍ ကောင်းသည့်လူများ မဟုတ်သည်ကတော့ ကျိန်းသေသည်။

“ နားကြားမှားတာများလား … အဲ့လို ဒိတ်ဒိတ်ကျဲကြီး တစ်ယောက်က ဒီလို နေရာမျိုးကို ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ ဟုတ်တယ်မလား …”

လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောလိုက်သည်။

“ ဖြစ်နိုင်လောက်တယ် …” ဝန်ထမ်းတစ်ဦးက ပြောလိုက်ပြီး “ ငါတို့ လိုင်းပေါ်မှာ ရှာကြည့်လိုက်ရင် သိရပြီပဲမလား ….”

“ ဟုတ်တယ် ဟုတ်တယ် … အမြန်ရှာကြည့်ကြစို့ ….”

လီချင်းရှီ ဖုန်းကို အလျင်အမြန်ထုတ်၍ အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်လိုက်ရာ တကယ်လည်း ဝူကျောင်းယို၏ ဓာတ်ပုံက ရှိနေသည်။

ထို့ပြင် သူ ဝတ်ထားသည့် အဝတ်အစားတို့ကလည်း လုံးဝကို တစ်ထေရာတည်း နီးပါးပင်။

ဘုတ် …

လီချင်းရှီ၏ ဖုန်းက ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ပြီး မင်သက်ရှော့ခ်ရနေမိသည်။

“ ဂျာ ဂျာကြီး … ခင်များ စောနက သူ့ကို စကား ရင့်ရင့်သီးသီးတွေ ပြောလိုက်မိသလိုပဲနော်…”

လီချင်းရှီမှာ ပို၍ပင် ရှုပ်ထွေးသွားမိတော့သည်။

…

ထိုအချိန်တွင် လင်းရီနှင့် အခြားသူများက ကားထဲသို့ ရောက်နှင့်နေကြပြီ ဖြစ်၏။ ကျောက်ချွမ်းဖူက လင်းရီ၏ အလုပ်ကိစ္စကို မနှောင့်နှေးစေသလိုသဖြင့် သူ့ဘာသူ ခြေကျင်လျှောက်သွားသည်။

“ အတွင်းရေးမှူးဝူ .. ကျုပ် ဘာများ လုပ်ပေးရမလဲ … ကျုပ်တို့ချင်းလည်း ရင်းနှီးနေတာပဲဟာ လိုအပ်တာရှိရင် တစ်ခါတည်း တန်းပြောလို့ရပါတယ် … တကယ်လို့ ကျုပ်လုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲကပဲ ဆိုရင်တော့ ကျိန်းသေပေါက် ကူညီပေးမှာပါ …”

“ ဟိုလို ထွေထူးကိစ္စကြီးတော့ မဟုတ်ပါဘူး …” ဝူကျောင်းယိုက ပြုံးလျက် ဆိုလိုက်ပြီး “ နှစ်သစ်ကူးပြီးလို့ ဒုတိယနေ့ကျ ရန်မြို့မှာ နှစ်ကုန် စီးပွားရေး ဆုံညီအစည်းအဝေး ရှိတယ် … ရန်မြို့ရဲ့ အစဉ်အလာပေါ့ … ပြီးတော့ ဖိတ်ခံရတဲ့ လူတွေပဲ တက်ရောက်နိုင်တာဆိုတော့ ရှုပ်ရှုပ်ယှက်ယှက်တွေ မရှိဘူး … ဒါရိုက်တာလင်းလည်း အချိန်ရရင် အဲ့အစည်းအဝေးကို လာခဲ့နိုင်မလားလို့ပါ … ငါတို့ ရန်မြို့သားတွေ ဂုဏ်တက်ရတာပေါ့ ….”

“ ခင်များ အဲ့လိုပြောတာကတော့ ချီးမွန်းလွန်းသွားပြီ …” လင်းရီ အားပါးတရ ရယ်မောလိုက်ပြီး “ ခင်များဘက်က အဲ့လိုမျိုး ပြောလာမှတော့ ကျုပ်က မလာဘဲ ဘယ်နေလို့ ရတော့မှာ …”

“ ဟားဟား … ဒါရိုက်တာလင်းကလည်း အဲ့တာနဲ့ ထိုက်တန်တဲ့လူပဲလေ … လင်းယွင်အုပ်စုက ဟွာရှမှာ လွှမ်းမိုးမှုတွေ ရှိတယ် … တကယ်လို့ ဒါရိုက်တာလင်းလည်း အစည်းအဝေး တက်မယ်ဆိုရင် စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တွေက ဒီထက်တာင် ပိုပြီး တောက်ပလာလိမ့်ဦးမယ် …”

“ ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ …” လင်းရီ အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်ပြီး “ အချိန်ရတယ်ဆို ကျုပ် ကျိန်းသေပေါက် လာခဲ့ပါ့မယ် …”

“ ဒါဆို အတည်ဖြစ်ပြီနော် … ဒါရိုက်တာလင်း ရောက်လာမှာကို ငါ မျှော်နေမယ် …”

“ အိုကေ …”

ကားထဲတွင် ခေတ္တ စကားပြောဆိုရင်း ဂေဟာသို့ ရောက်တော့ လင်းရီနှင့် ချွီရွှမ့်ဟော်တို့ ကားပေါ်က ဆင်းလိုက်ကြသည်။

“ ယောက်ဖ … မင်းက တကယ့်လူပဲကွ …” ချွီရွှမ့်ဟော်က လေးစားအားကျသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဝူကျောင်းယိုလို အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်က မင်းကို ကိုယ်တိုင် လာဖိတ်ခေါ်ရတယ် … ဒီလို ဆက်ဆံပေးမှုမျိုးဆိုတာ လူတိုင်းရနိုင်တာ မဟုတ်ဘူး …”

“ ဒီတိုင်း ကြောင်တောင်တောင်ပွဲတစ်ခုပါကွာ … တကယ်ပဲ စီးပွားရေးကိစ္စတွေ အတည်ပေါက် ဆွေးနွေးဖို့ ရှိရင် ကိန်းကြီးခန်းကြီးတွေ နိုင်နေကြမှာ မဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်းအားမယ်ဆို လိုက်ခဲ့မလား … ခေါ်သွားပေးမယ် ….”

“ ဟမ် … ဒါဆိုရင်တော့ ကျေးဇူးတင်တာပေါ့ ယောက်ဖရ …”

နှစ်ယောက်မှာ စကားတပြောပြောဖြင့် ဂေဟာသို့ ပြန်လာခဲ့ကြသည်။

အိမ်သို့ ရောက်သည်တွင် ဟင်းပွဲတစ်ချို့က တည်ခင်းထားပြီး ဖြစ်၏။ နင်ယွဲ့က ဘေးတွင် ထိုင်နေပြီး တင်းမာသည့် မျက်နှာအမူအရာဖြင့် လျိုလေ့ကို လေးလေးနက်နက် စကားပြောဆိုနေသည်။

ကျီချင်းရန်က ဘေးတွင် မတ်တပ်ရပ်နေရင်း ရံဖန်ရံခါ လေထုကို ဖြေလျော့ပေးနေလေ့ရှိသည်။

လျိုလေ့က အထက်တန်း ဒုတိယနှစ်သို့ ရောက်နေပြီ ဆိုသော်လည်း ကျီချင်းရန်၏ မျက်လုံးထဲတွင် သူက ကလေးတစ်ယောက်မျှသာ ရှိသေး၏။ အပြင်လောကသို့ ရောက်သည်နှင့် လင်းရီကဲ့သို့ …. ကိုယ့်ဘာကိုယ် သင်ယူနိုင်သွားလိမ့်မည်။

လင်းရီ အနားသို့ ရောက်လာပြီး ကျီချင်းရန်၏ လက်ကို ဆွဲ၍ အခန်းထဲက ဆွဲခေါ်သွားလိုက်သည်။

“ မင်း ဒီကိစ္စ ဝင်မပါနဲ့ … နင်ယွဲ့ ကိုင်တွယ်လိမ့်မယ် …”

“ နည်းနည်း မလွန်လွန်းဘူးလား .. အစ်ကိုကြီးကလည်း သူ့ကို လက်ပါပြီးပြီ … ပြီးတော့ နင်ယွဲ့ကလည်း သူ့ကို လက်ချာရိုက်နေတယ် … နှစ်သစ်ကူး အားလပ်ရက်ကို ဒီလိုမျိုး လုပ်ဖို့ လိုလို့လား….”

“ မင်း နားမလည်ပါဘူး … ဒီလိုကိစ္စမျိုးဆိုတာ ဆုံးမဖို့ လိုတယ် ….” လင်းရီ ပြောလိုက်ပြီး “ ဒီနေ့ခေတ် ဂျူနီယာ အထက်တန်းနဲ့ စီနီယာ အထက်တန်းကျောင်းသားတွေက ငါတို့တုန်းကထက် ပိုပြီး ကြမ်းတမ်းနေကြပြီ … ငါ့အစ်ကိုကြီး ပြောသလိုပဲ … သူတို့က အကျိုးဆက်တွေကို မစဉ်းစားဘဲ လူတစ်ယောက်ကို ဓားနဲ့ထိုးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး … တကယ်ပဲ အဲ့လို ဖြစ်သွားခဲ့ရင် သူတို့ရဲ့ အနာဂတ်လည်း လုံးဝ ပျက်စီးသွားပြီပဲ ….”

“ အဲ့လောက် ကြောက်ဖို့ကောင်းတယ်ပေါ့ ….” ကျီချင်းရန်မှာ အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

ဤသည်က ကျီချင်းရန် နားလည်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူမကဲ့သို့ ချမ်းသာသည့် သူဌေးသမီးတို့က ကံမကောင်းအကြောင်းမလှသူတို့၏ ဘဝကို နားလည်နိုင်ခြင်း မရှိသည်က ပုံမှန်မျှသာ။

“ မင်း ထင်ထာထက်ကို ဆိုးတယ် … ဒါကြောင့် ဘာမှ ဝင်မပါနဲ့ ….” လင်းရီ ပြောလိုက်ပြီး “ ငါ့အမေ အသက်ကြီးလာလို့သာပေါ့ … မဟုတ်လို့ကတော့ ဒီကောင် ကြက်မွှေးစာ မိတာ ကြာပြီ … အဲ့လိုသာ ဖြစ်လို့ကတော့ ဖင်နဲ့ ထိုင်ခုံတောင် ထိရဲမှာ မဟုတ်ဘူး ….”

“ အင်း …. နော် … တကယ်ပဲ ယောင်ကိုင်းနေလောက်တယ် …”

“ အဲ့လိုမလုပ်ရင်လည်း လူက သင်ခန်းစာရမှာမှ မဟုတ်တာ … အသားနာပြီး သင်ခန်းစာရတာထက် ဦးနှောက်ထဲ အတွေးပေါက်ဖို့က ပိုခက်တယ်လေ …”

“ နင်လည်း ငယ်ငယ်တုန်းက ခဏခဏ ရိုက်ခံနေကြနဲ့တူတယ် …”

“ သေချာပေါက်ပဲပေါ့ ….”

ကျီချင်းရန် ဆည်းလည်းသံလေးများနှင့် တခစ်ခစ် ရယ်မောလိုက်ပြီး “ ငါတော့ ငယ်တုန်းက အဲ့လိုမျိုး တစ်ခါမှ မရိုက်ခံရဖူးဘူး ….”

လင်းရီ အောက်ငုံ့ပြီး ကျီချင်းရန်၏ ကျောနောက်ပိုင်းကို ကြည့်လိုက်သည်။

“ ဘယ်လောက်ပဲ ယောင်ကိုင်းအောင် ရိုက်ခံရ ရိုက်ခံရ ၊ မင်းရဲ့ တင်ပါးတွေလောက်တော့ မကိတ်လာပါဘူး …”

“ တော်လိုက်တော့ … နင်က အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ … “ ကျီချင်းရန် ပါးပြင်လေးများ နီမြန်းသွားရင်း ပြောလိုက်သည်။

လင်းရီ အားပါးတရ ရယ်မောလိုက်၏။ ထို့နောက် ကျီချင်းရန်နှင့်အတူ ထမင်းစား စားပွဲသို့ ဝင်ထိုင်ရင်း ထမင်းလက်ဆုံစားဖို့ စောင့်နေလိုက်၏။

ထမင်းစားချိန်က ဂေဟာ၏ အသက်ဝင်ဆုံး အချိန်ပင်။

ဒါဇင်ချီသည့် လူများက များစွာသော စားပွဲဝိုင်းများတွင် ကိုယ်စီ လှုပ်ရှားနေသည်က အလွန်အမင်း အသက်ဝင်စေသည်။

“ ချွေးမလေး … နင်ယွဲ့ကတော့ အစွမ်းတွေ ပြနေပြီနော်.. နင်တို့နှစ်ယောက်လည်း မြန်မြန်ကြိုးစားတော့ .. နောက်မှာ မကျန်ခဲ့စေနဲ့ ….” စားသောက်နေစဉ် ဝမ်ချွေ့ပင်းက ပြောလိုက်၏။ “ နောက်နှစ်ကျရင် ငါတို့ မိသားစု နှစ်ထပ်ကွမ်း ပျော်ရွှင်ရတာမျိုး မေမေဝမ် မြင်ချင်တယ် …”

ကျီချင်းရန်မှာ ပြောစရာ စကား ကင်းမဲ့သွားခဲ့ရသည်။

သူမတို့က လက်ထပ် မှတ်ပုံတင်လည်း မလုပ်ရသေးသလို၊ လက်လည်း မထပ်ရသေးပေ။ ကလေးယူဖို့ စဉ်းစားရမည့် အချိန်မဟုတ်သေးပေ။

“ မင်း စကားကို လျှော့ပြောဦး … နှစ်ယောက်က လက်တောင် ထပ်ရသေးတာ မဟုတ်တာကို ကလေးယူဖို့ ဘာတွေ လျှောက်ပြောနေတာ …” ကျောက်ချွမ်ဖူ ဝင်ပြောလိုက်၏။

“ ငါတို့က သားရှင်၊ ဟိုဘက်က သမီးမိန်းကလေး … အဲ့လိုလုပ်လိုက်ရင် ငါတို့ဘက်က အခွင့်အရေး ယူသလို ဖြစ်သွားမှာပေါ့ကွ …”

“ ကျွန်မက ဘာအခွင့်အရေး ယူနေလို့ … ချင်းရန်က အနှေးနဲ့အမြန် ကျုပ်ချွေးမ ဖြစ်လာမှာပဲ … ဒီတော့ စောပြီးပဲယူယူ ၊ နောက်ကျမှပဲယူယူ ကိစ္စရှိလို့လား … စောပြီးယူတော့ရော ပိုမကောင်းဘူးလားတော်ရယ် …”

“ ဘယ်နားက ကောင်းရမှာ … စည်းမျဉ်းတွေအတိုင်း လိုက်လုပ်စမ်းပါ ….”

ကျောက်ချွမ်းဖူက ကျီချင်းရန်ကို ဝက်သားတစ်တုံး ထည့်ပေးလိုက်ပြီး “ ချွေးမလေး … အဲ့အဘွားကြီးက ဘာမှ သိတာမဟုတ်ဘူး … သူ ဖြစ်ချင်တာပဲ သိတာ … မင်းတို့ဘာမင်းတို့ ကလေးကို ဘယ်အချိန်ပဲယူယူ ၊ မင်းတို့ကိစ္စပဲ …”

ကျီချင်းရန် ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ ယခုအချိန်အခိုက်အတန့်တွင် မည်သည့် စကားမျှ မဆိုသည်က နှစ်ဖက်လုံးကို အပြစ်ပြုမိခြင်းမှ ရှောင်ကြဉ်ခြင်း မည်သည်။

ထိုအချိန်မှာပဲ ဝမ်တုန်းတုန်းက အပြင်ဘက်မှ ပြေးဝင်လာခဲ့၏။

“ မေမေ၊ အစ်မရန် ၊ မကောင်းတော့ဘူး...အစ်ကိုရှောင်လေ့က သူ အပြင်ထွက်ချင်တယ် ပြောတယ် … ဒါပေမယ့် အန်တီဝမ်က သူ့ကို ခွင့်မပြုဘူး …သူတို့တွေ အခု ရန်ဖြစ်နေကြပြီ …”

All Chapters